【နိုင်ငံတကာဆောင်းပါး】AUKUS နှင့်ဒေသတွင်း နျူခြိမ်းခြောက်မှု

【နိုင်ငံတကာဆောင်းပါး】AUKUS နှင့်ဒေသတွင်း နျူခြိမ်းခြောက်မှု

သြစတြေးလျ၊ အမေရိကန်နှင့် ဗြိတိန်တို့အကြား သုံးနိုင်ငံလုံခြုံရေးသဘောတူညီချက်အရ AUKUS လုံခြုံ ရေးသဘောတူညီချက်အရ နျူကလီး ယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ၏ အသေးစိတ်အချက်အလက်များကို မတ် ၁၃ ရက်က ကြေညာပြီးနောက် သြစတြေးလျနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ကြောင်း တရုတ်ဘက်က စွပ်စွဲခဲ့သည်။

ထိုပြဿနာ၏နောက်ခံမှာ လွန်ခဲ့သောနှစ်က ပြင်သစ်ဆီမှ သမားရိုးကျရေငုပ်သင်္ဘောများဝယ်ယူရန်မှ စခဲ့ခြင်းဖြစ်သည်။ ထိုထုတ်ပြန်ချက်ကြောင့် ပြင်သစ်နှင့် သြစတြေးလျ၊ အမေရိကန်၊ ဗြိတိန်တို့ကြားဆက်ဆံရေးမှာ ယခုတိုင်ဆက်ဆံရေးမှာ မကောင်းမွန်သလို  သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့၏ Aukus ရေငုပ်သင်္ဘော သဘောတူညီချက်မှာ နိုင်ငံတကာတွင် အဓိကစိန်ခေါ်မှုနှစ်ရပ်ကိုလည်း ရင်ဆိုင်နေရသည်။

ပထမဦးစွာ၊ သမားရိုးကျ လက်နက်ကိုင် နျူကလီးယား ရေငုပ်သင်္ဘောထောက်ပံ့ပေးခြင်းသည် နျူကလီးယား လက်နက်မဟုတ်သော နိုင်ငံနှင့် နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် (NPT) အဖွဲ့ဝင် နိုင်ငံတစ်ခုသို့ ထောက်ပံ့မှုသည် မကြုံစဖူး ကြုံဖူးရုံသာမက နိုင်ငံတ ကာ မပြန့်ပွားရေးကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်။  

ဒုတိယအချက်မှာ သုံးနိုင်ငံသဘောတူညီချက်သည် ဒေသတွင်း ပထဝီနိုင်ငံရေးတင်းမာမှုများကို နက်ရှိုင်းလာစေနိုင်ပြီး၊ သြစတြေးလျရေတပ်သည် အိန္ဒိယသမုဒ္ဒရာဒေသတွင် နျူကလီးယားလက်နက်များ တိုးမြှင့်ထုတ်လုပ်နိုင်စေမည့် နည်းလမ်းများဖြင့် သြစတြေးလျရေတပ်အား တိုက် ခိုက်နိုင်စွမ်း တိုးစေကာ သြစတြေးလျ၏ ကိုယ်ပိုင်နျူကလီးယားကင်းမဲ့ဇုန် ကတိကဝတ်ကို ချိုးဖောက်နိုင်စေခြင်းဖြစ်သည်။

သဘောတူညီချက်အရ အမေရိကန်သည် ဗာဂျီးနီးယားအတန်းအစား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော သုံးစင်းကို ဩစတြေးလျသို့ ၂၀၃၀ ခုနှစ်အစောပိုင်းတွင် ရောင်းချမည်ဖြစ်ပြီး လိုအပ်ပါက ဩစတြေးလျအတွက် ရွေးချယ်ခွင့်တစ်ခုဖြင့် နောက်ထပ်နှစ်စင်းကို ဝယ်ယူနိုင်မည်ဖြစ်သည်။

အမေရိကန်သည် ၂၀၂၃ခုနှစ်မှ စတင်ကာ သြစတြေးလျနိုင်ငံသို့ ဆစ်ဒနီဆိပ်ကမ်း လာရောက်လည်ပတ်မှုကို ပထမအဆင့်အနေဖြင့် တိုးမြှင့်သွားမည်ဖြစ်ပြီး သြစတြေးလျစစ်တပ်နှင့် အရပ်ဘက်ဝန်ထမ်းများက မဟာမိတ်သင်္ဘောများနှင့်အတူ နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောများ လည်ပတ်မှုအတွေ့အကြုံများ ရရှိစေမည်ဖြစ်သည်။

ထို့နောက် ၂၀၂၇ ခုနှစ်မှစတင်၍ အမေရိကန်နှင့်ဗြိတိန် ရေငုပ်သင်္ဘောများတို့သည် မျိုးဆက်သစ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော (SSN) ပြုပြင်ထိန်းသိမ်းရေးအတွက် ဩစတြေးလျဆိပ်ကမ်း အဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးလာရန် သြစတြေးလျသို့ အလှည့် ကျစနစ်ဖြင့် ဖြန့်ကျက်ချထားမည်ဖြစ်သည်။

တတိယအဆင့်တွင် ဗာဂျီးနီးယားအတန်းအစား မျိုးဆက်သစ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော (SSN) များကို အမေရိကန် မှ သြစတြေးလျသို့ လွှဲပြောင်းခြင်း ပါဝင်သည်။

Aukus ရေငုပ်သင်္ဘော သဘောတူညီချက်သည် ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေးတွင် ပြင်းထန်သော အန္တရာယ်ကို ဖြစ်စေကြောင်း ဗီယင်နာတွင် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့်  တရုတ်နှင့် ရုရှားသုတေသီများ၏ အစီရင်ခံစာတွင်ဖေါ်ပြထားသည်။ ထိုသည်မှာ ထို AUKUS သဘောတူညီ ချက်တွင်ပါသည့်  နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့က နျူကလီးယားလက်နက်မပိုင်သည့် နိုင်ငံ ဖြစ်သော သြစတေးလျကို လက်နက်ထုတ်လုပ်နိုင်သည့် အဆင့်ရှိ လွန်စွာသန့်စင်ထားသော ယူရေနီယံ ၄ တန် အထိ လွှဲပြောင်းပေးခြင်းက အဓိက အချက်တစ်ခုအဖြစ် ပါဝင်နေခြင်းကြောင့် ဖြစ်ဖို့များသည်။

သေချာသည်က ယင်းသို့သော သဘောတူညီချက်ပါအချက်များကြောင့် နျူကလီးယားလက်နက် မပိုင်ဆိုင်သော နိုင်ငံအချို့ကို  AUKUS ၏ နျူလက်နက်ရွေးချယ်ခွင့်အပေါ် စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးနိုင်ပြီး လက်နက်ပြိုင်ဆိုင်မှုနှင့် နျူကလီးယားရေငုပ်သင်္ဘောလက်နက်ပြိုင်ဆိုင်မှုတို့ ဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေးအတွက် မသေချာမရေရာမှုများ ရှိလာစေခြင်းဖြစ်သည်။ ဆိုသည်မှာ AUKUS သဘောတူညီချက်သည် အာရှ-ပစိဖိတ် ဒေသအတွင်း အမြစ်တွယ်နေသည့် ကြီးမားသော ပါဝါပြိုင်ဆိုင်မှုကို ပိုအားကောင်းလာစေခြင်းဖြစ်သည်။

မူလကပင် တရုတ်ကိုရည်ရွယ်သည့် AUKUS အဖွဲ့တည်ရှိမှုသည် အာရှ-ပစိဖိတ်ဒေသအတွင်း အားပြိုင်မှုကို ဖြစ်စေခဲ့ရာ ဩစတြေးလျကို နူလက်နက်တပ်ဆင်ထားသည် ရေငုပ်သင်္ဘောနှင့် သန့်စင်ပြီး ယူရေနီယံ၄ တန် ကို လွှဲစေမှုက အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာတစ်ခုလုံးကိုပင် အကျပ်အတည်းဖြစ်စေမည်ဖြစ်သည်။ ထိုသည်ကို ဒေသတွင်းနိုင်ငံများက စိုးရိမ်ကြခြင်းဖြစ်သည်။ ထို့အခြေအနေကြောင့် AUKUS သည် အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာ့လုံခြုံရေး ယန္တရားအတွက် "ချိန်ကိုက်ဗုံး" နှင့် "ကင်ဆာဆဲလ်" ဖြစ်လာနေသည်။ထိုထက်ပိုသည်က နည်းပညာလွှဲ ပြောင်းမှုဖြစ်သည်။

ဩစတြေးလျသို့ လွှဲပြောင်းမည့် မျိုးဆက်သစ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို   ဗြိတိန်နှင့် သြစတြေးလျ နှစ်နိုင်ငံစလုံး၏ ပြည်တွင်းသင်္ဘောကျင်းများတွင် တည်ဆောက်မည်ဖြစ်သည် ။သတင်းများအရ 'SSN-AUKUS' ဟုရည်ညွှန်းလျက်ရှိပြီး ဗြိတိန် ဒီဇိုင်းကို အခြေခံပြီး သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့မှ နည်းပညာများကို ပေါင်းစပ်ထားမည်ဖြစ်သည်။ ဗြိတိန်၏ SSN-AUKUS ရေငုပ်သင်္ဘောများကို BAE Systems နှင့် Rolls-Royce တို့ တည်ဆောက်မည်ဖြစ်သည်။ သြစတြေးလျ၏ ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောကို ၂၀၄၀ခုနှစ် အစောပိုင်းတွင် ပေးပို့မည်ဖြစ်သည်။

သြစတြေးလျတိုက်ခိုက်ရေး ရေငုပ်သင်္ဘောများသည် အနာဂတ်တွင် ကင်းလှည့်ရန်နှင့် အိန္ဒိယသမုဒ္ဒရာ အနောက်ဘက်ပစိဖိတ်နှင့် အရှေ့ဘက်အိန္ဒိယသမုဒ္ဒရာရှိ အဓိကကျသောနေရာများတွင် ကင်းလှည့်မည်ဖြစ်ရာ ထိပ်တိုက်တွေ့မည်က တရုတ်နှင့်ဖြစ်သည်။ ထိုအခြေအနေကို ကြည့်လျှင် တရုတ်၏စိုးရိမ်မှုမှာ အကြောင်းမဲ့ မဟုတ်သည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။

တရုတ်၏ပင်လယ်ပြင်နောက်ဖေးတွင် အိန္ဒိယ၏အဓိကလုံခြုံရေးအခန်းကဏ္ဍကို လွှမ်းမိုးထားသည့် မဟာမိတ်ရေတပ်များနှင့်ပတ်သက်၍ တရုတ်၏ စိုးရိမ်ပူပန်မှုများသည် မည်သို့ပင်ဖြစ်စေ သြစတြေးလျနှင့် AUKUS ၏အန္တရာယ်များကို ကောင်းစွာသိခဲ့ပုံရပေသည်။

လင်းသစ်အောင်