【နိုင်ငံတကာဆောင်းပါး】ဥပဒေအခြေခံဖွံ့ဖြိုးတိုးတက်မှုအပေါ် အလေးထားသော BRI စီမံကိန်းများ

【နိုင်ငံတကာဆောင်းပါး】ဥပဒေအခြေခံဖွံ့ဖြိုးတိုးတက်မှုအပေါ် အလေးထားသော BRI စီမံကိန်းများ

လွန်ခဲ့တဲ့ ၅ နှစ်ခန့် BRI စီမံကိန်းကို ပထမဆုံးအကြိမ် အဆိုပြုခဲ့ချိန်ကစပြီး စီမံကိန်းလည်ပတ်နေသော နိုင်ငံများတွင် စီးပွားရေး အောင်မြင်မှုများရရှိကြောင်း သတင်းစကားများ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပြီး ဒေသခံများဟာ ဒီစီမံကိန်းများကြောင့် ကြီးမားစွာ အကျိုးအမြတ်များ ရရှိနေကြပါတယ်။ ဒီလိုနိုင်ငံတကာအသိုင်းအဝိုင်းကလည်း BRI စီမံကိန်းကို ဆက်လက်ထောက်ခံလာခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းဟု သတ်မှတ်လာကြပါတယ်။

သို့သော်လည်း တစ်ချို့သောနိုင်ငံများဖြစ်တဲ့ ကိုလိုနီနယ်ချဲ့ခေတ်က အတွေးအခေါ်များကို မစွန့်လွှတ်နိုင် သေးသော နိုင်ငံများကလည်း BRI စီမံကိန်းကို တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့ပါတယ်။ ဒီနိုင်ငံများဟာ မျှတမှု မရှိသော လက်ရှိ နိုင်ငံတကာစီးပွားရေး အခြေအနေများကနေ အကျိုးအမြတ်များစွာ ရရှိသော နိုင်ငံများဖြစ်ကြပါ တယ်။ သူတို့ကတော့ တရုတ်နိုင်ငံကို ဥပဒေများ ချိုးဖောက်သူအဖြစ် စွပ်စွဲထားပြီး BRI စီမံကိန်းရဲ့ ဥပဒေလိုက်နာမှုနဲ့ပတ်သက်ပြီး မေးခွန်း ထုတ်လာကြပါတယ်။

စနစ်မဲ့တည်ဆောက်ခြင်း

ယခင်က နိုင်ငံတကာဥပဒေစနစ်တွင် ကြိုတင်သတ်မှတ်ထားသော စနစ်ကို ကျင့်သုံးခဲ့ကြပါတယ်။ စနစ်ကို အမှန်တကယ် စတင်အသုံးမပြုခင်၊ အနာဂတ်တွင် ဖြစ်လာနိုင်သော ပြဿနာများအကြောင်းကို တွက်ချက်ပြီး၊ ဒီလိုနည်းလမ်းဖြင့် အဖွဲ့ဝင်များကိုလည်း ရွေးချယ်ခြင်း၊ အဖွဲ့အစည်းတည်ဆောက်မှု၊ လည်ပတ်မှု၊ ဆုံးဖြတ်ချက်ချမှု နှင့် အငြင်းပွားဖွယ်ရာ အကြောင်းအရင်းများကို ဖြေရှင်းခြင်းတို့ကိုလည်း တည်ဆောက်လာခဲ့ပါတယ်။

BRI စီမံကိန်းဟာတရုတ်နိုင်ငံ၏ သဘောထားနှင့် ကြိုးပမ်းမှုကို ကောင်းမွန်စွာ ဖော်ပြထားပြီး နိုင်ငံတကာဥပဒေစိုးမိုးရေး အားနည်းချက်ကိုလည်း ပြသနေသော စီမံကိန်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မူဝါဒတို့ဟာ ခမ်းနားသောစနစ် တည်ဆောက်စရာမလိုပဲ ကြီးမားသောအောင်မြင်မှုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်၊ ထို့အပြင် လက်တွေ့ကျသော စီမံချက်များကိုလည်း ဖော်ဆောင်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံတွင် လုံလောက်သော အတွေ့အကြုံမရှိကြောင်းနှင့် လက်တွေ့ကျသော နိုင်ငံတကာဥပဒေစိုးမိုးမှုကို ဖော်ဆောင်နိုင်ခြင်းမရှိဘူးလို့ သတ်မှတ်နေသောကြောင့်တရုတ်နိုင်ငံကလည်း စနစ်မဲ့ရှာဖွေခြင်းကို BRI ဖြင့် စတင်လာခဲ့ပါတယ်။ ဒါဟာ “လက်တွေ့-ဝေဖန်သုံးသပ်မှု-ပြန်လည်စတင်မှု” စနစ်နဲ့လည်းကိုက်ညီမှုရှိနေပြီး ဒါဟာ တရုတ်ရဲ့ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မူဝါဒနဲ့လည်း ကိုက်ညီပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုကို အာမခံပေးနိုင်သော ဥပဒေများ

BRI စီမံကိန်းဟာ ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုကို ၎င်းရဲ့ အခြေခံအတွေးအခေါ်နှင့် အခြေခံကျသော ပူးပေါင်းဆောင်ရွက်မှုဟု သတ်မှတ်ထားပါတယ်။ စီမံချက်ကတော့ ပထဝီနိုင်ငံရေးကြောင့်ကန့်သတ်ထားခြင်း မရှိပါဘူး၊ ဒေသနဲ့လည်း ကန့်သတ်ထားခြင်းမရှိပါဘူး၊ သို့သော်လည်း နိုင်ငံများနှင့် ဒေသများစွာကို ကာမိနိုင်ပြီး နိုင်ငံတကာက နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင်လာရန် စိတ်ဝင်စားလာကြပါတယ်။ ထို့ ကြောင့် BRI စီမံကိန်းအတွက်  ဥပဒေတစ်ခုတည်းသာ အခြေခံသော စနစ်ကို အသုံးပြုရန် ခက်ခဲစေပြီး ဒီစနစ်ကို အနောက်နိုင်ငံများက ယခင်အသုံးပြုခဲ့သော စနစ်ဖြစ်ပါတယ်။

ဆန့်ကျင်ဘက်ဖြစ်တာကတော့ တရုတ်ဟာ ပါဝင်ပတ်သက်သော နိုင်ငံများအားလုံးကို အမြဲတမ်း လေးစားပြီး စျေးကွက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာလေးစားသောနိုင်ငံဖြစ်ပါတယ်၊ ဆိုလိုတာကတော့ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာပြီး နိုင်ငံတိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာသော နိုင်ငံဖြစ်ပါတယ်။ နိုင်ငံများအကြား အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်၊ အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုစီမံချက် အားလုံးဟာ သေချာစီစဉ်ထားပါတယ်။ ပါဝင်ပတ်သက်သော သူများရဲ့ရည်မှန်းချက်ကို စနစ်တကျပြုလုပ်ထားသော တရားဝင်မှတ်တမ်းများတွင် တွေ့မြင်ရပြီဖြစ်ပါတယ်။

စနစ်တကျတည်ဆောက်ထားသော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများမရှိသော နေရာများတွင်လည်း၊ တရုတ်စီးပွားရေး လုပ်ငန်းများဟာ စီးပွားရေးနှင့် ကုန်သွယ်ရေး အိတ်ချိန်းများနှင့် အခြားသော အခြေခံအဆောက်အဦများကို ထောက်ပံ့ခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ငွေကြေးများ ထောက်ပံ့ပေးခြင်းကိုလည်း သက်ဆိုင်ရာ နိုင်ငံများရဲ့ သဘောတူညီချက်များအောက်တွင် ဆောင်ရွက်နေပါတယ်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေ့အကြုံများဟာ ဥပဒေအခြေခံသော ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပြီး သေချာမှု၊ တည်ငြိမ်မှု၊ ကြိုတင်တွက်ချက်နိုင်ခြင်းနှင့် လုံခြုံမှုကိုလည်း ပိုမိုရှိစေနိုင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုဟာ စည်းမျဉ်းစည်း ကမ်းများနဲ့အတူတူ ဟန်ချက်ညီအောင် သွားနိုင်ပါတယ်။ စည်းမျဉ်းစည်းကမ်းများ အောက်တွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အကောင်အထည် ဖော်နိုင်ပါတယ်။ BRI ဟာ တရုတ်နိုင်ငံ၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံကနေ ပေါက်ဖွားလာသော စီမံကိန်းဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုကို တည်ငြိမ်စွာ ဖော်ဆောင်နိုင်ရန်အတွက် အခြေခံစည်းမျဉ်းစည်းကမ်းများကို ကျင့်သုံးရန် ပျက်ကွက်မည်လို့ မထင်ပါဘူး။

Naing

Ref: CMG| The BRI is focused on rule-based development