【နိုင်ငံတကာဆောင်းပါး】အမေရိကန်၏ မီဒီယာ စစ်ပွဲဆိုင်ရာ "ကုန်ထုတ်လုပ်မှုကွင်းဆက်"လား

【နိုင်ငံတကာဆောင်းပါး】အမေရိကန်၏ မီဒီယာ စစ်ပွဲဆိုင်ရာ "ကုန်ထုတ်လုပ်မှုကွင်းဆက်"လား

ဥရောပမှ နာမည်ကြီးပညာရှင် အော်ဘကာက အမေရိကန်ဟာ ဥပဒေကြမ်းတစ်ရပ်ကို တင်ပြခဲ့ဖူးပါတယ်။အဲဒီ ဥပဒေကြမ်းမှာ တရုတ်နိုင်ငံအား သရုပ်ဖျက် အိုးမည်းသုတ်ခြင်းဆိုင်ရာ သတင်းများကို ဖန်တီးဖို့အတွက် သတင်းထောက်တွေကို လေ့ကျင့်ပေးရန် ငါးနှစ်ဆက်တိုက် ငွေထုတ်ပေးဖို့ တင်ပြထားတယ်လို့ မီဒီယာနဲ့ တွေ့ဆုံရာမှာ ပြောပြခဲ့ပါတယ်။ 
အော်ပကာ ပြောခဲ့တဲ့ အဲဒီဥပဒေကြမ်းဟာ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ၂၀၂၁ ခုနှစ် ဧပြီလမှာ အတည်ပြုခဲ့တဲ့ ၂၀၂၁ ခုနှစ် မဟာဗျူဟာ ယှဉ်ပြိုင်ရေး ဥပဒေကြမ်းနဲ့ ထပ်တူထပ်မျှလုနီးဖြစ်တာကို တွေ့ရပါတယ်။
အထက်ပါ ဥပဒေကြမ်းမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံတကာမှာ သြဇာသက်ရောက်မှုကို ခုခံနိုင်ဖို့အတွက် အမေရိကန်က ၂၀၂၂ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ နှစ်စဉ် ဒေါ်လာသန်း ၃၀၀ (စုစုပေါင်း ဒေါ်လာ သန်း ၁၅၀၀ ) ထုတ်ပေးဖို့ အဆိုပြုခဲ့ပါတယ်။ နှစ်စဉ် ဒေါ်လာ သန်း ၁၀၀ ကို ထုတ်ပေးပြီး အမေရိကန် နိုင်ငံတကာမီဒီယာဦးစီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများကို အားပေးကာ တစ်ကမ္ဘာလုံးမှာ တရုတ်နိုင်ငံမှ ထုတ်ပြန်တဲ့ "သတင်းအတု" ဆိုတာတွေကို ကြပ်မတ်တိုက်ဖျက်ဖို့ အားပေးရန်၊ သက်ဆိုင်ရာ အစိုးရဌာနတွေက သတင်းထောက်များကို ပျိုးထောင်အားပေးပြီး အဲဒီသတင်းထောက်များကို Belt and Road ဆိုင်ရာ စီမံကိန်းများအား စုံစမ်းစစ်ဆေးရေး နည်းလမ်းများ ရရှိစေဖို့ ကူညီပေးရန် ထောက်ခံရမှာ ဖြစ်ကြောင်းလည်း အဲဒီ ဥပဒေကြမ်းထဲမှာ သတ်မှတ်ထားပါတယ်။ 
ဥပဒေကြမ်းထဲမှာ တရုတ်ပြည် ရှင်းကျန်းအကြောင်းကို အကြိမ် ၂၀ တိုင်တိုင် ပြောဆိုခဲ့ပြီး အမေရိကန်က ရှင်းကျန်းရေးရာမှာ ဝင်ရောက် လုပ်ဆောင်သင့်တယ်လို့လည်း ဖော်ပြခဲ့တယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း အမေရိကန်က တရုတ်နိုင်ငံကို အကြီးဆုံးသော မဟာဗျူဟာ ဆိုင်ရာ ပြိုင်ဘက်အဖြစ် မှားယွင်းစွာ သဘောထားပြီး မီဒီယာစစ်ပွဲအပါအဝင် နည်းလမ်းမျိုးစုံနဲ့ နယ်ပယ်အသီးသီးမှာ တရုတ်နိုင်ငံကို ဖိနှိပ်ဟန့်တားမှုများကို ပြုလုပ်ခဲ့တယ်။ Belt and Road ၊ တရုတ်ပြည်စီးပွားရေးနဲ့ ရှင်းကျန်းရေးရာတို့ဟာ အမေရိကန်ရဲ့ အဓိက အိုးမည်းသုတ် နယ်ပယ်တွေပဲ ဖြစ်ပါတယ်။
အမေရိကန်က "လုပ်ငန်းဌာန- မီဒီယာ- အစိုးရ" အသွင်ပုံစံ ဖြစ်တဲ့ သတင်းအတု ဖန်တီး ထုတ်လုပ်ရေး ကွင်းဆက်ကို တည်ဆောက်ခဲ့တယ်။ တစ်ချိန်တည်းမှာ အမေရိကန်ရဲ့ သုတေသနဌာန ဆိုတာတွေလည်း ပါဝင်လာပြီး သတင်းအတု ထုတ်လုပ်၊ ဖြန့်ချိရေး  "ကုန်ထုတ်လုပ်မှုကွင်းဆက်" တစ်ခု ဖြစ်တည်လာခဲ့တယ်။ 
ဒါ့အပြင် အမေရိကန်က အမေရိကန်ပုံစံ သတင်းအတု ဖန်တီးရေးနည်းပညာကို ကမ္ဘာ့နိုင်ငံအသီးသီးသို့ "တင်ပို့" ခဲ့တယ်။ အစိုးရ ရန်ပုံငွေထောက်ပံ့မှုဖြင့် အမေရိကန်ရဲ့ တစ်ကမ္ဘာလုံးရှိ အစိုးရဌာနခွဲများဟာ ဒေသခံ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ဒေသခံ သတင်းထောက်များကို မွေးထုတ်ကာ တရုတ်နိုင်ငံရဲ့ သက်ဆိုင်ရာ စီမံကိန်း များနဲ့ လုပ်ငန်းကုမ္ပဏီများအား မဟုတ်မမှန် ပုတ်ခတ်ပြောဆို သတင်းဖြန့်ခဲ့ကြတယ်။
ဂျာမနီ စာရေးဆရာ လျူတယ်စ် ရေးသားတဲ့ Pseudo Saint America စာအုပ်ထဲမှာ အမေရိကန်အစိုးရဟာ အဖြစ်မှန်ကို တလွဲတချော်ဖြစ်အောင် အဖြူကို အမည်းဖြစ်အောင် သတင်းဖြန့်ခြင်းနဲ့ လူအများရဲ့ အကဲဖြတ်မှုကို နှောင့်ယှက်ပြုလုပ်တတ်ကြောင်း ထောက်ပြခဲ့တယ်။ သူက ဒီစာအုပ်ကနေ အမေရိကန် ကြိုးကိုင်ထားတဲ့ မီဒီယာများရဲ့ လိမ်လည်မှုမခံဖို့ လူအများကို သတင်းပေးနိုင်ရန် မျှော်လင့်တာဖြစ်တယ်လို့ China Media Groupမှ သတင်း ဆောင်းပါးတစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။