【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 'မဲ' သူခိုးတွေ လာနေပြီလား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 'မဲ' သူခိုးတွေ လာနေပြီလား

ယခုရက်သတ္တပတ်က ထူးခြားလွန်းတဲ့ရက်သတ္တပတ်ပဲ ဖြစ်ပါတယ်။လာမည့် နိုဝင်ဘာ ၈ ရက်မှာ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရှိတဲ့အတွက် ကြိုတင်မဲတွေ ပေးနေကြပြီဖြစ်သလို့ ပါတီတချို့ရဲ့ ရွေးကောက်ပွဲနေ့မှာ ကျင့်သုံးလာနိုင်တဲ့ လုပ်ရပ်အချို့ကိုလည်း တွေ့နေရပြီ ဖြစ်ပါတယ်။ဒါ့အပြင် လူထုကြားထဲမှာ ဗိုင်းရပ်စ်ကို အရေးမစိုက်တာကို တွေ့လာရတဲ့အပြင် ရာဇဝတ်မှုတွေက ဒီရက်ထဲမှာ တိုက်တိုက်ဆိုင်ဆိုင် သတိထားမိလောက်အောင်ဖြစ်နေတာကိုလည်း တွေ့လာရပါတယ်။ဒီရက်ထဲမှာ ထူးခြားတဲ့ဖြစ်စဉ်အချို့ကို တွေ့ရတာလည်း ရှိပါတယ်။မြန်မာနိုင်ငံ အနာဂတ်အတွက် အရေးကြီးလွန်းတဲ့ ယခုရက် သတ္တပတ်မှာ တခြားအရာတွေ သတင်းတွေထက် ရွေးကောက်ပွဲနဲပတ်သက်တဲ့ သတင်းတွေကို အထူးအလေးထားပြီး သတင်းသုံးသပ်မှုတွေ ကောက်ချက်ချမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ 

 
တံဆိပ်တုံးအတုတွေ၊ အယောင်ဆောင်မှုတွေနဲ့ ပြည်သူ့ဆန္ဒအမှန် 
 
ရွေးကောက်ပွဲရက်တွေ နီးလာတဲ့အမျှ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းတွေက စုံလင်လာပါတယ်။မထင်မှတ်ထားတဲ့ သတင်းတွေလည်း ယခုရက်ပိုင်းမှာ ဖြစ်လာတာကိုလည်း တွေ့လာရပါတယ်။ 
 
ကိုဗစ်ကာလအတွင်း မဲပေးမှုအဆင်ပြေစေရန်အတွက် အသက် (၆၀) နှင့်အထက် မဲဆန္ဒရှင်များကို အောက်တိုဘာ ၂၉ ရက်က စတင် ကြိုတင်မဲ ကောက်ယူရာမှာ ကြိုတင်မဲလက်မှတ် စာအိတ်များကို လုံခြုံစွာမပိတ် ထားတာ၊ တံဆိပ်တုံးဖြင့် ဆန္ဒပြုရမည့်အစား ဘောလ်ပင်ဖြင့် အမှန်ခြစ်ထားသော မဲလက်မှတ်၊ မဲလက်မှတ်ပေါ်တွင် မဲရုံမှူး၏လက်မှတ် (သို့မဟုတ်) မဲလက်မှတ်၏ ကျောဘက်တွင် ကော်မရှင်အဖွဲ့ခွဲတံဆိပ် တုံး (သို့မဟုတ်) တာဝန်ခံထုတ်ပေးသူ၏ လက်မှတ်နှင့် အမည်ပါရှိသော မဲလက်မှတ်၊ လွှတ်တော်အလိုက် ကြိုတင်မဲလက်မှတ်နှင့် စာအိတ်လွဲမှားနေတာတွေ ဆက်တိုက်ဖြစ်ခဲ့လို့ နိုင်ငံတစ်ဝန်းမှာ ကော်မရှင်အပေါ် ဝေဖန်မှုတွေ၊ အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ဒီအတွက် ကော်မရှင်က တစ်ဆင့်လျှော့ပြီး ကြိုတင်မဲလက်မှတ် စာအိတ်များကို လုံခြုံစွာမပိတ်ခဲ့ခြင်း၊ စာအိတ်ကိုကော်သုတ်ရာတွင် ဆန္ဒမဲလက်မှတ်ကို အစွန်းအထင်းဖြစ်စေခြင်း၊ တာဝန်ရှိသူများက စာအိတ်ဖွင့်ဖောက်သည့်အခါ ဆန္ဒမဲလက်မှတ်စုတ်ပြဲခြင်းတို့ ဖြစ်နိုင်သည့်အတွက် အဆိုပါမဲလက်မှတ်များကို ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ်ဘူးလို့ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ခဲ့ရပါတယ်။ 
 
ရွေးကော်က ဒီလိုထုတ်ပြန်တဲ့အတွက် ပြဿနာတွေက ပြီးသွားတာမဟုတ်ပါဘူး။တခြားပြဿနာလဲ ရှိပါသေးတယ်။ဒါက ကြိုတင်မဲပေးတဲ့ သက်ကြီးရွယ်အိုတွေအစား မဲတံဆိပ်တုံးထုပေးရတဲ့သူတွေက မဲဆန္ဒရှင် မဲပေးလိုတဲ့ပါတီအစား သူကြိုက်တဲ့ပါတီကို တံဆိပ်တုံးထုပေးလိုက်တဲ့ ပြဿနာပါဘဲ။ပထမဆုံးစဖြစ်ခဲ့တာက မကွေးတိုင်း ပေါက်မြို့နယ်ထဲက ကျွန်းရင်းကျေးရွာမှာပါ။ 
 
အောက်တိုဘာ (၂၉) ရက်ကဖြစ်ခဲ့တဲ့ အဆိုပါပြဿနာမှာ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဆိုသူက လာရောက်မဲပေးသူတွေက ရွေးချယ်တဲ့ပါတီကို တံဆိပ်မထုပေးဘဲ သူအားပေးတဲ့ပါတီကို မဲထုပေးခဲ့တဲ့အတွက် ပြည်သူတွေကသိပြီး လူစုလူဝေးဖြစ်ခဲ့တာပါ။ဒီလို မဲမသမာမှု ပြုလုပ်တယ်လို့ သံသယဝင်ပြီး လူစုလူဝေးဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးသွားရမယ်ဆိုပြီး ထုတ်ပြန်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ မဲမသမာမှုကြောင့် ပယ်မဲဖြစ်သွားတဲ့ လက်မှတ် (၄၀) အတွက် မဲပေးခွင့် ပြန်လည်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဆိုပါတယ်။ 
 
တချို့နယ်မြေတွေမှာလည်း ဒီလိုပုံစံမျိုးမဟုတ်ပေမယ့် သတိထားစရာ ထူးခြားတဲ့ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ဒါက မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ရေနံမကျေးရွာမှာ ဖြစ်ခဲ့တာပါ။ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တစ်ခုထဲကို လူ ၅၀ က ဆန္ဒမဲနှစ်ကြိမ်ပေးမှု ဖြစ်ပွားခဲ့တာပါ။အမျိုးသားလွှတ်တော်အတွက် ဆန္ဒမဲလက်မှတ်စာအုပ်နေရာမှာ ပြည်သူ့လွှတ်တော်မဲလက်မှတ်စာအုပ်ကို အသုံးပြုမိခဲ့လို့ ဖြစ်ခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာ ဒီလိုအမှားအတွက် ကြိုတင်ဆန္ဒမဲပေးခဲ့သူ လူပေါင်း ၁၅၃ ဦးကို ဆန္ဒမဲနောက်တစ်ကြိမ် အသစ်ပြန်လည်ပေးဖို့ ဆုံးဖြတ်ခဲ့တယ် ဆိုပါတယ်။ 
 
နောက်ထပ်ပြဿနာတစ်ခုက ပါတီတိုင်းအတွက် ဒုက္ခတစ်ကယ်ရောက်မယ့် ပြဿနာပါဘဲ။ဒါက မဲရုံမှာသုံးတဲ့ အမှန်ခြစ်တံဆိပ်တုံးကို အတုလုပ်ပြီး မဲပေးမယ်နေရာမှာ ထားလာမယ့် ပြဿနာပါ။ဒီလို တံဆိပ်တုံး အတုနဲ့ အစစ်လဲတာကို မဲပေးနေစဉ် ဘယ်သူမဆို လဲလှယ်နိုင်တဲ့အတွက် ဒါဟာ လာမယ့်ရွေးကောက်ပွဲမှာ ကြီးမားတဲ့ပြဿနာတစ်ခု ဖြစ်လာနိုင်ခြေရှိနေပါတယ်။ 
 
ဒီဖြစ်စဉ်မျိုးဆင်တူ အောက်တိုဘာ ၃၀ ရက်က လှည်းကူးမြို့နယ် မြို့မရပ်ကွက် ပန်းမြို့တော်လမ်းမှာ ကြိုတင်ဆန္ဒမဲပေးနေစဉ် တံဆိပ်တုံးအတု အသုံးပြုမှု ဖြစ်ပွားခဲ့ပါတယ်။ယင်းတံဆိပ်တုံးကို ပြည်ခိုင်ဖြိုးပါတီဝင်က ယူလာခဲ့တာလို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ပြည်တွင်း အထင်ကရသတင်းစာတစ်စောင်ဖြစ်တဲ့ ဆဲဗင်းဒေးမှာတော့ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌရဲ့စကားကို ဖော်ပြခဲ့ရာမှာ "ကြံ့ခိုင်ရေးပါတီ ဝင်လို့ ပြောတာပဲ။ပါတီဝင်တစ်ယောက်က သူ့ပါလာတဲ့ တံဆိပ်တုံးပေး တယ်တဲ့။ကော်မရှင်ကလည်း UEC တံဆိပ်ပါလား။မပါလား သေချာမကြည့်ဘဲ ပေးလိုက်တာပေါ့။မဲဆန္ဒရှင်က လှန်ကြည့်တော့ UEC တံဆိပ်မပါဘူး" လို့ ဆိုပြီး ပြောခဲ့ပါတယ်။ဒီလို တံဆိပ်တုံးအတုသုံးနေတာကို လေးဦးမြောက်မဲပေးသူကျမှ NLD ဘက်က သိပြီး ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ အဆိုပါဖြစ်ရပ်ကို ပြန်လည်ရှင်းလင်းရာမှာ လုပ်ငန်းတွင်ကျယ်စေရန်အတွက် မှားတဲ့အမှား၊ ရိုးသားစွာမှားယွင်းခဲ့တယ်ဆိုတဲ့ ဖော့ပြီးအကြောင်းပြချက်ပေးခဲ့ပေမယ့် ပြည်သူတွေကတော့ ပါတီရဲ့ မဲရုံကိုယ်စားလှယ်မှ တိုက်တိုက်ဆိုင်ဆိုင် တံဆိပ်တုံးအတုကို လမ်းကနေကောက်ရတာလားဆိုတဲ့ ဝေဖန်မှုက‌ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ပါတယ်။ 
 
ဒီလိုဖြစ်စဉ်နဲ့ အလားတူ နောက်ထပ်ဖြစ်ရပ် ထပ်ဖြစ်ခဲ့ပါတယ်။ဒီဖြစ်ရပ်မှာတော့ ဘယ်သူက တံဆိပ်တုံးအတုနဲ့ အစစ်ကို လဲသွားမှန်း မပေါ်ခဲ့ပါဘူး။ပေါင်မြို့နယ်၊ အင်းပြောင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ရွာမှာ နိုဝင်ဘာလ ၁ ရက်နေ့က ဖြစ်ခဲ့တာပါ။သက်ကြီးရွယ်အိုတွေ ကြိုတင်မဲပေးနေချိန် ဆန္ဒမဲပေးစဉ် နှိပ်ရမယ့် ကော်မရှင်တံဆိပ်တုံးကို UEC အမှတ်တံဆိပ်မပါတဲ့ တံဆိပ်တုံးအတုနဲ့ လဲလှယ်ထားမှန်း သိရှိခဲ့ရတာပါ။ 
သိသိချင်း ဒီလိုမှားနှိပ်ထားတဲ့ ဆန္ဒမဲလက်မှတ်တွေကို ဘယ်လိုလုပ်မလဲဆိုတာ အဖွဲ့တွေအားလုံး အစည်းအဝေးထိုင်ခဲ့ရတယ် ဆိုပါတယ်။နောက်ပိုင်း ဘယ်လိုဆုံးဖြတ်လဲဆိုတာ မသိခဲ့ပါဘူး။နောက်ထပ် အလားတူဖြစ်စဉ်ကတော့ ပုသိမ်မှာ ထပ်ဖြစ်ခဲ့တာပါ။အောက်တိုဘာ ၃၁ ရက်က ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက်က အသက် ၆၀ ကျော်အရွယ် မဲဆန္ဒရှင်တစ်ဦးက ၎င်းရဲ့ ကိုယ်ပိုင်တံဆိပ်တုံးနဲ့ မဲထုခဲ့တာပါ။ဒီဖြစ်ရပ်တွေကတော့ နိုဝင်ဘာ ၈ ရက် တစ်တိုင်းပြည်လုံး ဆန္ဒမဲပေးစဉ်မှာ ကြုံလာရနိုင်တဲ့ တစ်ကယ့်ကြီးမားတဲ့ ပြဿနာကြီးရှိလာနိုင်တာကို ပါတီအောင်နိုင်ရေးလုပ်နေသူတွေ၊ ကိုယ်ကြိုက်တဲ့ပါတီကို အေးအေးချမ်းချမ်းရွေးလိုသူတွေ၊ မှန်မှန်ကန်ကန်ရွေးလိုသူတွေကို သတိပေးလိုက်ချင်းဘဲဖြစ်ပါတယ်။
 
ပြည်သူထောက်ခံမှုအများဆုံးရနေတဲ့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်က ဒီပြဿနာအပေါ်ကို စိုးရိမ်မှုရှိနေပါတယ်။ဒီအတွက် မီဒီယာတွေကို ပြောခဲ့ရာမှာတော့ "ရည်ရွယ်ချက်တစ်ခုနဲ့ လုပ်သလား စဉ်းစားနေရတယ်" လို့ ပြောခဲ့သလို "ဒီလိုပယ်မဲတွေကြောင့် ကော်မရှင်ဟာ ယုံကြည်စရာမရှိဘူး၊ ဒါကြောင့် ရွေးကောက်ပွဲပျက်ပြယ်ဖို့အထိ ပြောလာမလားဆိုပြီး စိုးရိမ်နေတယ်" လို့ ပြောခဲ့ပါတယ်။ 
 
ဒါဟာ မဲရုံတွေမှာ ကိုယ့်ပါတီအနိုင်ရဖို့ ဘယ်လိုဘဲအနိုင်ရရဆိုတဲ့ ယုတ်ညံ့တဲ့၊ ကောက်ကျစ်ဆိုးသွမ်းတဲ့ အယူရှိတဲ့ ပါတီက ညစ်ချင်တဲ့သူတွေအတွက် ယိုပေါက်ဟာပေါက် အခွင့်အရေးရှိနေတာကို ပြလိုက်ခြင်းပါဘဲ။သဘောက ကိုယ့်ပါတီအနိုင်ရလောက်အောင် မဲမရခဲ့ရင် တခြားပါတီက သူရနိုင်တဲ့မဲတွေကို ပယ်မဲဖြစ်အောင်လုပ်လိုက်တဲ့အခါ မဲအရနည်းပေမယ့် ခိုင်လုံမဲအများစုဖြစ်သွားလို့ ကိုယ့်ပါတီ မဲအနိုင်ရသူ ဖြစ်လာနိုင်တယ်ဆိုတဲ့ လော့ဂျစ်ကို ပြလိုက်ချင်းပါဘဲ။တစ်ကယ်ဘဲ လက်မှတ်တွေကို ဒီလိုတံဆိပ်တုံးအတုနဲ့ ရိုက်နှိပ်လိုက်ရင် မဲတွေက တစ်ကယ့်ဆန္ဒမဲပေးချိန်မှာဆိုရင် အားလုံးပယ်မဲဖြစ်သွားနိုင်ပါတယ်။ယခုထိ ရွေးကော်ဘက်က ဒီလို ကောက်ကျစ်လာနိုင်တာတွေအတွက် ဘယ်လိုပြင်ဆင်ထားသလဲဆိုတာ စာ မထွက်လာသေးပါဘူး။ဒီလို တံဆိပ်တုံးလဲလိုက်တာကို သိတဲ့အချိန်နောက်ကျရင် နောက်ကျသလောက် ပါတီတွေအတွက် နစ်နာဆုံးရှုံးမှုကြီးလာနိုင်သလို မဲကတ်ပြားတွေ ရေတွက်ရာကနေ မဲအနိုင်အရှုံးကို ကြေညာရာမှာ ပြည်သူတွေထင်သလို အနိုင်ရရမယ့်ပါတီ အနိုင်မရတဲ့အခါ မလိုလားအပ်ဘဲ နိုင်ငံတကာမှာဖြစ်တဲ့ အကြမ်းဖက်မှုတွေအထိ ဖြစ်လာနိုင် တဲ့ပြဿနာ ရှိလာနိုင်ပါတယ်။ဒီလိုဖြစ်လာတဲ့ တိုင်းပြည်ကို ကယ်တင်လိုသူတွေအကွက်ထဲ တည့်တည့်ကျရောက်နိုင်တဲ့ ပြဿနာပါဘဲ။ 
 
လောလောဆယ်မှာ ကော်မရှင်ဘက်ကတော့ ဒီလိုလုပ်တာကိုကာကွယ်ဖို့ မဲရုံ လျှို့ဝှက်ဆန္ဒမဲပေးခန်းထဲက တံဆိပ်တုံးကို ကြိုးနဲ့အသေချည်နှောင်ထားတာ၊ (ဒါမှမဟုတ်) ဆန္ဒမဲပေးကြမယ့် မဲဆန္ဒရှင်တွေကိုလည်း တံဆိပ်တုံးမှာ UEC စာတန်းပါမှသာ တံဆိပ်တုံးအစစ်ဖြစ်ကြောင်း၊ တံဆိပ်နှိပ်တဲ့အခါ UEC စာတန်းမပါပါက တံဆိပ်တုံးအတုဖြစ်ကြောင်းကို အသိပညာပေးလှုံ့ဆော်တာ စသဖြင့် မဲပေးတဲ့ပြည်သူတွေကို အသိ ပေးလှုံ့ဆော်သွားမှာ ဆောင်ရွက်သွားမှာရှိတယ်လို့ ပြောခဲ့ပါတယ်။ဒါပေမယ့် အာဏာရှင်စနစ်မှာ အသာရတာ၊ အချောင်ရတာ၊ ပြည်သူကိုနှိပ်စက်ရတာကို အရသာတွေ့နေတဲ့ အပေါင်းအပါတွေရဲ့ နည်းမျိုးစုံ ညစ်ပတ်မယ့်လုပ်ရပ်ကို ပိုပြီးသတိထားဖို့လိုသလို မဲဆန္ဒရှင်တွေအနေနဲ့လည်း တံဆိပ် တုံးထုနှိပ်ပြီးတာနဲ့ UEC စာတန်း ပါ/မပါ သတိထားကြည့်ရှုဖို့၊ UEC စာတန်းမပါခဲ့ပါက မဲရုံတာဝန်ရှိသူတွေကို ချက်ခြင်းအသိပေးဖို့ စတာတွေအပြင် သတိထားမှုထက်ပိုတဲ့ ၀ိုင်းဝန်းစောင့်ကြည့်မှုနဲ့ဆောင်ရွက်ဖို့ လိုနေပါတယ်။ဒီကြားထဲ ရွေးကောက်ပွဲမှာ မီဒီယာအယောင်ဆောင်ပြီး ပြဿနာတွေ ရှုပ်ထွေးလာစေမယ့် အခြေအနေကလည်း ရှိနေပါသေးတယ်။ 
 
အောက်တိုဘာလ ၂၉ ရက်နေ့က ချောက်မြို့နယ်၊ အမှတ် ၁ နယ်မြေ၊ အ မှတ် ၂ နယ်မြေ၊ အမှတ် ၁၅ နယ်မြေက မဲရုံထဲကို ပြည်ခိုင်ဖြိုးပါတီဝင် ၅ ဦးက သတင်းထောက်မီဒီယာ သက်သေခံကတ်သုံးပြီး မဲရုံများအတွင်းဝင်ရောက်ခဲ့လို့ ချောက်မြို့နယ် NLD ဥက္ကဋ္ဌက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားစာပို့တဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။
 
ရွေးကောက်ပွဲက လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမှာပါ။တနင်္ဂနွေနေ့မှာကျင်းပမယ့် ရွေးကောက်ပွဲကို မြန်မာတစ်နိုင်ငံလုံး စောင့်မျှော်နေကြပါတယ်။ဘာအဖြေထွက်မလဲဆိုတာထက် ငါတို့အားပေးတဲ့ပါတီကို ဘယ်ပါတီနဲ့ ဘယ်အဖွဲ့အစည်းတွေက အောက်လုံးထိုးပြီး အနိုင်မရအောင်လုပ်ကြမလဲ၊ ရွေးကောက်ပွဲကို ပျက်ပြယ်အောင် ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကို အသုံးချပြီး လုပ်ကြမှာလား၊ ရွေးကောက်ပွဲကို ပျက်ပြယ်အောင် ပြည်သူ့ဆန္ဒမဲတွေကို ပယ်မဲတွေဖြစ်အောင်လုပ်ပြီး အာဏာရှင်လက်ပွားပါတီတွေ အနိုင်ရအောင် လုပ်လေကြမလားဆိုတဲ့ သံသယတွေနဲ့ ရင်တမမရှိနေကြပါတယ်။
 
ပြည်သူတွေ စောင့်ကြည့်နေကြပါလိမ့်မယ်။လူသားသမိုင်းတစ်ခုရဲ့ အချိုးအကွေ့၊ ယုတ်မာတဲ့အာဏာရှင်တွေ ထောင်းလမောင်းချိုးခြေခဲ့တဲ့ နိုင်ငံကို ပြန်တည်ဆောက်နေရတဲ့သူတွေရဲ့ အနိုင်ရမှု၊ ဆွေစဉ်မျိုးဆက် တိုင်းပြည်အရင်းအမြစ်သယံဇာတ ဂုပ်သွေးစုပ်မှုကို ဖြတ်ချဖို့အတွက် ဘယ်သူတွေ ဘယ်ဘက်မှာရပ်မလဲဆိုတာ နိုဝင်ဘာ ၈ ရက်ကို အားလုံးစောင့်ကြည့်မှာ ဖြစ်ပါတယ်။
 
အွန်လိုင်းက ထင်ရှားတဲ့ ပါတီမဲဆွယ်မှု
 
ယခုရက်ထဲ သတိထားမိစရာ ပါတီခေါင်းဆောင်တွေရဲ့ မဲဆွယ်မှုတွေ၊ နိုင်ငံထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေက ခေါင်းဆောင်ပိုင်းတွေရဲ့ ထူးခြားတဲ့လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။ဒီရက်ထဲမှာ အရပ်သားအစိုးရတက်လာကတည်းက သွားရာလာရာမှာ အစိုးရပိုင် ရဟတ်ယာဉ်တစ်စင်းဝယ်ယူရေးကို လုပ်နေခဲ့တာကို တွေ့ရပါတယ်။ဒီလိုလုပ်ရာမှာ တစ်ဘက်အသိုင်းအ၀ိုင်းက ဒါကိုသဘောမတွေ့ဟန်တူပါတယ်။ဒါကြောင့် အစိုးရ၏ ရဟတ်ယာဉ်ဝယ်ယူမှုကို ဝေဖန်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။အထူးသဖြင့် အရပ်သားအစိုးရအနေဖြင့် ရဟတ်ယာဉ်ကို ကိုယ်ပိုင်၊ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုရန်ဆိုပြီး ပုံဖော်တိုက်ခိုက်မှုတွေလုပ်ခဲ့တာကို တွေ့ရပါတယ်။
 
ယခုရက်သတ္တပတ်ထဲမှာ အီတလ်ီကနေဝယ်ထားတဲ့ရဟတ်ယာဉ် ရောက်လာခဲ့ပါတယ်။အစိုးရ သတင်းဖော်ပြချက်တွေမှာတော့ ဒီရဟတ်ယာဉ်ကို သဘာ၀ဘေး ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းတွေ၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းတွေနဲ့ နိုင်ငံတော်၏ကိစ္စရပ်တွေမှာ အသုံးပြုဖို့ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ဒီအတွက် လူကယ်ပြန်ဝန်ကြီးဌာနက ကိုင်တွင်အသုံးပြုမယ်ဆိုတဲ့ အနေအထားကို တွေ့ရတဲ့အတွက် အတော်လေးကောင်းတဲ့ စီမံမှုကို တွေ့ရပါတယ်။ 
 
ဒီရက်ထဲမှာဘဲ နောက်ထပ်သတိထားမိစရာဖြစ်ခဲ့တဲ့ သတင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရွှေဘိုခရီးစဉ်ပါဘဲ။ရွှေဘိုက မြန်မာ့သမိုင်းမှာ အထင်ကရဖြစ်ပြီး ဒီမြို့ရဲ့တောင်ဘက်မှာရှိတဲ့ မဟာအောင်မြေဆုတောင်းပြည့်ဘုရားနှင့် အောင်မြေဗောဓိစေတီတော်က ရွှေဘိုမှာ အထင်ကရပါဘဲ။ဘာကြောင့်အထင်ကရဖြစ်လဲဆို ဒီအောင်မြေမှာ မြန်မာ့သမိုင်းမှာထင်ရှားတဲ့ အလောင်းမင်းတရား ဦးအောင်ဇေယျ ကိုယ်တိုင် စစ်မထွက်ခင် ဒီအောင်မြေကိုနင်းပြီးမှ စစ်ထွက်လေ့ရှိတယ်ဆိုတဲ့ ယူဆမှုရှိခဲ့လို့ပါ။လွတ်လပ်ရေးရပြီးနောက် ပါလီမန်ခေတ်တွေ မဆလခေတ်တွေမှာ ရွှေဘိုကိုလာပြီး အောင်မြေကို နင်းလေ့နင်းထ ရှိ၊ မရှိ မသိရပေမယ့် စစ်အစိုးရခေတ်တစ်လျှောက်လုံး ရှေးအယူအဆတွေကို ပြန်ကျင့်သုံး လက်ခံလာတာကိုတွေ့ရသလို ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာလည်း သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ယခုကာချုပ်တို့ အောင်မြေသွားနင်းခဲ့တာရှိတယ်လို့ သတင်းဖော်ပြမှုတွေရှိခဲ့ပါတယ်။ 
 
ဒီအောင်မြေကို ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်တုန်းကလည်း ဒီပဲယင်းကနေ ပြန်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အပြန်မှာ ရွှေဘိုမြို့ကိုဝင်ပြီး မဟာအောင်မြေဆုတောင်းပြည့်ဘုရားကို ဖူးမြော်ကာ အောင်မြေနင်းခဲ့တာရှိပါတယ်။ယခုလည်း ရွေးကောက်ပွဲနီးချိန်မှာ ရွှေဘိုတပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုများကို လာတွေ့ဆုံတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွှေဘိုမြို့ နန်းတော်မှအပြန်တွင် မြို့တောင်ဘက်ပိုင်းရှိ မဟာအောင်မြေဆုတောင်းပြည့်ဘုရားနှင့် အောင်မြေ ဗောဓိစေတီတော်သို့ သွားရောက်ဖူးမြော်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ 
 
ဒီလို ရွှေဘုံရတနာမင်္ဂလာမြို့ နန်းတော်ကနေအထွက်မှာ ရွှေဘိုက ဒေသခံတွေက NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး သီချင်းများအနက် ထင်ရှားကျော်ကြားတဲ့ ဒေါက်ဖိနပ်လျှောက်သံ သီချင်းကိုဖွင့်ပြီး NLD ပါတီအလံ ဝှေ့ယမ်းကာ ‘အမေစုနိုင်ရမည်’ ၊ ‘NLD နိုင်ရမည်’ ဆိုပြီး ကြိုဆိုခဲ့နှုတ်ဆက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
 
ယခုနှစ်ရွေးကောက်ပွဲက ကိုဗစ် ၁၉ ဖြစ်ပွားမှု ပြင်းထန်နေတဲ့ကြားကနေ မဲဆွယ်အင်အားပြမှုတွေ လုပ်လွန်းအားကြီးလို့ အစိုးရက မဲဆွယ်အင်အားပြတာတွေလုပ်ရင် သတ်မှတ်အင်အားနဲ့ ခွင့်ပြုချက်မယူရင် အရေးယူမယ်ဆိုပြီး ထုတ်ပြန်ရတဲ့အထိ အပြိုင်အဆိုင်အားကြီးနေပါတယ်။ထူးခြားချက်က မဲဆွယ်ပွဲတွေ အင်အားပြပွဲတွေမှာ NLD ပါတီကိုသာ ပါတီတွေက တိုက်ခိုက်တာတွေ၊ တိုင်ကြားတာတွေ တွေ့ရပြီး NLD ပြိုင်ဘက်ပါတီတွေကြား တစ်ပါတီနဲ့ တစ်ပါတီ ပြဿနာဖြစ်တာ အချင်းများတာ နည်းနေတာကိုတွေ့ရပါတယ်။ယခုရက်ထဲမှာ ပြည်ခိုင်ဖြိုးပါတီဘက်က သတ်မှတ်ချက်များနှင့်မညီသော မဲဆွယ်မှု၊ ကြိုတင်မဲပေးရာမှာ ဖြစ်ပွားသည့် အငြင်းပွားမှုဖြစ်စဉ်တွေ NLD ဘက်က လုပ်ဆောင်တာတွေရှိတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့တာရှိပါတယ်။ 
 
တခြားသောဖြစ်ရပ်တွေလည်း ရှိခဲ့ပါသေးတယ်။ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က မဲရုံတစ်ခုမှာ NLD ပါတီဘက်က မဲရုံစောင့်ကြည့်သူတစ်ဦးက မဲပုံးပိတ်ထားတဲ့တိတ်ကို ခွင့်ပြုချက်မရှိဘဲခွာခဲ့လို့ ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ခဲ့ရတာရှိသလို အောက်တိုဘာ (၂၉) ရက်နဲ့ အောက်တိုလ (၃၀) ရက်အတွင်း မရမ်းကုန်းမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်အပါအဝင် မြို့နယ်အသီးသီးက မဲရုံအချို့မှာ NLD ပါတီဝင်တစ်ချို့ဟာ မဲရုံအချို့မှာ ဥပဒေနဲ့မညီတဲ့ ကိစ္စရပ်တွေကို ကျူးလွန်ခဲ့တယ်ဆိုပြီး ပြည်သူ့ရှေ့ဆောင်ပါတီရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီဥက္ကဋ္ဌဆိုသူက စွပ်စွဲခဲ့တာတွေလည်း ရှိပါတယ်။ဒီလို ကြိုတင်မဲကောက်ခံရာမှာ ဥပဒေနဲ့အညီ မဆောင်ရွက်ခဲ့လို့ဆိုပြီး ကန့်ကွက်လွှာတင်မယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီဘက်က ပြောခဲ့တာရှိပါတယ်။မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာမှာတော့ မဲရုံမှူးက တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီ တရားမဲ့ပြုကျင့်တယ်ဆိုပြီး ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက ကျိုက်ထိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့တာရှိပါတယ်။
 
ရှေ့ရက်တွေက ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေ မင်းမဲ့စရိုက်ဆန်ဆန်ကျူးလွန်လို့ လူသေဆုံးတဲ့အထိဖြစ်ခဲ့သလို ပါတီအင်အားပြရာမှာ ဝန်းရံသူတစ်ဦးက အများပြည်သူမြင်ကွင်းမှာ ငယ်ပါကိုလှန်ပြခဲ့တဲ့ ယုတ်ညံ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ခဲ့တာရှိပါတယ်။ဒီလိုဘဲ မကွေးမှာ ပြည်ခိုင်ဖြိုးပါတီလည့်လည်ချိန်မှာ ဒေသခံဘက်က ခဲနဲထုလို့ ပြည်ခိုင်ဖြိုးဝန်းရံသူတွေထဲက ၃ ဦးဒဏ်ရာရခဲ့တာရှိပါတယ်။ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ နယူးမြန်မာဖောင်းဒေးရှင်းက ထုတ်ပြန်မှုမှာတော့ ၂၀၂၀ ရွေးကောက်ပွဲ ဟာ ၂၀၁၅ ရွေးကောက်ပွဲထက် အငြင်းပွားမှုများ၊ ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ ပိုမိုများပြားနိုင်တယ်လို သတိပေးထားပါတယ်။
 
ဒီလိုအခြေအနေတွေကြောင့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ Chair NLD ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေတစ်ဆင့် နိုဝင်ဘာ ၁ ရက်နေ့က ထုတ်လွှင့်တဲ့ အနုပညာရှင်ကိုးဦးနှင့် တွေ့ဆုံဆွေးနွေးမှုမှာ သတိပေးခဲ့ပါတယ်။အဲဒီသတိပေးခဲ့မှုမှာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ဖြစ်မြောက်ဖို့၊ ရွေးကောက်ပွဲမှန်မှန်ကန်ကန်ဖြစ်ဖို့ နိုင်ငံရေးအနာဂတ်အတွက် အင်မတန်မှ အရေးကြီးပါတယ်။နိုင်ငံရဲ့အနာဂတ်ဆိုတာအတွင်းအရလည်း အရေးကြီးတယ်။အပြင်အရလည်း အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။
 
ရွေးကောက်ပွဲက အရေးကြီးနေပါတယ်။ပြည်သူကို ကိုယ့်ဘက်အလိုပါဖို့ဆိုတာ ကောင်းမွန်တဲသမိုင်းကြောင်းရှိဖို့ လိုပါတယ်။ပါတီတွေဘက်က ကိုယ့်ပါတီဟာ ပြည်သူဘက်ကရပ်တယ်လို့ အားလုံးလိုလိုပြောကြပါတယ်။ပြည်သူကို သူတို့ပြောသမျှ ယုံစေချင်ကြပါတယ်။လွတ်လပ်ပွင့်လင်းလာတဲ့ မီဒီယာတွေ၊ ဆိုရှယ်မီဒီယာတွေကြောင့် ဘယ်သူတွေရဲ့သမိုင်းကြောင်း ဘယ်လောက်ကောင်းခဲ့သလဲဆိုတာ ခေတ်ဆိုးတွေကို ခါးစည်းခံခဲ့ရတဲ့ ပြည်သူတွေသိနေပါတယ်။ပြည်သူက မှန်မှန်ကန်ကန်ရွေးတတ်ပါတယ်။ယခင်က တာဝန်ယူခဲ့သူ တချို့ပါတီတွေ၊ ခေါင်းဆောင်တွေက သူတို့ကိုပြန်အခွင့်အရေးပေးဖို့ ပြည်သူကို စည်းရုံးနေကြ ပြောကြဆိုကြတာရှိပါတယ်။ဒါပေမယ့် ပြည်သူတွေသိထားတာရှိပါတယ်။ဒါက မြန်မာစကားပုံတစ်ခုဖြစ်တဲ့ "ခွေးမြီးကောက် ကျည်တောက်စွပ်" ဆိုတဲ့ စကားပါဘဲ။ပြည်သူက သတိကြီးတဲ့အတွက် နိုဝင်ဘာ ၈ ရက်က အမှားမခံနိုင်ဘူးဆိုတာကို မဲရုံတွေမှာ ပြလိမ့်မယ်ထင်ပါတယ်။ 
 
မာလင်း
နိုဝင်ဘာ - ၂
 
( Zawgyi )
 
ယခုရက္သတၱပတ္က ထူးျခားလြန္းတဲ့ရက္သတၱပတ္ပဲ ျဖစ္ပါတယ္။လာမည့္ ႏိုဝင္ဘာ ၈ ရက္မွာ ၂၀၂၀ ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲရွိတဲ့အတြက္ ႀကိဳတင္မဲေတြ ေပးေနၾကၿပီျဖစ္သလို႔ ပါတီတခ်ိဳ႕ရဲ႕ ေ႐ြးေကာက္ပြဲေန႔မွာ က်င့္သုံးလာႏိုင္တဲ့ လုပ္ရပ္အခ်ိဳ႕ကိုလည္း ေတြ႕ေနရၿပီ ျဖစ္ပါတယ္။ဒါ့အျပင္ လူထုၾကားထဲမွာ ဗိုင္းရပ္စ္ကို အေရးမစိုက္တာကို ေတြ႕လာရတဲ့အျပင္ ရာဇဝတ္မႈေတြက ဒီရက္ထဲမွာ တိုက္တိုက္ဆိုင္ဆိုင္ သတိထားမိေလာက္ေအာင္ျဖစ္ေနတာကိုလည္း ေတြ႕လာရပါတယ္။ဒီရက္ထဲမွာ ထူးျခားတဲ့ျဖစ္စဥ္အခ်ိဳ႕ကို ေတြ႕ရတာလည္း ရွိပါတယ္။ျမန္မာႏိုင္ငံ အနာဂတ္အတြက္ အေရးႀကီးလြန္းတဲ့ ယခုရက္ သတၱပတ္မွာ တျခားအရာေတြ သတင္းေတြထက္ ေ႐ြးေကာက္ပြဲနဲပတ္သက္တဲ့ သတင္းေတြကို အထူးအေလးထားၿပီး သတင္းသုံးသပ္မႈေတြ ေကာက္ခ်က္ခ်မႈေတြ ျပဳလုပ္မွာျဖစ္ပါတယ္။ 
 
တံဆိပ္တုံးအတုေတြ၊ အေယာင္ေဆာင္မႈေတြနဲ႔ ျပည္သူ႔ဆႏၵအမွန္ 
 
ေ႐ြးေကာက္ပြဲရက္ေတြ နီးလာတဲ့အမွ် ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ သတင္းေတြက စုံလင္လာပါတယ္။မထင္မွတ္ထားတဲ့ သတင္းေတြလည္း ယခုရက္ပိုင္းမွာ ျဖစ္လာတာကိုလည္း ေတြ႕လာရပါတယ္။ 
 
ကိုဗစ္ကာလအတြင္း မဲေပးမႈအဆင္ေျပေစရန္အတြက္ အသက္ (၆၀) ႏွင့္အထက္ မဲဆႏၵရွင္မ်ားကို ေအာက္တိုဘာ ၂၉ ရက္က စတင္ ႀကိဳတင္မဲ ေကာက္ယူရာမွာ ႀကိဳတင္မဲလက္မွတ္ စာအိတ္မ်ားကို လုံၿခဳံစြာမပိတ္ ထားတာ၊ တံဆိပ္တုံးျဖင့္ ဆႏၵျပဳရမည့္အစား ေဘာလ္ပင္ျဖင့္ အမွန္ျခစ္ထားေသာ မဲလက္မွတ္၊ မဲလက္မွတ္ေပၚတြင္ မဲ႐ုံမႉး၏လက္မွတ္ (သို႔မဟုတ္) မဲလက္မွတ္၏ ေက်ာဘက္တြင္ ေကာ္မရွင္အဖြဲ႕ခြဲတံဆိပ္ တုံး (သို႔မဟုတ္) တာဝန္ခံထုတ္ေပးသူ၏ လက္မွတ္ႏွင့္ အမည္ပါရွိေသာ မဲလက္မွတ္၊ လႊတ္ေတာ္အလိုက္ ႀကိဳတင္မဲလက္မွတ္ႏွင့္ စာအိတ္လြဲမွားေနတာေတြ ဆက္တိုက္ျဖစ္ခဲ့လို႔ ႏိုင္ငံတစ္ဝန္းမွာ ေကာ္မရွင္အေပၚ ေဝဖန္မႈေတြ၊ အျငင္းပြားမႈေတြ ရွိခဲ့ပါတယ္။ဒီအတြက္ ေကာ္မရွင္က တစ္ဆင့္ေလွ်ာ့ၿပီး ႀကိဳတင္မဲလက္မွတ္ စာအိတ္မ်ားကို လုံၿခဳံစြာမပိတ္ခဲ့ျခင္း၊ စာအိတ္ကိုေကာ္သုတ္ရာတြင္ ဆႏၵမဲလက္မွတ္ကို အစြန္းအထင္းျဖစ္ေစျခင္း၊ တာဝန္ရွိသူမ်ားက စာအိတ္ဖြင့္ေဖာက္သည့္အခါ ဆႏၵမဲလက္မွတ္စုတ္ၿပဲျခင္းတို႔ ျဖစ္ႏိုင္သည့္အတြက္ အဆိုပါမဲလက္မွတ္မ်ားကို ပယ္မဲအျဖစ္ သတ္မွတ္မည္မဟုတ္ဘူးလို႔ ေအာက္တိုဘာ ၃၁ ရက္က ထုတ္ျပန္ခဲ့ရပါတယ္။ 
 
ေ႐ြးေကာ္က ဒီလိုထုတ္ျပန္တဲ့အတြက္ ျပႆနာေတြက ၿပီးသြားတာမဟုတ္ပါဘူး။တျခားျပႆနာလဲ ရွိပါေသးတယ္။ဒါက ႀကိဳတင္မဲေပးတဲ့ သက္ႀကီး႐ြယ္အိုေတြအစား မဲတံဆိပ္တုံးထုေပးရတဲ့သူေတြက မဲဆႏၵရွင္ မဲေပးလိုတဲ့ပါတီအစား သူႀကိဳက္တဲ့ပါတီကို တံဆိပ္တုံးထုေပးလိုက္တဲ့ ျပႆနာပါဘဲ။ပထမဆုံးစျဖစ္ခဲ့တာက မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ထဲက ကြၽန္းရင္းေက်း႐ြာမွာပါ။ 
 
ေအာက္တိုဘာ (၂၉) ရက္ကျဖစ္ခဲ့တဲ့ အဆိုပါျပႆနာမွာ ေက်း႐ြာ ေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ဆိုသူက လာေရာက္မဲေပးသူေတြက ေ႐ြးခ်ယ္တဲ့ပါတီကို တံဆိပ္မထုေပးဘဲ သူအားေပးတဲ့ပါတီကို မဲထုေပးခဲ့တဲ့အတြက္ ျပည္သူေတြကသိၿပီး လူစုလူေဝးျဖစ္ခဲ့တာပါ။ဒီလို မဲမသမာမႈ ျပဳလုပ္တယ္လို႔ သံသယဝင္ၿပီး လူစုလူေဝးျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္ေၾကာင့္ ပခုကၠဴခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္က စုံစမ္းစစ္ေဆးသြားရမယ္ဆိုၿပီး ထုတ္ျပန္တဲ့အထိ ျဖစ္လာခဲ့ပါတယ္။ေနာက္ပိုင္းမွာေတာ့ မဲမသမာမႈေၾကာင့္ ပယ္မဲျဖစ္သြားတဲ့ လက္မွတ္ (၄၀) အတြက္ မဲေပးခြင့္ ျပန္လည္ေဆာင္႐ြက္ေပးမွာျဖစ္တယ္လို႔ ပခုကၠဴခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲက ဆိုပါတယ္။ 
 
တခ်ိဳ႕နယ္ေျမေတြမွာလည္း ဒီလိုပုံစံမ်ိဳးမဟုတ္ေပမယ့္ သတိထားစရာ ထူးျခားတဲ့ျဖစ္ရပ္ေတြ ရွိခဲ့ပါတယ္။ဒါက မေကြးတိုင္း၊ မင္းလွၿမိဳ႕နယ္၊ ေရနံမေက်း႐ြာမွာ ျဖစ္ခဲ့တာပါ။ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္တစ္ခုထဲကို လူ ၅၀ က ဆႏၵမဲႏွစ္ႀကိမ္ေပးမႈ ျဖစ္ပြားခဲ့တာပါ။အမ်ိဳးသားလႊတ္ေတာ္အတြက္ ဆႏၵမဲလက္မွတ္စာအုပ္ေနရာမွာ ျပည္သူ႔လႊတ္ေတာ္မဲလက္မွတ္စာအုပ္ကို အသုံးျပဳမိခဲ့လို႔ ျဖစ္ခဲ့ရတာျဖစ္ၿပီး ေနာက္ပိုင္းမွာ ဒီလိုအမွားအတြက္ ႀကိဳတင္ဆႏၵမဲေပးခဲ့သူ လူေပါင္း ၁၅၃ ဦးကို ဆႏၵမဲေနာက္တစ္ႀကိမ္ အသစ္ျပန္လည္ေပးဖို႔ ဆုံးျဖတ္ခဲ့တယ္ ဆိုပါတယ္။ 
 
ေနာက္ထပ္ျပႆနာတစ္ခုက ပါတီတိုင္းအတြက္ ဒုကၡတစ္ကယ္ေရာက္မယ့္ ျပႆနာပါဘဲ။ဒါက မဲ႐ုံမွာသုံးတဲ့ အမွန္ျခစ္တံဆိပ္တုံးကို အတုလုပ္ၿပီး မဲေပးမယ္ေနရာမွာ ထားလာမယ့္ ျပႆနာပါ။ဒီလို တံဆိပ္တုံး အတုနဲ႔ အစစ္လဲတာကို မဲေပးေနစဥ္ ဘယ္သူမဆို လဲလွယ္ႏိုင္တဲ့အတြက္ ဒါဟာ လာမယ့္ေ႐ြးေကာက္ပြဲမွာ ႀကီးမားတဲ့ျပႆနာတစ္ခု ျဖစ္လာႏိုင္ေျခရွိေနပါတယ္။ 
 
ဒီျဖစ္စဥ္မ်ိဳးဆင္တူ ေအာက္တိုဘာ ၃၀ ရက္က လွည္းကူးၿမိဳ႕နယ္ ၿမိဳ႕မရပ္ကြက္ ပန္းၿမိဳ႕ေတာ္လမ္းမွာ ႀကိဳတင္ဆႏၵမဲေပးေနစဥ္ တံဆိပ္တုံးအတု အသုံးျပဳမႈ ျဖစ္ပြားခဲ့ပါတယ္။ယင္းတံဆိပ္တုံးကို ျပည္ခိုင္ၿဖိဳးပါတီဝင္က ယူလာခဲ့တာလို႔ မီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။ျပည္တြင္း အထင္ကရသတင္းစာတစ္ေစာင္ျဖစ္တဲ့ ဆဲဗင္းေဒးမွာေတာ့ ရန္ကုန္တိုင္း ေျမာက္ပိုင္းခ႐ိုင္ေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ရဲ႕စကားကို ေဖာ္ျပခဲ့ရာမွာ "ႀကံ့ခိုင္ေရးပါတီ ဝင္လို႔ ေျပာတာပဲ။ပါတီဝင္တစ္ေယာက္က သူ႔ပါလာတဲ့ တံဆိပ္တုံးေပး တယ္တဲ့။ေကာ္မရွင္ကလည္း UEC တံဆိပ္ပါလား။မပါလား ေသခ်ာမၾကည့္ဘဲ ေပးလိုက္တာေပါ့။မဲဆႏၵရွင္က လွန္ၾကည့္ေတာ့ UEC တံဆိပ္မပါဘူး" လို႔ ဆိုၿပီး ေျပာခဲ့ပါတယ္။ဒီလို တံဆိပ္တုံးအတုသုံးေနတာကို ေလးဦးေျမာက္မဲေပးသူက်မွ NLD ဘက္က သိၿပီး ကန႔္ကြက္ခဲ့တာျဖစ္ပါတယ္။ေနာက္ပိုင္းမွာေတာ့ အဆိုပါျဖစ္ရပ္ကို ျပန္လည္ရွင္းလင္းရာမွာ လုပ္ငန္းတြင္က်ယ္ေစရန္အတြက္ မွားတဲ့အမွား၊ ႐ိုးသားစြာမွားယြင္းခဲ့တယ္ဆိုတဲ့ ေဖာ့ၿပီးအေၾကာင္းျပခ်က္ေပးခဲ့ေပမယ့္ ျပည္သူေတြကေတာ့ ပါတီရဲ႕ မဲ႐ုံကိုယ္စားလွယ္မွ တိုက္တိုက္ဆိုင္ဆိုင္ တံဆိပ္တုံးအတုကို လမ္းကေနေကာက္ရတာလားဆိုတဲ့ ေဝဖန္မႈက‌ က်ယ္က်ယ္ေလာင္ေလာင္ ထြက္လာခဲ့ပါတယ္။ 
 
ဒီလိုျဖစ္စဥ္နဲ႔ အလားတူ ေနာက္ထပ္ျဖစ္ရပ္ ထပ္ျဖစ္ခဲ့ပါတယ္။ဒီျဖစ္ရပ္မွာေတာ့ ဘယ္သူက တံဆိပ္တုံးအတုနဲ႔ အစစ္ကို လဲသြားမွန္း မေပၚခဲ့ပါဘူး။ေပါင္ၿမိဳ႕နယ္၊ အင္းေျပာင္ေက်း႐ြာအုပ္စု၊ တံခြန္တိုင္႐ြာမွာ ႏိုဝင္ဘာလ ၁ ရက္ေန႔က ျဖစ္ခဲ့တာပါ။သက္ႀကီး႐ြယ္အိုေတြ ႀကိဳတင္မဲေပးေနခ်ိန္ ဆႏၵမဲေပးစဥ္ ႏွိပ္ရမယ့္ ေကာ္မရွင္တံဆိပ္တုံးကို UEC အမွတ္တံဆိပ္မပါတဲ့ တံဆိပ္တုံးအတုနဲ႔ လဲလွယ္ထားမွန္း သိရွိခဲ့ရတာပါ။ 
သိသိခ်င္း ဒီလိုမွားႏွိပ္ထားတဲ့ ဆႏၵမဲလက္မွတ္ေတြကို ဘယ္လိုလုပ္မလဲဆိုတာ အဖြဲ႕ေတြအားလုံး အစည္းအေဝးထိုင္ခဲ့ရတယ္ ဆိုပါတယ္။ေနာက္ပိုင္း ဘယ္လိုဆုံးျဖတ္လဲဆိုတာ မသိခဲ့ပါဘူး။ေနာက္ထပ္ အလားတူျဖစ္စဥ္ကေတာ့ ပုသိမ္မွာ ထပ္ျဖစ္ခဲ့တာပါ။ေအာက္တိုဘာ ၃၁ ရက္က ပုသိမ္ၿမိဳ႕ အမွတ္ ၄ ရပ္ကြက္က အသက္ ၆၀ ေက်ာ္အ႐ြယ္ မဲဆႏၵရွင္တစ္ဦးက ၎ရဲ႕ ကိုယ္ပိုင္တံဆိပ္တုံးနဲ႔ မဲထုခဲ့တာပါ။ဒီျဖစ္ရပ္ေတြကေတာ့ ႏိုဝင္ဘာ ၈ ရက္ တစ္တိုင္းျပည္လုံး ဆႏၵမဲေပးစဥ္မွာ ႀကဳံလာရႏိုင္တဲ့ တစ္ကယ့္ႀကီးမားတဲ့ ျပႆနာႀကီးရွိလာႏိုင္တာကို ပါတီေအာင္ႏိုင္ေရးလုပ္ေနသူေတြ၊ ကိုယ္ႀကိဳက္တဲ့ပါတီကို ေအးေအးခ်မ္းခ်မ္းေ႐ြးလိုသူေတြ၊ မွန္မွန္ကန္ကန္ေ႐ြးလိုသူေတြကို သတိေပးလိုက္ခ်င္းဘဲျဖစ္ပါတယ္။
 
ျပည္သူေထာက္ခံမႈအမ်ားဆုံးရေနတဲ့ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဘက္က ဒီျပႆနာအေပၚကို စိုးရိမ္မႈရွိေနပါတယ္။ဒီအတြက္ မီဒီယာေတြကို ေျပာခဲ့ရာမွာေတာ့ "ရည္႐ြယ္ခ်က္တစ္ခုနဲ႔ လုပ္သလား စဥ္းစားေနရတယ္" လို႔ ေျပာခဲ့သလို "ဒီလိုပယ္မဲေတြေၾကာင့္ ေကာ္မရွင္ဟာ ယုံၾကည္စရာမရွိဘူး၊ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲပ်က္ျပယ္ဖို႔အထိ ေျပာလာမလားဆိုၿပီး စိုးရိမ္ေနတယ္" လို႔ ေျပာခဲ့ပါတယ္။ 
 
ဒါဟာ မဲ႐ုံေတြမွာ ကိုယ့္ပါတီအႏိုင္ရဖို႔ ဘယ္လိုဘဲအႏိုင္ရရဆိုတဲ့ ယုတ္ညံ့တဲ့၊ ေကာက္က်စ္ဆိုးသြမ္းတဲ့ အယူရွိတဲ့ ပါတီက ညစ္ခ်င္တဲ့သူေတြအတြက္ ယိုေပါက္ဟာေပါက္ အခြင့္အေရးရွိေနတာကို ျပလိုက္ျခင္းပါဘဲ။သေဘာက ကိုယ့္ပါတီအႏိုင္ရေလာက္ေအာင္ မဲမရခဲ့ရင္ တျခားပါတီက သူရႏိုင္တဲ့မဲေတြကို ပယ္မဲျဖစ္ေအာင္လုပ္လိုက္တဲ့အခါ မဲအရနည္းေပမယ့္ ခိုင္လုံမဲအမ်ားစုျဖစ္သြားလို႔ ကိုယ့္ပါတီ မဲအႏိုင္ရသူ ျဖစ္လာႏိုင္တယ္ဆိုတဲ့ ေလာ့ဂ်စ္ကို ျပလိုက္ခ်င္းပါဘဲ။တစ္ကယ္ဘဲ လက္မွတ္ေတြကို ဒီလိုတံဆိပ္တုံးအတုနဲ႔ ႐ိုက္ႏွိပ္လိုက္ရင္ မဲေတြက တစ္ကယ့္ဆႏၵမဲေပးခ်ိန္မွာဆိုရင္ အားလုံးပယ္မဲျဖစ္သြားႏိုင္ပါတယ္။ယခုထိ ေ႐ြးေကာ္ဘက္က ဒီလို ေကာက္က်စ္လာႏိုင္တာေတြအတြက္ ဘယ္လိုျပင္ဆင္ထားသလဲဆိုတာ စာ မထြက္လာေသးပါဘူး။ဒီလို တံဆိပ္တုံးလဲလိုက္တာကို သိတဲ့အခ်ိန္ေနာက္က်ရင္ ေနာက္က်သေလာက္ ပါတီေတြအတြက္ နစ္နာဆုံးရႈံးမႈႀကီးလာႏိုင္သလို မဲကတ္ျပားေတြ ေရတြက္ရာကေန မဲအႏိုင္အရႈံးကို ေၾကညာရာမွာ ျပည္သူေတြထင္သလို အႏိုင္ရရမယ့္ပါတီ အႏိုင္မရတဲ့အခါ မလိုလားအပ္ဘဲ ႏိုင္ငံတကာမွာျဖစ္တဲ့ အၾကမ္းဖက္မႈေတြအထိ ျဖစ္လာႏိုင္ တဲ့ျပႆနာ ရွိလာႏိုင္ပါတယ္။ဒီလိုျဖစ္လာတဲ့ တိုင္းျပည္ကို ကယ္တင္လိုသူေတြအကြက္ထဲ တည့္တည့္က်ေရာက္ႏိုင္တဲ့ ျပႆနာပါဘဲ။ 
 
ေလာေလာဆယ္မွာ ေကာ္မရွင္ဘက္ကေတာ့ ဒီလိုလုပ္တာကိုကာကြယ္ဖို႔ မဲ႐ုံ လွ်ိဳ႕ဝွက္ဆႏၵမဲေပးခန္းထဲက တံဆိပ္တုံးကို ႀကိဳးနဲ႔အေသခ်ည္ေႏွာင္ထားတာ၊ (ဒါမွမဟုတ္) ဆႏၵမဲေပးၾကမယ့္ မဲဆႏၵရွင္ေတြကိုလည္း တံဆိပ္တုံးမွာ UEC စာတန္းပါမွသာ တံဆိပ္တုံးအစစ္ျဖစ္ေၾကာင္း၊ တံဆိပ္ႏွိပ္တဲ့အခါ UEC စာတန္းမပါပါက တံဆိပ္တုံးအတုျဖစ္ေၾကာင္းကို အသိပညာေပးလႈံ႕ေဆာ္တာ စသျဖင့္ မဲေပးတဲ့ျပည္သူေတြကို အသိ ေပးလႈံ႕ေဆာ္သြားမွာ ေဆာင္႐ြက္သြားမွာရွိတယ္လို႔ ေျပာခဲ့ပါတယ္။ဒါေပမယ့္ အာဏာရွင္စနစ္မွာ အသာရတာ၊ အေခ်ာင္ရတာ၊ ျပည္သူကိုႏွိပ္စက္ရတာကို အရသာေတြ႕ေနတဲ့ အေပါင္းအပါေတြရဲ႕ နည္းမ်ိဳးစုံ ညစ္ပတ္မယ့္လုပ္ရပ္ကို ပိုၿပီးသတိထားဖို႔လိုသလို မဲဆႏၵရွင္ေတြအေနနဲ႔လည္း တံဆိပ္ တုံးထုႏွိပ္ၿပီးတာနဲ႔ UEC စာတန္း ပါ/မပါ သတိထားၾကည့္ရႈဖို႔၊ UEC စာတန္းမပါခဲ့ပါက မဲ႐ုံတာဝန္ရွိသူေတြကို ခ်က္ျခင္းအသိေပးဖို႔ စတာေတြအျပင္ သတိထားမႈထက္ပိုတဲ့ ၀ိုင္းဝန္းေစာင့္ၾကည့္မႈနဲ႔ေဆာင္႐ြက္ဖို႔ လိုေနပါတယ္။ဒီၾကားထဲ ေ႐ြးေကာက္ပြဲမွာ မီဒီယာအေယာင္ေဆာင္ၿပီး ျပႆနာေတြ ရႈပ္ေထြးလာေစမယ့္ အေျခအေနကလည္း ရွိေနပါေသးတယ္။ 
 
ေအာက္တိုဘာလ ၂၉ ရက္ေန႔က ေခ်ာက္ၿမိဳ႕နယ္၊ အမွတ္ ၁ နယ္ေျမ၊ အ မွတ္ ၂ နယ္ေျမ၊ အမွတ္ ၁၅ နယ္ေျမက မဲ႐ုံထဲကို ျပည္ခိုင္ၿဖိဳးပါတီဝင္ ၅ ဦးက သတင္းေထာက္မီဒီယာ သက္ေသခံကတ္သုံးၿပီး မဲ႐ုံမ်ားအတြင္းဝင္ေရာက္ခဲ့လို႔ ေခ်ာက္ၿမိဳ႕နယ္ NLD ဥကၠ႒က ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္ထံ တိုင္ၾကားစာပို႔တဲ့ျဖစ္စဥ္လည္း ျဖစ္ခဲ့ပါတယ္။
 
ေ႐ြးေကာက္ပြဲက လာမယ့္ ႏိုဝင္ဘာ ၈ ရက္မွာ က်င္းပမွာပါ။တနဂၤေႏြေန႔မွာက်င္းပမယ့္ ေ႐ြးေကာက္ပြဲကို ျမန္မာတစ္ႏိုင္ငံလုံး ေစာင့္ေမွ်ာ္ေနၾကပါတယ္။ဘာအေျဖထြက္မလဲဆိုတာထက္ ငါတို႔အားေပးတဲ့ပါတီကို ဘယ္ပါတီနဲ႔ ဘယ္အဖြဲ႕အစည္းေတြက ေအာက္လုံးထိုးၿပီး အႏိုင္မရေအာင္လုပ္ၾကမလဲ၊ ေ႐ြးေကာက္ပြဲကို ပ်က္ျပယ္ေအာင္ ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ကို အသုံးခ်ၿပီး လုပ္ၾကမွာလား၊ ေ႐ြးေကာက္ပြဲကို ပ်က္ျပယ္ေအာင္ ျပည္သူ႔ဆႏၵမဲေတြကို ပယ္မဲေတြျဖစ္ေအာင္လုပ္ၿပီး အာဏာရွင္လက္ပြားပါတီေတြ အႏိုင္ရေအာင္ လုပ္ေလၾကမလားဆိုတဲ့ သံသယေတြနဲ႔ ရင္တမမရွိေနၾကပါတယ္။ 
 
ျပည္သူေတြ ေစာင့္ၾကည့္ေနၾကပါလိမ့္မယ္။လူသားသမိုင္းတစ္ခုရဲ႕ အခ်ိဳးအေကြ႕၊ ယုတ္မာတဲ့အာဏာရွင္ေတြ ေထာင္းလေမာင္းခ်ိဳးေျခခဲ့တဲ့ ႏိုင္ငံကို ျပန္တည္ေဆာက္ေနရတဲ့သူေတြရဲ႕ အႏိုင္ရမႈ၊ ေဆြစဥ္မ်ိဳးဆက္ တိုင္းျပည္အရင္းအျမစ္သယံဇာတ ဂုပ္ေသြးစုပ္မႈကို ျဖတ္ခ်ဖို႔အတြက္ ဘယ္သူေတြ ဘယ္ဘက္မွာရပ္မလဲဆိုတာ ႏိုဝင္ဘာ ၈ ရက္ကို အားလုံးေစာင့္ၾကည့္မွာ ျဖစ္ပါတယ္။
 
အြန္လိုင္းက ထင္ရွားတဲ့ ပါတီမဲဆြယ္မႈ
 
ယခုရက္ထဲ သတိထားမိစရာ ပါတီေခါင္းေဆာင္ေတြရဲ႕ မဲဆြယ္မႈေတြ၊ ႏိုင္ငံထိပ္ပိုင္းေခါင္းေဆာင္ေတြနဲ႔ အဖြဲ႕အစည္းေတြက ေခါင္းေဆာင္ပိုင္းေတြရဲ႕ ထူးျခားတဲ့လႈပ္ရွားမႈေတြရွိခဲ့ပါတယ္။ဒီရက္ထဲမွာ အရပ္သားအစိုးရတက္လာကတည္းက သြားရာလာရာမွာ အစိုးရပိုင္ ရဟတ္ယာဥ္တစ္စင္းဝယ္ယူေရးကို လုပ္ေနခဲ့တာကို ေတြ႕ရပါတယ္။ဒီလိုလုပ္ရာမွာ တစ္ဘက္အသိုင္းအ၀ိုင္းက ဒါကိုသေဘာမေတြ႕ဟန္တူပါတယ္။ဒါေၾကာင့္ အစိုးရ၏ ရဟတ္ယာဥ္ဝယ္ယူမႈကို ေဝဖန္တိုက္ခိုက္မႈေတြရွိခဲ့ပါတယ္။အထူးသျဖင့္ အရပ္သားအစိုးရအေနျဖင့္ ရဟတ္ယာဥ္ကို ကိုယ္ပိုင္၊ကိုယ္ေရးကိုယ္တာအတြက္ အသုံးျပဳရန္ဆိုၿပီး ပုံေဖာ္တိုက္ခိုက္မႈေတြလုပ္ခဲ့တာကို ေတြ႕ရပါတယ္။
 
ယခုရက္သတၱပတ္ထဲမွာ အီတလ္ီကေနဝယ္ထားတဲ့ရဟတ္ယာဥ္ ေရာက္လာခဲ့ပါတယ္။အစိုးရ သတင္းေဖာ္ျပခ်က္ေတြမွာေတာ့ ဒီရဟတ္ယာဥ္ကို သဘာ၀ေဘး ရွာေဖြကယ္ဆယ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္မႈလုပ္ငန္းေတြ၊ သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈလုပ္ငန္းေတြနဲ႔ ႏိုင္ငံေတာ္၏ကိစၥရပ္ေတြမွာ အသုံးျပဳဖို႔ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။ဒီအတြက္ လူကယ္ျပန္ဝန္ႀကီးဌာနက ကိုင္တြင္အသုံးျပဳမယ္ဆိုတဲ့ အေနအထားကို ေတြ႕ရတဲ့အတြက္ အေတာ္ေလးေကာင္းတဲ့ စီမံမႈကို ေတြ႕ရပါတယ္။ 
 
ဒီရက္ထဲမွာဘဲ ေနာက္ထပ္သတိထားမိစရာျဖစ္ခဲ့တဲ့ သတင္းက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ ေ႐ႊဘိုခရီးစဥ္ပါဘဲ။ေ႐ႊဘိုက ျမန္မာ့သမိုင္းမွာ အထင္ကရျဖစ္ၿပီး ဒီၿမိဳ႕ရဲ႕ေတာင္ဘက္မွာရွိတဲ့ မဟာေအာင္ေျမဆုေတာင္းျပည့္ဘုရားႏွင့္ ေအာင္ေျမေဗာဓိေစတီေတာ္က ေ႐ႊဘိုမွာ အထင္ကရပါဘဲ။ဘာေၾကာင့္အထင္ကရျဖစ္လဲဆို ဒီေအာင္ေျမမွာ ျမန္မာ့သမိုင္းမွာထင္ရွားတဲ့ အေလာင္းမင္းတရား ဦးေအာင္ေဇယ် ကိုယ္တိုင္ စစ္မထြက္ခင္ ဒီေအာင္ေျမကိုနင္းၿပီးမွ စစ္ထြက္ေလ့ရွိတယ္ဆိုတဲ့ ယူဆမႈရွိခဲ့လို႔ပါ။လြတ္လပ္ေရးရၿပီးေနာက္ ပါလီမန္ေခတ္ေတြ မဆလေခတ္ေတြမွာ ေ႐ႊဘိုကိုလာၿပီး ေအာင္ေျမကို နင္းေလ့နင္းထ ရွိ၊ မရွိ မသိရေပမယ့္ စစ္အစိုးရေခတ္တစ္ေလွ်ာက္လုံး ေရွးအယူအဆေတြကို ျပန္က်င့္သုံး လက္ခံလာတာကိုေတြ႕ရသလို ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲမွာလည္း သမၼတေဟာင္း ဦးသိန္းစိန္နဲ႔ ယခုကာခ်ဳပ္တို႔ ေအာင္ေျမသြားနင္းခဲ့တာရွိတယ္လို႔ သတင္းေဖာ္ျပမႈေတြရွိခဲ့ပါတယ္။ 
 
ဒီေအာင္ေျမကို ၿပီးခဲ့တဲ့ မတ္လ ၁၁ ရက္တုန္းကလည္း ဒီပဲယင္းကေန ျပန္လာတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က အျပန္မွာ ေ႐ႊဘိုၿမိဳ႕ကိုဝင္ၿပီး မဟာေအာင္ေျမဆုေတာင္းျပည့္ဘုရားကို ဖူးေျမာ္ကာ ေအာင္ေျမနင္းခဲ့တာရွိပါတယ္။ယခုလည္း ေ႐ြးေကာက္ပြဲနီးခ်ိန္မွာ ေ႐ႊဘိုတပ္နယ္က အရာရွိ၊ စစ္သည္၊ မိသားစုမ်ားကို လာေတြ႕ဆုံတဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေ႐ႊဘိုၿမိဳ႕ နန္းေတာ္မွအျပန္တြင္ ၿမိဳ႕ေတာင္ဘက္ပိုင္းရွိ မဟာေအာင္ေျမဆုေတာင္းျပည့္ဘုရားႏွင့္ ေအာင္ေျမ ေဗာဓိေစတီေတာ္သို႔ သြားေရာက္ဖူးေျမာ္ခဲ့တယ္လို႔ သတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။ 
 
ဒီလို ေ႐ႊဘုံရတနာမဂၤလာၿမိဳ႕ နန္းေတာ္ကေနအထြက္မွာ ေ႐ႊဘိုက ေဒသခံေတြက NLD ပါတီရဲ႕ ၂၀၂၀ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး သီခ်င္းမ်ားအနက္ ထင္ရွားေက်ာ္ၾကားတဲ့ ေဒါက္ဖိနပ္ေလွ်ာက္သံ သီခ်င္းကိုဖြင့္ၿပီး NLD ပါတီအလံ ေဝွ႔ယမ္းကာ ‘အေမစုႏိုင္ရမည္’ ၊ ‘NLD ႏိုင္ရမည္’ ဆိုၿပီး ႀကိဳဆိုခဲ့ႏႈတ္ဆက္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။
 
ယခုႏွစ္ေ႐ြးေကာက္ပြဲက ကိုဗစ္ ၁၉ ျဖစ္ပြားမႈ ျပင္းထန္ေနတဲ့ၾကားကေန မဲဆြယ္အင္အားျပမႈေတြ လုပ္လြန္းအားႀကီးလို႔ အစိုးရက မဲဆြယ္အင္အားျပတာေတြလုပ္ရင္ သတ္မွတ္အင္အားနဲ႔ ခြင့္ျပဳခ်က္မယူရင္ အေရးယူမယ္ဆိုၿပီး ထုတ္ျပန္ရတဲ့အထိ အၿပိဳင္အဆိုင္အားႀကီးေနပါတယ္။ထူးျခားခ်က္က မဲဆြယ္ပြဲေတြ အင္အားျပပြဲေတြမွာ NLD ပါတီကိုသာ ပါတီေတြက တိုက္ခိုက္တာေတြ၊ တိုင္ၾကားတာေတြ ေတြ႕ရၿပီး NLD ၿပိဳင္ဘက္ပါတီေတြၾကား တစ္ပါတီနဲ႔ တစ္ပါတီ ျပႆနာျဖစ္တာ အခ်င္းမ်ားတာ နည္းေနတာကိုေတြ႕ရပါတယ္။ယခုရက္ထဲမွာ ျပည္ခိုင္ၿဖိဳးပါတီဘက္က သတ္မွတ္ခ်က္မ်ားႏွင့္မညီေသာ မဲဆြယ္မႈ၊ ႀကိဳတင္မဲေပးရာမွာ ျဖစ္ပြားသည့္ အျငင္းပြားမႈျဖစ္စဥ္ေတြ NLD ဘက္က လုပ္ေဆာင္တာေတြရွိတယ္ဆိုၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္ကို တိုင္ၾကားခဲ့တာရွိပါတယ္။ 
 
တျခားေသာျဖစ္ရပ္ေတြလည္း ရွိခဲ့ပါေသးတယ္။ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္က မဲ႐ုံတစ္ခုမွာ NLD ပါတီဘက္က မဲ႐ုံေစာင့္ၾကည့္သူတစ္ဦးက မဲပုံးပိတ္ထားတဲ့တိတ္ကို ခြင့္ျပဳခ်က္မရွိဘဲခြာခဲ့လို႔ ေ႐ြးေကာက္ပြဲဥပေဒနဲ႔ အမႈဖြင့္ခဲ့ရတာရွိသလို ေအာက္တိုဘာ (၂၉) ရက္နဲ႔ ေအာက္တိုလ (၃၀) ရက္အတြင္း မရမ္းကုန္းၿမိဳ႕နယ္နဲ႔ လႈိင္သာယာၿမိဳ႕နယ္အပါအဝင္ ၿမိဳ႕နယ္အသီးသီးက မဲ႐ုံအခ်ိဳ႕မွာ NLD ပါတီဝင္တစ္ခ်ိဳ႕ဟာ မဲ႐ုံအခ်ိဳ႕မွာ ဥပေဒနဲ႔မညီတဲ့ ကိစၥရပ္ေတြကို က်ဴးလြန္ခဲ့တယ္ဆိုၿပီး ျပည္သူ႔ေရွ႕ေဆာင္ပါတီ႐ုံးခ်ဳပ္မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ပါတီဥကၠ႒ဆိုသူက စြပ္စြဲခဲ့တာေတြလည္း ရွိပါတယ္။ဒီလို ႀကိဳတင္မဲေကာက္ခံရာမွာ ဥပေဒနဲ႔အညီ မေဆာင္႐ြက္ခဲ့လို႔ဆိုၿပီး ကန႔္ကြက္လႊာတင္မယ္လို႔ ျပည္သူ႔ေရွ႕ေဆာင္ပါတီဘက္က ေျပာခဲ့တာရွိပါတယ္။မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္ ဝင္းကံေက်း႐ြာမွာေတာ့ မဲ႐ုံမႉးက တာဝန္ႏွင့္ လုပ္ပိုင္ခြင့္ကို အလြဲသုံးစားျပဳၿပီ တရားမဲ့ျပဳက်င့္တယ္ဆိုၿပီး ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္ေလာင္းက က်ိဳက္ထိုၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ကို တိုင္ၾကားခဲ့တာရွိပါတယ္။
 
ေရွ႕ရက္ေတြက ျပည္ခိုင္ၿဖိဳးပါတီဝန္းရံသူေတြ မင္းမဲ့စ႐ိုက္ဆန္ဆန္က်ဴးလြန္လို႔ လူေသဆုံးတဲ့အထိျဖစ္ခဲ့သလို ပါတီအင္အားျပရာမွာ ဝန္းရံသူတစ္ဦးက အမ်ားျပည္သူျမင္ကြင္းမွာ ငယ္ပါကိုလွန္ျပခဲ့တဲ့ ယုတ္ညံ့တဲ့ ျဖစ္ရပ္လည္း ျဖစ္ခဲ့တာရွိပါတယ္။ဒီလိုဘဲ မေကြးမွာ ျပည္ခိုင္ၿဖိဳးပါတီလည့္လည္ခ်ိန္မွာ ေဒသခံဘက္က ခဲနဲထုလို႔ ျပည္ခိုင္ၿဖိဳးဝန္းရံသူေတြထဲက ၃ ဦးဒဏ္ရာရခဲ့တာရွိပါတယ္။ေ႐ြးေကာက္ပြဲေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ နယူးျမန္မာေဖာင္းေဒးရွင္းက ထုတ္ျပန္မႈမွာေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲ ဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲထက္ အျငင္းပြားမႈမ်ား၊ ပဋိပကၡမ်ားႏွင့္ အၾကမ္းဖက္မႈမ်ား ပိုမိုမ်ားျပားႏိုင္တယ္လို သတိေပးထားပါတယ္။
 
ဒီလိုအေျခအေနေတြေၾကာင့္လည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ Chair NLD ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာကေနတစ္ဆင့္ ႏိုဝင္ဘာ ၁ ရက္ေန႔က ထုတ္လႊင့္တဲ့ အႏုပညာရွင္ကိုးဦးႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမွာ သတိေပးခဲ့ပါတယ္။အဲဒီသတိေပးခဲ့မႈမွာ ေ႐ြးေကာက္ပြဲ ေအာင္ေအာင္ျမင္ျမင္ျဖစ္ေျမာက္ဖို႔၊ ေ႐ြးေကာက္ပြဲမွန္မွန္ကန္ကန္ျဖစ္ဖို႔ ႏိုင္ငံေရးအနာဂတ္အတြက္ အင္မတန္မွ အေရးႀကီးပါတယ္။ႏိုင္ငံရဲ႕အနာဂတ္ဆိုတာအတြင္းအရလည္း အေရးႀကီးတယ္။အျပင္အရလည္း အေရးႀကီးတယ္လို႔ ေျပာခဲ့ပါတယ္။
 
ေ႐ြးေကာက္ပြဲက အေရးႀကီးေနပါတယ္။ျပည္သူကို ကိုယ့္ဘက္အလိုပါဖို႔ဆိုတာ ေကာင္းမြန္တဲသမိုင္းေၾကာင္းရွိဖို႔ လိုပါတယ္။ပါတီေတြဘက္က ကိုယ့္ပါတီဟာ ျပည္သူဘက္ကရပ္တယ္လို႔ အားလုံးလိုလိုေျပာၾကပါတယ္။ျပည္သူကို သူတို႔ေျပာသမွ် ယုံေစခ်င္ၾကပါတယ္။လြတ္လပ္ပြင့္လင္းလာတဲ့ မီဒီယာေတြ၊ ဆိုရွယ္မီဒီယာေတြေၾကာင့္ ဘယ္သူေတြရဲ႕သမိုင္းေၾကာင္း ဘယ္ေလာက္ေကာင္းခဲ့သလဲဆိုတာ ေခတ္ဆိုးေတြကို ခါးစည္းခံခဲ့ရတဲ့ ျပည္သူေတြသိေနပါတယ္။ျပည္သူက မွန္မွန္ကန္ကန္ေ႐ြးတတ္ပါတယ္။ယခင္က တာဝန္ယူခဲ့သူ တခ်ိဳ႕ပါတီေတြ၊ ေခါင္းေဆာင္ေတြက သူတို႔ကိုျပန္အခြင့္အေရးေပးဖို႔ ျပည္သူကို စည္း႐ုံးေနၾက ေျပာၾကဆိုၾကတာရွိပါတယ္။ဒါေပမယ့္ ျပည္သူေတြသိထားတာရွိပါတယ္။ဒါက ျမန္မာစကားပုံတစ္ခုျဖစ္တဲ့ "ေခြးၿမီးေကာက္ က်ည္ေတာက္စြပ္" ဆိုတဲ့ စကားပါဘဲ။ျပည္သူက သတိႀကီးတဲ့အတြက္ ႏိုဝင္ဘာ ၈ ရက္က အမွားမခံႏိုင္ဘူးဆိုတာကို မဲ႐ုံေတြမွာ ျပလိမ့္မယ္ထင္ပါတယ္။ 
 
မာလင္း
ႏိုဝင္ဘာ - ၂