【နိုင်ငံတကာဆောင်းပါး】တရုတ်ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်အသစ်ရေးဆွဲရေးတွင် ရှီ၏ ကြိုးပမ်းမှုများ

【နိုင်ငံတကာဆောင်းပါး】တရုတ်ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်အသစ်ရေးဆွဲရေးတွင် ရှီ၏ ကြိုးပမ်းမှုများ

တရုတ်ကွန်မြူနစ်ပါတီဟာ နိုင်ငံ၏ အသစ်သော ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကို ရေးဆွဲထားပြီဖြစ်ပါတယ်။ ပါတီ၏ ခေါင်းဆောင်မှုအောက်မှာ ၁၄ ကြိမ်မြောက် ၅ နှစ်တာ စီမံကိန်း (၂၀၂၁-၂၀၂၅) ကို National Economic and Social နှင့် Long Range Objectives Through the Year 2035 အတွက် ရေးဆွဲခဲ့ပါတယ်။

CPC ဗဟိုကောင်မတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ရှီကျင့်ဖျင်ကတော့ ၁၉ ကြိမ်မြောက် CPC ဗဟိုကော်မတီအစည်းအဝေးမှာ အဆိုပြုချက်များကို ပေကျင်းမြို့တွင် တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ ရှင်းလင်းတင်ပြခဲ့ပါတယ်။ အဆိုပြုချက်များကို အတည်ပြုပြီးနောက်လည်း အရေးကြီးသော မိန့်ခွန်းကိုလည်း ပြောကြားခဲ့ပါတယ်။

အစည်းအ‌ဝေးမှာ ရှီကျင့်ဖျင်က တရုတ်နိုင်ငံဟာ ၁၃ ကြိမ်မြောက် ၅ နှစ်တာ စီမံကိန်း၏ ရည်မှန်းချက်များနှင့် လုပ်ငန်းများကို အကောင်အ ထည်ဖော်နိုင်တော့မှာဖြစ်ပြီး ကဏ္ဍပေါင်းစုံတွင် အသင့်တင့်ကြွယ်ဝချမ်းသာသော လူမှုအသိုင်းအဝိုင်းကို တည်ဆောက်ရန် အောင်မြင်မှုကြီးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အမျိုးသားပြန်လည်နုပျိုစေရေးနှင့် ဆိုရှယ်လစ်တရုတ်နိုင်ငံသို့ လျှောက်လှမ်းရာတွင် ကြီး မားသော ခြေလှမ်းများကို စတင်နိုင်ခဲ့ပြီး အရှေ့နိုင်ငံများအကြား ထိပ်ဆုံးတွင်ရပ်တည်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အရေးကြီးသော အလှည့်အပြောင်း

၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်းဟာ တရုတ်နိုင်ငံ၏ ခေတ်မီသော ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရေးတွင် ခရီးသစ်ကို စတင်ပေးမယ့် ပထမဆုံး ၅ နှစ်စီမံကိန်းဖြစ်ပြီး အလွှာအသီးသီးတွင် အသင့်သင့်ကြွယ်ဝချမ်းသာသော လူမှုအသိုင်းအဝိုင်း တည်ဆောက်ရေးပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

ပါတီခေါင်းဆောင်၏ အဆိုပြုချက်များဟာ ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း နှင့် Long Range Objectives Through the Year 2025 ခုနှစ်ဖွဲ့စည်းရေးကို အထောက်ကူပြုသော အဆိုပြချက်များဖြစ်ပါတယ်။

ရှီကျင့်ဖျင်၏ ပြောဆိုချက်အရ အဆိုပြုချက်များဟာ CPC တစ်ခုလုံးနှင့် တရုတ်နိုင်ငံအတွင်း တိုင်းရင်းသား လူမျိုးပေါင်းစုံကို ရှေ့အနာဂတ်တွင် ကြုံလာနိုင်သော စိန်ခေါ်မှုများအားလုံးကို ကျော်ဖြတ်နိုင်ရန် အရေးကြီးသော အခန်းကဏ္ဍကနေပါဝင်ပါတယ်၊ ခေတ်မီဆိုရှယ်လစ်နိုင်ငံကို တည် ဆောက်ရာတွင်လည်း အစကောင်းကို ပြုစေနိုင်မှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ပါတီခေါင်းဆောင်၏ အဆိုပြုချက်များဟာ အထွေထွေးလမ်းညွှန်ချက်ကိုလည်း ချမှတ်ပေးပါတယ်။ ရှေ့ဆက်ဖော်ဆောင်ရမည့် ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်းအတွက် အခြေခံရည်မှန်းချက်များကို ချမှတ်ပေးပါတယ်။

အဆိုပြုချက်များတွင် ဗျူဟာမြောက်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေး ဖော်ဆောင်မှုလည်းပါဝင်ပါတယ်။ ယခင်က ပြုလုပ်ခဲ့သော အဆိုပြုချက်များထက် လူမှုဘဝကဏ္ဍတွင် အလေးထားသော အဆိုပြုချက်များကို ပိုမိုတွေ့ရပါတယ်။

“လူတိုင်းအတွက် ဘုံကြွယ်ဝချမ်းသာမှုကို ဖော်ဆောင်ပေးခြင်းဟာ ရေရှည်လုပ်ရမည့် လုပ်ငန်းဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ဘုံကြွယ်ဝချမ်းသာမှုကို ပိုမိုဦးစားပေးရမည်၊ ခိုင်မာသော ခြေလှမ်းကို စတင်ရမှာဖြစ်ပြီး ရည်မှန်းချက်ရောက်သည်အထိ ခိုင်မာသော အားထုတ်မှုဖြင့် ကြိုးပမ်းရမှာဖြစ်ပါတယ်” ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

အဆင့်မြင့်သော စီမံချက်နှင့် ပြည်သူ့အသံ

အဆိုပြုချက်ကို ရေးဆွဲသော အဖွဲ့ကို ရှီကျင့်ဖျင်ကိုယ်တိုင်က ဦးဆောင်ခဲ့ပါတယ်။ ဒါကို မတ်လတွင် ပါတီခေါင်းဆောင်ရေးအပိုင်းက ဆုံးဖြတ် ချက်အတိုင်း ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါအချိန်အတွင်း ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မတ်လကနေ အောက်တိုဘာလအထိ ရှီကျင့်ဖျင်ဟာ ဝူဟန်၊ ဇီကျန်း ၊ ရှန်ဇီ၊ နင်ရှား၊ ဂျီလင်၊ အန်ဟွေ ၊ ဟူနန် နှင့် ကွမ်တုံ အစရှိသော ဒေသများသို့ သွားရောက်လည်ပတ်ခဲ့ပြီး မှတ်တမ်းအတွက် လက်တွေ့လေ့လာမှုကို ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင်လကနေ စက်တင်ဘာလအကြား ရှီကျင့်ဖျင်ဟာ ဆွေးနွေးပွဲများကိုလည်း ကျင်းပခဲ့ပြီး ထိုပွဲတွင် ပါဝင်သူများဟာ ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ စီးပွားရေးစွန့်ဦးတည်ထောင်သူများ၊ သိပ္ပံပညာရှင်များ၊ ကုန်းလမ်းပို့ဆောင်ရေးက ယာဉ်မောင်းသူများ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ ကျေးလက်ဒေသက ရွှေ့ပြောင်းအလုပ်သမားများနှင့် အခြားသော စီးပွားရေး ကဏ္ဍက ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ရှီကျင့်ဖျင်ရဲ့ မကြာခဏ တိုက်တွန်းချက်အရ ပြည်သူများရဲ့ အသံကို အမြဲတမ်း နားထောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပြုချက်များကို ရေးဆွဲချိန်တွင် CPC ဟာ အများပြည်သူများရဲ့ အသံကိုလည်းနားထောင်ခဲ့ပြီး အင်တာနက်အသုံးပြုသူပေါင်း ၁ သန်းကျော်၏ ထင်မြင် ချက်များကိုလည်း လေ့လာခဲ့ပါတယ်။

“ဒါဟာ ပါတီအတွင်းက ဒီမိုကရေစီစနစ်နှင့် ဆိုရှယ်လစ်ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးခြင်းဖြစ်ပါတယ်” ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

ခေတ်မီရေးအတွက် အသစ်သော ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်

အစည်းအဝေး မကျင်းပခင်တွင် CPC ဗဟိုကောင်မတီ၏ နိုင်ငံရေးဗျူရိုဟာ ၁၃ ကြိမ်မြောက် ၅ နှစ်တာ စီမံကိန်းအကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်ကိုလည်း လေ့လာခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်တွင် CPC ဗဟိုကောင်မတီဟာ ရှီကျင့်ဖျင်နဲ့အတူ ကြမ်းတမ်းသော တိုက်ပွဲများကိုလည်း အောင်မြင်စွာ တိုက်ခိုက်လာခဲ့ပါတယ်။

ရှီကျင့်ဖျင်၏ ပြောကြားချက်အရ အတည်ပြုခဲ့သော အဆိုပြချက်များဟာ လာမယ့် ၅ နှစ်နှင့် အလွန်အတွက် စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုး တက်မှုအတွက် လမ်းညွှန်ချက်ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။ ထိုမှတ်တမ်းဟာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်အသစ်ကို အကျယ်တ ဝင့်ရှင်းလင်းသော မှတ်တမ်းဖြစ်ပြီး အသစ်သော ဖွံ့ဖြိုးတိုးတက်မှုရုပ်ပိုင်းနှင့် အသစ်သော ဖွံ့ဖြိုးတိုးတက်မှုနည်းလမ်းဖြစ်ပါတယ်။

အသစ်သော ပြည်တွင်းဖြစ်ကို အားပေးရေးဖွံ့ဖြိုးတိုးတက်မှုနည်းလမ်းတွင် ပြည်တွင်းနှင့် နိုင်ငံခြားစျေးကွက်ကို အပြန်အလှန်အားကောင်းစေမှာဖြစ်ပြီး ပြည်တွင်းစျေးကွက်ကို ဦးစားပေးမယ့် စနစ်ကို မိတ်ဆက်ထားပါတယ်။

“တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော စားသုံးသူ စျေးကွက်ဖြစ်ပါတယ်၊ ဒါဟာ အကြီးမားဆုံးသော အခွင့်အရေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ တိုးတက်မှုအတွက် နေရာဟာ ကြီးမားပါတယ်။ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မူဝါဒစတင်လာခဲ့ပြီးနောက်၊ ကျွန်တော်တို့ဟာ ပြည်ပက အန္တရာယ်များစွာကိုလည်း ကျော်လွှားနိုင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ အရေးနှင့် ပြည်တွင်းက ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများကိုလည်း ကျော်ဖြတ်လာနိုင်ခဲ့ပါတယ်” ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

ပထမဆုံး ၅ နှစ် စီမံကိန်း (၁၉၅၃-၁၉၅၇) ကနေ တရုတ်နိုင်ငံကို ခေတ်မီသော ဆိုရှယ်လစ်နိုင်ငံအဖြစ်သို့ ပြောင်းလဲစေသော ၁၄ ကြိမ်မြောက် ၅ နှစ်တာစီမံကိန်းဟာ ခြားနားသော စီမံကိန်းတော့ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

Naing

Ref:CMG|Xi leads efforts to draw China's new development blueprint