【နိုင်ငံတကာဆောင်းပါး】လူလတ်တန်းစား ဗဟိုချက်ကို ကျန်းမာရေးကြွေးမြီများ ထိခိုက်

【နိုင်ငံတကာဆောင်းပါး】လူလတ်တန်းစား ဗဟိုချက်ကို ကျန်းမာရေးကြွေးမြီများ ထိခိုက်

ကျန်းမာရေး ကြွေးမြီများသည် မိသားစုအားလုံး၏ အသုံးစရိတ်ကို ဖျက်ဆီးပစ်နေပြီး ကျန်းမာရေး စောင့်ရှောက်မှု ရနိုင်စွမ်းကို အကန့်အသတ်ဖြစ်နေသည်။သို့သော် အံ့သြစရာကောင်းသည်မှာ လူလတ်တန်းစား၏ ဗဟိုချက်ကို ပိုမိုထိခိုက်စေခြင်းဖြစ်သည်။ လူလတ်တန်းစား ၁၇ သန်း နီးပါးသည် ၂၀၂၀ ခုနှစ်တွင် ကျန်းမာရေး အကြွေးတင်ပြီး ဝင်ငွေနည်းသူများထက် ၂၂ ရာခိုင်နှုန်း ပိုမိုမြင့်မားနေသည်။ ဝင်ငွေမြင့်မားသူ ၈ ဦးလျှင် တစ်ဦးသည်ပင် ကျန်းမာရေးအကြွေးတင်နေသည်။

လူလတ်တန်းစား ကျန်းမာရေး ကြွေးမြီပြဿနာသည် လူမျိုး၊ ပညာရေးအဆင့်၊ အသက်၊ မိဘ အခြေအနေ၊ ကျန်မာရေးအာမခံနှင့် ပထဝီစသည့် လူဦးရေအုပ်စု အားလုံးတွင် ရှိနေသည်။ ကုန်ကျစရိတ်ကြောင့် လူလတ်တန်းစားမိသားစုများ မိသားစုများသည် ဝင်ငွေနည်းမိသားစုများထက် ကျန်းမာရေးစောင့်ရှောက်မှုကို ရှောင်ရှားရန် ဖြစ်နိုင်ခြေနည်းပြီး ဝင်ငွေမြင့်မားသော မိသားစုများထက် အသုံးပြုနိုင်သောငွေရနိုင်ခြေနည်းသည်။

သန်းပေါင်းများစွာသော အမေရိကန်များသည် ကျန်းမာရေး ကြွေးမြီ ရှိကြသော်လည်း ထိုကြွေးမြီရှိနေသူများသည် သင့်ကိုအံ့သြနိုင်စေသည်။ ကျန်းမာရေးကုန်ကျစရိတ် မြင့်မားခြင်းနှင့် ကြွေးမြီသည် ဝင်ငွေနည်း မိသားစုများကို ထိခိုက်စေသော်လည်း တစ်နှစ်ဝင်ငွေ ဒေါ်လာ ၅ သောင်းမှ တစ်သိန်းကြားရသော လူလတ်တန်းစားများ၏ ဗဟိုချက်သည် အမြင့်ဆုံး ကျန်းမာရေးကြွေးမြီများ ခံစားရသည်။ လူမျိုး၊ ပညာရေးအဆင့်၊ အသက်၊ မိဘအခြေအနေ၊ ကျန်းမာရေး အာမခံအဆင့် ပထဝီသည် လူဦးရေအုပ်စု အားလုံးအတွက် ထိုအချက်သည်မှန်ကန်ကြောင်း Census’s Survey of Income and Program Participation (SIPP) အရသိရသည်။

ယခုအစီရင်ခံစာတွင် လူတန်းစား၏ ဗဟိုချက်ဆိုသည်မှာ ဖက်ဒရယ် ဆင်းရဲနွမ်းပါးမှုအဆင့်၏ ၂၀၀ ရာခိုင်နှုန်းနှင့် ၄၀၀ ရာခိုင်နှုန်းအကြား ဝင်ငွေရှိသူများဟု မိမိတို့ဖွင့်ဆိုသည်။ ထို့ကြောင့် ခန့်မှန်းခြေ ဝင်ငွေ ဒေါ်လာ ၅ သောင်းနှင့်တစ်သိန်းကြားရှိသည့် လူ ၃ ဦးပါ မိသားစုအနေအ ထားဖြစ်သည်။ ယခုအစီရင်ခံစားသည် ကျန်းမာရေးကြွေးမြီ အဆုံးသတ်ရေး တတိယနည်းလမ်းကို အခြေခံသည်။

အောက်တွင် လူလတ်တန်းစားကျန်းမာရေးကြွေးမြီပြဿနာ၏ ကြီးမားသောအရွယ်အစားကို မိမိတို့ စူစမ်းလေ့လာထားသည်။ တွေ့ရှိချက်များမှာ

၁။ လူလတ်တန်းစား၏ ဗဟိုချက်သည် ကျန်းမာရေး ကြွေးမြီ အမြင့်မားဆုံးရှိသည်။

၂။  လူမည်းနှင့်ဟစ်စပန်းနစ် လူလတ်တန်းစာသည် ကျန်းမာရေးကြွေးမြီ အမြင့်မားဆုံး ရှိသည်။

၃။ လူလတ်တန်းစား ဗဟိုချက်သည် ပညာရေးအဆင့်အတန်းအားလုံးအတွက် အမြင့်မားဆုံး ကျန်းမာရေး ကြွေးမြီပြဿနာရှိသည်။

၄။ လူလတ်တန်းစားကျန်းမာရေးကြွေးမြီ ပြဿနာ အသက်အရွယ်အုပ်စု အများစုကို လွှမ်းမိုးသည်။

၅။ ကလေးရှိသည်ဖြစ်စေ ကလေးမရှိသည်ဖြစ်စေ လူလတ်တန်းစား မိသားစုများနှင့် အမြင့်မားဆုံး အကြွေးနှုန်းရှိသည်။

၆။ ကျန်းမာရေးအာမခံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေကျန်းမာရေးကြွေးမြီသည် လူလတ်တန်းစားအတွက် ပိုမိုမြင့်မားသည်။

၇။ တစ်နိုင်ငံလုံးမှ လူလတ်တန်းစားဗဟိုချက်တွင် ကျန်းမာရေးကြွေးမြီ ရှိသည်။

၁။ လူလတ်တန်းစား ဗဟိုချက်တွင် အမြင့်မားဆုံးကျန်းမာရေးကြွေးမြီနှုန်းရှိသည်။

၂၀၂၀ ခုနှစ်တွင် လူလတ်တန်းစားမိသားစု ၁၇ သန်း နီးပါး (၂၃.၅) ရာခိုင်နှုန်းသည် ၎င်းတို့အပြည့်အ၀ မပေးနိုင်သည့် ကျန်းမာရေး ကုန်ကျစရိတ်များ ရှိနေသည်။ ထိုပမာဏသည် ဝင်ငွေနည်းမိသားစုများထက် ၁.၅ မှတ် ပိုမိုများပြားပြီး ဝင်ငွေမြင့်မိသားစုများထက် ၉ မှတ်ပိုမိုမြင့်မားသည်။ လူလတ်တန်းစား ဗဟိုချက်တွင် အမေရိကန်ပြည်ထောင်စုမှ ကျန်းမာရေး ကြွေးမြီရှိသူများ၏ အများစု (၃၇) ရာခိုင်နှုန်းပါဝင်သည်။

လူလတ်တန်းစား ဗဟိုချက်မှ မိသားစုများသည် ကောင်းမွန်သော ကျန်းမာရေးအာမခံ ပိုမိုရှိသည့်တိုင် ဝင်ငွေနည်းမိသားစုများထက် ကျန်းမာရေးကြွေးမြီ ပိုမိုတင်နိုင်သည်။ ဝင်ငွေနည်း မိသားစုများသည် ကုန်ကျစရိတ်ကြောင့် ကျန်းမာကုသမှု လုံးဝမခံယူကြပေ။ ၎င်းတို့ ကုသမှုခံယူသော အခါ အများပြည်သူ ကျန်းမာရေး ဆေးခန်းများမှ ဝင်ငွေအဆင့်နှင့်ပတ်သက်သည့် ငွေပေးချေမှုကဲ့သို့သော နောက်ဆက်တွဲ ပြင်ပအကူအညီနှင့် ဆေးရုံအချို့မှ အကြွေးသက်သာခွင့်ရကြသည်။ ဝင်ငွေအလယ်အလတ် မိသားစုများသည် ဝင်ငွေမြင့်မားသော မိသားစုများထက် မြင့်မားသည် နုတ်ယူငွေနှင့် စိုက်ထုတ်သုံးကုန်ကျစရိတ်အတွက်ပေးရန် သုံးနိုင်သောငွေ နည်းသည်။

၂။ လူမည်းနှင့် ဟစ်စပန်းနစ် လူလတ်တန်းစားတွင် ကျန်းမာရေးကြွေးမြီ အမြင့်မားဆုံးနှုန်းရှိသည်

လူမျိုးနှင့် လူမျိုးစု အုပ်စုအားလုံးတွင် လူလတ်တန်းစား ဗဟိုချက်သည် ကျန်းမာရေး ကြွေးမြီနှုန်း ပိုမိုမြင့်မားသည်ကို အမြဲတမ်းတွေ့ရသည်။ လူလတ်တန်းစားအားလုံးတွင် လူမျိုးမညီမှုရှိပြီး လူမည်းနှင့် ဟစ်စပန်းနစ် မိသားစုများသည် အမြင့်ဆုံးနှုန်းကို ကြုံရသည်။

လူမည်း လူလတ်တန်းစား ၄ သန်း (၃၇.၅ ရာခိုင်နှုန်း) တွင် ကျန်းမာရေးကြွေးမြီရှိပြီး လူမည်းဝင်ငွေနည်းသူများထက် ၈.၅ မှတ် ပိုမိုများပြားပြီး လူမည်းဝင်ငွေများသူများထက် ၁၆ မှတ် ပိုမိုများပြားသည်။

ဟစ်စပန်းနစ်လူလတ်တန်းစား ၆ သန်း (၂၅.၂ ရာခိုင်နှုန်း) တွင် ကျန်းမာရေး ကြွေးမြီရှိသည်။ ဟစ်စပန်းနစ်ဝင်ငွေနည်းသူများထက် ၅ မှတ် ပိုမိုမြင့်မားပြီး ဟစ်စပန်းနစ် ဝင်ငွေများသူများထက် ၇ မှတ် ပိုမိုမြင့်မားသည်။

လူဖြူလူလတ်တန်းစား ၈ သန်း (၂၀.၄) ရာခိုင်နှုန်းတွင် ကျန်းမာရေးကြွေးမြီရှိပြီး လူဖြူဝင်ငွေနည်းသူများထက် တစ်မှတ်ပိုမိုမြင့်မားကာ လူဖြူဝင်ငွေများသူများထက် ၉ မှတ် ပိုမိုများပြားသည်။

အာရှနွယ်ဖွား လူလတ်တန်းစား ၅၈၀၀၀၀ (၁၆.၆ ရာခိုင်နှုန်း) တွင် ကျန်းမာရေးကြွေးမြီရှိပြီး အာရှနွယ်ဖွား ဝင်ငွေနည်းသူများထက် ၇ မှတ်ပိုမိုမြင့်မားပြီး ဝင်ငွေများသူများထက် ၈.၄ မှတ် ပိုမိုမြင့်မားသည်။

၃။ ပညာအဆင့်အတန်းအားလုံးမှ လူလတ်တန်းစား ဗဟိုချက်တွင် အမြင့်မားဆုံး ကျန်းမာရေးကြွေးမြီ ပြဿနာရှိသည်

၎င်းတို့သည် ကောလိပ်တက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ ကျန်းမာရေးကြွေးမြီ လူလတ်တန်းစား ဗဟိုချက်ကို အပြင်းထန်ဆုံး ထိခိုက်စေ သည်။ ပညာရေး အပိုင်းကဏ္ဍ အားလုံးတွင် ပိုမိုများပြားသော လူလတ်တန်းစား မိသားစုများသည် ဝင်ငွေနိမ့် နှင့် ဝင်ငွေမြင့်မိသားစုများထက် ကျန်းမာရေးကြွေးမြီ ရှိသည်။

အထက်တန်းမပြီးဆုံးခဲ့သော လူလတ်တန်းစား ၂ သန်း (၂၇.၁ ရာခိုင်နှုန်း) တွင် ကျန်းမာရေး ကြွေမြီရှိပြီး ဝင်ငွေနည်းသူများထက် ၆ မှတ်မြင့်မားကာ အလားတူ ပညာရေးအဆင့်ရှိ ဝင်ငွေများထက် ၅ မှတ်ပိုမိုမြင့်မားသည်။

အထက်တန်းအောင်လက်မှတ်ရ လူလတ်တန်းစား တစ်သန်းတွင် ကျန်းမာရေးကြွေးမြီရှိပြီး ဝင်ငွေနည်း အထက်တန်းအောင်သူများထက် ၂.၄ မှတ်ပိုမိုများပြားကာ အထက်တန်းအောင် ဝင်ငွေများသူများထက် ၇.၄ ရာခိုင်နှုန်း ပိုမိုမြင့်မားသည်။

ကောလိပ်တက်ဖူးသူ လူလတ်တန်းစား ၇ သန်း (၂၅.၅ ရာခိုင်နှုန်း) တွင် ကျန်းမာရေးကြွေးမြီရှိပြီး ဝင်ငွေနည်းသူများထက် ၂ မှတ်မြင့်ကာ ဝင်ငွေများသူများထက် ၉.၃ မှတ် ပိုမိုမြင့်မားသည်။

ဘွဲ့ရလူလတ်တန်းစာ ၃ သန်း (၁၆.၅ ရာခိုင်နှုန်းတွင် ကျန်းမာရေးကြွေးမြီရှိပြီး ဝင်ငွေနည်းသူများနှင့် တူညီပြီး ဝင်ငွေများသူများထက် ၈.၁ မှတ် ပိုမိုမြင့်မားသည်။

ပညာနည်းသူများသည် ပညာများသူများနှင့်ယှဉ်ပါက ကြွေးမြီနှုန်းပိုမိုမြင့်မားအချက်ကို မှတ်သားရန် အရေးပါသည်။ ဘွဲ့ရလူလတ်တန်းစားများသည် ကျန်းမာရေးကြွေးမြီနှုန်း အနိမ့်ဆုံးဖြစ်ပြီး အထက်တန်းအောင်သူများထက် ၉ မှတ်နိမ့်ကာ အထက်တန်း မအောင်သူများထက် ၁၀ မှတ် နိမ့်သည်။

၄။ လူလတ်တန်းစားကြွေးမြီပြဿနာသည် အသက်အရွယ်အုပ်စုအားလုံးကို လွှမ်းမိုးသည်

အသက်အရွယ်အုပ်စုလိုက်ကြည့်ပါက လူလတ်တန်းစား ဗဟိုချက်သည် အသက် ၆၅ နှစ်နှင့် အထက်မှအပ အသက်အရွယ်အုပ်စုအားလုံးတွင် အမြင့်မားဆုံး ကျန်းမာရေးကြွေးမြီရှိသည်။ ထူးခြားသော ကွဲပြားခြားနားမှုများကို အသက် ၃၅ နှစ်အောက်အုပ်စုတွင် တွေ့ရသည်။

အသက် ၃၅ နှစ်အောက် လူလတ်တန်းစား ၄ သန်း (၂၇.၄ ရာခိုင်နှုန်း) တွင် ကျန်းမာရေး ကြွေးမြီရှိပြီး ဝင်ငွေနည်းသူများထက် ၃.၄ မှတ် ပိုမိုမြင့်မားပြီး ဝင်ငွေများသူများထက် ၁၂ မှတ်ပိုမိုမြင့်မားသည်။

အသက် ၃၅ နှစ်နှင့် ၅၀ ကြား လူလတ်တန်းစာ ၃  သန်း (၂၅.၉ ရာခိုင်နှုန်း) တွင် ကျန်းမာရေး ကြွေးမြီရှိပြီး ဝင်ငွေနည်းသူများထက် ၂.၇ မှတ် ပိုမိုမြင့်မားကာ ဝင်ငွေများသူများထက် ၁၂.၈ မှတ် ပိုမိုမြင့်မားသည်။

အသက် ၅၁ နှစ်မှ ၆၄ နှစ်ကြား လူလတ်တန်းစား ၇ သန်း (၂၆ ရာခိုင်နှုန်း) တွင် ကျန်းမာရေးကြွေးမြီရှိပြီး ဝင်ငွေနည်းသူများထက် ၁.၉ မှတ်ပိုမိုမြင့်မားပြီး ဝင်ငွေများသူများထက် ၁၁.၆ မှတ် ပိုမိုမြင့်မားသည်။

အသက် ၆၅ နှစ်နှင့်အထက် လူလတ်တန်းစား ၆ သန်း (၁၄.၄ ရာခိုင်နှုန်း) တွင် ကျန်းမာရေး ကြွေးမြီရှိပြီး ဝင်ငွေနည်းသူများထက် ၁.၅ မှတ်ပိုမိုမြင့်မားကာ ဝင်ငွေများသူများထက် ၇.၁ မှတ် ပိုမိုမြင့်မားသည်။

အသက် ၆၅ နှစ်နှင့်အထက် လူလတ်တန်းစားသည် ကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ရသောကြောင့် ကျန်းမာရေးကြွေးမြီအနည်းဆုံးဖြစ်သည်။ အသက်ကြီးသောကြောင့် ကျန်းမာရေးကုန်ကျစရိတ် မြင့်မားသော်လည်း သက်ကြီးရွယ်အိုများအတွက် အလုံးစုံ ကျန်းမာရေးစောင့်ရှောက်မှုကြောင့် ကုန်ကျစရိတ်နည်းကာ ကြွေးမြီလည်းနည်းစေသည်။

၅။ ကလေးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လူလတ်တန်းစားတွင် ကျန်းမာရေးကြွေးမြီ အမြင့်မားဆုံးဖြစ်သည်

မိဘအဆင့်အတန်းမည်သို့ရှိသည်ဖြစ်စေ လူလတ်တန်းစား မိသားစုများတွင် ကျန်းမာရေးကြွေးမြီ ရှိသည်။ ကလေးရှိသူများတွင် ကျန်းမာရေးကြွေးမြီနှုန်းပိုမိုမြင့်မားသည်။

ကလေးမရှိသော လူလတ်တန်းစား ၆ သန်း (၂၂ ရာခိုင်နှုန်း) တွင်ကျန်းမာရေးကြွေးမြီရှိပြီး ဝင်ငွေနည်းသူများထက် ၁.၂ မှတ် ပိုမိုမြင့်မားကာ ဝင်ငွေများသူများထက် ၉.၉ မှတ် ပိုမိုမြင့်မားသည်။

ကလေးရှိသော လူလတ်တန်းစား ၃ သန်း (၂၈.၇ ရာခိုင်နှုန်း) တွင် ကျန်းမာရေးကြွေးမြီများရှိပြီး ဝင်ငွေနည်းသူများထက် ၄.၁ မှတ် ပိုမိုမြင့်မားကာ ဝင်ငွေများသူများထက် ၁၅ မှတ် ပိုမိုမြင့်မားသည်။

၆။ ကျန်းမာရေးအာမခံထားသည်ဖြစ်စေ မထားသည်ဖြစ်စေ လူလတ်တန်းစား မိသားစုများအတွက် ကျန်းမာရေး ကြွေးမြီ ပိုမိုမြင့်မား

ကျန်းမာရေးအာမခံမထားသော လူလတ်တန်းစား မိသားစုများသည် ကျန်းမာရေးကြွေးမြီ အမြင့်မားဆုံး ရှိသော်လည်း ကျန်းမာရေးအာမခံထားသော လူလတ်တန်းစားမိသားစုများသည်လည်း ကျန်းမာရေးကြွေးမြီများနှင့် ရုန်းကန်နေရသည်။

ကျန်းမာရေးအာမခံမထားသော လူလတ်တန်းစား ၇ သန်း (၃၁ ရာခိုင်နှုန်း) တွင် ကျန်းမာရေး ကြွေးမြီရှိပြီး ဝင်ငွေနည်းသူများထက် ၃.၃ မှတ်ပိုမိုမြင့်မားကာ ဝင်ငွေမြင့်မားသူများထက် ၇.၁ မှတ် ပိုမိုမြင့်မားသည်။

ကျန်းမာရေး အာမခံထားသော လူလတ်တန်းစား ၂ သန်း (၂၂.၅ ရာခိုင်နှုန်း)တွင် ကျန်းမာရေးကြွေးမြီ ရှိနေပြီး ဝင်ငွေနည်းသူများထက် ၁.၇ မှတ် ပိုမိုမြင့်မားကာ ဝင်ငွေမြင့်သူများထက် ၁၀.၂ မှတ် ပိုမိုမြင့်မားသည်။

၇။ တစ်နိုင်ငံလုံးမှ လူလတ်တန်းစား ဗဟိုချက်သည် ကျန်းမာရေးကြွေးမြီပြဿနာ ရှိနေသည်

အမေရိကန်ပြည်ထောင်စု ဒေသအားလုံးမှ လူလတ်တန်းစားဗဟိုချက်သည် ကျန်းမာရေးကြွေးမြီနှင့် ရုန်းကန်နေရသည်။

အနောက်အလယ်ပိုင်းမှ လူလတ်တန်းစား ၄ သန်း (၂၄.၆ ရာခိုင်နှုန်း) တွင် ကျန်းမာရေး ကြွေးမြီရှိနေပြီး  ဝင်ငွေနည်းသူများထက် ဝ.၂ မှတ်နိမ့်ပြီး ဝင်ငွေမြင့်မားသူများထက် ၁၁.၁ မှတ် ပိုမိုမြင့်မားသည်။

အရှေ့မြောက်ဒေသမှ လူလတ်တန်းစား ၂ သန်း (၁၈.၈ ရာခိုင်နှုန်း) တွင် ကျန်းမာရေးကြွေးမြီ ရှိနေပြီး ဝင်ငွေနည်းသူများထက် ဝ.၉ မှတ် ပိုမိုမြင့်မားပြီး ဝင်ငွေများသူများထက် ၆.၄ မှတ် ပိုမိုမြင့်မားသည်။

တောင်ပိုင်းမှ လူလတ်တန်းစား ၈ သန်း (၂၈.၁ ရာခိုင်နှုန်း) တွင် ကျန်းမာရေးကြွေးမြီရှိပြီး ဝင်ငွေနည်းသူများထက် ၂ မှတ်ပိုမိုမြင့်မားကာ ဝင်ငွေများသူများထက် ၁၃.၅ မှတ် ပိုမိုမြင့်မားသည်။

အနောက်ပိုင်းတွင်နေထိုင်သည့် လူလတ်တန်းစား ၉ သန်း (၁၇.၈ ရာခိုင်နှုန်း) တွင် ကျန်းမာရေးကြွေးမြီရှိပြီး ဝင်ငွေနည်းသူများထက် ၃.၆ မှတ် ပိုမိုမြင့်မားပြီး ဝင်ငွေမြင့်သူများထက် ၇.၄ မှတ် ပိုမိုမြင့်မားသည်။

နိဂုံး

ကျန်းမာရေးကြွေးမြီသည် လူတိုင်းကိုထိခိုက်စေသော်လည်း လူလတ်တန်းစားဗဟိုချက်တွင် ကျန်းမာရေး ကြွေးမြီနှုန်း အမြင့်မားဆုံးဖြစ်သည်။ ထိုသို့မဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။ ကျန်းမာရေးကြွေးမြီ အဆုံးသတ်မည့် မိမိတို့၏ စီမံချက်သည် ထိုသို့သောအခြေအနေ ထပ်မံမဖြစ်ပေါ်စေရန် တားဆီးပေးမည်ဖြစ်သည်။ အာမခံရှိသော လူနာများ၏ကြွေးမြီများကို ပယ်ဖျက်ခြင်းဖြင့် စတင်မည်ဖြစ်သည်။ အာမခံထားရန် စည်းကမ်းချက်သည် ကျန်းမာရေးကြွေးမြီများကို ထပ်ဖြစ်ပေါ်စေမည်မဟုတ်တော့ပေ။ ထို့နောက် အာမခံထားရန် ပြည်သူများကို အားပေးမည်ဖြစ်သည်။ ထို့နောက်ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသော ကြွေးမြီကို ထောက်ပံ့သူအခွန်ဖြင့် ပြန်လည်ဖြည့်ဆည်းပေးမည်ဖြစ်သည်။ နောက်ဆုံးတွင် အပြည့်အဝတတ်နိုင်သည့် အာမခံဖြစ်အောင်လုပ်ဆောင်မည်ဖြစ်သည်။

အမေရိကန် သန်း ၁၀၀ ကျော်တွင် ကျန်းမာရေးကြွေးမြီများရှိနေပြီး မိသားစုများသည် ကုန်ပစ္စည်း၊ အိမ်လခ၊ ပညာရေးကုန်ကျစရိတ်များနှင့် အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပေးချေရန် ခက်ခဲနေသည်။ ထိုကြွေးမြီများကို အပြီးတိုင် အဆုံးသတ်ပစ်ရမည်ဖြစ်သည်။

Linko

Ref:Medical Debt Hits the Heart of the Middle Class – Third Way