【နိုင်ငံတကာဆောင်းပါး】တရုတ်၏ ၄၅ နှစ်တာ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးမှ သင်ယူနိုင်သည့်အရာများ

【နိုင်ငံတကာဆောင်းပါး】တရုတ်၏ ၄၅ နှစ်တာ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးမှ သင်ယူနိုင်သည့်အရာများ

ပြီးခဲ့သော ၄၅ နှစ်တာ ကာလအတွင်းတွင် ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် သမိုင်းတွင်သော လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြသနိုင်ခဲ့သည်။ တရုတ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပျမ်းမျှနှုန်းထားသည် ၁၉၇၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်းတွင် ၉.၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်းတွင် ကမ္ဘာ့စီးပွားရေးကို အထောက်အကူပြုမှုမှာ ၃၈.၆ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ 

ပြီးခဲ့သော ၄၅ နှစ်တာ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးတို့သည် တရုတ်ကို အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်မှုကို ပေးနိုင်ခဲ့သည်။ ကျေးလက်မြေယာစနစ်၊ အိမ်ထောင်စုမှတ်ပုံတင်စနစ်၊ မြို့နယ်လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်မှု၊ အစိုးရပိုင်လုပ်ငန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးဝန်ဆောင်မှု၊ သိပ္ပံနှင့်နည်းပညာ စီမံခန့်ခွဲမှုစနစ်နှင့် အခြားသော သက်ဆိုင်ရာစနစ်အားလုံးတွင် အစိုးရနှင့် ပြည်သူလူထုသည် စိတ်အားထက်သန်မှုများကို ပြသခဲ့ပြီး အတူတကွ အံ့အားသင့်ဖွယ် စီးပွားရေးတိုးတက်မှုကို ဖန်တီးခဲ့ကြသည်။ ၁၉၇၈ ခုနှစ်နှင့် ယှဉ်လျှင် ဂျီဒီပီသည် ၂၀၁၇ ခုနှစ်တွင် ၂၂၆ ဆ မြင့်တက်ခဲ့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာခဲ့ပြီး ကမ္ဘာ့ဂျီဒီပီတွင် ၁၈.၆ ရာခိုင်နှုန်း ပါဝင်လာနိုင်ခဲ့သည်။

၄၅ နှစ်တာ ပြုပြင်ပြောင်းလဲရေးကြောင့် တရုတ်သည် နောက်ပြန်ဆုတ်နေသော ကျေးလက်အသိုက်အဝန်းမှ ကြွယ်ဝတိုးတက်သော မြို့ပြ-ကျေးလက်ပေါင်းစည်းသည့် အသိုက်အဝန်းအဖြစ် ပြောင်းလဲဖန်တီးနိုင်ခဲ့သည်။ တရုတ်သည် ယခင်ကတည်းက လူဦးရေ၏ ၈၀ ရာခိုင်နှုန်းက စိုက်ပျိုးရေးကို လုပ်ကိုင်သည့် နိုင်ငံဖြစ်သည့်အလျောက် သင့်လျော်သော ပြုပြင်ပြောင်းလဲမှုနှင့် တီထွင်ဆန်းသစ်မှုများမှ တစ်ဆင့် လယ်သမားများသည် ယခင် လယ်ယာကျွန်ပြုခြင်းမှ လွတ်မြောက်ကာ များစွာသော ကျေးလက်လုပ်သားများသည် မြို့ပြများသို့ ပြောင်းရွှေ့လာကြပြီး မြို့ပြဖြစ်တည်ခြင်းဖွံ့ဖြိုးတိုးတက်မှုကို အားပေးနိုင်ခဲ့သည်။ 

ယခုအချိန်အထိ တရုတ်၏ မြို့ပြဖြစ်တည်ဖွံ့ဖြိုးတိုးတက်ခြင်းသည် ၆၄.၇ ရာခိုင်နှုန်းကျော်လွန်ခဲ့ပြီး လူဦးရေ၏ တစ်ဝက်ကျော်သည် မြို့ပြတွင်နေထိုင်သူများဖြစ်လာခဲ့ကြသည်။ လူဦးရေ တစ်ဘီလီယံကျော်ရှိ သော ကြီးမားသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် ယခုကဲ့သို့ အချိန်တိုတိုလေးအတွင်းတွင် နောက်ပြန်ဆုတ်နေသော ဆင်းရဲသည့် နိုင်ငံအဖြစ်မှ မြို့ပြပြည်သူများ လွှမ်းမိုးလာသော နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲနိုင်ခြင်းမှာ အံ့အားသင့်ဖွယ် ဖြစ်သည်။ မြို့ပြနှင့် ကျေးလက်အခြေခံအဆောက်အအုံများသည်လည်း မြန်နှုန်းမြင့် မီးရထားလိုင်းများနှင့် အင်တာနက်နယ်ပယ်များတွင် လျင်မြန်သော တိုးတက်မှုရှိခဲ့သည်။

စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် ဂေဟဗေဒ ပြုပြင်ပြောင်းလဲမှုများတွင် တရုတ်သည် ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးခဲ့ပြီး လူနေမှုအဆင့်အတန်းတိုးတက်ပြီး ဝင် ငွေမြင့်စေကာ ပြည်သူများအား ကြွယ်ဝချမ်းသာသော၊ ပျော်ရွှင်ဖွယ်ကောင်းသော၊ မြို့ကြီးသားပီသယဉ်ကျေးသောဘဝများတွင် နေထိုင်စေနိုင်ခဲ့သည်။ ထိုအချက်သည် နှစ်၄၀ကျော် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး၏ အကြီးမားဆုံးသော အောင်မြင်မှုများအနက် တစ်ခုအပါအဝင် ဖြစ်သည်။

တရုတ်၏ ဆင်းရဲမွဲတေမှုလျှော့ချခြင်း လုပ်ငန်းစဉ်တွင် ပြည်သူပေါင်း သန်း ၈၀၀ ကျော်ကို ဆင်းရဲတွင်းမှ လွတ်မြောက်စေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုလျှော့ချမှုကို အထောက်အကူပြုခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် မြို့ပြအိမ်ထောင်စုများ၏ အသုံးစရိတ်သည် တစ်ဦးလျှင် ၃၁၁ ယွမ်သာ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၃၀,၃၉၁ ယွမ် ဖြစ်လာခဲ့သည်။ ကျေးလက်အိမ်ထောင်စုများ၏ အသုံးစရိတ်သည် ၁၁၆ ယွမ်မှ ၁၆,၆၃၂ ယွမ်သို့ တိုးလာခဲ့သည်။ ကျေးလက်နှင့်မြို့ပြပြည်သူများသည် ပိုပြီး သုံးစွဲကာ ပို၍ ကြွယ်ဝချမ်းသာလာကြသည်။ 

ထိုကဲ့သို့သော အောင်မြင်မှုများရှိခဲ့သည်တိုင် စိန်ခေါ်မှုများစွာလည်း ရှိခဲ့သည်။ အဓိကအားဖြင့် ဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်သော မဟာဗျူဟာဖြစ်သည်။ ပြီးခဲ့သော ၄၅ နှစ်တာ ကာလတွင် တရုတ်သည် စီးပွား ရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများတွင် အောင်မြင်မှုများ ရရှိခဲ့ပြီး ဖြစ်ပေါ်လာသော အခြေအနေများအရ တရုတ်သည် အနာဂတ်တွင် တီထွင်ဆန်းသစ်မှုမရှိလျှင် ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်မည့် အခြေအနေဖြစ်လာပြီး တီထွင်ဆန်းသစ်မှုသည် အရေးကြီးသော ကဏ္ဍဖြစ်လာသည်။

တီထွင်ဆန်းသစ်ရေးနှင့် တံခါးဖွင့်ရေးတို့သည် လိုအပ်ချက်များရှိနေဆဲဖြစ်သော်လည်း တရုတ်၏ စီးပွားရေးကို ပြိုလဲခါနီးအခြေအနေမှ ကမ္ဘာ့စီးပွားရေးစွမ်းအင်အဖြစ် ကူးပြောင်းပေးနိုင်ခဲ့သည်။ သမိုင်း ကြောင်းများသည် အနာဂတ်အတွက် ခွန်အားဖြစ်သောကြောင့် တရုတ်၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးတို့မှ ရရှိလာသော အောင်မြင်မှုများနှင့် တန်ဖိုးရှိသော အတွေ့အကြုံများသည် တရုတ်ပြည်သူများ၏ ယုံကြည်ချက် နှင့် ဆုံးဖြတ်ချက်ခိုင်မာမှုကို တွန်းအားဖြစ်စေပြီး ရှေ့ဆက်ပိုမိုနက်နဲသော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားနိုင်စေမည်ဖြစ်သည်။

စိုးနိုင်ထွန်း

Ref:CMG၊ What can we learn from China's 45-year-reform and opening-up?