【 ဆောင်းပါး 】“ အာဏာရအင်အယ်ဒီပါတီရဲ့၂၀၂၀ခုနှစ်အထွေထွေရွေးကောက်ပွဲအလားအလာ”

【 ဆောင်းပါး 】“ အာဏာရအင်အယ်ဒီပါတီရဲ့၂၀၂၀ခုနှစ်အထွေထွေရွေးကောက်ပွဲအလားအလာ”

အခုဆိုရင်နိုင်ငံရေးပါတီတော်တော်များများက၂၀၂၀အထွေထွေရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင် ဆင်မှုတွေလုပ်နေကြပါပြီ။ပြည်မ မှာ ရှိတဲ့နိုင်ငံရေး ပါတီတွေ သာမကပဲ၊တောင် ပေါ်တောင်တန်းဒေသတွေ မှာ ရှိတဲ့ တိုင်းရင်းသား ပါတီတွေပါပြင်ဆင်နေကြပါတယ်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲမှာရတဲ့ ရလဒ်ထက် ပိုကောင်းအောင် တိုင်းရင်းသားပြည်နယ်တွေ မှာ ရပ်တည်နေကြတဲ့ လူမျိုးစုတူ ပါတီကွဲတွေ ကိုပြန်ပူးပေါင်းဖွဲ့ပြီး ၂၀၂၀ အ ထွေထွေရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ကြတော့မှာပါ။၂၀၁၅ရွေးကောက်ပွဲမှာမဲဆန္ဒနယ် အတော်များများမှာ အနိုင်ရသွားခဲ့တဲ့အင်အယ်ဒီပါတီကိုလည်းတိုင်းရင်းသားလူမျိုးတွေအနေနဲ့အပြည့်အဝမယုံကြည်ကြတော့ပါဘူး။

ဒါကို၂၀၁၇ခုနှစ်နဲ့၂၀၁၈ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွေမှာရရှိခဲ့တဲ့ရလဒ်တွေကိုကြည့်ရင်သိသာနိုင်ပါတယ်။ ဒီရလဒ်ကြောင့် တိုင်းရင်းသား ပါတီတွေဟာ၂၀၂၀ခုနှစ်အထွေထွေရွေးကောက်ပွဲမှာမဲအကွဲမခံချင်တော့တဲ့ အခြေအနေကိုတွေ့ရပါတယ်။ အတိုက်အခံပါတီဖြစ်တဲ့ပြည်ခိုင်ဖြိုး ပါတီကလည်း၂၀၁၅ခုနှစ်ရွေးကောက်ပွဲရလဒ်ထက်ပိုသာ အောင် ကြိုးစားနေတာ ကိုတွေ့နေရပါပြီ။ပြည်မမှာ ရှိတဲ့မြို့နယ်တွေ မှာကျေးလက်ကို အဓိကစည်းရုံးမဲဆွယ်နေတာတွေကို လည်းတွေ့မြင်နေရပါတယ်။နောက်မြို့နယ်အတော်များများမှာပါတီရုံးခန်းတွေဖွင့်ပြီးစည်းရုံးနေတဲ့ပါတီနှစ်ခု ကတော့ပြည်သူ့ပါတီနဲ့ပြည်သူ့အကျိုးဆောင်ပါတီဖြစ်ပါတယ်။ဒီပါတီနှစ်ခုကတော့အာဏာရပါတီကြီးဖြစ်တဲ့ အင်အယ်ဒီပါတီနဲ့ အတိုက်အခံ ပါတီကြီးဖြစ်တဲ့ပြည်ခိုင်ဖြိုးပါတီရယူ မယ့်ပြည်သူဆန္ဒမဲတွေကို အနည်းအကျဉ်းခွဲ ဝေယူနိုင်လောက်ရုံအဆင့်မှာပဲ ရှိနေနိုင်ပါတယ်။

၂၀၂၀ခုနှစ်အထွေထွေရွေးကောက်ပွဲမှာအာဏာရအင်အယ်ဒီပါတီ၊အတိုက်အခံပြည်ခိုင်ဖြိုးပါတီနဲ့တိုင်းရင်းသားပါတီတွေပဲမဲအများဆုံးရနိုင်ပါတယ်။ အာဏာရအင်အယ်ဒီပါတီကလည်း၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ လူကိုအဓိကကြည့်ကြပါလို့ ပြောလာပါပြီ။ ၂၀၁၅ ခုနှစ်အထွေထွေေ ရွးကောက်ပွဲမှာအနိုင်ရခဲ့တာကိုပြန်ကြည့်မယ်ဆိုရင်အထွေထွေ ရွေး ကောက် ပွဲမှာ အင်အယ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြော ခဲ့တဲ့ စကားတစ်ခွန်းဖြစ်တဲ့ “ရွေးကောက်ပွဲမှာ အင်အယ်ဒီပါတီကဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ကို လူကိုမကြည့်ပဲ ပါတီအလံကို သာကြည့်ပြီးမဲပေးကြပါ”ဆိုတဲ့မေတ္တာရပ်ခံလိုက်တာကြောင့်ဖြစ်ပါတယ်။ဒီဒေါ်အောင်ဆန်းစုကြည်ရဲ့စကားသံကပြည်သူတို့ကြားကို ရောက်လာ တဲ့အခါပြည်သူတွေ အနေနဲ့ ရွေးကောက်ပွဲမှာNLDပါတီအနိုင်ရရေးအတွက်ဝန်းရံပံ့ပိုးနေကြတဲ့လူမှုအဖွဲ့တွေဟာတက်ကြွလာခဲ့ကြပြီးဝိုင်းကူပေးခဲ့လို့အနိုင်ရခဲ့တာပါ။NLDပါတီကနေရာတော်တော်များများမှာအနိုင်ရခဲ့ပါတယ်။နေရာတော်တော်များများမှာအနိုင်ရခဲ့တာကြောင့်ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် နှစ်ရပ်စလုံး ကို အင်အယ်ဒီ ပါတီစိတ်ကြိုက်ဖွဲ့စည်းနိုင်ခဲ့သလို၊အစိုးရကိုလည်းလွတ်လပ်စွာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့NLDပါတီကနေရာအတော်များများမှာအနိုင်ရခဲပေမယ့်အနိုင်ရမဲရရှိမှုတွေကတော့ဆန္ဒမဲကွာဟမှုသိပ်မရှိတာကို ပြန်လေ့လာပါက တွေ့ရမှာဖြစ်ပါတယ်။အဲဒီလိုမဲရရှိမှုကိုပြန်လေ့လာရင် ပွတ်ကာသီကာ အနိုင်ရရှိခဲ့တဲ့မဲဆန္ဒနယ်များများကိုတွေ့နိုင်ပါတယ်။ တချို့မဲဆန္ဒနယ်များမှာတိုင်းရင်းသားပါတီများ ကိုရှုံးခဲ့ပါတယ်။ တချို့မဲဆန္ဒနယ်များ မှာတော့ပြည်ခိုင်ဖြိုးပါတီ ကိုရှုံးခဲ့ပါတယ်။နေရာတော်တော်များမှာNLDကဝင်ရောက်ယှဉ်ပြိုင် တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း တွေကို တွေကို မဲဆန္ဒရှင်ပြည်သူများက မကြိုက်မနှစ်သက်ခဲ့တာ လဲတွေ့ရ ပါတယ်။

NLDမှဝင်ရောက်ယှဉ်ပြိုင်တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်ရာမှာပါတီဗဟိုအလုပ်အမှုဆောင်ကမိမိတို့နီးစပ်ရာ၊မိမိတို့အုပ်စုဖွဲ့ထားသူများကိုသာရွေးချယ်ယှဉ်ပြိုင်ခိုင်းခဲ့တာကိုတွေ့ခဲ့ရပါတယ်။၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ကိုမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များ မကြိုက်တာကြောင့်မြို့နယ်တော်တော်များများမှာ ပြဿနာများဖြစ်ခဲ့ကြတယ်။ NLD ပါတီဝင် များ ပင်မကြိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဗဟိုမှရွေး ချယ် ချပေးတာကြောင့်ပါတီတွင်းပြဿနာတွေဖြစ်ခဲ့ရပါတယ်။ နောက် အာဏာရ အင်အယ်ဒီ အမှားတစ်ခုက၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဝင်ဖို့ လွှတ်တော်ကိုယ် စားလှယ်လောင်းတွေရွေးချယ်ခွင့်ကို မြို့နယ် ပါတီကော်မတီ ကို အာဏာပေးခဲ့တာပါပဲ။၂၀၁၅ ရွေးကောက်ပွဲ ကာလမှာ အင်အယ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်တွေ၊ ဗဟိုကော်မတီဝင်တွေ ကိုပြည်သူတွေမသိခဲ့ပါဘူး။ မြို့နယ်အင် အယ်ဒီအမှုဆောင်တွေနဲ့ အရွေးခံမယ့် လွှတ်တော်ကိုယ်စားလှယ် အတော်များများ ကို လည်း ပြည်သူကမသိခဲ့ပါဘူး။

အင်အယ်ဒီပါတီကိုလည်းဒေါ်အောင်ဆန်းစုကြည်ထိမ်းသိမ်းနေရာကပြန်လွတ်မြောက်လာပြီး၊၂၀၁၂ခုနှစ်ကြား ဖြတ်ရွေးကောက်ပွဲဝင် မယ် ဆိုတော့မှ ရပ်ကျေးနဲ့မြို့နယ်ပါတီရွေးကောက်ပွဲကိုရှိတဲ့လူ အနည်းငယ်နဲ့ကျင်းပ ပြုလုပ်ပြီး ပြန်လည်ဖွဲ့စည်းထားခဲ့တာပါ။ အဲဒီလိုအခြေအနေ မှာနေရာ ရလာကြတဲ့မြို့နယ်ပါတီကော်မတီ ဆိုတာကိုမြို့နယ်ပြည်သူတွေကသိပ်မသိခဲ့ သူတွေများနေ သလို၊ မြို့နယ်ပြည်သူတွေ ရဲ့ အလေးထား ဆက်ဆံခြင်း ကိုလည်းမခံရတော့ပါဘူး။

ရွေးကောက်ပွဲအနိုင်ရပြီးမှသာအဏာရအင်အယ်ဒီပါတီကိုယ်စားလှယ်တွေကိုပြည်သူတွေစိတ်ဝင်တစားရှိလာခဲ့ကြတာဖြစ်ပါတယ်။လွှတ်တော်ဖွဲ့စည်းတဲ့အခါမှလွှတ်တော်ကိုဦးဆောင်မယ့်သူများကိုလဲအဲဒီကျမှသိလာခဲ့သလို၊ အစိုးရဖွဲ့တဲ့အခါမှာလဲ အစိုးရဝန်ကြီးဖြစ်လာ သူတွေကို သိလာ ခဲ့ကြတာဖြစ်ပါတယ်။ အခုအချိန်မှာ ပါတီ ခေါင်း ဆောင်တွေ၊အစိုးရအဖွဲ့ဝင်တွေရဲ့အပြောအဆို၊လုပ်ကိုင်ဆောင်ရွက်မှု အမှားများ လာတာကြောင့် လည်း ပြည်သူတွေယုံကြည်မှုနည်းပါးလာရပါပြီ။

နောက်အာဏာရအင်အယ်ဒီပါတီခေါင်းဆောင် တွေဟာမထင်ရှားခဲ့သူတွေလည်းဖြစ်ခဲ့ပါတယ်။ သူတို့ ပတ်ဝန်း ကျင်နဲ့သူတို့ကျင်လည်ရာ
လောက တစ်ခုမှာမထင်မရှားရှိခဲ့သူတွေကို စစ်အာဏာရှင်တွေရဲ့ တားဆီး ပိတ်ပင်ထားမှုတွေကြောင့် အင်အယ်ဒီပါတီမှာ ဗဟိုအဆင့်ထိ ဆွဲ ယူပြီး တာဝန်ပေးထားခဲ့ရတဲ့သူတွေဖြစ်ပါတယ်။ ပြည်သူတွေကလဲ ဒါကိုသိပ်စိတ်မဝင်စား ခဲ့ပါဘူး။ရွေးကောက်ပွဲ မှာ အနိုင်ရရင်တော်ပြီ ဆိုတဲ့သဘောကိုထားခဲ့ကြ တာပါ။ရွေးကောက်ပွဲနိုင်ပြီးဒေါ်အောင်ဆန်းစုကြည်ရဲ့လွှတ်တော်တွေဖွဲ့စည်းတာဝန်ပေးဖို့နဲ့အစိုးရဖွဲ့နိုင်ရန်အ တွက်အနားမှာအနီးကပ်ဝန်းရံနေသူတွေ၊တစ်နည်းပြောရရင်ဒေါ်အောင်ဆန်းစုကြည်အကြိုက်လိုက်၊ဒေါ်အောင် ဆန်းစုကြည်ပြောသမျှေ ခါင်းညိတ်တတ်တဲ့အင်အယ်ဒီပါတီဗဟိုခေါင်းဆောင်တွေနဲ့ပဲနေရာပေးဖွဲ့စည်းခဲ့ရတာလို့ဆိုရင်မှားမယ်မထင်ပါ။မြို့နယ်အဆင့်တွေမှာလဲဒေါ်အောင်ဆန်းစုကြည်အနီးကဗဟိုခေါင်းဆောင်များရဲ့အုပ်စုဖွဲ့ထားသူတွေကိုနေရာပြန်ပေးခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။

အမှန်အတိုင်းဝေဖန်ရမယ်ဆိုရင်။အာဏာရအင်အယ်ဒီပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက်အကူအညီမပေးနိုင်တဲ့လူတွေသာတိုင်းပြည်ကိုဦးဆောင်သူတွေဖြစ်နေတာအလွန်စိုးရိမ်ဖွယ်ရာကောင်းခဲ့ပါတယ်။အောက်ခြေမြို့နယ်တွေမှာလဲပြည်သူကိုဦးမဆောင်နိုင်တဲ့အပြင်ပြဿနာပေါင်းစုံဖြစ်နေတာကိုလဲတွေ့ရမြင် ရ ကြား နေခဲ့ရပါတယ်။ရွေးကောက်ပွဲအနိုင်ရဖို့အရေးကြီးခဲ့ပြီးလူကိုမကြည့်ပဲပါတီကိုသာကြည့်ပြီးမဲပေးခဲ့တဲ့ နောက် ဆက်တွဲ ပြဿနာတွေကိုမရှင်းနိုင်အောင်ဖြစ်ခဲ့ရပါတယ်။

ယခုအချိန်မှာအာဏာရအင်အယ်ဒီပါတီက၂၀၁၅ခုနှစ်ကလိုပါတီအလံ၊တံဆိပ်ကိုမကြည့်ပဲလူကိုကြည့်ပြီးမဲပေးပါလို့အင်အယ်ဒီပါတီကပြောလာပါတယ်။အဲဒါတင်မက ၂၀၁၅ခုက အင်အယ်ဒီပါတီရဲ့ကိုယ်စားလှယ် လောင်း ရွေးချယ်ခွင့်ကိုမြို့နယ်ကော်မတီကိုပေးအပ်ခဲ့တဲ့အမှားကိုပြင်ဆင်ပြီး မြို့မိမြို့ဖတွေရဲ့ အသိအမှတ် ပြုခြင်း ကိုခံရသူတွေသာလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ရမယ်လို့လည်း ရွေးကောက်ပွဲမူတစ်ခုပါလာပါ တယ်။ဒီနေရာမှာမြင်နေသိနေရတာတွေကမြို့နယ်အင်အယ်ဒီကော်မတီနဲ့ နီးစပ်သူတွေကိုပဲမြို့မိမြို့ဖအဖြစ် ရွေးတင်ထားကြ တာပါ။ ဒီလို
အောက်ခြေ မြို့နယ်ပါတီကော်မတီတွေကရွေးချယ်တင်ထားတဲ့မြို့မိမြို့ဖတွေကို လည်းပြည်သူတွေအနေနဲ့အသိအမှတ်ပြုတယ်မပြုဘူးဆိုတာကို အန်အယ်ဒီ ဗဟိုက သိနိုင်မှာ မဟုတ်ပါဘူး။

၂၀၁၅ခုနှစ်ကလိုမိမိတို့အင်အယ်ဒီပါတီကဝင်ရောက်ယှဉ်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုမနှစ်သက်တာကြောင့်ရွေးကောက်ပွဲမှာအောင်နိုင်ရေးမလုပ်ပေးနိုင်ဘူးဆိုတဲ့ပါတီဝင်တွေအသံကျယ်ကျယ် လောင်လောင်ထွက်ခဲ့တာလဲ အားလုံး အသိပါပဲ။ အခုအခြေအနေမှာ လည်း၂၀၁၅ခုနှစ် အင်အယ်ဒီပါတီ အခြေအနေထက် ပိုဆိုးနေပါလိမ့် မယ်။ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲအချိန်ကလိုပြည်သူတွေအနေနဲ့အင်အယ်ဒီပါတီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မေတ္တာရပ်ခံတဲ့စကားကိုလည်းပြည်သူအများစုကြီးကနားမထောင်နိုင် တော့ပါဘူး။ ပြည်သူတွေထဲမှာ လည်းဒေါ်အောင်ဆန်းစုကြည်ကိုချစ်ခင်လေးစားမှုတွေလည်းလျော့ပါးလာပါပြီ။ ၂၀၁၅ ခုနှစ် အထွေထွေေ ရွးကောက်ပွဲ မှာလည်းဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံခဲ့တဲ့ လူကိုမကြည့်ပဲပါတီ အလံတံဆိပ်ကိုပဲကြည့်ပြီး မဲပေးပါဆိုတာတောင် အင်အယ်ဒီပါတီ က ၅၉ရာခိုင်နှုန်းပဲရခဲ့တာပါ။

အခုအခြေအနေ တွေကတိုင်းရင်းသားပါတီတွေကိုတိုင်းရင်းသားပြည်သူတွေပိုယုံကြည်လာကြပါတယ်။၂၀၁၅အထွေထွေရွေး ကောက်ပွဲမှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေက ၉ရာခိုင်နှုန်းပဲရခဲ့ပေမယ့်၊ အခုအခြေအနေမှာ ပိုများတဲ့မဲဆန္ဒနယ်တွေ့ရ နိုင်ပါတယ်။ပြောရမယ် ဆိုရင် အာဏာရအင်အယ်ဒီပါတီရဲ့လုပ်ဆောင်မှုအမှားတွေကြောင့်ပြည်သူတွေရဲ့ယုံကြည်မှုတွေ လျော့ပါးလာခဲ့ရင် ၂၀၂၀ခုနှစ် အထွေထွေေ ရွးကောက် ပွဲ မှာ၅၀ရာခိုင်နှုန်းမဲဆန္ဒနယ် အနိုင်မရနိုင်ရင်အာဏာရ ပါတီ မဖြစ်နိုင်တော့ပါဘူး။

                                                                    မြတ်လှိုင်း

( Zawgyi  )

 အခုဆိုရင္ႏိုင္ငံေရးပါတီေတာ္ေတာ္မ်ားမ်ားက၂၀၂၀အေထြေထြေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ျပင္ ဆင္မႈေတြလုပ္ေနၾကပါၿပီ။ျပည္မ မွာ ရွိတဲ့ႏိုင္ငံေရး ပါတီေတြ သာမကပဲ၊ေတာင္ ေပၚေတာင္တန္းေဒသေတြ မွာ ရွိတဲ့ တိုင္းရင္းသား ပါတီေတြပါျပင္ဆင္ေနၾကပါတယ္။ ၂၀၁၅ အေထြေထြေ႐ြး ေကာက္ပြဲမွာရတဲ့ ရလဒ္ထက္ ပိုေကာင္းေအာင္ တိုင္းရင္းသားျပည္နယ္ေတြ မွာ ရပ္တည္ေနၾကတဲ့ လူမ်ိဳးစုတူ ပါတီကြဲေတြ ကိုျပန္ပူးေပါင္းဖြဲ႕ၿပီး ၂၀၂၀ အ ေထြေထြေ႐ြးေကာက္ပြဲကိုဝင္ေရာက္ယွဥ္ၿပိဳင္ၾကေတာ့မွာပါ။၂၀၁၅ေ႐ြးေကာက္ပြဲမွာမဲဆႏၵနယ္ အေတာ္မ်ားမ်ားမွာ အႏိုင္ရသြားခဲ့တဲ့အင္အယ္ဒီပါတီကိုလည္းတိုင္းရင္းသားလူမ်ိဳးေတြအေနနဲ႔အျပည့္အဝမယုံၾကည္ၾကေတာ့ပါဘူး။

ဒါကို၂၀၁၇ခုႏွစ္နဲ႔၂၀၁၈ခုႏွစ္ၾကားျဖတ္ေ႐ြးေကာက္ပြဲေတြမွာရရွိခဲ့တဲ့ရလဒ္ေတြကိုၾကည့္ရင္သိသာႏိုင္ပါတယ္။ ဒီရလဒ္ေၾကာင့္ တိုင္းရင္းသား ပါတီေတြဟာ၂၀၂၀ခုႏွစ္အေထြေထြေ႐ြးေကာက္ပြဲမွာမဲအကြဲမခံခ်င္ေတာ့တဲ့ အေျခအေနကိုေတြ႕ရပါတယ္။ အတိုက္အခံပါတီျဖစ္တဲ့ျပည္ခိုင္ၿဖိဳး ပါတီကလည္း၂၀၁၅ခုႏွစ္ေ႐ြးေကာက္ပြဲရလဒ္ထက္ပိုသာ ေအာင္ ႀကိဳးစားေနတာ ကိုေတြ႕ေနရပါၿပီ။ျပည္မမွာ ရွိတဲ့ၿမိဳ႕နယ္ေတြ မွာေက်းလက္ကို အဓိကစည္း႐ုံးမဲဆြယ္ေနတာေတြကို လည္းေတြ႕ျမင္ေနရပါတယ္။ေနာက္ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာပါတီ႐ုံးခန္းေတြဖြင့္ၿပီးစည္း႐ုံးေနတဲ့ပါတီႏွစ္ခု ကေတာ့ျပည္သူ႔ပါတီနဲ႔ျပည္သူ႔အက်ိဳးေဆာင္ပါတီျဖစ္ပါတယ္။ဒီပါတီႏွစ္ခုကေတာ့အာဏာရပါတီႀကီးျဖစ္တဲ့ အင္အယ္ဒီပါတီနဲ႔ အတိုက္အခံ ပါတီႀကီးျဖစ္တဲ့ျပည္ခိုင္ၿဖိဳးပါတီရယူ မယ့္ျပည္သူဆႏၵမဲေတြကို အနည္းအက်ဥ္းခြဲ ေဝယူႏိုင္ေလာက္႐ုံအဆင့္မွာပဲ ရွိေနႏိုင္ပါတယ္။

၂၀၂၀ခုႏွစ္အေထြေထြေ႐ြးေကာက္ပြဲမွာအာဏာရအင္အယ္ဒီပါတီ၊အတိုက္အခံျပည္ခိုင္ၿဖိဳးပါတီနဲ႔တိုင္းရင္းသားပါတီေတြပဲမဲအမ်ားဆုံးရႏိုင္ပါတယ္။ အာဏာရအင္အယ္ဒီပါတီကလည္း၂၀၂၀အေထြေထြေ႐ြးေကာက္ပြဲမွာ လူကိုအဓိကၾကည့္ၾကပါလို႔ ေျပာလာပါၿပီ။ ၂၀၁၅ ခုႏွစ္အေထြေထြေ ႐ြးေကာက္ပြဲမွာအႏိုင္ရခဲ့တာကိုျပန္ၾကည့္မယ္ဆိုရင္အေထြေထြ ေ႐ြး ေကာက္ ပြဲမွာ အင္အယ္ဒီပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ေျပာ ခဲ့တဲ့ စကားတစ္ခြန္းျဖစ္တဲ့ “ေ႐ြးေကာက္ပြဲမွာ အင္အယ္ဒီပါတီကဝင္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြ ကို လူကိုမၾကည့္ပဲ ပါတီအလံကို သာၾကည့္ၿပီးမဲေပးၾကပါ”ဆိုတဲ့ေမတၱာရပ္ခံလိုက္တာေၾကာင့္ျဖစ္ပါတယ္။ဒီေဒၚေအာင္ဆန္းစုၾကည္ရဲ႕စကားသံကျပည္သူတို႔ၾကားကို ေရာက္လာ တဲ့အခါျပည္သူေတြ အေနနဲ႔ ေ႐ြးေကာက္ပြဲမွာNLDပါတီအႏိုင္ရေရးအတြက္ဝန္းရံပံ့ပိုးေနၾကတဲ့လူမႈအဖြဲ႕ေတြဟာတက္ႂကြလာခဲ့ၾကၿပီးဝိုင္းကူေပးခဲ့လို႔အႏိုင္ရခဲ့တာပါ။NLDပါတီကေနရာေတာ္ေတာ္မ်ားမ်ားမွာအႏိုင္ရခဲ့ပါတယ္။ေနရာေတာ္ေတာ္မ်ားမ်ားမွာအႏိုင္ရခဲ့တာေၾကာင့္ျပည္သူ႔လႊတ္ေတာ္နဲ႔အမ်ိဳးသားလႊတ္ေတာ္ ႏွစ္ရပ္စလုံး ကို အင္အယ္ဒီ ပါတီစိတ္ႀကိဳက္ဖြဲ႕စည္းႏိုင္ခဲ့သလို၊အစိုးရကိုလည္းလြတ္လပ္စြာ ဖြဲ႕စည္းႏိုင္ခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့NLDပါတီကေနရာအေတာ္မ်ားမ်ားမွာအႏိုင္ရခဲေပမယ့္အႏိုင္ရမဲရရွိမႈေတြကေတာ့ဆႏၵမဲကြာဟမႈသိပ္မရွိတာကို ျပန္ေလ့လာပါက ေတြ႕ရမွာျဖစ္ပါတယ္။အဲဒီလိုမဲရရွိမႈကိုျပန္ေလ့လာရင္ ပြတ္ကာသီကာ အႏိုင္ရရွိခဲ့တဲ့မဲဆႏၵနယ္မ်ားမ်ားကိုေတြ႕ႏိုင္ပါတယ္။ တခ်ိဳ႕မဲဆႏၵနယ္မ်ားမွာတိုင္းရင္းသားပါတီမ်ား ကိုရႈံးခဲ့ပါတယ္။ တခ်ိဳ႕မဲဆႏၵနယ္မ်ား မွာေတာ့ျပည္ခိုင္ၿဖိဳးပါတီ ကိုရႈံးခဲ့ပါတယ္။ေနရာေတာ္ေတာ္မ်ားမွာNLDကဝင္ေရာက္ယွဥ္ၿပိဳင္ တဲ့လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေတြကို ေတြကို မဲဆႏၵရွင္ျပည္သူမ်ားက မႀကိဳက္မႏွစ္သက္ခဲ့တာ လဲေတြ႕ရ ပါတယ္။

NLDမွဝင္ေရာက္ယွဥ္ၿပိဳင္တဲ့လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကိုေ႐ြးခ်ယ္ရာမွာပါတီဗဟိုအလုပ္အမႈေဆာင္ကမိမိတို႔နီးစပ္ရာ၊မိမိတို႔အုပ္စုဖြဲ႕ထားသူမ်ားကိုသာေ႐ြးခ်ယ္ယွဥ္ၿပိဳင္ခိုင္းခဲ့တာကိုေတြ႕ခဲ့ရပါတယ္။၂၀၁၅ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ကိုမဲဆႏၵနယ္မွ မဲဆႏၵရွင္မ်ား မႀကိဳက္တာေၾကာင့္ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ ျပႆနာမ်ားျဖစ္ခဲ့ၾကတယ္။ NLD ပါတီဝင္ မ်ား ပင္မႀကိဳက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ဗဟိုမွေ႐ြး ခ်ယ္ ခ်ေပးတာေၾကာင့္ပါတီတြင္းျပႆနာေတြျဖစ္ခဲ့ရပါတယ္။ ေနာက္ အာဏာရ အင္အယ္ဒီ အမွားတစ္ခုက၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲဝင္ဖို႔ လႊတ္ေတာ္ကိုယ္ စားလွယ္ေလာင္းေတြေ႐ြးခ်ယ္ခြင့္ကို ၿမိဳ႕နယ္ ပါတီေကာ္မတီ ကို အာဏာေပးခဲ့တာပါပဲ။၂၀၁၅ ေ႐ြးေကာက္ပြဲ ကာလမွာ အင္အယ္ဒီပါတီ ဗဟိုအလုပ္အမႈေဆာင္ေတြ၊ ဗဟိုေကာ္မတီဝင္ေတြ ကိုျပည္သူေတြမသိခဲ့ပါဘူး။ ၿမိဳ႕နယ္အင္ အယ္ဒီအမႈေဆာင္ေတြနဲ႔ အေ႐ြးခံမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ အေတာ္မ်ားမ်ား ကို လည္း ျပည္သူကမသိခဲ့ပါဘူး။

အင္အယ္ဒီပါတီကိုလည္းေဒၚေအာင္ဆန္းစုၾကည္ထိမ္းသိမ္းေနရာကျပန္လြတ္ေျမာက္လာၿပီး၊၂၀၁၂ခုႏွစ္ၾကား ျဖတ္ေ႐ြးေကာက္ပြဲဝင္ မယ္ ဆိုေတာ့မွ ရပ္ေက်းနဲ႔ၿမိဳ႕နယ္ပါတီေ႐ြးေကာက္ပြဲကိုရွိတဲ့လူ အနည္းငယ္နဲ႔က်င္းပ ျပဳလုပ္ၿပီး ျပန္လည္ဖြဲ႕စည္းထားခဲ့တာပါ။ အဲဒီလိုအေျခအေန မွာေနရာ ရလာၾကတဲ့ၿမိဳ႕နယ္ပါတီေကာ္မတီ ဆိုတာကိုၿမိဳ႕နယ္ျပည္သူေတြကသိပ္မသိခဲ့ သူေတြမ်ားေန သလို၊ ၿမိဳ႕နယ္ျပည္သူေတြ ရဲ႕ အေလးထား ဆက္ဆံျခင္း ကိုလည္းမခံရေတာ့ပါဘူး။

ေ႐ြးေကာက္ပြဲအႏိုင္ရၿပီးမွသာအဏာရအင္အယ္ဒီပါတီကိုယ္စားလွယ္ေတြကိုျပည္သူေတြစိတ္ဝင္တစားရွိလာခဲ့ၾကတာျဖစ္ပါတယ္။လႊတ္ေတာ္ဖြဲ႕စည္းတဲ့အခါမွလႊတ္ေတာ္ကိုဦးေဆာင္မယ့္သူမ်ားကိုလဲအဲဒီက်မွသိလာခဲ့သလို၊ အစိုးရဖြဲ႕တဲ့အခါမွာလဲ အစိုးရဝန္ႀကီးျဖစ္လာ သူေတြကို သိလာ ခဲ့ၾကတာျဖစ္ပါတယ္။ အခုအခ်ိန္မွာ ပါတီ ေခါင္း ေဆာင္ေတြ၊အစိုးရအဖြဲ႕ဝင္ေတြရဲ႕အေျပာအဆို၊လုပ္ကိုင္ေဆာင္႐ြက္မႈ အမွားမ်ား လာတာေၾကာင့္ လည္း ျပည္သူေတြယုံၾကည္မႈနည္းပါးလာရပါၿပီ။

ေနာက္အာဏာရအင္အယ္ဒီပါတီေခါင္းေဆာင္ ေတြဟာမထင္ရွားခဲ့သူေတြလည္းျဖစ္ခဲ့ပါတယ္။ သူတို႔ ပတ္ဝန္း က်င္နဲ႔သူတို႔က်င္လည္ရာ
ေလာက တစ္ခုမွာမထင္မရွားရွိခဲ့သူေတြကို စစ္အာဏာရွင္ေတြရဲ႕ တားဆီး ပိတ္ပင္ထားမႈေတြေၾကာင့္ အင္အယ္ဒီပါတီမွာ ဗဟိုအဆင့္ထိ ဆြဲ ယူၿပီး တာဝန္ေပးထားခဲ့ရတဲ့သူေတြျဖစ္ပါတယ္။ ျပည္သူေတြကလဲ ဒါကိုသိပ္စိတ္မဝင္စား ခဲ့ပါဘူး။ေ႐ြးေကာက္ပြဲ မွာ အႏိုင္ရရင္ေတာ္ၿပီ ဆိုတဲ့သေဘာကိုထားခဲ့ၾက တာပါ။ေ႐ြးေကာက္ပြဲႏိုင္ၿပီးေဒၚေအာင္ဆန္းစုၾကည္ရဲ႕လႊတ္ေတာ္ေတြဖြဲ႕စည္းတာဝန္ေပးဖို႔နဲ႔အစိုးရဖြဲ႕ႏိုင္ရန္အ တြက္အနားမွာအနီးကပ္ဝန္းရံေနသူေတြ၊တစ္နည္းေျပာရရင္ေဒၚေအာင္ဆန္းစုၾကည္အႀကိဳက္လိုက္၊ေဒၚေအာင္ ဆန္းစုၾကည္ေျပာသေမွ် ခါင္းညိတ္တတ္တဲ့အင္အယ္ဒီပါတီဗဟိုေခါင္းေဆာင္ေတြနဲ႔ပဲေနရာေပးဖြဲ႕စည္းခဲ့ရတာလို႔ဆိုရင္မွားမယ္မထင္ပါ။ၿမိဳ႕နယ္အဆင့္ေတြမွာလဲေဒၚေအာင္ဆန္းစုၾကည္အနီးကဗဟိုေခါင္းေဆာင္မ်ားရဲ႕အုပ္စုဖြဲ႕ထားသူေတြကိုေနရာျပန္ေပးခဲ့တာကိုလည္းေတြ႕ခဲ့ရပါတယ္။

အမွန္အတိုင္းေဝဖန္ရမယ္ဆိုရင္။အာဏာရအင္အယ္ဒီပါတီေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္အတြက္အကူအညီမေပးႏိုင္တဲ့လူေတြသာတိုင္းျပည္ကိုဦးေဆာင္သူေတြျဖစ္ေနတာအလြန္စိုးရိမ္ဖြယ္ရာေကာင္းခဲ့ပါတယ္။ေအာက္ေျခၿမိဳ႕နယ္ေတြမွာလဲျပည္သူကိုဦးမေဆာင္ႏိုင္တဲ့အျပင္ျပႆနာေပါင္းစုံျဖစ္ေနတာကိုလဲေတြ႕ရျမင္ ရ ၾကား ေနခဲ့ရပါတယ္။ေ႐ြးေကာက္ပြဲအႏိုင္ရဖို႔အေရးႀကီးခဲ့ၿပီးလူကိုမၾကည့္ပဲပါတီကိုသာၾကည့္ၿပီးမဲေပးခဲ့တဲ့ ေနာက္ ဆက္တြဲ ျပႆနာေတြကိုမရွင္းႏိုင္ေအာင္ျဖစ္ခဲ့ရပါတယ္။

ယခုအခ်ိန္မွာအာဏာရအင္အယ္ဒီပါတီက၂၀၁၅ခုႏွစ္ကလိုပါတီအလံ၊တံဆိပ္ကိုမၾကည့္ပဲလူကိုၾကည့္ၿပီးမဲေပးပါလို႔အင္အယ္ဒီပါတီကေျပာလာပါတယ္။အဲဒါတင္မက ၂၀၁၅ခုက အင္အယ္ဒီပါတီရဲ႕ကိုယ္စားလွယ္ ေလာင္း ေ႐ြးခ်ယ္ခြင့္ကိုၿမိဳ႕နယ္ေကာ္မတီကိုေပးအပ္ခဲ့တဲ့အမွားကိုျပင္ဆင္ၿပီး ၿမိဳ႕မိၿမိဳ႕ဖေတြရဲ႕ အသိအမွတ္ ျပဳျခင္း ကိုခံရသူေတြသာလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းျဖစ္ရမယ္လို႔လည္း ေ႐ြးေကာက္ပြဲမူတစ္ခုပါလာပါ တယ္။ဒီေနရာမွာျမင္ေနသိေနရတာေတြကၿမိဳ႕နယ္အင္အယ္ဒီေကာ္မတီနဲ႔ နီးစပ္သူေတြကိုပဲၿမိဳ႕မိၿမိဳ႕ဖအျဖစ္ ေ႐ြးတင္ထားၾက တာပါ။ ဒီလို
ေအာက္ေျခ ၿမိဳ႕နယ္ပါတီေကာ္မတီေတြကေ႐ြးခ်ယ္တင္ထားတဲ့ၿမိဳ႕မိၿမိဳ႕ဖေတြကို လည္းျပည္သူေတြအေနနဲ႔အသိအမွတ္ျပဳတယ္မျပဳဘူးဆိုတာကို အန္အယ္ဒီ ဗဟိုက သိႏိုင္မွာ မဟုတ္ပါဘူး။

၂၀၁၅ခုႏွစ္ကလိုမိမိတို႔အင္အယ္ဒီပါတီကဝင္ေရာက္ယွဥ္ၿပိဳင္မယ့္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကိုမႏွစ္သက္တာေၾကာင့္ေ႐ြးေကာက္ပြဲမွာေအာင္ႏိုင္ေရးမလုပ္ေပးႏိုင္ဘူးဆိုတဲ့ပါတီဝင္ေတြအသံက်ယ္က်ယ္ ေလာင္ေလာင္ထြက္ခဲ့တာလဲ အားလုံး အသိပါပဲ။ အခုအေျခအေနမွာ လည္း၂၀၁၅ခုႏွစ္ အင္အယ္ဒီပါတီ အေျခအေနထက္ ပိုဆိုးေနပါလိမ့္ မယ္။ ၂၀၁၅ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲအခ်ိန္ကလိုျပည္သူေတြအေနနဲ႔အင္အယ္ဒီပါတီ ေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေမတၱာရပ္ခံတဲ့စကားကိုလည္းျပည္သူအမ်ားစုႀကီးကနားမေထာင္ႏိုင္ ေတာ့ပါဘူး။ ျပည္သူေတြထဲမွာ လည္းေဒၚေအာင္ဆန္းစုၾကည္ကိုခ်စ္ခင္ေလးစားမႈေတြလည္းေလ်ာ့ပါးလာပါၿပီ။ ၂၀၁၅ ခုႏွစ္ အေထြေထြေ ႐ြးေကာက္ပြဲ မွာလည္းေဒၚေအာင္ဆန္းစုၾကည္ ေမတၱာရပ္ခံခဲ့တဲ့ လူကိုမၾကည့္ပဲပါတီ အလံတံဆိပ္ကိုပဲၾကည့္ၿပီး မဲေပးပါဆိုတာေတာင္ အင္အယ္ဒီပါတီ က ၅၉ရာခိုင္ႏႈန္းပဲရခဲ့တာပါ။

အခုအေျခအေန ေတြကတိုင္းရင္းသားပါတီေတြကိုတိုင္းရင္းသားျပည္သူေတြပိုယုံၾကည္လာၾကပါတယ္။၂၀၁၅အေထြေထြေ႐ြး ေကာက္ပြဲမွာ တိုင္းရင္းသားႏိုင္ငံေရးပါတီေတြက၉ရာခိုင္ႏႈန္းပဲရခဲ့ေပမယ့္၊အခုအေျခအေနမွာပိုမ်ားတဲ့မဲဆႏၵနယ္ေတြ႕ရႏိုင္ပါတယ္။ေျပာရမယ္ ဆိုရင္ အာဏာရအင္အယ္ဒီပါတီရဲ႕လုပ္ေဆာင္မႈအမွားေတြေၾကာင့္ျပည္သူေတြရဲ႕ယုံၾကည္မႈေတြ ေလ်ာ့ပါးလာခဲ့ရင္ ၂၀၂၀ခုႏွစ္ အေထြေထြေ ႐ြးေကာက္ ပြဲ မွာ၅၀ရာခိုင္ႏႈန္းမဲဆႏၵနယ္ အႏိုင္မရႏိုင္ရင္အာဏာရ ပါတီ မျဖစ္ႏိုင္ေတာ့ပါဘူး။

                                                                    ျမတ္လႈိင္း