【 နိုင်ငံတကာဆောင်းပါး 】 BRI (သို့) ရေရှည်တည်တံ့မှုဆီသို့ သိသာထင်ရှားသော ခြေလှမ်းတစ်ခု

【 နိုင်ငံတကာဆောင်းပါး 】 BRI (သို့) ရေရှည်တည်တံ့မှုဆီသို့ သိသာထင်ရှားသော ခြေလှမ်းတစ်ခု

၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ အဆိုပြုခဲ့သည့် Belt and Road Initiative (BRI) သည် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် ဥရောပနိုင်ငံများကြားတွင် စီးပွားရေးပေါင်းစည်းမှုကို တွန်းအားပေးရန် ရည်ရွယ်သော တိုက်ကြီးများကြား ကျယ်ပြန့်သော မူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစီအစဉ်ဖြစ်ကာ စတင်ဆောင်ရွက်ခဲ့ပြီး ဆယ်နှစ်တာကာလအတွင်း ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်များနှင့် ပြင်းထန်သော လိုအပ်ချက်များနှင့်အညီ မူဝါဒပြန်လည်ချိန်ညှိခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံ ပြန်လည်ပုံစံပြခြင်းနှင့် အထိုက်အလျောက် ပြန်လည်ချိန်ညှိခြင်းများ အမြဲဆောင်ရွက်ခဲ့သည်။

ကမ္ဘာကြီးရင်ဆိုင်နေရသော အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည့် ပြောင်းလဲလာသော ရာသီဥတုကို တုံ့ပြန်ရန်မှာ လူသားတို့၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလှုပ်ရှားမှုများကို စဉ်ဆက်မပြတ် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။  

ရာသီဥတုဖောက်ပြန်မှုသည် လူသားတို့၏ ဖြစ်တည်မှုကို ခြိမ်းခြောက်မှု တိုးလာနေ၍ ပေါင်းစပ်ဆောင်ရွက်မှုများကို ပိုမိုအရေးတကြီးလုပ်ဆောင်ရန် တောင်းဆိုမှုများ ကြုံနေရသည်။အဆိုပါကြိုးပမ်းအားထုတ်မှုတွင် တရုတ်သည် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးအပေါ် ပိုမိုကျယ်ပြန့်သည့် အသွင်ကူးပြောင်းရေးဆိုင်ရာ အာရုံစိုက်မှုနှင့်အတူ ၎င်း၏ပင်လယ်ရပ်ခြား (BRI) ပရောဂျက်များကို ပိုမိုစိမ်းလန်းစေခဲ့သည်။

၎င်းမှာ တာဝန်သိ နိုင်ငံတကာအစုအဖွဲ့တစ်ခုအနေဖြင့် ကာဗွန်နည်းသော ကမ္ဘာ့စီးပွားရေးကို မြှင့်တင်ရန် စိမ်းလန်းစိုပြေသော (BRI) ဖြင့် တရုတ်နိုင်ငံ၏ ခိုင်မာသော ကတိကဝတ်ကို အလေးပေးဖော်ပြခြင်းပင်သည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း (BRI) နိုင်ငံများတွင် တရုတ်နိုင်ငံ၏ ပင်လယ်ရပ်ခြား စွမ်းအင်ဆိုင်ရာဆောင်ရွက်မှုသည် စီမံကိန်းစတင်သည့် ၂၀၁၃ ခုနှစ်ကတည်းကစလျှင် အစိမ်းရောင်စွမ်းအင်အတွက် ရင်းနှီးမြုပ်နှံမှုအများဆုံးဟု သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် သုတေသနအသစ်အရ သိရသည်။

ရှန်ဟိုင်းရှိ ဖူဒန်တက္ကသိုလ်ရှိ Green Finance and Development Center (GFDC) မှ သုတေသနပြုချက်အရ တရုတ်နိုင်ငံသည် (BRI) နိုင်ငံများ၏ စွမ်းအင်စီမံကိန်းများတွင် ယခုနှစ် ပထမနှစ်ဝက်အတွင်း ဒေါ်လာ ၈.၆၁ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။ဤရင်းနှီးမြှုပ်နှံမှု၏ ၅၆ ရာခိုင်နှုန်းကို နေရောင်ခြည်၊ လေနှင့် ရေအားလျှပ်စစ်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများအတွက် ခွဲဝေချထားပေးခဲ့သည်။

သို့ဖြစ်ရာ ၂၀၂၃ ခုနှစ်တွင် အစိမ်းရောင်စွမ်းအင်စီမံကိန်းများတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုကို မြင်တွေ့နိုင်ရမည်ဟု မျှော်လင့်ရသည်။

(GFDC) သုတေသန၏ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိချက်များအရ နှစ်ရှည်လများ ရှာဖွေမှုဖြစ်သည့် တရုတ်နိုင်ငံ၏ ကြီးမားသော ခုန်ပျံကျော်လွှားမှုနှင့် အထူးသဖြင့် စွမ်းအင်အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် ၎င်း၏ ပင်လယ်ရပ်ခြား (BRI) ပရောဂျက်များ ရင်းနှီးမြှုပ်နှံမှု ပုံစံသည် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စေရေး သေချာစေရန် လက်တွေ့ကျသော ကြိုးပမ်းမှုများအဖြစ် ကနဦးထိတွေ့ဆက်ဆံမှုတွင် ပြောင်းလဲခြင်း ထင်ဟပ်နေသည်။

ဥပမာအားဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း စွမ်းအင်ကဏ္ဍတွင် တရုတ်အစိုးရပိုင်လုပ်ငန်းများ၏ နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများတွင် ၉၅ ရာခိုင်နှုန်းကျော်သည် ရုပ်ကြွင်းလောင်စာများဖြစ်သည်။

ရုပ်ကြွင်းလောင်စာများတွင် ရင်းနှီးမြုပ်နှံမှုအပေါ် အဓိကထား အာရုံစိုက်ရခြင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ကျောက်မီးသွေးတတ်နိုင်မှုနှင့် စွမ်းအင်အခြေခံအဆောက်အအုံတည်ဆောက်ခြင်းတွင် တရုတ်နိုင်ငံ၏ ပိုလျှံနိုင်သော စွမ်းရည်များ ပေါင်းစပ်မှုတို့ကြောင့်ဖြစ်သည်ဟု ကျွမ်းကျင်သူများက သရုပ်ခွဲပြထားသည်။

သို့သော် (BRI) နိုင်ငံများတွင် နှစ်များစွာတစ်လျှောက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများ၏ အရေအတွက်သည် အဆမတန်မြင့်တက်လာသဖြင့် (GDFI) သုတေသနပြုချက်အရ ပရိုဂရမ်တွင် ရုပ်ကြွင်းလောင်စာပါဝင်မှု ဝေစုသည် သိသိသာသာ ကျဆင်းသွားကာ ဤအစီအစဉ် စတင်သည့် ၂၀၁၃ ခုနှစ်မှစ၍ ယခုနှစ်တွင် အနိမ့်ဆုံးဖြစ်သည်။

အစီရင်ခံစာအရ (BRI) နိုင်ငံများတွင် စွမ်းအင်ပါဝင်မှုတွင် ၂၀၂၂ ခုနှစ်တွင် ၆၁ရာခိုင်နှုန်းဝန်းကျင်ရှိခဲ့သည့် ရုပ်ကြွင်းလောင်စာများသည် ယခုအခါ ၄၄ ရာခိုင်နှုန်းသာပါဝင်တော့ရာ ခြောက်လတာကာလအတွင်း ၁၇ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့သည်။

တရုတ်နိုင်ငံ၏ ရှင်းလင်းပြတ်သားသော မျှော်မှန်းချက်ဖြင့် “တည်ဆောက်ပြီးသော ပြည်ပရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို အစိမ်းရောင်နှင့် ကာဗွန်နည်းသော အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း” ဆီသို့ တင်းကျပ်သော လမ်းညွှန်မှုဖြင့် လုပ်ဆောင်ဦးမည်ဖြစ်ရာ စိမ်းလန်းသော စွမ်းအင်ပါဝင်မှု၏ ဝေစုသည် လာမည့်နှစ်များအတွင်း အားကောင်းသော တိုးတက်မှုကို မြင်တွေ့နိုင်မည်ဟု မျှော်လင့်ရသည်။

(BRI) ကို ပိုမိုစိမ်းလန်းအောင် ချိန်ညှိရန် ကြိုးပမ်းမှုတွင် တရုတ်နိုင်ငံ၏ သိသာထင်ရှားသော ခြေလှမ်းများသည် ပြီးခဲ့သောနှစ်များစွာအတွင်း ချမှတ်ခဲ့သော ၎င်း၏သတိရှိသော မူဝါဒအစီအမံများ စုစည်းမှုရလဒ်ပင်ဖြစ်သည်။

စိမ်းလန်းစိုပြေရေး (BRI) သည် ပြည်တွင်း၌ရော နိုင်ငံတကာတွင်ပါ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုကို မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏ အခြေခံရပ်တည်ချက်များနှင့် ကိုက်ညီသည်။

၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှု အမြင့်မားဆုံးနှင့် ၂၀၆၀ ခုနှစ်တွင် ကာဗွန်မဲ့မှုကိုရရှိရန် ၎င်း၏ရည်မှန်းချက်များကို ကြေညာခဲ့သည်။

ထို့အပြင် ၂၀၂၁ ခုနှစ် စက်တင်ဘာလက ကျင်းပသော ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က  နိုင်ငံရပ်ခြားတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ ထပ်မံ မတည်ဆောက်ရန် ကတိပြုခဲ့ပြီး ယခုနှစ်တွင် ကျောက်မီးသွေးနှင့် ပတ်သက်မှုအသစ်မရှိကြောင်း အစီရင်ခံစာတွင် တွေ့ရှိရသောကြောင့် တရုတ်က ၎င်း၏ကတိကဝတ်အတိုင်း ဖြည့်ဆည်းခဲ့သည်ကို တွေ့ရသည်။

၎င်း၏ ရာသီဥတု ကတိကဝတ်များကို အမှန်တကယ်ဖြည့်ဆည်းပေးနိုင်ရန် အထူးသဖြင့် (BRI) မှတစ်ဆင့် ၎င်း၏ ပြည်ပထိတွေ့ဆက်ဆံမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံသည် မူဝါဒအစီအမံများစွာကို ချမှတ်ခဲ့သည်။

၂၀၂၂ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံသည် (BRI) ၏ နောက်ထပ်စိမ်းလန်းစိုပြေရေးဆိုင်ရာ အဓိကမူဝါဒစာတမ်း “Belt and Road Initiativeတွင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ သဘောထားအမြင်များ” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ်တွင် “စိမ်းလန်းသော BRI” အဖြစ် အောင်မှုမြင်ရရန် အချိန်ကန့်သတ်ထားသော ရည်မှန်းချက်များကို အကျဉ်းချုပ်ဖော်ပြထားသော ၎င်းစာတမ်းတွင် အထူးသဖြင့် စီမံကိန်းအဆင့်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များကို လျှော့ချထိန်းချုပ်ခြင်းဖြင့် တရုတ်နိုင်ငံသည် ကဏ္ဍအားလုံးတွင် သဘာဝပတ်ဝန်းကျင် သဟဇာတဖြစ်သော အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်များကို မြှင့်တင်ရန် ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့သည်။

Green Development Guidance (GDG) လေ့လာမှုများက (BRI) ပရောဂျက်များအတွက် မူဝါဒစာတမ်းကို အကောင်အထည်ဖော်မှုအဆင့်တွင် နည်းပညာအရ ပံ့ပိုးထားသည်။

တရုတ်နိုင်ငံ၏ ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများမှ (BRI) တွင် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ကာဗွန်နည်းသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားသော ပူးပေါင်းဆောင်ရွက်မှုအတွက် (GDG) လေ့လာမှုများကို BRI International Green Development Coalition (BRIGC) မှ ပြုလုပ်ပြီး အချိန်အခါအလိုက် မွမ်းမံပြင်ဆင်ထားသည်။

(BRI) ၏ စိမ်းလန်းသော ပဏာမခြေလှမ်းများ အောင်မြင်မှုသည်  မူဝါဒစာတမ်းတွင် ဖော်ပြထားသည့် အဓိကမဏ္ဍိုင်သုံးရပ်ဖြစ်သည့် စံချိန်စံညွှန်းများ၊ အစိမ်းရောင်ဘဏ္ဍာရေးနှင့် နည်းပညာတို့ကြောင့်ဟု ယူဆနိုင်သည်။

စံနှုန်းများနှင့်ပတ်သက်၍ မူဝါဒသည် အိမ်ရှင်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဥပဒေများကို လိုက်နာရန် အရေးကြီးကြောင်း အလေးပေးဖော်ပြသည်။မည်သည့်ပရောဂျက်ကိုမဆို ငွေကြေးမထောက်ပံ့မီ၊ ပရောဂျက်တိုင်းအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုအကဲဖြတ်မှုများ လိုအပ်ပြီး တည်ဆောက်မှုမပြုမီ အပြည့်အဝလုပ်ဆောင်သင့်သည်။

(BRI) နှင့် ဆက်စပ်နေသော ကုမ္ပဏီများသည် စိမ်းလန်းသော ရင်းနှီးမြှုပ်နှံမှု မူဝါဒများ (GIP)၊ စိမ်းလန်းသော ရင်းနှီးမြှုပ်နှံမှုပန်းတိုင်များ ချမှတ်ရန် အပြည်ပြည်ဆိုင်ရာ အစပျိုးမှုကို ချမှတ်ရန် တင်းကျပ်စွာ လမ်းညွှန်ထားသည်။

နည်းပညာနှင့်ပတ်သက်လာလျှင် တရုတ်နိုင်ငံသည် ဆိုလာပြားများ၊ လေတာဘိုင်များ၊ ဘက်ထရီများနှင့် လျှပ်စစ်ကားများ ထုတ်လုပ်ရာတွင် ကမ္ဘာကို ဦးဆောင်နေသည်။ (BRI) နိုင်ငံများအတွက် ကာဗွန်နည်းသော နည်းပညာများနှင့် ကျွမ်းကျင်မှုများကို ပံ့ပိုးပေးနိုင်ရန် ကောင်းစွာလုပ်ဆောင်ထားသည်။

တရုတ်နိုင်ငံ၏ မွေးရာပါ ဆန်းသစ်တီထွင်မှုဆိုင်ရာ အားသာချက်များနှင့် ကြီးထွားလာသော သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) ရင်းနှီးမြှုပ်နှံမှုများက အဆိုပါကဏ္ဍများတွင် ချဲ့ထွင်နိုင်မှုကို ထပ်လောင်းအချက်ပြနေပြီး၊ အနာဂတ်ကာလတွင် နည်းပညာများပေါ်တွင် ကာဗွန်နည်းသော နည်းပညာဆိုင်ရာဖြစ်နိုင်ခြေ တိုးမြင့်လာပြီး စီးပွားဖြစ်ရှင်သန်နိုင်မှုနှင့်အတူ ကူးသန်းရောင်းဝယ်ရေး အလားအလာများ တိုးမြင့်လာစေရန် အချက်ပြနေသည်။

Linko
Ref - CMG