【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အနောက်အုပ်စုကို ပခုံးယှဉ်လာတဲ့ အာရှက တက်သစ်စတွေ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အနောက်အုပ်စုကို ပခုံးယှဉ်လာတဲ့ အာရှက တက်သစ်စတွေ

ယခုတစ်ပတ် သတင်းတွေထဲမှာ အများစုစိတ်ဝင်စားစရာဖြစ်ခဲ့တဲ့ သတင်းတွေက ဟောင်ကောင်အရေးအပေါ် ပါဝင်စွက်ဖက်တဲ့ အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေကို တရုတ်ဘက်က သတိပေးလိုက်တဲ့ သတင်းက ကမ္ဘာ့မီဒီယာတွေမှာ နေရာယူခဲ့ပါတယ်။ဒီလိုသတင်းတွေအပြင် အီရန်ဘက်က ဒုံးကျည်စမ်းသပ် ပစ်လွှတ်တဲ့သတင်း၊ ဗြိတိန်မှာ ဝန်ကြီးချုပ်အသစ် တက်လာပြီး  အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့သတင်း၊ ရုရှားသဘောၤကို မြောက်ကိုရီးယားက ဖမ်းဆီးလိုက်တဲ့ သတင်းတွေကလည်း ယခုတစ်ပတ်ရဲ့ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

အဆိုပါသတင်းတွေနဲ့အတူ ယခုတစ်ပတ် အများစုသတိထားမိတဲ့ သတင်းအချို့လည်း ရှိခဲ့ပါတယ်။ဒီသတင်းတွေက ကမ္ဘောဒီးယားနိုင်ငံမှာ မိခင်နှင့် ကလေးငယ်များအတွက် အာဟာရထောက်ပံ့ရေး ငါးနှစ်စီမံကိန်းကို စတင်လိုက်တဲ့သတင်း၊ လကို စူးစမ်းလေ့လာမည့် ချန်ဒရာယန်း -၂ အာကာသယာဉ်ကို အိန္ဒိယက ကမ္ဘာပတ်လမ်းကြောင်းထဲ အောင်မြင်စွာ လွှတ်တင်ခဲ့တဲ့သတင်း၊ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ စစ်စခန်းတစ်ခု မူဆလင်သောင်းကျန်းသူတွေ ဝင်တိုက်လို့ လူလေးဦး သေဆုံးခဲ့တဲ့သတင်း၊ ၁၆ နှစ်ကြာ ရပ်ဆိုင်းထားတဲ့ အကျဉ်းသားတွေကို သေဒဏ်ပေး ကွပ်မျက်သတ်ဖြတ်မှု ပြန်လည်စတင်မယ်လို့ အမေရိကန် တရားရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့တဲ့သတင်း၊ လူသေအကြွင်းအကျန် အစိတ်အပိုင်းများနဲ့ ဆေးထိုးအပ်တွေပါတဲ့ ကွန်တိန်နာ ၁၀၀ ကျော်ကို ချက်ချင်းပြန်ယူဖို့ ဗြိတိန်နိုင်ငံကို သီရိလင်္ကာအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်တိုက်တွန်းထားတဲ့ သတင်း၊ စင်ကာပူကို ဖြတ်သန်းသော ကွန်ဂိုဒီမိုကရက်နိုင်ငံမှ သင်္ဘောပေါ်မှ ဆင်စွယ် ၈ ဒသမ ၈ တန်ကို ဖမ်းဆီးရမိခဲ့တဲ့ သတင်းတွေကလည်း သတင်းဖတ်သူတွေ စိတ်ဝင်စားခဲ့တဲ့ သတင်းတွေဘဲ ဖြစ်ပါတယ်။

ပင်လယ်ကွေ့အရေး ဘယ်အခြေဆိုက်နေပြီလဲ

ဗြိတိန်ရေနံတင်သင်္ဘောကို ဖမ်းဆီးခဲ့တဲ့နောက်ပိုင်း အီရန်ရဲ့ အနေအထားက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အထူးသဖြင့် အနောက်အုပ်စုကြား သတိထားစရာ အနေအထား ဖြစ်လာခဲ့ပါတယ်။အထူးသဖြင့် ယခင်ကလိုမဟုတ်ဘဲ ရုရှား ကျောထောက်နောက်ခံနဲ့ မာမာထန်ထန်ရပ်တည်နေတဲ့ အီရန်အနေအထားက အနောက်အုပ်စုအတွက် မျက်စိစပါးမွှေးစူးစရာ ဖြစ်နေသလို အာရပ်ကမ္ဘာထဲမှာ တစ်နိုင်ငံတည်းဖြစ်နေတဲ့  အစ္စရေးအတွက်လည်း အမြဲသတိထားစရာ အခြေအနေပါ။

ယခုနောက်ပိုင်းမှာ အီရန်အတွက် ဆီးရီးယားပြည်တွင်းစစ်ထဲ ထဲထဲဝင်ဝင် ပါဝင်နေသလို လက်နက်မျိုးစုံကိုလည်း စမ်းသပ်ခွင့်ရနေတဲ့အတွက် အီရန် အခြေအနေက မြောက်ကိုရီးယားလို မဟုတ်ဘဲ အနောက်အုပ်စုအတွက် အီရန် အင်အားအခြေအနေကို ပြန်သုံးသပ်တွက်ဆနေရတဲ့ အနေအထားကို ရောက်နေပါတယ်။ဒီအခြေအနေမှာ ဗြိတိန်က ဂျီဘရော်လ်တာ ရေလက်ကြားထဲမှာ အီရန် ရေနံတင်သင်္ဘောကို ဖမ်းဆီးခဲ့ရာကနေ အီရန်က ပါရှန်းပင်လယ်ကွေ့ထဲ သွားလာနေတဲ့ ဗြိတိန်ရေနံတင်သင်္ဘော နှစ်စင်းကို လက်တုံ့ပြန်ဖမ်းဆီးခဲ့တာပါ။အီရန်အနေနဲ့ သူ့ကို အရေးယူရင်၊ တိုက်ခိုက်ရင် ပါရှန်းပင်လယ်ကွေ့ထဲက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ဖို့ မကြာခဏခြိမ်းခြောက်နေခဲ့တာပါ။ဒီရေလက်ကြားကိုသာ ပိတ်ဆို့လိုက်ရင် ကမ္ဘာ့စီးပွားရေးကို မောင်းနှင်နေတဲ့ ရေနံကို ဆိုးဆိုးဝါးဝါးထိခိုက်မှာဖြစ်လို့ အမေရိကန်လည်း ချိန်ဆနေရတဲ့ အနေအထားရှိနေပါတယ်။

ဒါပေမယ့် ပါရှန်းပင်လယ်ကွေ့မှာ အီရန်တော်လှန်ရေးတပ်က ရေနံတင်သင်္ဘောတွေကို နှောင့်ယှက်တာတွေ၊ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေကြောင့် ဒီပါရှန်းပင်လယ်ကွေ့ထဲကို အနောက်အုပ်စုနဲ့ သူ့ရဲ့ မဟာမိတ်ေတွေက စစ်သင်္ဘော အစောင့်အရှောက်တွေပို့ဖို့ စီစဉ်နေသလို အမေရိကန်၊ ဗြိတိန်တို့ကလည်း လေယာဉ်တင်သင်္ဘောတွေ၊ စစ်သင်္ဘောတွေ စေလွှတ်ထားတာ ရှိပါတယ်။ယခုရက်သတ္တပတ်ထဲမှာဘဲ ဗြိတိန်ရေတပ်က နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနှင့် အထူးတပ်ဖွဲ့ စေလွှတ်မယ်လို့ ကြေညာခဲ့ပါတယ်။ဒီကြားထဲမှာ ဗြိတိန်ဘက်က သူတို့ဖမ်းထားတဲ့ အီရန်ဖမ်းထားတဲ့ ဗြိတိန်ရေနံတင်သင်္ဘောကို ပြန်လွှတ်ရင် အီရန်ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

အီရန်အနေနဲ့ အချိန်မရွေး သူ့နိုင်ငံထဲကို အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုက လာတိုက်နိုင်တဲ့ အခြေအနေရှိနေတဲ့အတွက် အမြဲသတိထားသလို ဗြိတိန်ဘက်က ယခုလို ဗြိတိန်ရေတပ်က လွှတ်မယ့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနှင့် အထူးတပ်ဖွဲ့ သတင်းကို ပေါ့မထားပါဘူး။ဒါ့အပြင် အမေရိကန်က ဗြိတိန်ရေနံတင်သင်္ဘော ဖမ်းဆီးခံရတဲ့ကိစ္စမှာ ပူးပေါင်းပါဝင်မယ်ဆိုတဲ့အတွက် ဖြစ်လာနိုင်တဲ့ လျှပ်တပြက် စစ်ဆင်ရေးတွေရန်ကို အတော်လေးသတိထားနေပါတယ်။ဒါကြောင့် ပင်လယ်ကွေ့ဒေသအတွင်း ဖြတ်သန်းမောင်းနှင်နေသော အမေရိကန်သင်္ဘော အားလုံးကို အီရန်က မောင်းသူမဲ့လေယာဉ်များ အသုံးပြုပြီး စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီရေလက်ကြားပြဿနာနဲ့ အီရန်-အမေရိကန် ပြဿနာက ထင်ထားတာထက် ပိုကြာလာဖို့ရှိနေသလို အမေရိကန်အနေနဲ့ အီရန်ကို ပိတ်ဆို့မှုတွေကြောင့် ကြာရှည်အခက်အခဲတွေဖြစ်ပြီး ပြည်တွင်းမှာ တော်လှန်ရေးဖြစ်လာတဲ့အထိ ရည်ရွယ်ဟန်ရှိပါတယ်။ဒါကြောင့်လည်း အီရန်က ဒီပြဿနာကို စောစောရှင်းထုတ်ဖို့ လုပ်ဆောင်နေသလို အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို အာခံဖို့ ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားလို အမေရိကန်နဲ့ မသင့်တဲ့ နိုင်ငံတွေနဲ့ ဆက်ဆံမှုအားကောင်းအောင် ကြိုးစားနေတာကို တွေ့ရပါတယ်။ဒါကြောင့်လည်း ပါရှန်းပင်လယ်ကွေ့ကနေ ရေနံတင်သင်္ဘော စေလွှတ်နေရတဲ့ နိုင်ငံတွေက သူတို့ ရေနံတင်သင်္ဘောတွေကို ကာကွယ်နိုင်ဖို့ အစောင့်အရှောက် စစ်သင်္ဘောတွေ လွှတ်ဖို့ထိ စဉ်းစားလာကြပါတယ်။

ယခုတစ်ပတ်ထဲမှာဘဲ အမေရိကန် မဟာမိတ် တောင်ကိုရီးယားဘက်က ရဟတ်ယာဉ်တွေ ပါဝင်တဲ့ ဖျက်သင်္ဘောတစ်စင်း အပါအဝင် ဆိုမာလီကမ်းရိုးတန်းအနီး ပင်လယ်ဓားပြ ကာကွယ်ရေးအတွက် အသုံးပြုနေသည့် Cheonghae ရေတပ်ဖွဲ့ကို ပင်လယ်ကွေ့သို့ စေလွှတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

ပါရှားပင်လယ်ကွေ့ထဲ ဒီလိုသာ နိုင်ငံတိုင်းက ရေနံတင်သင်္ဘောတွေ စောင့်ရှောက်ဖို့ စစ်သင်္ဘောတွေ စေလွှတ်မယ်ဆိုရင် ပါရှန်းပင်လယ်ကွေ့ဟာ စစ်ဖြစ်ဖို့ အသင့်ဖြစ်နေတဲ့ အနေအထားဖြစ်လာမှာ သေချာနေပါတယ်။အဲဒီအနီးတစ်ဝိုက်မှာလည်း ဆီးရီးယားပြည်တွင်းစစ်၊ ယီမင်ပြည်တွင်းစစ်၊ ပါလက်စတိုင်းနဲ့ အစ္စရေးကြား ပဋိပက္ခ၊ ဆော်ဒီနဲ့ အီရတ်က မတည်ငြိမ်သေးတဲ့ လုံခြုံရေးပြဿနာတွေ ရှိနေပါတယ်။ဒီရက်ပိုင်းမှာဘဲ ဆီးရီးယား တောင်ပိုင်းကို အစ္စရေးဘက်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့လို့ သေကြေပျက်စီးမှုတွေ ရှိခဲ့ပါတယ်။အမေရိကန်ရဲ့ စွက်ဖက်မှုကြောင့် ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုဟာ ပြေလည်စရာမရှိသေးတဲ့အတွက် ဘာတွေဖြစ်လာမလဲ၊ အီရန်-အမေရိကန်ကြား ပဋိပက္ခကနေ ဘယ်လိုစစ်မီးတွေ ထတောက်လာဦးမလဲဆိုတာ ရင်တမမနဲ့ ဆက်စောင့်ကြည့်ဖို့ လိုနေပြီဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ် လှုပ်ခတ်ခဲ့တဲ့ သတင်းတွေဖြစ်တဲ့ သမ္မတ ယာယာဂျမ်မီး၏ ညွှန်ကြားချက်နဲ့ ၂၀၀၄ ခုနှစ်က ဂျာနယ်လစ်တစ်ဦးနဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို ပစ်ခတ်ခဲ့ ရှင်းလင်းခဲ့ကြောင်း ဂမ်ဘီယာ စစ်ဘက်အရာရှိတစ်ဦးက ဝန်ခံခဲ့တဲ့သတင်း၊ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ BJP ပါတီ နိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်မှာ အနိုင်ရခဲ့တဲ့သတင်း၊ ဂျပန်၏ ကုန်သွယ်ရေး ဦးစားပေးနိုင်ငံများ စာရင်းမှ တောင်ကိုရီးယားကို ဖယ်ရှားမယ့် အစီအစဉ်ကို ဖျက်သိမ်းဖို့ တောင်ကိုရီးယား တောင်းဆိုခဲ့တဲ့သတင်း၊ ဆစ်ဒနီမြို့ ရဲစခန်းတစ်ခု အပြင်ဘက်မှာ ရပ်နားထားတဲ့ ရဲကားကို ဝင်တိုက်တဲ့ ဗင်ကားထဲက ဒေါ်လာ သန်း ၁၄၀ တန်ဖိုးရှိ မက်သာအဖက်တမင်းများ တွေ့ရှိခဲ့တဲ့သတင်း၊ အင်္ဂလန် ရေလက်ကြားကို ဂျက်အင်ဂျင်သုံး လေပေါ်ပျံ စကိတ်ဘုတ်ပြားစက်နဲ့ ဖြတ်သန်းဖို့ကြိုးစားတာ မအောင်မြင်တဲ့သတင်း၊ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခြိမ်းခြောက်မှုတွေကြောင့် ကမ္ဘာ့စီးပွားရေး အလားအလာကို IMF က လျှော့ချခဲ့တဲ့သတင်း၊ အိန္ဒိယ အရှေ့ပိုင်း လယ်ကွင်းထဲ ဘောလုံးတစ်လုံး အရွယ်အစားရှိ ဥက္ကာခဲပြုတ်ကျခဲ့တဲ့သတင်း၊ ဆီးရီးယား ဒုက္ခသည်စခန်းရှိ IS စစ်သွေးကြွများ၏ မိသားစုဝင် ပြန်လက်ခံပေးဖို့ သြစတြေးလျအစိုးရကို  မိသားစုဝင်တွေက တရားစွဲမယ့် သတင်းတွေကလည်း ယခုတစ်ပတ်မှာ သတိထားစရာ ဖြစ်ခဲ့ပါတယ်။

အနောက်အုပ်စုကို သတိပေးခဲ့တဲ့ တရုတ်

ဟောင်ကောင် အထူးဒေသအစိုးရက ရေးဆွဲတဲ့ တရားခံကို ပြစ်မှုကျူးလွန်ရာ တရုတ်ပြည်မကြီးသို့ လွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ကန့်ကွက်ရာကနေ စခဲ့တဲ့ ဟောင်ကောင် ဆန္ဒပြမှုဟာ မတ် ၃၁ ရက်က နေစခဲ့ရာ ယခုဆိုလျှင် လနဲ့ချီပြီး ကြာခဲ့ပြီဖြစ်သလို ဟောင်ကောင်အစိုးရက ၎င်းတို့ရေးဆွဲထားသည့် ဥပဒေကြမ်းကို အသက်မသွင်းရန် ဆုံးဖြတ်သည်အထိ ဖြစ်ခဲ့ပေမယ့် ဆန္ဒပြသူတွေက မရပ်တန့်သေးခဲ့ပါဘူး။ဒီလိုမရပ်တန့်တဲ့အပြင် ဥပဒေပြုရေးကောင်စီကို သိမ်းပိုက်ခြင်း၊ အစိုးရရုံးဌာနများကို သိမ်းပိုက်ခြင်း စတဲ့ အကြမ်းဖက်မှုတွေအထိ ဖြစ်လာခဲ့ပါတယ်။

ဒီလိုအခြေအနေကနေ ဇူလိုင် ၂၁ ရက် ညပိုင်းက မျက်နှာဖုံးတပ် တုတ်ကိုင်လူအုပ်စုတစ်စုက ခရီးသွားလာသူတွေ၊ ဆန္ဒပြပြီး ပြန်လာသူတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၄၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ဇူလိုင် ၂၃ ရက်မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်း က ဒီလိုဟောင်ကောင်ဆန္ဒပြပွဲမှာ နောက်ကွယ်ကနေ အမေရိကန် ပါဝင်နေတာကို ထင်ထင်ရှားရှားမြင်ရပြီး  အမေရိကန်အစိုးရဖြစ်ကာ ယခုလိုဝင်ရောက်စွက်ဖက်မှုများ မလုပ်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးခဲ့ပါတယ်။ဒါ့အပြင် ဟောင်ကောင်ဟာ တရုတ်နိုင်ငံပိုင် ဒေသဖြစ်လို့ မည်သည့် ပြည်ပဝင်ရောက် စွက်ဖက်မှုကိုမျှ ခွင့်ပြုမှာမဟုတ်ဘဲ အမေရိကန်အစိုးရအနေနဲ့ ဟောင်ကောင် ဆူပူဆန္ဒပြမှုကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာကို ရပ်တန်းကရပ်ဖို့ ပြောခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေအနေနဲ့ သတိပေးတာ အမေရိကန်သာ မကပါဘူး။ယခင်ကိုလိုနီလုပ်ခဲ့ဘူးတဲ့ ဗြိတိန်ကိုလည်း ဟောင်ကောင်အရေး ဝင်ရောက်စွက်ဖက်ရင် သည်းခံမှာမဟုတ်ဘူးလို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ဟောင်ကောင် ပြဿနာဟာ ကမ္ဘာ့သတင်းတွေမှာ ထိပ်တန်းသတင်းတစ်ခု ဖြစ်နေသလို အနောက်အုပ်စုအတွက်လည်း စီးပွားရေးနဲ့ စစ်ရေးမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံ အနေအထားကို တရွေ့ရွေ့တက်လာတဲ့ တရုတ်ကို တားဆီးဖို့အတွက် အသုံးပြုစရာ လက်နက်တစ်ခုလည်း ဖြစ်နေပါတယ်။တစ်နိုင်ငံ စနစ်နှစ်မျိုး မူဝါဒကို ကျင့်သုံးနေတဲ့ တရုတ်နိုင်ငံအဖို့ ဟောကောင်ဟာ အကဲဆတ်သလို အနောက်အုပ်စုအတွက် ကစားကွက်တစ်ခုလို ဖြစ်နေတဲ့အတွက် တရုတ်အစိုးရရဲ့ သတိပေးမှုက ဘယ်လောက်ထိ ထိရောက်သလဲဆိုတာ စောင့်ကြည့်စရာ ဖြစ်လာခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေဘက်ကတော့ အနောက်အုပ်စု အထူးသဖြင့် အမေရိကန်က နောက်ကွယ်က ပတ်သက်မှုရှိနေတဲ့ ဟောင်ကောင် ပြဿနာကို အာရုံစိုက်ကိုင်တွယ်ဖို့ သေချာနေသလို တရုတ်စစ်ဘက်ကလည်း ဆူပူဆန္ဒပြမှုများကို ထိန်းချုပ်ရေးနှင့် ငြိမ်ဝပ်ပိပြားရေးအတွက် ဒေသတွင်းအစိုးရက တောင်းဆိုလျှင် စစ်သည်များကို ဖြန့်ကြက်ရန် အသင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။    

ဒီသတိပေးမှုတွေနောက်မှာ ဆန္ဒပြသူတွေဘက်က ဘယ်လိုတုံ့ပြန်လာမလဲ၊ တောင်းဆိုချက် နောက်ကွယ်မှာ ဘာတွေရှိမလဲ၊ အနောက်အုပ်စုဘက်က စွက်ဖက်မှုကို တရုတ်ဘက်က ဘယ်လိုပြင်းပြင်းထန်ထန် တုံ့ပြန်တာတွေ တွေ့ရမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီလို ဟောင်ကောင် ပြဿနာနဲ့ လုံးထွေးနေတဲ့ အာရှမှာ ယခုရက်သတ္တပတ်ထဲမှာဘဲ နောက်ထပ်စိတ်ဝင်စားစရာ သတင်းအချို့ ဖြစ်ခဲ့တာရှိပါတယ်။ဇူလိုင် ၂၃ ရက်က တောင်ကိုရီးယား ဝေဟင်ပိုင်နက်ထဲ ဝင်လာတဲ့ ရုရှား စစ်လေယာဉ်တစ်စင်းကို တောင်ကိုရီးယား စစ်လေယာဉ်တွေက ပစ်ခတ်သတိပေးမှု ပြုလုပ်ခဲ့တဲ့သတင်း၊ နှစ်နိုင်ငံ ပထမဆုံးအကြိမ် ပူးတွဲကင်းလှည့်ရေး လေ့ကျင့်မှုကို အရှေ့တရုတ်ပင်လယ်နှင့် ဂျပန်ပင်လယ်တွင် လုပ်ဆောင်ခဲ့စဉ် တရုတ်နှင့် ရုရှား လေယာဉ်တွေ မည်သည့်နိုင်ငံ၏ လေကြောင်းပိုင်နက်ထဲသို့မျှ ဝင်ရောက်ခြင်းမရှိခဲ့ဘူးလို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့တဲ့သတင်း၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ဂျပန်ပင်လယ်တွင် ဖြန့်ကျက်မည့် ရေငုပ်သင်္ဘောသစ်တစ်စီးကို ကြည့်ရှုစစ်ဆေးခဲ့တဲ့သတင်း၊ တရုတ်အစိုးရက အီးယူ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားကနေ တင်သွင်းလာတဲ့ သံမဏိထုတ်ကုန်တွေအပေါ် အခွန်တိုးကောက်တော့မယ်လို့ ကြေညာလိုက်တဲ့သတင်း၊ ဇူလိုင် ၂၅ ရက်က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်သစ်နှစ်စင်းက တောင်ကိုရီးယားကို တိုက်ရိုက်သတိပေးလိုက်တာလို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း က ပြောဆိုလိုက်တဲ့သတင်း၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကျေးရွာတစ်ရွာမှာ မြေပြိုမှုဖြစ်ပြီး သေဆုံးသူ ၂၀ ကျော်လာတဲ့သတင်း၊ တရုတ်ပုဂ္ဂလိကကုမ္ပဏီ အိုင်စပေ့မှ ထုတ်လုပ်သည့် ဟိုက်ပါဘိုလာ-၁ ဒုံးပျံဖြင့် ဂြိုဟ်တုနှစ်စင်းကို ကမ္ဘာပတ်လမ်း အတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တဲ့သတင်း စတဲ့ သတင်းတွေလည်း ယခုတစ်ပတ်မှာ ဖြစ်ခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်သစ်နဲ့ ဥရောပအပူလှိုင်း

ဇူလိုင် ၂၄ ရက်မှာ နေ့လယ်ပိုင်းမှာ ဘက်ကင်ဟမ်နန်းတော်မှာ ဘုရင်မကြီးနဲ့ ပရိသတ်တွေရှေ့မှောက် ဝန်ကြီးချုပ်အဖြစ် ရာထူးလက်ခံ စတင်တာဝန်ယူပြီးနောက် အီးယူကနေ ခွဲထွက်မယ့် အစီအစဉ်ကို အောင်မြင်အောင် လုပ်ဆောင်ပြဖို့ ထရီဆာမေ ရဲ့ နေရာကို ဆက်ခံတဲ့ လန်ဒန်မြို့တော်ဝန်ဟောင်း ဂျွန်ဆင် ဟာ တာဝန်ရှိလာပါတယ်။

တစ်ခုသတိထားစရာ ရှိလာတာက ဥရောပမှာ တက်လာတဲ့ ခေါင်းဆောင်တွေမှန်သမျှ သဘောထားတင်းမာတဲ့သူတွေ ဖြစ်လာသလို အမေရိကန်သမ္မတ ထရမ့် ကို တန်းတူလို သဘောထားတဲ့သူတွေ ဖြစ်နေတာပါဘဲ။ဂျွန်ဆင် အနေနဲ့ ထရီဆာမေ ကို ကန့်လန်တိုက်ခဲ့သမျှ သူကိုယ်တိုင် အစိုးရအဖွဲ့ ဖွဲ့စည်းလာခဲ့ရတဲ့အခါ အတိုက်အခံ လေဘာပါတီဘက်က လာမယ့် တိုက်ခိုက်မှုတွေ၊ သူ့ပါတီ ကွန်ဆာဗေးတစ်ပါတီထဲက ပြိုင်ဆိုင်မှုတွေကို ရင်ဆိုင်ရမယ့်အပြင် ဘီဇစ်အလွန် ဗြိတိန်ရဲ့ စီးပွားရေးအတွက်လည်း ပြင်ဆင်ရမှာဖြစ်တဲ့အတွက် သူ့အစိုးရအဖွဲ့မှာ ဘယ်သူတွေပါမလဲဆိုတာ စိတ်ဝင်စားဖွယ် ဖြစ်လာခဲ့ပါတယ်။

သတင်းတွေ ခန့်မှန်းချက်အရ ဂျွန်ဆင် ကို ခေတ်သစ်ဗြိတိန်အဖြစ် ပုံဖော်မယ့်သူအဖြစ် ဆိုကြပေမယ့် တစ်ကယ်ဖော်ဆောင်နိုင်မလားဆိုတာက စောင့်ကြည့်ဖို့ လိုနေပါသေးတယ်။သူ့လက်ထက်မှာ အီရန်လက်ထဲ ရောက်နေတဲ့ ဗြိတိန်ရေနံတင်သင်္ဘောလို ကိစ္စကနေ  ရွှေ့ပြောင်းဒုက္ခသည်တွေ ကိစ္စအထိ၊ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေကြောင့် ကမ္ဘာ့စီးပွားရေး တုံ့ဆိုင်းမှုကနေ အီရန်အကြပ်အတည်းကြောင့် လောင်စာဆီ အတက်အကျအထိ ကိုင်တွယ်ဖြေရှင်းစရာတွေလည်း ရှိနေသေးပါတယ်။ရင်းနှီးမြှုပ်နှံသူများကတော့ ဘဏ္ဍာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ဗြိတိန်ထွက်ခွာမှုဆိုင်ရာ ဝန်ကြီးနေရာတွေမှာ ဘယ်သူတွေကို ဂျွန်ဆင် ခန့်အပ်မလဲဆိုတာ စောင့်ကြည့်နေကြပါတယ်။ဂျွန်ဆင် ဗြိတိန်ဝန်ကြီးချုပ်နေရာမှာ မြဲပါ့မလားဆိုတာ နိုင်ငံတကာ စောင့်ကြည့်သူတွေကြား မေးခွန်းထုတ်စရာပါဘဲ။

ဥရောပမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်နေသလို ဥရောပတစ်ခွင်မှာလဲ အပူလှိုင်းကျနေတဲ့အတွက် အများပြည်သူကြားမှာ စိုးရိမ်ပူပန်မှုတွေ တိုးနေပါတယ်။အအေးပိုင်းများတဲ့ ဥရောပမှာ အပူချိန်က စံချိန်တင်တက်နေတာပါ။ပြင်သစ်မှာတော့ ၁၉၄၇ ဇူလိုင်လတုန်းက တင်ထားခဲ့တဲ့ စံချိန်တင် အပူချိန် ၄၀ ဒသမ ၄ ဒီဂရီ ဆဲလ်စီယက်စ်ကို ကျော်လွန်ပြီး ယခုတစ်ပတ်မှာ စံချိန်တင် ၄၂ ဒဿမ ၆ ဒီဂရီ ဆဲလ်စီယက်စ်ကို ရောက်ရှိခဲ့ပါတယ်။အပူရှိန်ပြင်းလို့ အများပြည်သူ ခရီးသွားလာသူ သန်းချီပြီး အပူဒဏ်ကို ခံနေရပါတယ်။

ဒီနှစ်မှာ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ ဂျာမနီတို့မှာ စံချိန်တင် အပူချိန်တွေကြောင့်  ဒီရာသီက အများပြည်သူ ကျန်းမာရေးအတွက် အတော်လေး စိုးရိမ်ပူပန်စရာဖြစ်ခဲ့သလို အာဏာပိုင်တွေဘက်က နေထိုင်မှုအပေါ် သတိပေးမှုတွေ ထုတ်ပြန်ခဲ့ရသလို ကမ္ဘာလှည့်ခရီးသွားတွေလည်း  စမ်းရေအိုင်တွေနဲ့ ရေကန်တွေဆီ ရေစိမ်ဖို့ လာရောက်မှုများခဲ့ပါတယ်။ပူလွန်းတဲ့အတွက် ရေငတ်နေရှာတဲ့ တိရစ္ဆာန်တွေကို အစာကျွေးရာမှာ ရေခဲညှပ်ပြီး ကျွေးပေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။မိုးလေဝသပညာရှင်တွေကတော့ ဘယ်လ်ဂျီယမ်၊ လူဇင်ဘတ်ခ်၊ ဂျာမနီနဲ့ နယ်သာလန် အပါအဝင် နိုင်ငံအတော်များများမှာ အပူချိန်မြင့်မားမှုတွေ ဖြစ်လာဦးမယ်လို့ ခန့်မှန်းတွက်ချက်ထားလို့ ဘယ်လိုအသေအပျောက်တွေ ကြားရဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းတွေအပြင် ယခုတစ်ပတ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရုရှား ငါးဖမ်းလှေတစ်စီးကို မြောက်ကိုရီးယားအစိုးရက ပြန်လည်လွှတ်ပေးခဲ့တဲ့သတင်း၊ ဟနွိုင်းရှိ လေဆိပ်တစ်ခုမှာ ပတ်တီးများအတွင်း သိုဝှက်သယ်ဆောင်လာတဲ့ ကြံ့ချိုအစိတ်အပိုင်း ၅၅ ခုကို သိမ်းဆည်းရမိခဲ့တဲ့သတင်း၊ မွမ်ဘိုင်းမြို့အနီး ရေကြီးရေလျှံမှုထဲ ပိတ်မိနေတဲ့ ရထားတစ်စီးပေါ်က လူ ၈၀၀ ကျော်ကို အိန္ဒိယရေတပ်က ရဟတ်ယာဉ်တွေ၊ အရေးပေါ်လှေတွေ အသုံးပြုကာ ကယ်ဆယ်ခဲ့ရတဲ့ သတင်း၊ စစ်သွေးကြွတွေရဲ့ သီးခြားတိုက်ခိုက်မှု နှစ်ခုအတွင်း ပါကစ္စတန် စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့သတင်း၊ မော်စကို လူထုဆန္ဒထုတ်ဖော်ပွဲမှာ ရဲတပ်ဖွဲ့က လူ ၁,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့ သတင်းတွေ ယခုတစ်ပတ်မှာ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဇူလိုင် - ၂၉

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲမွာ အမ်ားစုစိတ္ဝင္စားစရာျဖစ္ခဲ့တဲ့ သတင္းေတြက ေဟာင္ေကာင္အေရးအေပၚ ပါဝင္စြက္ဖက္တဲ့ အေမရိကန္ အပါအဝင္ အေနာက္အုပ္စုႏိုင္ငံေတြကို တ႐ုတ္ဘက္က သတိေပးလိုက္တဲ့ သတင္းက ကမာၻ႔မီဒီယာေတြမွာ ေနရာယူခဲ့ပါတယ္။ဒီလိုသတင္းေတြအျပင္ အီရန္ဘက္က ဒုံးက်ည္စမ္းသပ္ ပစ္လႊတ္တဲ့သတင္း၊ ၿဗိတိန္မွာ ဝန္ႀကီးခ်ဳပ္အသစ္ တက္လာၿပီး  အစိုးရအဖြဲ႕ကို ျပင္ဆင္ဖြဲ႕စည္းခဲ့တဲ့သတင္း၊ ႐ုရွားသေဘာကႋု ေျမာက္ကိုရီးယားက ဖမ္းဆီးလိုက္တဲ့ သတင္းေတြကလည္း ယခုတစ္ပတ္ရဲ႕ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

အဆိုပါသတင္းေတြနဲ႔အတူ ယခုတစ္ပတ္ အမ်ားစုသတိထားမိတဲ့ သတင္းအခ်ိဳ႕လည္း ရွိခဲ့ပါတယ္။ဒီသတင္းေတြက ကေမာၻဒီးယားႏိုင္ငံမွာ မိခင္ႏွင့္ ကေလးငယ္မ်ားအတြက္ အာဟာရေထာက္ပံ့ေရး ငါးႏွစ္စီမံကိန္းကို စတင္လိုက္တဲ့သတင္း၊ လကို စူးစမ္းေလ့လာမည့္ ခ်န္ဒရာယန္း -၂ အာကာသယာဥ္ကို အိႏၵိယက ကမာၻပတ္လမ္းေၾကာင္းထဲ ေအာင္ျမင္စြာ လႊတ္တင္ခဲ့တဲ့သတင္း၊ ထိုင္းႏိုင္ငံ ေတာင္ပိုင္းရွိ စစ္စခန္းတစ္ခု မူဆလင္ေသာင္းက်န္းသူေတြ ဝင္တိုက္လို႔ လူေလးဦး ေသဆုံးခဲ့တဲ့သတင္း၊ ၁၆ ႏွစ္ၾကာ ရပ္ဆိုင္းထားတဲ့ အက်ဥ္းသားေတြကို ေသဒဏ္ေပး ကြပ္မ်က္သတ္ျဖတ္မႈ ျပန္လည္စတင္မယ္လို႔ အေမရိကန္ တရားေရးဌာနက ေၾကညာခ်က္ ထုတ္ျပန္ခဲ့တဲ့သတင္း၊ လူေသအႂကြင္းအက်န္ အစိတ္အပိုင္းမ်ားနဲ႔ ေဆးထိုးအပ္ေတြပါတဲ့ ကြန္တိန္နာ ၁၀၀ ေက်ာ္ကို ခ်က္ခ်င္းျပန္ယူဖို႔ ၿဗိတိန္ႏိုင္ငံကို သီရိလကၤာအစိုးရက ျပင္းျပင္းထန္ထန္ ကန႔္ကြက္တိုက္တြန္းထားတဲ့ သတင္း၊ စင္ကာပူကို ျဖတ္သန္းေသာ ကြန္ဂိုဒီမိုကရက္ႏိုင္ငံမွ သေဘၤာေပၚမွ ဆင္စြယ္ ၈ ဒသမ ၈ တန္ကို ဖမ္းဆီးရမိခဲ့တဲ့ သတင္းေတြကလည္း သတင္းဖတ္သူေတြ စိတ္ဝင္စားခဲ့တဲ့ သတင္းေတြဘဲ ျဖစ္ပါတယ္။

ပင္လယ္ေကြ႕အေရး ဘယ္အေျခဆိုက္ေနၿပီလဲ

ၿဗိတိန္ေရနံတင္သေဘၤာကို ဖမ္းဆီးခဲ့တဲ့ေနာက္ပိုင္း အီရန္ရဲ႕ အေနအထားက ကမာၻ႔အင္အားႀကီးႏိုင္ငံေတြ အထူးသျဖင့္ အေနာက္အုပ္စုၾကား သတိထားစရာ အေနအထား ျဖစ္လာခဲ့ပါတယ္။အထူးသျဖင့္ ယခင္ကလိုမဟုတ္ဘဲ ႐ုရွား ေက်ာေထာက္ေနာက္ခံနဲ႔ မာမာထန္ထန္ရပ္တည္ေနတဲ့ အီရန္အေနအထားက အေနာက္အုပ္စုအတြက္ မ်က္စိစပါးေမႊးစူးစရာ ျဖစ္ေနသလို အာရပ္ကမာၻထဲမွာ တစ္ႏိုင္ငံတည္းျဖစ္ေနတဲ့  အစၥေရးအတြက္လည္း အၿမဲသတိထားစရာ အေျခအေနပါ။

ယခုေနာက္ပိုင္းမွာ အီရန္အတြက္ ဆီးရီးယားျပည္တြင္းစစ္ထဲ ထဲထဲဝင္ဝင္ ပါဝင္ေနသလို လက္နက္မ်ိဳးစုံကိုလည္း စမ္းသပ္ခြင့္ရေနတဲ့အတြက္ အီရန္ အေျခအေနက ေျမာက္ကိုရီးယားလို မဟုတ္ဘဲ အေနာက္အုပ္စုအတြက္ အီရန္ အင္အားအေျခအေနကို ျပန္သုံးသပ္တြက္ဆေနရတဲ့ အေနအထားကို ေရာက္ေနပါတယ္။ဒီအေျခအေနမွာ ၿဗိတိန္က ဂ်ီဘေရာ္လ္တာ ေရလက္ၾကားထဲမွာ အီရန္ ေရနံတင္သေဘၤာကို ဖမ္းဆီးခဲ့ရာကေန အီရန္က ပါရွန္းပင္လယ္ေကြ႕ထဲ သြားလာေနတဲ့ ၿဗိတိန္ေရနံတင္သေဘၤာ ႏွစ္စင္းကို လက္တုံ႔ျပန္ဖမ္းဆီးခဲ့တာပါ။အီရန္အေနနဲ႔ သူ႔ကို အေရးယူရင္၊ တိုက္ခိုက္ရင္ ပါရွန္းပင္လယ္ေကြ႕ထဲက ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ဆို႔ဖို႔ မၾကာခဏၿခိမ္းေျခာက္ေနခဲ့တာပါ။ဒီေရလက္ၾကားကိုသာ ပိတ္ဆို႔လိုက္ရင္ ကမာၻ႔စီးပြားေရးကို ေမာင္းႏွင္ေနတဲ့ ေရနံကို ဆိုးဆိုးဝါးဝါးထိခိုက္မွာျဖစ္လို႔ အေမရိကန္လည္း ခ်ိန္ဆေနရတဲ့ အေနအထားရွိေနပါတယ္။

ဒါေပမယ့္ ပါရွန္းပင္လယ္ေကြ႕မွာ အီရန္ေတာ္လွန္ေရးတပ္က ေရနံတင္သေဘၤာေတြကို ေႏွာင့္ယွက္တာေတြ၊ အီရန္ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ဟူသီသူပုန္ေတြက ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္တာေတြေၾကာင့္ ဒီပါရွန္းပင္လယ္ေကြ႕ထဲကို အေနာက္အုပ္စုနဲ႔ သူ႔ရဲ႕ မဟာမိတ္ေေတြက စစ္သေဘၤာ အေစာင့္အေရွာက္ေတြပို႔ဖို႔ စီစဥ္ေနသလို အေမရိကန္၊ ၿဗိတိန္တို႔ကလည္း ေလယာဥ္တင္သေဘၤာေတြ၊ စစ္သေဘၤာေတြ ေစလႊတ္ထားတာ ရွိပါတယ္။ယခုရက္သတၱပတ္ထဲမွာဘဲ ၿဗိတိန္ေရတပ္က န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာႏွင့္ အထူးတပ္ဖြဲ႕ ေစလႊတ္မယ္လို႔ ေၾကညာခဲ့ပါတယ္။ဒီၾကားထဲမွာ ၿဗိတိန္ဘက္က သူတို႔ဖမ္းထားတဲ့ အီရန္ဖမ္းထားတဲ့ ၿဗိတိန္ေရနံတင္သေဘၤာကို ျပန္လႊတ္ရင္ အီရန္ေရနံတင္သေဘၤာကို ျပန္လႊတ္ေပးမယ္လို႔ ကမ္းလွမ္းခဲ့ပါတယ္။

အီရန္အေနနဲ႔ အခ်ိန္မေ႐ြး သူ႔ႏိုင္ငံထဲကို အေမရိကန္ ဦးေဆာင္တဲ့ အေနာက္အုပ္စုက လာတိုက္ႏိုင္တဲ့ အေျခအေနရွိေနတဲ့အတြက္ အၿမဲသတိထားသလို ၿဗိတိန္ဘက္က ယခုလို ၿဗိတိန္ေရတပ္က လႊတ္မယ့္ န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာႏွင့္ အထူးတပ္ဖြဲ႕ သတင္းကို ေပါ့မထားပါဘူး။ဒါ့အျပင္ အေမရိကန္က ၿဗိတိန္ေရနံတင္သေဘၤာ ဖမ္းဆီးခံရတဲ့ကိစၥမွာ ပူးေပါင္းပါဝင္မယ္ဆိုတဲ့အတြက္ ျဖစ္လာႏိုင္တဲ့ လွ်ပ္တျပက္ စစ္ဆင္ေရးေတြရန္ကို အေတာ္ေလးသတိထားေနပါတယ္။ဒါေၾကာင့္ ပင္လယ္ေကြ႕ေဒသအတြင္း ျဖတ္သန္းေမာင္းႏွင္ေနေသာ အေမရိကန္သေဘၤာ အားလုံးကို အီရန္က ေမာင္းသူမဲ့ေလယာဥ္မ်ား အသုံးျပဳၿပီး ေစာင့္ၾကည့္ေနတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဒီေရလက္ၾကားျပႆနာနဲ႔ အီရန္-အေမရိကန္ ျပႆနာက ထင္ထားတာထက္ ပိုၾကာလာဖို႔ရွိေနသလို အေမရိကန္အေနနဲ႔ အီရန္ကို ပိတ္ဆို႔မႈေတြေၾကာင့္ ၾကာရွည္အခက္အခဲေတြျဖစ္ၿပီး ျပည္တြင္းမွာ ေတာ္လွန္ေရးျဖစ္လာတဲ့အထိ ရည္႐ြယ္ဟန္ရွိပါတယ္။ဒါေၾကာင့္လည္း အီရန္က ဒီျပႆနာကို ေစာေစာရွင္းထုတ္ဖို႔ လုပ္ေဆာင္ေနသလို အေမရိကန္ရဲ႕ ပိတ္ဆို႔မႈေတြကို အာခံဖို႔ ႐ုရွား၊ တ႐ုတ္၊ ေျမာက္ကိုရီးယားလို အေမရိကန္နဲ႔ မသင့္တဲ့ ႏိုင္ငံေတြနဲ႔ ဆက္ဆံမႈအားေကာင္းေအာင္ ႀကိဳးစားေနတာကို ေတြ႕ရပါတယ္။ဒါေၾကာင့္လည္း ပါရွန္းပင္လယ္ေကြ႕ကေန ေရနံတင္သေဘၤာ ေစလႊတ္ေနရတဲ့ ႏိုင္ငံေတြက သူတို႔ ေရနံတင္သေဘၤာေတြကို ကာကြယ္ႏိုင္ဖို႔ အေစာင့္အေရွာက္ စစ္သေဘၤာေတြ လႊတ္ဖို႔ထိ စဥ္းစားလာၾကပါတယ္။

ယခုတစ္ပတ္ထဲမွာဘဲ အေမရိကန္ မဟာမိတ္ ေတာင္ကိုရီးယားဘက္က ရဟတ္ယာဥ္ေတြ ပါဝင္တဲ့ ဖ်က္သေဘၤာတစ္စင္း အပါအဝင္ ဆိုမာလီကမ္း႐ိုးတန္းအနီး ပင္လယ္ဓားျပ ကာကြယ္ေရးအတြက္ အသုံးျပဳေနသည့္ Cheonghae ေရတပ္ဖြဲ႕ကို ပင္လယ္ေကြ႕သို႔ ေစလႊတ္ဖို႔ စီစဥ္ေနတယ္ဆိုတဲ့ သတင္းေတြ ထြက္လာခဲ့ပါတယ္။

ပါရွားပင္လယ္ေကြ႕ထဲ ဒီလိုသာ ႏိုင္ငံတိုင္းက ေရနံတင္သေဘၤာေတြ ေစာင့္ေရွာက္ဖို႔ စစ္သေဘၤာေတြ ေစလႊတ္မယ္ဆိုရင္ ပါရွန္းပင္လယ္ေကြ႕ဟာ စစ္ျဖစ္ဖို႔ အသင့္ျဖစ္ေနတဲ့ အေနအထားျဖစ္လာမွာ ေသခ်ာေနပါတယ္။အဲဒီအနီးတစ္ဝိုက္မွာလည္း ဆီးရီးယားျပည္တြင္းစစ္၊ ယီမင္ျပည္တြင္းစစ္၊ ပါလက္စတိုင္းနဲ႔ အစၥေရးၾကား ပဋိပကၡ၊ ေဆာ္ဒီနဲ႔ အီရတ္က မတည္ၿငိမ္ေသးတဲ့ လုံၿခဳံေရးျပႆနာေတြ ရွိေနပါတယ္။ဒီရက္ပိုင္းမွာဘဲ ဆီးရီးယား ေတာင္ပိုင္းကို အစၥေရးဘက္က ဒုံးက်ည္ေတြနဲ႔ တိုက္ခိုက္ခဲ့လို႔ ေသေၾကပ်က္စီးမႈေတြ ရွိခဲ့ပါတယ္။အေမရိကန္ရဲ႕ စြက္ဖက္မႈေၾကာင့္ ျဖစ္ေနတဲ့ အေရွ႕အလယ္ပိုင္း မတည္ၿငိမ္မႈဟာ ေျပလည္စရာမရွိေသးတဲ့အတြက္ ဘာေတြျဖစ္လာမလဲ၊ အီရန္-အေမရိကန္ၾကား ပဋိပကၡကေန ဘယ္လိုစစ္မီးေတြ ထေတာက္လာဦးမလဲဆိုတာ ရင္တမမနဲ႔ ဆက္ေစာင့္ၾကည့္ဖို႔ လိုေနၿပီျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္ လႈပ္ခတ္ခဲ့တဲ့ သတင္းေတြျဖစ္တဲ့ သမၼတ ယာယာဂ်မ္မီး၏ ၫႊန္ၾကားခ်က္နဲ႔ ၂၀၀၄ ခုႏွစ္က ဂ်ာနယ္လစ္တစ္ဦးနဲ႔ ေ႐ႊ႕ေျပာင္းဒုကၡသည္ေတြကို ပစ္ခတ္ခဲ့ ရွင္းလင္းခဲ့ေၾကာင္း ဂမ္ဘီယာ စစ္ဘက္အရာရွိတစ္ဦးက ဝန္ခံခဲ့တဲ့သတင္း၊ အိႏၵိယ ဝန္ႀကီးခ်ဳပ္ နာရန္ဒရာ မိုဒီ၏ BJP ပါတီ ႏိုင္ငံေတာင္ပိုင္း ကာနာတာကာျပည္နယ္မွာ အႏိုင္ရခဲ့တဲ့သတင္း၊ ဂ်ပန္၏ ကုန္သြယ္ေရး ဦးစားေပးႏိုင္ငံမ်ား စာရင္းမွ ေတာင္ကိုရီးယားကို ဖယ္ရွားမယ့္ အစီအစဥ္ကို ဖ်က္သိမ္းဖို႔ ေတာင္ကိုရီးယား ေတာင္းဆိုခဲ့တဲ့သတင္း၊ ဆစ္ဒနီၿမိဳ႕ ရဲစခန္းတစ္ခု အျပင္ဘက္မွာ ရပ္နားထားတဲ့ ရဲကားကို ဝင္တိုက္တဲ့ ဗင္ကားထဲက ေဒၚလာ သန္း ၁၄၀ တန္ဖိုးရွိ မက္သာအဖက္တမင္းမ်ား ေတြ႕ရွိခဲ့တဲ့သတင္း၊ အဂၤလန္ ေရလက္ၾကားကို ဂ်က္အင္ဂ်င္သုံး ေလေပၚပ်ံ စကိတ္ဘုတ္ျပားစက္နဲ႔ ျဖတ္သန္းဖို႔ႀကိဳးစားတာ မေအာင္ျမင္တဲ့သတင္း၊ အေမရိကန္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈ ၿခိမ္းေျခာက္မႈေတြေၾကာင့္ ကမာၻ႔စီးပြားေရး အလားအလာကို IMF က ေလွ်ာ့ခ်ခဲ့တဲ့သတင္း၊ အိႏၵိယ အေရွ႕ပိုင္း လယ္ကြင္းထဲ ေဘာလုံးတစ္လုံး အ႐ြယ္အစားရွိ ဥကၠာခဲျပဳတ္က်ခဲ့တဲ့သတင္း၊ ဆီးရီးယား ဒုကၡသည္စခန္းရွိ IS စစ္ေသြးႂကြမ်ား၏ မိသားစုဝင္ ျပန္လက္ခံေပးဖို႔ ၾသစေၾတးလ်အစိုးရကို  မိသားစုဝင္ေတြက တရားစြဲမယ့္ သတင္းေတြကလည္း ယခုတစ္ပတ္မွာ သတိထားစရာ ျဖစ္ခဲ့ပါတယ္။

အေနာက္အုပ္စုကို သတိေပးခဲ့တဲ့ တ႐ုတ္

ေဟာင္ေကာင္ အထူးေဒသအစိုးရက ေရးဆြဲတဲ့ တရားခံကို ျပစ္မႈက်ဴးလြန္ရာ တ႐ုတ္ျပည္မႀကီးသို႔ လႊဲေျပာင္းေပးေရး ဥပေဒၾကမ္းကို ကန႔္ကြက္ရာကေန စခဲ့တဲ့ ေဟာင္ေကာင္ ဆႏၵျပမႈဟာ မတ္ ၃၁ ရက္က ေနစခဲ့ရာ ယခုဆိုလွ်င္ လနဲ႔ခ်ီၿပီး ၾကာခဲ့ၿပီျဖစ္သလို ေဟာင္ေကာင္အစိုးရက ၎တို႔ေရးဆြဲထားသည့္ ဥပေဒၾကမ္းကို အသက္မသြင္းရန္ ဆုံးျဖတ္သည္အထိ ျဖစ္ခဲ့ေပမယ့္ ဆႏၵျပသူေတြက မရပ္တန႔္ေသးခဲ့ပါဘူး။ဒီလိုမရပ္တန႔္တဲ့အျပင္ ဥပေဒျပဳေရးေကာင္စီကို သိမ္းပိုက္ျခင္း၊ အစိုးရ႐ုံးဌာနမ်ားကို သိမ္းပိုက္ျခင္း စတဲ့ အၾကမ္းဖက္မႈေတြအထိ ျဖစ္လာခဲ့ပါတယ္။

ဒီလိုအေျခအေနကေန ဇူလိုင္ ၂၁ ရက္ ညပိုင္းက မ်က္ႏွာဖုံးတပ္ တုတ္ကိုင္လူအုပ္စုတစ္စုက ခရီးသြားလာသူေတြ၊ ဆႏၵျပၿပီး ျပန္လာသူေတြကို တိုက္ခိုက္ခဲ့တဲ့အတြက္ လူ ၄၅ ဦးထက္မနည္း ဒဏ္ရာရခဲ့ပါတယ္။ဇူလိုင္ ၂၃ ရက္မွာ ျပဳလုပ္တဲ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ ဟြာခြၽန္ယင္း က ဒီလိုေဟာင္ေကာင္ဆႏၵျပပြဲမွာ ေနာက္ကြယ္ကေန အေမရိကန္ ပါဝင္ေနတာကို ထင္ထင္ရွားရွားျမင္ရၿပီး  အေမရိကန္အစိုးရျဖစ္ကာ ယခုလိုဝင္ေရာက္စြက္ဖက္မႈမ်ား မလုပ္ရန္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတိေပးခဲ့ပါတယ္။ဒါ့အျပင္ ေဟာင္ေကာင္ဟာ တ႐ုတ္ႏိုင္ငံပိုင္ ေဒသျဖစ္လို႔ မည္သည့္ ျပည္ပဝင္ေရာက္ စြက္ဖက္မႈကိုမွ် ခြင့္ျပဳမွာမဟုတ္ဘဲ အေမရိကန္အစိုးရအေနနဲ႔ ေဟာင္ေကာင္ ဆူပူဆႏၵျပမႈကို ေနာက္ကြယ္ကေန ႀကိဳးကိုင္ေနတာကို ရပ္တန္းကရပ္ဖို႔ ေျပာခဲ့ပါတယ္။

တ႐ုတ္အာဏာပိုင္ေတြအေနနဲ႔ သတိေပးတာ အေမရိကန္သာ မကပါဘူး။ယခင္ကိုလိုနီလုပ္ခဲ့ဘူးတဲ့ ၿဗိတိန္ကိုလည္း ေဟာင္ေကာင္အေရး ဝင္ေရာက္စြက္ဖက္ရင္ သည္းခံမွာမဟုတ္ဘူးလို႔ အဲဒီသတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။ေဟာင္ေကာင္ ျပႆနာဟာ ကမာၻ႔သတင္းေတြမွာ ထိပ္တန္းသတင္းတစ္ခု ျဖစ္ေနသလို အေနာက္အုပ္စုအတြက္လည္း စီးပြားေရးနဲ႔ စစ္ေရးမွာ ကမာၻ႔အင္အားႀကီးႏိုင္ငံ အေနအထားကို တေ႐ြ႕ေ႐ြ႕တက္လာတဲ့ တ႐ုတ္ကို တားဆီးဖို႔အတြက္ အသုံးျပဳစရာ လက္နက္တစ္ခုလည္း ျဖစ္ေနပါတယ္။တစ္ႏိုင္ငံ စနစ္ႏွစ္မ်ိဳး မူဝါဒကို က်င့္သုံးေနတဲ့ တ႐ုတ္ႏိုင္ငံအဖို႔ ေဟာေကာင္ဟာ အကဲဆတ္သလို အေနာက္အုပ္စုအတြက္ ကစားကြက္တစ္ခုလို ျဖစ္ေနတဲ့အတြက္ တ႐ုတ္အစိုးရရဲ႕ သတိေပးမႈက ဘယ္ေလာက္ထိ ထိေရာက္သလဲဆိုတာ ေစာင့္ၾကည့္စရာ ျဖစ္လာခဲ့ပါတယ္။

တ႐ုတ္အာဏာပိုင္ေတြဘက္ကေတာ့ အေနာက္အုပ္စု အထူးသျဖင့္ အေမရိကန္က ေနာက္ကြယ္က ပတ္သက္မႈရွိေနတဲ့ ေဟာင္ေကာင္ ျပႆနာကို အာ႐ုံစိုက္ကိုင္တြယ္ဖို႔ ေသခ်ာေနသလို တ႐ုတ္စစ္ဘက္ကလည္း ဆူပူဆႏၵျပမႈမ်ားကို ထိန္းခ်ဳပ္ေရးႏွင့္ ၿငိမ္ဝပ္ပိျပားေရးအတြက္ ေဒသတြင္းအစိုးရက ေတာင္းဆိုလွ်င္ စစ္သည္မ်ားကို ျဖန႔္ၾကက္ရန္ အသင့္ရွိတယ္လို႔ ေျပာခဲ့ပါတယ္။    

ဒီသတိေပးမႈေတြေနာက္မွာ ဆႏၵျပသူေတြဘက္က ဘယ္လိုတုံ႔ျပန္လာမလဲ၊ ေတာင္းဆိုခ်က္ ေနာက္ကြယ္မွာ ဘာေတြရွိမလဲ၊ အေနာက္အုပ္စုဘက္က စြက္ဖက္မႈကို တ႐ုတ္ဘက္က ဘယ္လိုျပင္းျပင္းထန္ထန္ တုံ႔ျပန္တာေတြ ေတြ႕ရမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီလို ေဟာင္ေကာင္ ျပႆနာနဲ႔ လုံးေထြးေနတဲ့ အာရွမွာ ယခုရက္သတၱပတ္ထဲမွာဘဲ ေနာက္ထပ္စိတ္ဝင္စားစရာ သတင္းအခ်ိဳ႕ ျဖစ္ခဲ့တာရွိပါတယ္။ဇူလိုင္ ၂၃ ရက္က ေတာင္ကိုရီးယား ေဝဟင္ပိုင္နက္ထဲ ဝင္လာတဲ့ ႐ုရွား စစ္ေလယာဥ္တစ္စင္းကို ေတာင္ကိုရီးယား စစ္ေလယာဥ္ေတြက ပစ္ခတ္သတိေပးမႈ ျပဳလုပ္ခဲ့တဲ့သတင္း၊ ႏွစ္ႏိုင္ငံ ပထမဆုံးအႀကိမ္ ပူးတြဲကင္းလွည့္ေရး ေလ့က်င့္မႈကို အေရွ႕တ႐ုတ္ပင္လယ္ႏွင့္ ဂ်ပန္ပင္လယ္တြင္ လုပ္ေဆာင္ခဲ့စဥ္ တ႐ုတ္ႏွင့္ ႐ုရွား ေလယာဥ္ေတြ မည္သည့္ႏိုင္ငံ၏ ေလေၾကာင္းပိုင္နက္ထဲသို႔မွ် ဝင္ေရာက္ျခင္းမရွိခဲ့ဘူးလို႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက ေျပာခဲ့တဲ့သတင္း၊ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္ ဂ်ပန္ပင္လယ္တြင္ ျဖန႔္က်က္မည့္ ေရငုပ္သေဘၤာသစ္တစ္စီးကို ၾကည့္ရႈစစ္ေဆးခဲ့တဲ့သတင္း၊ တ႐ုတ္အစိုးရက အီးယူ၊ ဂ်ပန္၊ ေတာင္ကိုရီးယားႏွင့္ အင္ဒိုနီးရွားကေန တင္သြင္းလာတဲ့ သံမဏိထုတ္ကုန္ေတြအေပၚ အခြန္တိုးေကာက္ေတာ့မယ္လို႔ ေၾကညာလိုက္တဲ့သတင္း၊ ဇူလိုင္ ၂၅ ရက္က စမ္းသပ္ပစ္လႊတ္ခဲ့တဲ့ ဒုံးက်ည္သစ္ႏွစ္စင္းက ေတာင္ကိုရီးယားကို တိုက္႐ိုက္သတိေပးလိုက္တာလို႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္း က ေျပာဆိုလိုက္တဲ့သတင္း၊ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းရွိ ေက်း႐ြာတစ္႐ြာမွာ ေျမၿပိဳမႈျဖစ္ၿပီး ေသဆုံးသူ ၂၀ ေက်ာ္လာတဲ့သတင္း၊ တ႐ုတ္ပုဂၢလိကကုမၸဏီ အိုင္စေပ့မွ ထုတ္လုပ္သည့္ ဟိုက္ပါဘိုလာ-၁ ဒုံးပ်ံျဖင့္ ၿဂိဳဟ္တုႏွစ္စင္းကို ကမာၻပတ္လမ္း အတြင္းသို႔ ေအာင္ျမင္စြာ လႊတ္တင္ႏိုင္ခဲ့တဲ့သတင္း စတဲ့ သတင္းေတြလည္း ယခုတစ္ပတ္မွာ ျဖစ္ခဲ့ပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္သစ္နဲ႔ ဥေရာပအပူလႈိင္း

ဇူလိုင္ ၂၄ ရက္မွာ ေန႔လယ္ပိုင္းမွာ ဘက္ကင္ဟမ္နန္းေတာ္မွာ ဘုရင္မႀကီးနဲ႔ ပရိသတ္ေတြေရွ႕ေမွာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ ရာထူးလက္ခံ စတင္တာဝန္ယူၿပီးေနာက္ အီးယူကေန ခြဲထြက္မယ့္ အစီအစဥ္ကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္ျပဖို႔ ထရီဆာေမ ရဲ႕ ေနရာကို ဆက္ခံတဲ့ လန္ဒန္ၿမိဳ႕ေတာ္ဝန္ေဟာင္း ဂြၽန္ဆင္ ဟာ တာဝန္ရွိလာပါတယ္။

တစ္ခုသတိထားစရာ ရွိလာတာက ဥေရာပမွာ တက္လာတဲ့ ေခါင္းေဆာင္ေတြမွန္သမွ် သေဘာထားတင္းမာတဲ့သူေတြ ျဖစ္လာသလို အေမရိကန္သမၼတ ထရမ့္ ကို တန္းတူလို သေဘာထားတဲ့သူေတြ ျဖစ္ေနတာပါဘဲ။ဂြၽန္ဆင္ အေနနဲ႔ ထရီဆာေမ ကို ကန႔္လန္တိုက္ခဲ့သမွ် သူကိုယ္တိုင္ အစိုးရအဖြဲ႕ ဖြဲ႕စည္းလာခဲ့ရတဲ့အခါ အတိုက္အခံ ေလဘာပါတီဘက္က လာမယ့္ တိုက္ခိုက္မႈေတြ၊ သူ႔ပါတီ ကြန္ဆာေဗးတစ္ပါတီထဲက ၿပိဳင္ဆိုင္မႈေတြကို ရင္ဆိုင္ရမယ့္အျပင္ ဘီဇစ္အလြန္ ၿဗိတိန္ရဲ႕ စီးပြားေရးအတြက္လည္း ျပင္ဆင္ရမွာျဖစ္တဲ့အတြက္ သူ႔အစိုးရအဖြဲ႕မွာ ဘယ္သူေတြပါမလဲဆိုတာ စိတ္ဝင္စားဖြယ္ ျဖစ္လာခဲ့ပါတယ္။

သတင္းေတြ ခန႔္မွန္းခ်က္အရ ဂြၽန္ဆင္ ကို ေခတ္သစ္ၿဗိတိန္အျဖစ္ ပုံေဖာ္မယ့္သူအျဖစ္ ဆိုၾကေပမယ့္ တစ္ကယ္ေဖာ္ေဆာင္ႏိုင္မလားဆိုတာက ေစာင့္ၾကည့္ဖို႔ လိုေနပါေသးတယ္။သူ႔လက္ထက္မွာ အီရန္လက္ထဲ ေရာက္ေနတဲ့ ၿဗိတိန္ေရနံတင္သေဘၤာလို ကိစၥကေန  ေ႐ႊ႕ေျပာင္းဒုကၡသည္ေတြ ကိစၥအထိ၊ ကုန္သြယ္ေရး ပိတ္ဆို႔မႈေတြေၾကာင့္ ကမာၻ႔စီးပြားေရး တုံ႔ဆိုင္းမႈကေန အီရန္အၾကပ္အတည္းေၾကာင့္ ေလာင္စာဆီ အတက္အက်အထိ ကိုင္တြယ္ေျဖရွင္းစရာေတြလည္း ရွိေနေသးပါတယ္။ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကေတာ့ ဘ႑ာေရးဝန္ႀကီး၊ ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ၿဗိတိန္ထြက္ခြာမႈဆိုင္ရာ ဝန္ႀကီးေနရာေတြမွာ ဘယ္သူေတြကို ဂြၽန္ဆင္ ခန႔္အပ္မလဲဆိုတာ ေစာင့္ၾကည့္ေနၾကပါတယ္။ဂြၽန္ဆင္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေနရာမွာ ၿမဲပါ့မလားဆိုတာ ႏိုင္ငံတကာ ေစာင့္ၾကည့္သူေတြၾကား ေမးခြန္းထုတ္စရာပါဘဲ။

ဥေရာပမွာ ေခါင္းေဆာင္ပိုင္း အေျပာင္းအလဲ ျဖစ္ေနသလို ဥေရာပတစ္ခြင္မွာလဲ အပူလႈိင္းက်ေနတဲ့အတြက္ အမ်ားျပည္သူၾကားမွာ စိုးရိမ္ပူပန္မႈေတြ တိုးေနပါတယ္။အေအးပိုင္းမ်ားတဲ့ ဥေရာပမွာ အပူခ်ိန္က စံခ်ိန္တင္တက္ေနတာပါ။ျပင္သစ္မွာေတာ့ ၁၉၄၇ ဇူလိုင္လတုန္းက တင္ထားခဲ့တဲ့ စံခ်ိန္တင္ အပူခ်ိန္ ၄၀ ဒသမ ၄ ဒီဂရီ ဆဲလ္စီယက္စ္ကို ေက်ာ္လြန္ၿပီး ယခုတစ္ပတ္မွာ စံခ်ိန္တင္ ၄၂ ဒႆမ ၆ ဒီဂရီ ဆဲလ္စီယက္စ္ကို ေရာက္ရွိခဲ့ပါတယ္။အပူရွိန္ျပင္းလို႔ အမ်ားျပည္သူ ခရီးသြားလာသူ သန္းခ်ီၿပီး အပူဒဏ္ကို ခံေနရပါတယ္။

ဒီႏွစ္မွာ ျပင္သစ္၊ ဘယ္လ္ဂ်ီယံ၊ နယ္သာလန္နဲ႔ ဂ်ာမနီတို႔မွာ စံခ်ိန္တင္ အပူခ်ိန္ေတြေၾကာင့္  ဒီရာသီက အမ်ားျပည္သူ က်န္းမာေရးအတြက္ အေတာ္ေလး စိုးရိမ္ပူပန္စရာျဖစ္ခဲ့သလို အာဏာပိုင္ေတြဘက္က ေနထိုင္မႈအေပၚ သတိေပးမႈေတြ ထုတ္ျပန္ခဲ့ရသလို ကမာၻလွည့္ခရီးသြားေတြလည္း  စမ္းေရအိုင္ေတြနဲ႔ ေရကန္ေတြဆီ ေရစိမ္ဖို႔ လာေရာက္မႈမ်ားခဲ့ပါတယ္။ပူလြန္းတဲ့အတြက္ ေရငတ္ေနရွာတဲ့ တိရစာၦန္ေတြကို အစာေကြၽးရာမွာ ေရခဲညႇပ္ၿပီး ေကြၽးေပးရတဲ့အထိ ျဖစ္ခဲ့ပါတယ္။မိုးေလဝသပညာရွင္ေတြကေတာ့ ဘယ္လ္ဂ်ီယမ္၊ လူဇင္ဘတ္ခ္၊ ဂ်ာမနီနဲ႔ နယ္သာလန္ အပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားမွာ အပူခ်ိန္ျမင့္မားမႈေတြ ျဖစ္လာဦးမယ္လို႔ ခန႔္မွန္းတြက္ခ်က္ထားလို႔ ဘယ္လိုအေသအေပ်ာက္ေတြ ၾကားရဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းေတြအျပင္ ယခုတစ္ပတ္အတြင္း ဖမ္းဆီးထိန္းသိမ္းထားတဲ့ ႐ုရွား ငါးဖမ္းေလွတစ္စီးကို ေျမာက္ကိုရီးယားအစိုးရက ျပန္လည္လႊတ္ေပးခဲ့တဲ့သတင္း၊ ဟႏြိဳင္းရွိ ေလဆိပ္တစ္ခုမွာ ပတ္တီးမ်ားအတြင္း သိုဝွက္သယ္ေဆာင္လာတဲ့ ႀကံ့ခ်ိဳအစိတ္အပိုင္း ၅၅ ခုကို သိမ္းဆည္းရမိခဲ့တဲ့သတင္း၊ မြမ္ဘိုင္းၿမိဳ႕အနီး ေရႀကီးေရလွ်ံမႈထဲ ပိတ္မိေနတဲ့ ရထားတစ္စီးေပၚက လူ ၈၀၀ ေက်ာ္ကို အိႏၵိယေရတပ္က ရဟတ္ယာဥ္ေတြ၊ အေရးေပၚေလွေတြ အသုံးျပဳကာ ကယ္ဆယ္ခဲ့ရတဲ့ သတင္း၊ စစ္ေသြးႂကြေတြရဲ႕ သီးျခားတိုက္ခိုက္မႈ ႏွစ္ခုအတြင္း ပါကစၥတန္ စစ္သား ၁၀ ဦးထက္မနည္း ေသဆုံးခဲ့တဲ့သတင္း၊ ေမာ္စကို လူထုဆႏၵထုတ္ေဖာ္ပြဲမွာ ရဲတပ္ဖြဲ႕က လူ ၁,၀၀၀ ေက်ာ္ကို ဖမ္းဆီးခဲ့တဲ့ သတင္းေတြ ယခုတစ္ပတ္မွာ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ဇူလိုင္ - ၂၉