【 ဆောင်းပါး 】“အာဏာရ အင်အယ်ဒီပါတီရဲ့ အနာဂတ်အလားအလာ”

【 ဆောင်းပါး 】“အာဏာရ အင်အယ်ဒီပါတီရဲ့ အနာဂတ်အလားအလာ”

(အားနည်းချက်တွေ ပြင်ရတော့မယ့် အာဏာရ အင်အယ်ဒီပါတီနဲ့ အားကောင်းမှုတွေ ရှိလာနိုင်တဲ့ တိုင်းရင်းသားပါတီများအပေါ် သုံးသပ်ချက်)

အခုဆိုရင်၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားပါပြီ။ကြားဖြတ်ရွေးကောက်ပွဲရဲ့ အနိုင်အရှုံး စာရင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။အခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ ထင်မြင်ချက်တွေ၊ အားနည်းချက်ကို ဝန်ခံတာတွေကိုလည်း အာဏာရ အင်အယ်ဒီပါတီ ခေါင်းဆောင်တွေရော၊ နိုင်ငံရေး လေ့လာသူတွေကပါ ပြောဆိုဝေဖန်မှုက အမြောက်အများကို ကြားနေရမှာပါ။ဒီ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ပြိုင်ကြတဲ့ မဲဆန္ဒနယ်မြေတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို သေသေချာချာ ပြောနိုင်တာကတော့ မဲဆန္ဒရှင်ပြည်သူတွေ မဲရုံကိုလာရောက်မဲပေးနိုင်သူ ဦးရေရဲ့တစ်ဝက်ထက် ပိုနည်းနေတာပါပဲ။ပြည်သူတွေ မဲမပေးချင်ကြတာ စားဝတ်နေရေးအတွက် အဓိကထားနေရလို့လား။ရွေးကောက်ပွဲနေ့လေး တစ်နေ့တောင် မအားလပ်နိုင်အောင်၊ အချိန်မပေးနိုင်အောင် စားဝတ်နေရေး လုံးပန်းနေရလို့လား။ဒါမှမဟုတ်၊ ပြည်သူတွေ မဲမထည့်ချင်လောက်အောင် နိုင်ငံရေးကို စိတ်ပျက်နေကြပြီလား။၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေ အနိုင်ရအောင် မဲထည့်ခဲ့တဲ့ အာဏာရ အင်အယ်ဒီပါတီနဲ့ အာဏာရ အင်အယ်ဒီအစိုးရကို စိတ်ပျက်သွားကြပြီလား။မေးခွန်းတွေထုတ်စရာ အများကြီးရှိသလို၊ ပြန်ဆန်းစစ်ကြည့်ရင် ဒီမေးခွန်းတွေ အားလုံးဖြစ်နိုင်ပါတယ်။

အခုလက်ရှိ တိုင်းပြည်ရဲ့ အခြေအနေက တိုင်းရင်းသားပြည်သူတွေ စားဝတ်နေရေး ပိုကြပ်တည်းနေတဲ့ အချိန်ပါ။ပြည်သူတွေက တစ်နေ့လုပ်မှ တစ်နေ့စားသောက်ရမယ့် အခြေအနေတင် မကပါဘူး။တစ်နေ့လုံး လုပ်ကိုင်နေတာတောင် တစ်နေ့စာ မလုံလောက်တဲ့ ဘဝတွေ အများကြီးဖြစ်နေပါပြီ။အလုပ်အကိုင် ရှားပါးတာတွေကြောင့်လည်း အကြွေးတွေတင်ပြီး မလူးသာမလွန့်သာ ဘဝတွေ ကြိုးစားရှင်သန်နေရပါတယ်။ဒီပြည်သူတွေရဲ့ စားဝတ်နေရေးကို မဖြည့်ဆည်းပေးနိုင်တဲ့ အာဏာရအစိုးရရဲ့ အားနည်းချက်တွေပါ။မအောင်မြင်နိုင်မှန်း သိနေပြီဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထား ဆောင်ရွက်ခဲ့တဲ့ အာဏာရအစိုးရရဲ့ အမှားတွေလို့ ပြောနိုင်ပါတယ်။

နောက်တစ်ချက်က၊ ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေအောင် တာဝန်ခံဆောင်ရွက်ပေးနိုင်တဲ့ အရပ်သားအစိုးရဘက်က ဝန်ကြီးဋ္ဌာနတွေရဲ့ အားနည်းချို့ယွင်းချက်တွေလို့ ပြောနိုင်ပါတယ်။အရပ်သားအစိုးရ ခေါင်းဆောင်ရဲ့ လူရွေးချယ်မှု အမှားတွေကြောင့်လို့ ပြောနိုင်ပါတယ်။ပြည်သူတွေက အတိုက်အခံ အင်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည်အားကိုးခဲ့တယ် မဟုတ်လား။ပြည်သူတွေ ယုံကြည်အားကိုးခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အတိုက်အခံပါတီကို မဲပေးပြီး အာဏာရပါတီနဲ့ အာဏာရအစိုးရ ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးခဲ့ကြတာပါ။ပြည်သူတွေရဲ့ ဆင်းရဲကြပ်တည်းတဲ့ ဘဝတွေကနေ လွတ်မြောက်ချင်စိတ်တွေနဲ့ မျှော်လင့်ယုံကြည်ခဲ့ပါတယ်။

ဒါပေမယ့်၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ အနည်းငယ်တောင် မဖြစ်ပေါ်လာခဲ့ပါဘူး။ပိုပြီးဆင်းရဲကြပ်တည်းတဲ့ ဘဝတွေကို ရင်ဆိုင်နေရတာ နှစ်နှစ်ကျော် သုံးနှစ်ရှိလာတဲ့အခါ စိတ်ပျက်နေကြပါပြီ။အာဏာရဒေါ် အောင်ဆန်းစုကြည် ရဲ့ ပါတီကို မဲပေးလို့လည်း ထူးမှာမဟုတ်ပါဘူးလို့ သတ်မှတ်သွားကြတာ အဓိကပါပဲ။သူတို့ ယုံကြည်အားကိုးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို စိတ်ပျက်သွားပြီဆိုရင် ပြည်သူတွေ နိုင်ငံရေးဆိုတာကို စိတ်ပျက်သွားတာ မဆန်းတော့ပါဘူး။အခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးသူဦးရေ အရမ်းလျော့ပါးသွားတာကိုကြည့်ရင် သိနိုင်ပါတယ်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးသူဦးရေ လျော့ပါးသွားတာအပြင်၊ လွှတ်တော်အသီးသီးအတွက် လစ်လပ်နေရာ ၁၃ နေရာ ဝင်ပြိုင်တဲ့အထဲမှာ အာဏာရ အင်အယ်ဒီပါတီက ၆ နေရာ (ရှမ်းလူမျိုးစု ဝန်ကြီးနေရာမပါ) ပဲ အနိုင်ရရှိသွားတာက အလွန်ဆိုးရွားတဲ့ အချက်ပါ။နေရာ ၁၂ နေရာထဲမှာ ၂ နေရာလောက်သာ စိုးရိမ်စရာရှိတယ်လို့ အာဏာရပါတီရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြောခဲ့ဖူးပါတယ်။အခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အဖြေထွက်လာတော့ အာဏာရပါတီ မျှော်လင့်ထားသလောက် မအောင်မြင်တာ တွေ့ရပါတယ်။အဆိုးဆုံးကတော့ ပြည်မကြီးရဲ့ အလွန်အရေးကြီးတဲ့ ရန်ကုန်မြို့ကြီးမှာ ဆိပ်ကမ်းမြို့နယ်မှာ ရှုံးနိမ့်သွားရတာပါ။

၁၉၉၀ ရွေးကောက်ပွဲမှာရော၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာပါ အနိုင်ရခဲ့တဲ့ လွှတ်တော်နယ်မြေ တစ်နေရာ ဆုံးရှုံးသွားရတာပါ။၂၀၁၅ ရွေးကောက်ပွဲမှာ တစ်တိုင်းပြည်လုံး နေရာအများအပြား အနိုင်ရခဲ့တဲ့ အာဏာရပါတီ အင်အယ်ဒီကို ပြည်သူတွေရဲ့ ထောက်ခံမှု လျော့နည်းသွားတယ်လို့ သုံးသပ်နိုင်ပါတယ်။၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲပြီး အခြေအနေကို ကြည့်ကတည်းက သိသာလာပါတယ်။အခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အရမ်းသိသာသွားပါပြီ။၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီမှာ နိုင်ငံရေးလေ့လာသူတွေက အာဏာရ အင်အယ်ဒီပါတီအနေနဲ့ ပြည်မနေရာတွေမှာ နိုင်ချေရှိပေမယ့်၊ တိုင်းရင်းသားနယ်မြေတွေမှာ အနိုင်မရနိုင်ဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။အခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ပြည်မနေရာတွေမှာ နိုင်ချေရှိပြီး တိုင်းရင်းသားနေရာတွေမှာ နိုင်ချေမရှိလောက်တော့ဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။အဲဒီ နိုင်ငံရေးသုံးသပ်ဝေဖန်ကြတဲ့သူတွေ မှန်ကန်စွာ သုံးသပ်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအပြီး အဖြေထွက်လာချက်အရ အာဏာရ အင်အယ်ဒီပါတီဟာ တိုင်းရင်းသား နယ်မြေတွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။၂၀၁၅ ရွေးကောက်ပွဲမှာ အင်အယ်ဒီပါတီက တိုင်းရင်းသား နယ်မြေတွေမှာ အနိုင်ရခဲ့သလို၊ အခုအခြေအနေမှာ မျှော်မှန်းတဲ့အတိုင်း မဖြစ်လာနိုင်တော့ပါဘူး။ဒီလိုအနေအထားမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အာဏာရပါတီဟာ၊ တစ်ပါတီထဲ အစိုးရမဖွဲ့နိုင်တဲ့ အနေအထားကို ရောက်သွားပါလိမ့်မယ်။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အင်အယ်ဒီပါတီက တိုင်းရင်းသားပါတီတွေနဲ့ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ ဆက်ဆံရေး ပြေပြေပြစ်ပြစ် မရှိတာတွေအပေါ် မူတည်ပါတယ်။၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံမှာလည်း တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်တွေရဲ့ ယုံကြည်မှုမရခဲ့တာကလည်း ပြည်သူတွေရဲ့ ထောက်ခံမှုလျော့ပါးသွားတဲ့ အကြောင်းအရာတစ်ခုလို့ ပြောလို့ရနိုင်ပါတယ်။

အာဏာရ အင်အယ်ဒီပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့် ကတော့ "အခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေနေတဲ့ ပြည်နယ်မဲဆန္ဒနယ်တွေမှာ အရေးနိမ့်ခဲ့ပါတယ်။ဒါကြောင့် အင်အယ်ဒီအနေနဲ့ ရှေ့ဆက်သွားမယ့် လမ်းကြောင်းမှာ တိုင်းရင်းသားတွေနဲ့ သဘောထားညီညွတ်မှု ရဖို့ကိုလည်း အလေးထားဆောင်ရွက်နေတယ်" လို့ ပြောသွားပါတယ်။ဒါပေမယ့် ဒေါက်တာမျိုးညွန့် ပြောသွားတာကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ မဲဆန္ဒနယ် အပေးအယူမလုပ်ချင်တဲ့ အနေအထားလို့ သုံးသပ်နိုင်ပါလိမ့်မယ်။နေရာတိုင်းမှာ ဝင်ပြိုင်နေရတာပါလို့လည်း ပြောသွားပါတယ်။ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်၊ အင်အယ်ဒီပါတီအတွက် အခက်အခဲတွေ တွေ့ကြုံရမှာပါ။

အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာရ အင်အယ်ဒီပါတီအတွက် သူနဲ့ ပြိုင်ဖက်တွေဖြစ်တဲ့ တိုင်းရင်းသားပါတီတွေ အပါအဝင် ပါတီတွေက မဲဆန္ဒနယ် တစ်နယ်နိုင်ရင် အင်အယ်ဒီက သုံးနေရာနိုင်မှ အစိုးရကို အင်အယ်ဒီတစ်ပါတီထဲ လွတ်လွတ်ကျွတ်ကျွတ် ဖွဲ့နိုင်မှာပါ။အခု ၂၀၁၇ နဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေ အခြေအနေအရ ကြည့်မယ်ဆိုရင် အင်အယ်ဒီအတွက် အလွန်ခက်ခဲပါလိမ့်မယ်။တိုင်းရင်းသားပါတီတွေရဲ့ သဘောထားကလည်း တစ်ပါတီ ကြီးစိုးမှုအောက်က ရုန်းထွက်ချင်တဲ့ ဆန္ဒတွေ ရှိနေပါပြီ။ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ က ဒီလိုသဘောထားကို ပြောလိုက်ပါတယ်။

"ပြည်နယ်လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေမှာ တိုင်းရင်းသားပါတီတွေရဲ့ ပါဝင်မှု အချိုးအစားများလာမှ ဖက်ဒရယ်စနစ်ကို သွားနိုင်လိမ့်မယ်လို့ တိုင်းရင်းသားပါတီတွေက ယုံကြည်ထားကြပါတယ်။ပါတီကြီးတွေရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်ကင်းမှ ဗဟိုချုပ်မှု အားနည်းလာပြီး၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးပိုင်းမှာ တိုင်းရင်းသားတွေရဲ့ ပြောရေးဆိုခွင့်တွေ ပိုအားကောင်းလာနိုင်တယ်" လို့ ပြောသွားပါတယ်။ဒီအခြေအနေအတိုင်းဆိုရင် တိုင်းရင်းသားပါတီတွေအနေနဲ့ တိုင်းရင်းသားပြည်သူတွေကို ပိုပြီးစည်းရုံးတော့မယ်လို့ မြင်မိပါတယ်။

အခုကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေကို ကြည့်ရင်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အားကောင်းနေတာကို တွေ့နိုင်ပါတယ်။အဲဒီလိုပဲ၊ မွန်ပြည်နယ်မှာ မွန်ပါတီ သုံးပါတီ တပေါင်းတစည်းထဲ ဖြစ်လာတော့မှာပါ။ကချင်ပြည်နယ်မှာ ကချင်လေးပါတီ ပူးပေါင်းလိုက်ပါတယ်။ချင်းပြည်နယ်မှာ ချင်းပါတီ သုံးခုပူးပေါင်းလိုက်တာ တွေ့ရပါတယ်။အာဏာရ အင်အယ်ဒီပါတီအတွက် တိုင်းရင်းသားဒေသတွေမှာ အလွန်ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရတော့မယ့် အနေအထား ဖြစ်နေပါပြီ။တိုင်းရင်းသားပါတီတွေ ပိုအားကောင်းလာသလို တိုင်းရင်းသား ပြည်သူတွေရဲ့ ထောက်ခံမှုတွေကိုလည်း ရရှိနေပါပြီ။ခန့်မှန်းကြည့်ရမယ်ဆိုရင် အာဏာရ အင်အယ်ဒီပါတီအတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်တိုင်း ဝင်ပြိုင်မယ်ဆိုရင် ရှုံးနိမ့်မှုတွေ အဆုံးအရှုံး တော်တော်များနိုင်ပါတယ်။အင်အယ်ဒီပါတီရဲ့ အဓိကပြိုင်ဖက် USDP (ပြည်ခိုင်ဖြိုးပါတီ) အနေနဲ့ ကြည့်မယ်ဆိုရင်လည်း သူ့ပါတီကို ထောက်ခံနေကြတဲ့ အမာခံပြည်သူတွေ ရှိနေပါတယ်။အမာခံဆိုတဲ့ ပြည်သူတွေအရေအတွက်က မပြောင်းနိုင်ပါဘူး။

တစ်ပါတီထဲ ဝင်ပြိုင်မယ့် အင်အယ်ဒီအတွက် ပြန်ဆန်းစစ်ရမယ့် အချက်တွေပါ။နောက်တစ်ခုက အာဏာရ အင်အယ်ဒီပါတီရဲ့ ရွေးချယ်ခံ ကိုယ်စားလှယ်တွေကို ပြည်သူအများစုက မကြိုက်နှစ်သက်ကြတော့ပါဘူး။၂၀၁၅ ရွေးကောက်ပွဲမှာ လူကိုမကြည့်ပါနဲ့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပြည်သူတွေကို မေတ္တာရပ်ခံခဲ့လို့ ပြည်သူတွေအနေနဲ့ လူကိုမကြည့်ပဲ အင်အယ်ဒီပါတီကို အနိုင်ရအောင် မဲပေးခဲ့ကြတာပါ။လူကိုမကြည့်ပဲ မဲပေးခဲ့တဲ့ ကိုယ်စားလှယ်တွေက တခဏလေးကာလ မဟုတ်ပါဘူး။ငါးနှစ်ဆိုတဲ့ ကာလကို မဲပေးခဲ့တဲ့ ပြည်သူတွေက ကြည့်နေရမှာပါပဲ။ငါးနှစ်အတွင်းမှာ ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းတွေ ပေါ်လာပါတယ်။အခုပြည်သူတွေအနေနဲ့ အရည်အချင်းနည်းပါးတဲ့ ကိုယ်စားလှယ်တွေကို စိတ်ပျက်နေကြပြီး၊ မဲမပေးချင်တာတွေ၊ နိုင်ငံရေးကို စိတ်မဝင်စားတော့တာတွေ ဖြစ်နေတာပါ။

အခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေအရ ပြောမယ်ဆိုရင် အာဏာရ အင်အယ်ဒီပါတီအတွက် မူဝါဒတွေ ပြန်ရေးဆွဲရတော့မယ်လို့ ယူဆမိပါတယ်။အားနည်းချက်တွေ ပြင်ရတော့မယ့် အာဏာရ အင်အယ်ဒီပါတီနဲ့ အားကောင်းမှုတွေ ရှိလာနိုင်တဲ့ တိုင်းရင်းသားပါတီတွေ အချိန်မှီ ပူးပေါင်းနိုင်ဖို့ လိုအပ်နေပါတယ်။ဒါမှ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ အနိုင်ရနိုင်မှာပါ။

မြတ်လှိုင်း
နိုဝင်ဘာ - ၁၀

( Zawgyi )

(အားနည္းခ်က္ေတြ ျပင္ရေတာ့မယ့္ အာဏာရ အင္အယ္ဒီပါတီနဲ႔ အားေကာင္းမႈေတြ ရွိလာႏိုင္တဲ့ တိုင္းရင္းသားပါတီမ်ားအေပၚ သုံးသပ္ခ်က္)

အခုဆိုရင္၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ၿပီးသြားပါၿပီ။ၾကားျဖတ္ေ႐ြးေကာက္ပြဲရဲ႕ အႏိုင္အရႈံး စာရင္းေတြလည္း ထြက္ေပၚလာခဲ့ပါတယ္။အခု ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲ အၿပီးမွာ ထင္ျမင္ခ်က္ေတြ၊ အားနည္းခ်က္ကို ဝန္ခံတာေတြကိုလည္း အာဏာရ အင္အယ္ဒီပါတီ ေခါင္းေဆာင္ေတြေရာ၊ ႏိုင္ငံေရး ေလ့လာသူေတြကပါ ေျပာဆိုေဝဖန္မႈက အေျမာက္အမ်ားကို ၾကားေနရမွာပါ။ဒီ ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲကို ဝင္ၿပိဳင္ၾကတဲ့ မဲဆႏၵနယ္ေျမေတြမွာ ျဖစ္ေပၚခဲ့တဲ့ အေျခအေနေတြကို ေသေသခ်ာခ်ာ ေျပာႏိုင္တာကေတာ့ မဲဆႏၵရွင္ျပည္သူေတြ မဲ႐ုံကိုလာေရာက္မဲေပးႏိုင္သူ ဦးေရရဲ႕တစ္ဝက္ထက္ ပိုနည္းေနတာပါပဲ။ျပည္သူေတြ မဲမေပးခ်င္ၾကတာ စားဝတ္ေနေရးအတြက္ အဓိကထားေနရလို႔လား။ေ႐ြးေကာက္ပြဲေန႔ေလး တစ္ေန႔ေတာင္ မအားလပ္ႏိုင္ေအာင္၊ အခ်ိန္မေပးႏိုင္ေအာင္ စားဝတ္ေနေရး လုံးပန္းေနရလို႔လား။ဒါမွမဟုတ္၊ ျပည္သူေတြ မဲမထည့္ခ်င္ေလာက္ေအာင္ ႏိုင္ငံေရးကို စိတ္ပ်က္ေနၾကၿပီလား။၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ျပည္သူေတြ အႏိုင္ရေအာင္ မဲထည့္ခဲ့တဲ့ အာဏာရ အင္အယ္ဒီပါတီနဲ႔ အာဏာရ အင္အယ္ဒီအစိုးရကို စိတ္ပ်က္သြားၾကၿပီလား။ေမးခြန္းေတြထုတ္စရာ အမ်ားႀကီးရွိသလို၊ ျပန္ဆန္းစစ္ၾကည့္ရင္ ဒီေမးခြန္းေတြ အားလုံးျဖစ္ႏိုင္ပါတယ္။

အခုလက္ရွိ တိုင္းျပည္ရဲ႕ အေျခအေနက တိုင္းရင္းသားျပည္သူေတြ စားဝတ္ေနေရး ပိုၾကပ္တည္းေနတဲ့ အခ်ိန္ပါ။ျပည္သူေတြက တစ္ေန႔လုပ္မွ တစ္ေန႔စားေသာက္ရမယ့္ အေျခအေနတင္ မကပါဘူး။တစ္ေန႔လုံး လုပ္ကိုင္ေနတာေတာင္ တစ္ေန႔စာ မလုံေလာက္တဲ့ ဘဝေတြ အမ်ားႀကီးျဖစ္ေနပါၿပီ။အလုပ္အကိုင္ ရွားပါးတာေတြေၾကာင့္လည္း အေႂကြးေတြတင္ၿပီး မလူးသာမလြန႔္သာ ဘဝေတြ ႀကိဳးစားရွင္သန္ေနရပါတယ္။ဒီျပည္သူေတြရဲ႕ စားဝတ္ေနေရးကို မျဖည့္ဆည္းေပးႏိုင္တဲ့ အာဏာရအစိုးရရဲ႕ အားနည္းခ်က္ေတြပါ။မေအာင္ျမင္ႏိုင္မွန္း သိေနၿပီျဖစ္တဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးကို အဓိကထား ေဆာင္႐ြက္ခဲ့တဲ့ အာဏာရအစိုးရရဲ႕ အမွားေတြလို႔ ေျပာႏိုင္ပါတယ္။

ေနာက္တစ္ခ်က္က၊ ျပည္သူေတြ စားဝတ္ေနေရး အဆင္ေျပေအာင္ တာဝန္ခံေဆာင္႐ြက္ေပးႏိုင္တဲ့ အရပ္သားအစိုးရဘက္က ဝန္ႀကီး႒ာနေတြရဲ႕ အားနည္းခ်ိဳ႕ယြင္းခ်က္ေတြလို႔ ေျပာႏိုင္ပါတယ္။အရပ္သားအစိုးရ ေခါင္းေဆာင္ရဲ႕ လူေ႐ြးခ်ယ္မႈ အမွားေတြေၾကာင့္လို႔ ေျပာႏိုင္ပါတယ္။ျပည္သူေတြက အတိုက္အခံ အင္အယ္ဒီပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကို ယုံၾကည္အားကိုးခဲ့တယ္ မဟုတ္လား။ျပည္သူေတြ ယုံၾကည္အားကိုးခဲ့လို႔ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ အတိုက္အခံပါတီကို မဲေပးၿပီး အာဏာရပါတီနဲ႔ အာဏာရအစိုးရ ျဖစ္ေပၚလာေအာင္ လုပ္ေဆာင္ေပးခဲ့ၾကတာပါ။ျပည္သူေတြရဲ႕ ဆင္းရဲၾကပ္တည္းတဲ့ ဘဝေတြကေန လြတ္ေျမာက္ခ်င္စိတ္ေတြနဲ႔ ေမွ်ာ္လင့္ယုံၾကည္ခဲ့ပါတယ္။

ဒါေပမယ့္၊ ျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ အနည္းငယ္ေတာင္ မျဖစ္ေပၚလာခဲ့ပါဘူး။ပိုၿပီးဆင္းရဲၾကပ္တည္းတဲ့ ဘဝေတြကို ရင္ဆိုင္ေနရတာ ႏွစ္ႏွစ္ေက်ာ္ သုံးႏွစ္ရွိလာတဲ့အခါ စိတ္ပ်က္ေနၾကပါၿပီ။အာဏာရေဒၚ ေအာင္ဆန္းစုၾကည္ ရဲ႕ ပါတီကို မဲေပးလို႔လည္း ထူးမွာမဟုတ္ပါဘူးလို႔ သတ္မွတ္သြားၾကတာ အဓိကပါပဲ။သူတို႔ ယုံၾကည္အားကိုးခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ကို စိတ္ပ်က္သြားၿပီဆိုရင္ ျပည္သူေတြ ႏိုင္ငံေရးဆိုတာကို စိတ္ပ်က္သြားတာ မဆန္းေတာ့ပါဘူး။အခု ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ မဲေပးသူဦးေရ အရမ္းေလ်ာ့ပါးသြားတာကိုၾကည့္ရင္ သိႏိုင္ပါတယ္။

၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ မဲေပးသူဦးေရ ေလ်ာ့ပါးသြားတာအျပင္၊ လႊတ္ေတာ္အသီးသီးအတြက္ လစ္လပ္ေနရာ ၁၃ ေနရာ ဝင္ၿပိဳင္တဲ့အထဲမွာ အာဏာရ အင္အယ္ဒီပါတီက ၆ ေနရာ (ရွမ္းလူမ်ိဳးစု ဝန္ႀကီးေနရာမပါ) ပဲ အႏိုင္ရရွိသြားတာက အလြန္ဆိုး႐ြားတဲ့ အခ်က္ပါ။ေနရာ ၁၂ ေနရာထဲမွာ ၂ ေနရာေလာက္သာ စိုးရိမ္စရာရွိတယ္လို႔ အာဏာရပါတီရဲ႕ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ ေျပာခဲ့ဖူးပါတယ္။အခု ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲ အေျဖထြက္လာေတာ့ အာဏာရပါတီ ေမွ်ာ္လင့္ထားသေလာက္ မေအာင္ျမင္တာ ေတြ႕ရပါတယ္။အဆိုးဆုံးကေတာ့ ျပည္မႀကီးရဲ႕ အလြန္အေရးႀကီးတဲ့ ရန္ကုန္ၿမိဳ႕ႀကီးမွာ ဆိပ္ကမ္းၿမိဳ႕နယ္မွာ ရႈံးနိမ့္သြားရတာပါ။

၁၉၉၀ ေ႐ြးေကာက္ပြဲမွာေရာ၊ ၂၀၁၅ ေ႐ြးေကာက္ပြဲေတြမွာပါ အႏိုင္ရခဲ့တဲ့ လႊတ္ေတာ္နယ္ေျမ တစ္ေနရာ ဆုံးရႈံးသြားရတာပါ။၂၀၁၅ ေ႐ြးေကာက္ပြဲမွာ တစ္တိုင္းျပည္လုံး ေနရာအမ်ားအျပား အႏိုင္ရခဲ့တဲ့ အာဏာရပါတီ အင္အယ္ဒီကို ျပည္သူေတြရဲ႕ ေထာက္ခံမႈ ေလ်ာ့နည္းသြားတယ္လို႔ သုံးသပ္ႏိုင္ပါတယ္။၂၀၁၇ ၾကားျဖတ္ေ႐ြးေကာက္ပြဲၿပီး အေျခအေနကို ၾကည့္ကတည္းက သိသာလာပါတယ္။အခု ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ အရမ္းသိသာသြားပါၿပီ။၂၀၁၇ ၾကားျဖတ္ေ႐ြးေကာက္ပြဲ မတိုင္မီမွာ ႏိုင္ငံေရးေလ့လာသူေတြက အာဏာရ အင္အယ္ဒီပါတီအေနနဲ႔ ျပည္မေနရာေတြမွာ ႏိုင္ေခ်ရွိေပမယ့္၊ တိုင္းရင္းသားနယ္ေျမေတြမွာ အႏိုင္မရႏိုင္ဘူးလို႔ သုံးသပ္ခဲ့ၾကပါတယ္။အခု ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာလည္း ျပည္မေနရာေတြမွာ ႏိုင္ေခ်ရွိၿပီး တိုင္းရင္းသားေနရာေတြမွာ ႏိုင္ေခ်မရွိေလာက္ေတာ့ဘူးလို႔ သုံးသပ္ခဲ့ၾကပါတယ္။အဲဒီ ႏိုင္ငံေရးသုံးသပ္ေဝဖန္ၾကတဲ့သူေတြ မွန္ကန္စြာ သုံးသပ္ႏိုင္ခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။

၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲအၿပီး အေျဖထြက္လာခ်က္အရ အာဏာရ အင္အယ္ဒီပါတီဟာ တိုင္းရင္းသား နယ္ေျမေတြမွာ ရႈံးနိမ့္ခဲ့ပါတယ္။၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အင္အယ္ဒီပါတီက တိုင္းရင္းသား နယ္ေျမေတြမွာ အႏိုင္ရခဲ့သလို၊ အခုအေျခအေနမွာ ေမွ်ာ္မွန္းတဲ့အတိုင္း မျဖစ္လာႏိုင္ေတာ့ပါဘူး။ဒီလိုအေနအထားမွာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ အာဏာရပါတီဟာ၊ တစ္ပါတီထဲ အစိုးရမဖြဲ႕ႏိုင္တဲ့ အေနအထားကို ေရာက္သြားပါလိမ့္မယ္။ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေနတဲ့ အင္အယ္ဒီပါတီက တိုင္းရင္းသားပါတီေတြနဲ႔ ၂၀၁၅ ခုႏွစ္ ေနာက္ပိုင္းမွာ ဆက္ဆံေရး ေျပေျပျပစ္ျပစ္ မရွိတာေတြအေပၚ မူတည္ပါတယ္။၂၁ ရာစု ပင္လုံၿငိမ္းခ်မ္းေရးညီလာခံမွာလည္း တိုင္းရင္းသား လူမ်ိဳးစု ေခါင္းေဆာင္ေတြရဲ႕ ယုံၾကည္မႈမရခဲ့တာကလည္း ျပည္သူေတြရဲ႕ ေထာက္ခံမႈေလ်ာ့ပါးသြားတဲ့ အေၾကာင္းအရာတစ္ခုလို႔ ေျပာလို႔ရႏိုင္ပါတယ္။

အာဏာရ အင္အယ္ဒီပါတီရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာမ်ိဳးၫြန႔္ ကေတာ့ "အခု ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ တိုင္းရင္းသားေတြေနတဲ့ ျပည္နယ္မဲဆႏၵနယ္ေတြမွာ အေရးနိမ့္ခဲ့ပါတယ္။ဒါေၾကာင့္ အင္အယ္ဒီအေနနဲ႔ ေရွ႕ဆက္သြားမယ့္ လမ္းေၾကာင္းမွာ တိုင္းရင္းသားေတြနဲ႔ သေဘာထားညီၫြတ္မႈ ရဖို႔ကိုလည္း အေလးထားေဆာင္႐ြက္ေနတယ္" လို႔ ေျပာသြားပါတယ္။ဒါေပမယ့္ ေဒါက္တာမ်ိဳးၫြန႔္ ေျပာသြားတာကို ၾကည့္မယ္ဆိုရင္ တိုင္းရင္းသားပါတီေတြနဲ႔ မဲဆႏၵနယ္ အေပးအယူမလုပ္ခ်င္တဲ့ အေနအထားလို႔ သုံးသပ္ႏိုင္ပါလိမ့္မယ္။ေနရာတိုင္းမွာ ဝင္ၿပိဳင္ေနရတာပါလို႔လည္း ေျပာသြားပါတယ္။ဒီအတိုင္းသာ ဆက္သြားေနမယ္ဆိုရင္၊ အင္အယ္ဒီပါတီအတြက္ အခက္အခဲေတြ ေတြ႕ႀကဳံရမွာပါ။

အခု ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ အာဏာရ အင္အယ္ဒီပါတီအတြက္ သူနဲ႔ ၿပိဳင္ဖက္ေတြျဖစ္တဲ့ တိုင္းရင္းသားပါတီေတြ အပါအဝင္ ပါတီေတြက မဲဆႏၵနယ္ တစ္နယ္ႏိုင္ရင္ အင္အယ္ဒီက သုံးေနရာႏိုင္မွ အစိုးရကို အင္အယ္ဒီတစ္ပါတီထဲ လြတ္လြတ္ကြၽတ္ကြၽတ္ ဖြဲ႕ႏိုင္မွာပါ။အခု ၂၀၁၇ နဲ႔ ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲေတြ အေျခအေနအရ ၾကည့္မယ္ဆိုရင္ အင္အယ္ဒီအတြက္ အလြန္ခက္ခဲပါလိမ့္မယ္။တိုင္းရင္းသားပါတီေတြရဲ႕ သေဘာထားကလည္း တစ္ပါတီ ႀကီးစိုးမႈေအာက္က ႐ုန္းထြက္ခ်င္တဲ့ ဆႏၵေတြ ရွိေနပါၿပီ။ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ ဥကၠ႒ ေဒါက္တာအမ္ေကာန္လ က ဒီလိုသေဘာထားကို ေျပာလိုက္ပါတယ္။

"ျပည္နယ္လႊတ္ေတာ္နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ေတြမွာ တိုင္းရင္းသားပါတီေတြရဲ႕ ပါဝင္မႈ အခ်ိဳးအစားမ်ားလာမွ ဖက္ဒရယ္စနစ္ကို သြားႏိုင္လိမ့္မယ္လို႔ တိုင္းရင္းသားပါတီေတြက ယုံၾကည္ထားၾကပါတယ္။ပါတီႀကီးေတြရဲ႕ ထိန္းခ်ဳပ္မႈေအာက္ကေန လြတ္ကင္းမွ ဗဟိုခ်ဳပ္မႈ အားနည္းလာၿပီး၊ ဥပေဒျပဳေရးနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းမွာ တိုင္းရင္းသားေတြရဲ႕ ေျပာေရးဆိုခြင့္ေတြ ပိုအားေကာင္းလာႏိုင္တယ္" လို႔ ေျပာသြားပါတယ္။ဒီအေျခအေနအတိုင္းဆိုရင္ တိုင္းရင္းသားပါတီေတြအေနနဲ႔ တိုင္းရင္းသားျပည္သူေတြကို ပိုၿပီးစည္း႐ုံးေတာ့မယ္လို႔ ျမင္မိပါတယ္။

အခုၾကားျဖတ္ေ႐ြးေကာက္ပြဲ ရလဒ္ေတြကို ၾကည့္ရင္၊ ရွမ္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္ေတြမွာ တိုင္းရင္းသားပါတီေတြ အားေကာင္းေနတာကို ေတြ႕ႏိုင္ပါတယ္။အဲဒီလိုပဲ၊ မြန္ျပည္နယ္မွာ မြန္ပါတီ သုံးပါတီ တေပါင္းတစည္းထဲ ျဖစ္လာေတာ့မွာပါ။ကခ်င္ျပည္နယ္မွာ ကခ်င္ေလးပါတီ ပူးေပါင္းလိုက္ပါတယ္။ခ်င္းျပည္နယ္မွာ ခ်င္းပါတီ သုံးခုပူးေပါင္းလိုက္တာ ေတြ႕ရပါတယ္။အာဏာရ အင္အယ္ဒီပါတီအတြက္ တိုင္းရင္းသားေဒသေတြမွာ အလြန္ခက္ခက္ခဲခဲ ယွဥ္ၿပိဳင္ရေတာ့မယ့္ အေနအထား ျဖစ္ေနပါၿပီ။တိုင္းရင္းသားပါတီေတြ ပိုအားေကာင္းလာသလို တိုင္းရင္းသား ျပည္သူေတြရဲ႕ ေထာက္ခံမႈေတြကိုလည္း ရရွိေနပါၿပီ။ခန႔္မွန္းၾကည့္ရမယ္ဆိုရင္ အာဏာရ အင္အယ္ဒီပါတီအတြက္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲဆႏၵနယ္တိုင္း ဝင္ၿပိဳင္မယ္ဆိုရင္ ရႈံးနိမ့္မႈေတြ အဆုံးအရႈံး ေတာ္ေတာ္မ်ားႏိုင္ပါတယ္။အင္အယ္ဒီပါတီရဲ႕ အဓိကၿပိဳင္ဖက္ USDP (ျပည္ခိုင္ၿဖိဳးပါတီ) အေနနဲ႔ ၾကည့္မယ္ဆိုရင္လည္း သူ႔ပါတီကို ေထာက္ခံေနၾကတဲ့ အမာခံျပည္သူေတြ ရွိေနပါတယ္။အမာခံဆိုတဲ့ ျပည္သူေတြအေရအတြက္က မေျပာင္းႏိုင္ပါဘူး။

တစ္ပါတီထဲ ဝင္ၿပိဳင္မယ့္ အင္အယ္ဒီအတြက္ ျပန္ဆန္းစစ္ရမယ့္ အခ်က္ေတြပါ။ေနာက္တစ္ခုက အာဏာရ အင္အယ္ဒီပါတီရဲ႕ ေ႐ြးခ်ယ္ခံ ကိုယ္စားလွယ္ေတြကို ျပည္သူအမ်ားစုက မႀကိဳက္ႏွစ္သက္ၾကေတာ့ပါဘူး။၂၀၁၅ ေ႐ြးေကာက္ပြဲမွာ လူကိုမၾကည့္ပါနဲ႔ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္ ျပည္သူေတြကို ေမတၱာရပ္ခံခဲ့လို႔ ျပည္သူေတြအေနနဲ႔ လူကိုမၾကည့္ပဲ အင္အယ္ဒီပါတီကို အႏိုင္ရေအာင္ မဲေပးခဲ့ၾကတာပါ။လူကိုမၾကည့္ပဲ မဲေပးခဲ့တဲ့ ကိုယ္စားလွယ္ေတြက တခဏေလးကာလ မဟုတ္ပါဘူး။ငါးႏွစ္ဆိုတဲ့ ကာလကို မဲေပးခဲ့တဲ့ ျပည္သူေတြက ၾကည့္ေနရမွာပါပဲ။ငါးႏွစ္အတြင္းမွာ ကိုယ္စားလွယ္ေတြရဲ႕ အရည္အခ်င္းေတြ ေပၚလာပါတယ္။အခုျပည္သူေတြအေနနဲ႔ အရည္အခ်င္းနည္းပါးတဲ့ ကိုယ္စားလွယ္ေတြကို စိတ္ပ်က္ေနၾကၿပီး၊ မဲမေပးခ်င္တာေတြ၊ ႏိုင္ငံေရးကို စိတ္မဝင္စားေတာ့တာေတြ ျဖစ္ေနတာပါ။

အခု ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲေတြအရ ေျပာမယ္ဆိုရင္ အာဏာရ အင္အယ္ဒီပါတီအတြက္ မူဝါဒေတြ ျပန္ေရးဆြဲရေတာ့မယ္လို႔ ယူဆမိပါတယ္။အားနည္းခ်က္ေတြ ျပင္ရေတာ့မယ့္ အာဏာရ အင္အယ္ဒီပါတီနဲ႔ အားေကာင္းမႈေတြ ရွိလာႏိုင္တဲ့ တိုင္းရင္းသားပါတီေတြ အခ်ိန္မွီ ပူးေပါင္းႏိုင္ဖို႔ လိုအပ္ေနပါတယ္။ဒါမွ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဒီမိုကေရစီ အင္အားစုေတြ အႏိုင္ရႏိုင္မွာပါ။

ျမတ္လႈိင္း
ႏိုဝင္ဘာ - ၁၀