【နိုင်ငံတကာဆောင်းပါး】အာဆီယံဒေသ၏ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်း

【နိုင်ငံတကာဆောင်းပါး】အာဆီယံဒေသ၏ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်း

ကီလိုမီတာ ၁၄၂ ရှည်လျားသော အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် မီးရထား (HSR) အတွက် တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့် ကျည်ဆန်ရထားများကို ၂၀၂၂ခုနှစ် ဩဂုတ် ၅ရက်တွင်  တရုတ်နိုင်ငံ အရှေ့ ပိုင်းရှန်ဒေါင်းပြည်နယ်ဆိပ်ကမ်းမှ တင်ပို့လိုက်ပြီးနောက် ဝေဖန်မှုများစွာရှိခဲ့သော BRI စီမံကိန်း၏ အင်ဒိုနီးရှား သည် အသက်ဝင်လာခဲ့သည်။

ယခုစီမံကိန်းသည် ဂျပန်နိုင်ငံနှင့် ယှဉ်ပြိုင်ရသည့် တင်ဒါတွင် တရုတ်ကအနိုင်ရခဲ့ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးဘဏ်မှတစ်ဆင့် ပေကျင်း၏ ရန်ပုံငွေဖြင့် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းကို ၂၀၁၅ခုနှစ်တွင် စတင်ခဲ့ သည်။ တရုတ်ကုမ္ပဏီများသည် စီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာမှုကို လေးလမျှ (၂၀၁၅ခုနှစ် မေလမှ သြဂုတ် လ) အတွင်း ပြီးစီးခဲ့သည်။ မြေယာသိမ်းဆည်းမှုပြဿနာများနှင့် COVID-19 ကူးစက်ရောဂါအတွင်း ကျန်းမာရေး နှင့် သွားလာ လှုပ် ရှား မှုဆိုင်ရာ ကန့်သတ်မိန့်များကြောင့် စီမံကိန်းကို နှောင့်နှေးစေခဲ့သော်လည်း ၂၀၂၂ခုနှစ်စက် တင်ဘာလက အင်ဒိုနီးရှားနိုင်ငံသို့ တရုတ်လုပ်ရထားများ ရောက်ရှိလာချိန်တွင် အဆိုပါ ရထားလမ်းကွန်ရက်သည် အရှိန်မပျက် ဆက်လက်လည်ပတ်နေသည်ကို ကမ္ဘာကသိမြင်ခဲ့သည်။

အာရှတွင် HSR ဟုခေါ်သည့် မြန်နူန်းမြင့်ရထားလမ်းစနစ်မှာ လာအိုတွင် ပထမဆုံးပြေးဆွဲသည့် ကူမင်း-ဗီယက်ကျန်း ရထားလမ်းပိုင်းအောင်မြင်မှုကြောင့် BRI ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းများသည် ဒေသတွင်းနိုင်ငံများအတွက် စိတ်ဝင်စားစရာဖြစ်လာခဲ့သည်။ အင်ဒိုနီးရှားသို့ ပေးပို့သော မြန် နှုန်းမြင့် ကျည်ဆန်ရထားများသည် အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ထိပြေးဆွဲနိုင်သည့် တရုတ် ပြည်တွင်းသုံးနီးပါးဖြစ်ရာ အဆိုပါရထားလမ်းကွန်ရက်ပြီးစီးပါက အာဆီယံဒေသတွင်း အမြန်ဆုံး ရထားပြေး ဆွဲနူန်းဖြစ်လာမည် ဖြစ်သည်။

အင်ဒိုနီးရှား၏ ဂျကာတာ- ဘန်ဒေါင်း HSR သည် တရုတ်နိုင်ငံ၏ နည်းပညာ၊ စံချိန်စံညွှန်းများနှင့် စက်ကိ ရိယာများကို အပြည့်အဝအသုံးပြုထားသည့် နိုင်ငံရပ်ခြားတွင် ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းဖြစ်ရာ BRI ၏ စံပြအဖြစ် ဒေသတွင်းက ရှုမြင်ကြသည်။ တရုတ်နိုင်ငံမှ အဆိုပြု ထားသည့် Belt and Road Initiative (BRI) အောက်ရှိ အထင်ကရ ပရောဂျက်တစ်ခုဖြစ်သည့် ထိုရထားလမ်းကွန်ရက် ပြီးမြောက်မှုက တရုတ်၏ ကျည် ဆန်ရထားများနှင့် ရထားလမ်းစနစ်များကို ဝယ်ယူသူများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးမှုနည်းသည့် အ ရှေ့တောင်အာရှနိုင်ငံများအတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွေးချယ်စရာနည်းလမ်းတစ်ခု ဖြစ်လာသည်။

မူလက အဆိုပါ ရထားလမ်းစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇွန်လတွင် ပြီးစီးရန် မျှော်မှန်းထားသည်။အစောပိုင်း က မြန်နှုန်းမြင့်လျှပ်စစ်မျိုးစုံယူနစ် (EMUs) အတွဲ ၁၁ တွဲနှင့် ပြည့်စုံသော စမ်းသပ်ကျည်ဆန်ရထားတွဲ တစ်တွဲကို အင်ဒိုနီးရှားသို့ တင်ပို့ခဲ့သည်။အဆိုပါ EMUs များကို အင်ဒိုနီးရှားရှိ ဒေသတွင်း လည်ပတ်မှုပတ်ဝန်းကျင်နှင့် လိုက် လျောညီထွေဖြစ်အောင် တရုတ်စံ Fuxing EMU ၏ အဆင့်မြင့်နည်းပညာဖြင့် တီထွင်ခဲ့ပြီး ငလျင်မကြာခဏလှုပ် တတ်သော ဒေသလိုအပ်ချက်နှင့် ကိုက်ညီအောင် EMU များတွင် ဉာဏ်ရည်တု အာရုံခံနည်းပညာကို အသုံးပြုထား ပြီး ငလျင်စောင့်ကြည့်ခြင်းနှင့် ကြိုတင်သတိပေးစနစ်များ တပ်ဆင်ထားသည်။

EMU တိုင်းတွင် စံချိန်စံညွှန်းမြင့်မားသော သံချေးတက်ခြင်းကို ခံနိုင်ရည်ရှိသော ဒီဇိုင်းနှင့် အဆင့်မြင့် ကာ ကွယ်မှုနည်း ပညာကို အသုံးပြုထားပြီး ဆားမှုန်ရေမွှားများနှင့် ခရမ်းလွန်ရောင်ခြည်များကို ပိုမိုခံနိုင်ရည်ရှိ စေ သည်။ရထားကို အတိမ်းအစောင်း 30 ဒီဂရီအထိ အန္တရာယ်ကင်းစွာ ခုတ်မောင်းနိုင်ရန် ပြင်ဆင်ထားသည်။ ရထား တွင် ကာဗွန်ပါဝင်မှုနည်းပြီး စွမ်းအင်ပိုသက်သာစေကာ ဘရိတ်စနစ်မှ စွမ်းအင်ကို ပြန်လည်ထုတ်ပေးနိုင်သော နည်းပညာကို သုံးထားသည်။

EMUs အတွက် မီးစောင့်ကြည့်ရေးစနစ်၊ AC/DC လျှပ်ကာပစ္စည်း စောင့်ကြည့်စနစ်၊ ဘရိတ်စနစ်နှင့် တုန်ခါမှု ဆန့်ကျင်စနစ်တို့ကို တပ်ဆင်ထားပြီး စမတ်နည်းပညာဖြင့် မီးနှင့်မီးခိုးစောင့်ကြည့်ရေးစနစ်များကို တပ်ဆင်ထားသည်။ ပြေးဆွဲမည့် ဂျကာတာ- ဘန်ဒေါင်း HSRတွက် ရထား EMU တွင် စုစုပေါင်း ခရီးသည် ၆၀၁ ဦးကို တင်ဆောင်နိုင်စေရန် ဒီဇိုင်းထုတ်ထားပြီး ပထမတန်းစားတွဲတစ်တွဲ၊ စားသောက်တွဲတစ်တွဲနှင့် ဒုတိယ တန်းစားတွဲ ခြောက်တွဲတို့ ပါဝင်မည်ဖြစ်သည်။

Belt and Road Initiative (BRI) ပရောဂျက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အမြန်ရထားရထားသည် ဂျကာတာမှ ဘန်ဒေါင်းသို့ သွားလာချိန် သုံးနာရီကျော်ကို မိနစ် ၄၀ ခန့်သာ ကြာသည်အထိ လျော့ချဖြတ် တောက် မည်ဖြစ်သည်။ထို့ကြောင့် ၁၄၂ ကီလိုမီတာ အကွာအဝေးကို လွှမ်းခြုံထားသည့် မြန်နှုန်းမြင့်ရထားသည် အင်ဒိုနီး ရှားနှင့် အရှေ့တောင်အာရှ၏ ပထမဆုံး အမြန်ရထားဖြစ်လာခြင်းဖြစ်သည်။ အစပိုင်းတွင် ရထားမောင်းနှင့်ရန် တရုတ်မှ အတွေ့အကြုံရှိ ဝန်ထမ်းများ တာဝန်ယူမည်ဖြစ်ပြီး အင်ဒိုနီးရှား အလုပ်သမားများအနေဖြင့် ယင်းရထား လမ်းစနစ်လည်ပတ်ရန် နည်းပညာလွှဲပြောင်းရရှိမည်ဖြစ်သည်။

သြဂုတ်လတွင် ရထားလမ်းကို ဖွင့်ပွဲလုပ်ပြီး  အောက်တိုဘာလတွင် အဆိုပါ ပရောဂျက်ကို အပြီးသတ်ရန် အဆောတလျင် လုပ်ဆောင်နေကြသည်။ သတင်းများအရ ယခုဩဂုတ်လ ၁၇ ရက်တွင် ကျရောက်သော အင်ဒို နီးရှားနိုင်ငံ၏ လွတ်လပ်ရေးနေ့နှင့် တိုက်ဆိုင်စွာ HSR ကို စတင်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်းသိရသည်။ ဇူလိုင် လအတွင်းသတင်းများအရ အမြန် ရထား၏ ဘူတာလေးခုအနက်မှ တစ်ခုဖြစ်သည့် Padalarang ဘူတာ ၆၅ ရာ ခိုင်နှုန်းခန့်သာ အဆင်သင့်ဖြစ်နေပြီ ဖြစ်သော်လည်း အဆိုပါလိုင်းတစ်လျှောက်ရှိ အခြားဘူတာရုံ ၃ ခု ပြီးစီးရန် နီးကပ်နေပြီဖြစ်ကြောင်းဆိုသည်။         

တရုတ်နိုင်ငံမှ ကျောထောက်နောက်ခံပြုထားသော ဂျကာတာ-ဘန်ဒေါင်းအမြန်ရထားကို သြဂုတ် ၁၈ ရက်တွင် စတင်ပြေးဆွဲရန် စီစဉ်ထားရာ ထိုသို့ပြေးဆွဲခြင်းမပြုမီကပင် အင်ဒိုအာဏာပိုင်များက  အရှေ့ဂျာဗားရှိ ဆူရာဘာယာမြို့သို့ တိုးချဲ့ဖို့ စကားစနေသည်။ ထိုသည်မှာ တရုတ်ကလုပ်ဆောင်နေသည့် ဂျကာတာ- ဘန်ဒေါင်း HSR ၏ ဖြစ်ထွန်းလာမည့် ဒေသဖွံ့ဖြိုးမှုအလားအလာပေါ် ယုံကြည့်မှုကြောင့် ဖြစ်သည်။

ဝေဖန်မှုများနှင့် တိုက်ခိုက်မှုများကြုံနေရသည့် တရုတ်၏BRI စီမံချက်ပါ လုပ်ငန်းများမှ ယခုနှစ်အတွင်း တစ်ခုပြီး တစ်ခုစတင်ပြီးစီးအကောင်အထည်ပေါ်လာနေသလို လည်ပတ်နေပြီဖြစ်သည်။ မူလရည်မှန်းချက် ဖြစ် သည့် ဒေသတွင်း ဖွံ့ဖြိုးမှုနှင့် ဒေသခံများအလုပ်အကိုင်ရရှိရေးကို အဆိုပါပရောဂျက်များက အထောက်အကူပြု နေပြီလည်းဖြစ်သည်။ အဆိုပါပရောဂျက်များက သက်ဆိုင်ရာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မည်မျှအထောက်အကူ ပြုသည်ကို အချိန်ကာလတစ်ခုထိ စောင့်ကာ အကဲဖြတ်ရဦးမည်ဖြစ်သည်။

အင်ဒိုပြည်သူများက တရုတ်၏ ဂျကာတာ- ဘန်ဒေါင်း HSR မြန်နူန်းမြင့်ရထားပြေးဆွဲမှုကို အကောင်း ဘက်မှ မျှော်လင့်ထားကြသည်ကိုတွေ့ရသည်။နိုင်ငံတကာမီဒီယာများတွင် အင်ဒိုပြည်သူများက အများသူငှာ သယ်ယူပို့ဆောင်ရေးသို့ မြန်နှုန်းမြင့်ရထား ဝင်ရောက်လာခြင်းကြောင့် သူတို့၏ သွားလာရေးအချိန်ကို လျော့ချ စေသဖြင့် ပို၍လူနေမှုဘ၀မြင့်တက်လာမည်ဟု မျှော်လင့်ထားကြသည်ကိုတွေ့ရလေသည်။  

လင်းသစ်အောင်