【 နိုင်ငံတကာဆောင်းပါး 】 CIIE သည် တရုတ်ဈေးကွက်သို့ “ရွှေတံခါး”

【 နိုင်ငံတကာဆောင်းပါး 】 CIIE သည် တရုတ်ဈေးကွက်သို့ “ရွှေတံခါး”

ဆဋ္ဌမအကြိမ်မြောက် China International Import Expo (CIIE) သည် စံချိန်သစ်တစ်ခုဖြစ်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ တစ်နှစ်တာဝယ်ယူမှုအတွက် အမေရိကန်ဒေါ်လာ ၇၈.၄၁ ဘီလီယံ တန်ဖိုးရှိ အကြိုသဘောတူစာချုပ်များဖြင့် ပြီးဆုံးခဲ့ပြီဖြစ်ပြီး စတင်ခဲ့သည့် ၂၀၁၈ ခုနှစ်ကစလျှင် အမြင့်ဆုံးဖြစ်ပြီး ယမန်နှစ်က ထက် ၆.၇ ရာခိုင်နှုန်း တက်လာခဲ့သည်။
 
ကမ္ဘာမှာ မသေချာမရေရာမှုတွေများနေတဲ့အချိန်မှာ ဒီစံချိန်သစ်က အောင်မြင်မှုကို ပြနေခဲ့သည်။
 
တရုတ်နိုင်ငံသည် CIIE ကို ခြောက်နှစ်ဆက်တိုက် စိတ်အားထက်သန်စွာဖြင့် လက်ခံကျင်းပခဲ့ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ကမ္ဘာနှင့်အဝှမ်း မျှဝေရန် သန္နိဋ္ဌာန်ချထားခြင်းနှင့် အဆင့်အတန်းမြင့် ဖွင့်လှစ်ခြင်းအတွက် မယိမ်းယိုင်သော ကတိကဝတ်များကို ပြသခဲ့သည်။
 
ယခုနှစ် ကုန်စည်ပြပွဲဖွင့်ပွဲသို့ ပေးပိုခဲ့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အမြဲတမ်းအရေးပါသော အခွင့်အလမ်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၂၀၁၈ ခုနှစ်က စတင်ကျင်းပသည့် ထိုနှစ်စဉ် ကုန်စည်ပြပွဲသည် တရုတ်၏ ကြီးမားသောဈေးကွက် တောင့်တင်းရေး အရှိန်မြှင့်တင်ပြီး နိုင်ငံတကာဝယ်ယူမှု၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ပြည်သူချင်း အပြန်အလှန်ထိတွေ့ဆက်ဆံရး ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုများအတွက် စင်မြင့်ဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ်များ ဖန်တီးရေးနှင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု အားပေးရေးအတွက် အကျိုးဆောင်မှုများပြုလုပ်ကြောင်း၊ 
 
ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထရေး အရှိန်အဟုန်ကင်းမဲ့နေပြီး နိုင်ငံအားလုံး သွေးစည်းချစ်ကြည် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မှတ်ချက်ချပြီး ရှီက တရုတ်နိုင်ငံသည် ကမ္ဘာ့တိုးတက်ရေး အခွင့်အလမ်းတစ်ခု အမြဲတမ်းဖြစ်နေမည်ဟု ပြောခဲ့သည်။
 
တရုတ်နိုင်ငံသည် အရည်အသွေးမြင့် တံခါးဖွင့်ခြင်းကို အခိုင်အမာ ရှေ့တန်းတင်ပြီး စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို ပိုမိုပွင့်လင်း အားလုံးကျုံးဝင် ညီမျှကာ အားလုံးအကျိုးရှိဆောင် ဆက်လက်လုပ်ဆောင်မည်ဖြစ် ကြောင်း ရှီ ကတိပြုခဲ့သည်။
 
CIIE သည် တရုတ်နိုင်ငံ ရှေ့ဆက်တိုးတက်မှုမှတစ်ဆင့် ကမ္ဘာအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးသည့် ဖွံဖြိုးတိုးတက်ရေးသစ်ကို အားပေးသည့် ပိုမိုကောင်းမွန်သည့် နယ်ပယ်တစ်ခုအဖြစ်နှင့် တရုတ်နိုင်ငံ၏ ကြီးမားလှသော ဈေးကွက်ကြီးကို ကမ္ဘာက မျှဝေရန် ခွင့်ပြုသည့် အရည်အသွေးမြင့် တံခါးဖွင့် စင်မြင့်အဖြစ် ထမ်း ဆောင်မည်ဟု မျှော်လင့်ကြောင်း ရှီက ပြောခဲ့သည်။
 
ယခုသွင်းကုန်ပြပွဲသည် ပွင့်လင်းသော ကမ္ဘာ့စီးပွားရေးကို အဆင်ပြေချောမွေ့စေကာ အားလုံးအကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုကို ခွင့်ပြုသည့် ဘုံနိုင်ငံတကာ အများပြည်သူကုန်စည်နှင့် ဝန်ဆောင်မှုများပေးရာတွင် ပိုမိုအရေးပါသော အခန်းမှ ပါဝင်မည်ဟု မျှော်လင့်ကြောင်းလည်း ရှီက ပြောခဲ့သည်။
 
ယခုနှစ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ဝင်ရောက်လာကာ ကမ္ဘာ့ပထမဆုံး တင်သွင်းမှုပုံစံ အမျိုးသားအဆင့် ကုန်စည်ပြပွဲဖြစ်သည့် CIIE သည် နိုင်ငံတကာဝယ်ယူမှု၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ လူအချင်းချင်း ထိတွေ့ဖလှယ်မှုရောင်းချမှုနှင့် ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုများအတွက် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။
 
စျေးကွက်သို့ တံခါးပေါက် CIIE သည် သန်း ၄၀၀ ကျော်ရှိသော အလယ်အလတ်ဝင်ငွေအုပ်စုအပါအဝင် လူဦးရေ ၁.၄ ဘီလီယံရှိသော တရုတ်စျေးကွက်သို့ဝင်ရာ “ရွှေတံခါး” ဖြစ်လာခဲ့သည်။ CIIE ၏ ပလက်ဖောင်းမှတစ်ဆင့်၊ ပိုမိုအဆင့်မြင့်သော ထုတ်ကုန်များ၊ နည်းပညာများနှင့် ဝန်ဆောင်မှုများသည် တရုတ်ဈေးကွက်သို့ ဝင်ရောက်ကာ တရုတ်နိုင်ငံ၏ စက်မှုနှင့် စားသုံးမှု အဆင့်မြှင့်တင်ရေး၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်ပြီး နိုင်ငံတကာ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များကို ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။
 
ယနေ့ ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်း မမြင်နိုင်သော အရှိန်အဟုန်ဖြင့် ပြောင်းလဲမှုများနှင့် ရင်ဆိုင်နေရပြီး နှေးကွေးသော စီးပွားရေးမှာ ပြန်လည်ဦးမော့စပြုလာသည်။တစ်ကမ္ဘာလုံးအတွက် ကောင်းကျိုးတစ်ခုအနေဖြင့် CIIE သည် ကမ္ဘာ့ဈေးကွက်ကို ပိုမိုကြီးမားစေရန်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းသစ်များကို ရှာဖွေကာ အားလုံးအတွက် အကျိုးဖြစ်စေရန် ကြိုးပမ်းနေသည်။
 
ကုန်စည်ပြပွဲသည် ပြည်တွင်းကုမ္ပဏီများနှင့် အလားအလာရှိသော စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် ချိတ်ဆက်မှုထူထောင်ရန်၊ စျေးကွက်ကစားသူများနှင့် ဖြည့်စွက်အားသာချက်များကို ဖန်တီးကာ ကမ္ဘာလုံးဆိုင်ရာစျေးကွက်တွင် ၎င်းတို့၏ အလုံးစုံယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးခဲ့သည်။
 
တရုတ်ဝန်ကြီးချုပ် လီချန်းက ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံသည် တရုတ်နိုင်ငံသည် သွင်းကုန်များ တက်ကြွစွာ တိုးချဲ့သွားမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ဝန်ဆောင်မှုကုန်သွယ်မှုအတွက် အနုတ်လက္ခဏာပြ စာရင်းများကို အကောင်အထည်ဖော်ရန်နှင့် စျေးကွက်ဝင်ရောက်မှုကို ဆက်လက်ဖြေလျှော့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
တရုတ်နိုင်ငံ၏ ကုန်စည်နှင့် ဝန်ဆောင်မှုများ တင်သွင်းမှုသည် လာမည့်ငါးနှစ်အတွင်း တိုးမြင့်လာမည့် သက်တမ်းအလိုက် အမေရိကန်ဒေါ်လာ ၁၇ ထရီလီယံအထိ ရှိလာမည်ဟု လီက ပြောကြားခဲ့သည်။အမျိုးသားစာရင်းအင်းဗျူရိုမှ စာရင်းအင်းများအရ တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) သည် ယခုနှစ် ပထမသုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၅.၂ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။
 
တရုတ်စီးပွားရေး၏ ခံနိုင်ရည်ရှိမှုနှင့် တရုတ်ဈေးကွက်ပွင့်လင်းမှုသည် ကမ္ဘာတစ်ဝှမ်းမှ စီးပွားရေးသမားများကို ဆွဲဆောင်ခဲ့သည်။
 
COVID-19 စတင်ချိန်မှစ၍ ပထမဆုံးအကြိမ် လူကိုယ်တိုင် ပြပွဲသို့ ပြန်လည်ဝင်ရောက်နိုင်သည့် ယခုနှစ် CIIE တွင် နိုင်ငံ၊ တိုင်းဒေသကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၅၄ မှ ပါဝင်သူများနှင့် ဧည့်သည်များကို ဆွဲဆောင်ခဲ့သည်။
 
Global Fortune ၅၀၀ စာရင်းဝင် ကုမ္ပဏီ ၂၈၉ ခုနှင့် ထိပ်တန်းစက်မှုလုပ်ငန်းခေါင်းဆောင်များစွာတို့ အပါအဝင် ပြပွဲသို့ ပြသသူ ၃,၄၀၀ ကျော်နှင့် ပရော်ဖက်ရှင်နယ် ဧည့်သည် ၄၁၀,၀၀၀ နီးပါးတို့ လာရောက်ခဲ့သည်။
 
ပူးပေါင်းဆောင်ရွက်မှုသို့ တံခါးပေါက်
အနောက်နိုင်ငံအချို့မှ နိုင်ငံရေးသမားများက သေးငယ်သော အကာအရံများ တည်ဆောက်ရန် ကြိုးပမ်းနေသော်လည်း CIIE သည် စစ်မှန်သောနိုင်ငံစုံစနစ်၊ အပြန်အလှန်နားလည်မှုနှင့် win-win ပူးပေါင်းဆောင်ရွက်မှုအတွက် ယနေ့ကမ္ဘာ လိုအပ်နေသည့် အရာအဖြစ် ရပ်တည်နေသည်။
 
CIIE နှင့် ပတ်သက်ပြီး အမေရိကန်ကုမ္ပဏီများ၏ စိတ်အားထက်သန်မှုသည် ပမာဏများစွာဖြင့် ဖော်ပြနိုင်သည်။၎င်းတို့သည် CIIE တွင် နှစ်ပေါင်းများစွာ ဆက်တိုက်ပြပွဲဧရိယာ၏ သတ်မှတ်ချက်တွင် ပထမနေရာ ရခဲ့သည်။
 
ယခုနှစ်တွင် စိုက်ပျိုးရေး၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဆေးဘက်ဆိုင်ရာကိရိယာများ၊ စွမ်းအင်သုံးယာဉ်အသစ်များ၊ အလှကုန်နှင့် အခြားကဏ္ဍများတွင် အမေရိကန်ပြခန်းပေါင်း ၂၀၀ ကျော် ခင်းကျင်းပြသခဲ့ပြီး နှစ်စဉ် ကျင်းပပြုလုပ်ခဲ့သည့် CIIE သမိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ အများဆုံးရောက်ရှိမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
 
American Food and Agriculture Pavilion သည် အမေရိကန်အစိုးရဆိုင်ရာ အဖွဲ့အစည်းအဖြစ် ခမ်းနားသော အခမ်းအနားတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့သည်။စုစုပေါင်းပြခန်း ၁၇ ခု အမေရိကန်ပြည်နယ် အစိုးရများ၊ စိုက်ပျိုးရေးထုတ်ကုန်အသင်းများ၊ စိုက်ပျိုးရေးတင်ပို့ရောင်းချသူများ၊ အစားအသောက်ထုတ်လုပ် သူများနှင့် ထုပ်ပိုးသည့် ကုမ္ပဏီများမှ ၎င်းတို့၏ထုတ်ကုန်များဖြစ်သည့် အသား၊ အခွံမာသီး၊ ဒိန်ခဲနှင့် ဝိုင်များကို စတုရန်းမီတာ ၄၀၀ ကျော်ဖြင့် လွှမ်းခြုံပြသခဲ့သည်။
 
ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကမ္ဘာ့တောင်ခြမ်းမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် CIIE သည် တရုတ်ဈေးကွက်သာမက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုစနစ်အတွက် တံတားတစ်စင်းအဖြစ် ဆောင်ရွက်ပေးလျက်ရှိပြီး ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှာဖွေလျက်ရှိသည်။
 
ယခုနှစ် ကုန်စည်ပြပွဲတွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ ၃၀ မှ ကုမ္ပဏီပေါင်း ၁၀၀ ခန့်အား အခမဲ့ပြခန်းများနှင့် အခြားသောပံ့ပိုးကူညီမှု မူဝါဒအရ ထောက်ပံ့မှု ပေးအပ်ခဲ့သည်။
 
          အနာဂတ်သို့ တံခါးပေါက်
 
ထုတ်ကုန်များ၊ နည်းပညာများနှင့် ဝန်ဆောင်မှုအသစ် ၄၀၀ ကျော်သည် ယခုနှစ် CIIE တွင် အဓိကဇာတ်ဆောင်အဖြစ် ရပ်တည်ခဲ့ပြီး ၎င်းတို့ထဲမှ အချို့သည် ကမ္ဘာလုံးဆိုင်ရာ ပွဲဦးထွက်မိတ်ဆက်ပွဲများ ပြုလုပ်ခဲ့သည်။
 
ထိုအတွေးအမြင်သစ် နည်းပညာများနှင့် ထုတ်ကုန်များသည် တရုတ်နိုင်ငံကို နောက်ထပ်တိုးတက်မှုလမ်းကြောင်းသို့ ရောက်ရှိလာပြီး တရုတ်လူမျိုးများ၏ဘဝများကို ကြွယ်ဝလာစေရန်အတွက် အထောက်အကူဖြစ်စေ သည်။
 
အနာဂတ်သည် လာနေပြီ။ယခုအခါ တရုတ်လူမျိုးများသည် ကမ္ဘာတစ်ဝန်းမှ နောက်ဆုံးပေါ် နည်းပညာများ၊ အရည်အသွေးနှင့် ခေတ်အမီဆုံးသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများမှ ယူဆောင်လာသည့် ဘ၀နေထိုင်ခြင်း သက်သောင့်သက်သာ အဆင်ပြေမှုနှင့် ပျော်ရွှင်မှုကို နှစ်သက်ကြသည်။
 
အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုသည် ကမ္ဘာ့စီးပွားရေးအတွက် တိုးတက်မှု အင်ဂျင်အသစ်များနှင့် အရှိန်အဟုန်အသစ်များကို မြှင့်တင်ပေးမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများ ဆောင်ကျဉ်းပေးမည်ဖြစ်သည်။
 
ပွင့်လင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ခေတ်ရေစီးကြောင်းအတိုင်း ရှိနေဆဲဖြစ်သည်။တရုတ်နိုင်ငံသည် ပြင်ပကမ္ဘာသို့ ၎င်း၏တံခါးကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဖွင့်လိုက်သည်နှင့်အမျှ CIIE သည် လာမည့်နှစ်များတွင် ဆက်လက်အောင်မြင်မှုများရရှိမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံ၏ ကြီးမားလှသော စျေးကွက်ကို တစ်ကမ္ဘာလုံးအတွက် အခွင့်အလမ်းကောင်းများအဖြစ် ပြောင်းလဲပေးမည်ဖြစ်သည်။
 
စိုးနိုင်ထွန်း
Ref - Xinhuanet| Commentary: CIIE --"golden gate" to China market