【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အင်အားပြမှုလား၊ အုပ်စုဖွဲ့အကြမ်းဖက်မှုလား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အင်အားပြမှုလား၊ အုပ်စုဖွဲ့အကြမ်းဖက်မှုလား

ယခုရက်သတ္တပတ် သတင်းတွေထဲမှာ ကန့်ဘလူမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုသတင်း၊  တပ်မတော်သတင်းစာရှင်းလင်းပွဲသတင်း၊ ရွေးကောက်ပွဲမဲဆွယ်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ စိတ်ဝင်စားစရာ သတင်းတွေစုံလင်ခဲ့ပါတယ်။သမ္မတရုံးကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူအများစိတ်ဝင်စားခဲ့တဲ့ နှင်းဆီပါတီဥက္ကဋ္ဌကို စစ်ဆေးမှုကနေ ပေါ်ထွက်လာတဲ့ အများပြည်သူ စိတ်ဝင်စားစရာ အချက်အလက်တွေရှိခဲ့သလို နောက်ဆက်တွဲစစ်ဆေးရာမှာ ထွက်ဆိုမှုတွေကလည်း စိတ်ဝင်စားစရာကောင်းခဲ့သလို ရွေးကောက်ပွဲနီးလာတဲ့အတွက် ကိုဗစ်ကူးစက်မှုတားဆီးဖို့ သတ်မှတ်ထားတဲ့ ကန့်သတ်မှုတွေထဲက တချို့ကို ကျန်းမာရေးဝန်ကြီးဌာနက ဖြေလျှော့တဲ့ သတင်းတွေကလည်း ယခုရက်သတ္တပတ်ရဲ့ အများစိတ်ဝင်စားစရာသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် တခြားသတင်းတွေထဲက ထူးခြားတဲ့သတင်းတွေဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ၏ နိုင်ငံပိုင်ပစ္စည်းများ သုံးစွဲနေမှုနှင့် လူမျိုးရေးခွဲခြားမှုအပေါ် စုံစမ်းစစ်ဆေးရန် Justice For Myanmar မှ တောင်း ဆိုထုတ်ပြန်လိုက်တဲ့သတင်း၊ ပန်းဘဲတန်း လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ပါတီကို လူမျိုးရေး၊ ဘာသာရေး ထိခိုက်ပြောဆိုလို့  မင်းကင်းအမတ် ဦးမောင်မြင့် ကို တရားစွဲရန် အထောက်အထားရှိရင် NLD ပါတီက ခွင့်ပြုလိုက်တဲ့သတင်း "လောကနတ်-၁" လို့ အမည်ပေးထားတဲ့ မြန်မာပိုင် အနိမ့်ပျံ အသေးစားဂြိုလ်တုကို လာမည့်နှစ် ဖေဖော်ဝါရီမှာ လွှတ်တင်တော့မယ့်သတင်း၊ အခြေခံပညာမူလတန်းမှာ ကိုဗစ်ပြီးလို့ ကျောင်းဖွင့်ရင် အသက် ၆ နှစ်ကျော်နေတဲ့ KG တက်ရမယ့် ကလေးတွေ GRADE 1 တိုက်ရိုက်တက်နိုင်တဲ့ သတင်းတွေလို သတင်းတွေရှိခဲ့ပြီး မှုခင်းသတင်းတွေထဲမှာဆိုရင်လည်း ကော့သောင်းမြို့နယ် ပြည်ထောင်စုလမ်းမကြီးဘေးမှာ အမျိုးသားနှစ်ဦး သတ်ဖြတ်ခံထားရတဲ့အမှုကို ဖော်ရာကနေ အခြားလူသတ်မှုတွေပါ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တဲ့သတင်း၊ မန္တလေးမှာ ၇ တန်းကျောင်းသား သေဆုံးခဲ့ရတဲ့ဖြစ်ရပ် အပါအဝင် အုပ်စုဖွဲ့လုယက်မှုကျူးလွန်သူ ၂၀ ကျော်ကို ဖမ်းဆီးရမိခဲ့တဲ့သတင်း၊ တပ်မတော် ရဟတ်ယာဉ်တစ်စင်း KNU တပ်မဟာနယ်မြေတွင် ပစ်ခတ်ခံရတဲ့သတင်း၊ ရွှေကုက္ကိုစီမံကိန်းအတွင်း ဗီဇာသက်တမ်းလွန် တရုတ်နိုင်ငံသား ၁၉၀၀ ကျော် တွေ့ရှိထားတဲ့ သတင်းတွေကလည်း ယခုရက်ထဲ သတိထားမိစရာဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေထဲကနေ ပထမဆုံးအနေနဲ့ ရွေးကောက်ပွဲအတွက် အုပ်စုဖွဲ့မဲဆွယ်ရာကနေ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်မှုတွေဆီကိုရောက်သွားတဲ့ ကန့်ဘလူ မဲဆွယ်တဲ့အကြောင်းကို တင်ဆက်သုံးသပ်ချင်ပါတယ်။

အင်အားပြဝန်းရံတာလား၊ မင်းမဲ့စရိုက် အကြမ်းဖက်မှုကို လယ်ယပ်ခေါ်တာလား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သူ ကိုမျိုးဝင်းစိုး၏ ဈာပနကို အောက်တိုဘာ ၂၅ ရက်က ကျင်းပခဲ့ပါတယ်။ဒါဟာ  ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုကို ထောက်ခံဝန်းရံသူများအကြားဖြစ်ပွားသည့် ပဋိပက္ခကြောင့် ပထမဦးဆုံးအကြိမ် လူတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကာ ၎င်းသေဆုံးခဲ့ရခြင်းက ယခုရွေးကောက်ပွဲ၏ ပကတိပြင်းထန်မှုကို ဖွင့်ပြလိုက်သလိုလည်း ဖြစ်နေပါတယ်။

အောက်တိုဘာ ၂၂ ရက် မတိုင်မီကတည်းက အဆိုပါ ပါတီမဲဆွယ်အင်အားပြပွဲများက မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်မှုတွေဆီကို ဦးတည်နေတာကို တွေ့နေရတဲ့အတွက် သက်ဆိုင်ရာလူမှုအဖွဲ့အစည်းတွေက သတိပေးနေခဲ့တာတွေ ရှိခဲ့ပါတယ်။အထင်ရှားဆုံးအနေနဲ့ အောက်တိုဘာ ၁၀ ရက်က ဟင်္သာတ၊ တာဂွကျေးရွာမှာဖြစ်ခဲ့တဲ့ ပဋိပက္ခမှာဆိုရင်  အတော်လေးကို အန္တရာယ်များတဲ့အခြေအနေဆီကို ထိုးဆိုက်သွား ခဲ့တာကို တွေ့ရပါတယ်။ဒီပဋိပက္ခမှာဆိုရင် လူအင်အားထောင်ချီပါတဲ့ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတွေဟာ မဲဆွယ်ယာဉ်တန်း ရွာထံဖြတ်သန်းစဉ် ရွာထဲက အာဏာရပါတီ ထောက်ခံသူတွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာပါ။လူမှုကွန်ရက်အပေါ်တက်လာတဲ့ ရုပ်သံမြင်ကွင်းတွေအရဆိုရင် အတော်လေးကို ရုပ်ပျက်ဆင်းပျက်နဲ့ မင်းမဲ့စရိုက်ဆန်ဆန် ဖျက်ဆီးအကြမ်းဖက်နေတာကို တွေ့ရပြီး ဒီမြင်ကွင်းတွေက ပြီးခဲ့တဲ့နှစ်များတွေမှာ ပျောက်ကွယ်နေခဲ့တဲ့ ရုတ်တရက်ရောက်လာတဲ့ အကြမ်းဖက်လူအုပ်ကြီးကို ပြန်တွေ့လိုက်ရသလိုဘဲ ဖြစ်ခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်တုန်းက အကြမ်းဖက်ခံရတဲ့အတွက် ဒေသခံတွေထဲမှာ ထိခိုက်သူတွေ ခေါင်းပေါက် ခန္ဓာကိုယ်စုတ်ပြတ်ခဲ့သူတွေ၊ ခြေထောက်အရိုးအက်ကွဲသူတွေအထိ ဖြစ်ခဲ့သလို ကားတွေ ဆိုင်ကယ်တွေ အိမ်တွေအထိ ပျက်စီးခဲ့တာတွေလည်း အများအပြားဖြစ်ခဲ့တာကို တွေ့ရပါတယ်။ဒီအကြမ်းဖက်ဖျက်ဆီးမှုထဲပါတဲ့ ပြည်ခိုင်ဖြိုးဝန်းရံသူ ဦးဌေးလွင်နဲ့ ၂၅ ဦးကို အမှုဖွင့်ခဲ့တယ် ဆိုပါတယ်။စစ်ကိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာမှာဖြစ်တဲ့ ပြဿနာမှာတော့ ထိခိုက်ပျက်စီးမှုသာမက လူ့အသက်တစ်ချောင်းပါ သေဆုံးခဲ့ရတဲ့အထိ အကြမ်းဖက်မှုက အဆုံးစွန်အထိ လက်ရဲဇက်ရဲရှိခဲ့ပါတယ်။
တားဆီးရန်မဝံ့သည်အထိ ဖြစ်ခဲ့ရသည်က မေးခွန်းထုတ်စရာဖြစ်ခဲ့ရပါတယ်။

မီဒီယာတွေတွင် ဖော်ပြခဲ့သည့် ဖြစ်စဉ်တွေအရဆိုလျှင် အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများ ကာဘိုးကျေးရွာအတွင်း မဲဆွယ်စည်းရုံးရေး လှည့်လည်နေစဉ် ဒေသခံ NLD ထောက်ခံသူ ရွာသားများကလည်း လမ်းဘေးမှနေ၍ သီချင်းများဖွင့်ခဲ့ရာမှ ညနေဘက်တွင် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများက  တစ်ခေါက်ပြန်လာပြီး ဆိုင်ကယ်များနှင့် နေအိမ်များကို ဖျက်ဆီးခဲ့ရာမှ လူသေဆုံး ခဲ့သည်အထိ ဖြစ်ခဲ့တာလို့ဆိုပါတယ်။တုတ်၊ ဓားများ ကိုင်ဆောင်ထားပြီး လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများကို NLD ထောက်ခံသူများက လမ်းပိတ်ဆို့ပြီး ခဲဖြင့်စပေါက်ခဲ့ရာမှ ပဋိပက္ခစတင်ဖြစ်ပွားခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူဘက်က ပြောတာကို မီဒီယာတစ်ခုမှာ ဖော်ပြထားတာတွေ့ရပြီး အဆိုပါပဋိပက္ခအတွင်း အိမ်ဖျက်ဆီးခံရသူက ပြောရာတွင်တော့ ကိုဗစ် စစ်ဆေးရေးဂိတ်မှာ လမ်းပိတ်ဆို့မှုဖြစ်နေလို့ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများက လမ်းတောင်းရာမှ ဒေသခံလူငယ်အချို့နှင့် ပဋိပက္ခဖြစ်ပွားပြီး ဒေသခံတစ်ဦး အရိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

နောက်ပိုင်းဖော်ပြချက်များတွင်တော့ ရုပ်သံမြင်ကွင်းများတွင် တွေ့ရသည်အတိုင်း အဆိုပါနေရာအနီးရှိ အဆောက်အအုံနှင့် ရှိသမျှကို ဖျက်ဆီးခဲ့တာကို တွေ့ခဲ့ရပါတယ်။လူပါသေဆုံးခဲ့ရတဲ့ ဒီဖြစ်ရပ်ကို တိုင်းဒေသကြီးအစိုးရ လူမှုရေးဝန်ကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းပြီး စုံစမ်းဖော်ထုတ်အရေးယူနေပြီး လက်ရှိမှာ ပြစ်မှုကျူးလွန်သူဟု ယူဆရတဲ့ ပြည်ခိုင်ဖြိုးပါတီထောက်ခံသူ ယာဉ်တန်းမှာလိုက်ပါခဲ့သူ ၅ ဦး ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။နိုင်ငံတကာရွေးကောက်ပွဲတွေမှာ နိုင်ငံရဲ့ ဒီမိုကရေစီချုပ်ကိုင်မှုနှင့် ပွင့်လင်းမြင်သာမှု ရေချိန်ကိုလိုက်ပြီး အကြမ်းဖက်မှုနဲ့ အေးချမ်းစွာပြီးဆုံးမှုတွေ ကွဲကွဲပြားပြားရှိခဲ့ပါတယ်။နိုင်ငံရေးသမားတွေ၊ နှစ်ဘက်စလုံးကို အဝင်အထွက်ရှိတဲ့သူတွေနဲ့ နိုင်ငံတကာရွေးကောက်ပွဲတွေရဲ့ သဘောသဘာ၀ကို စောင့်ကြည့်နေသူတွေက အစောပိုင်းကတည်းက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကထက် ယခု ၂၀၂၀ ရွေးကောက်ပွဲက ပိုပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ခဲ့တာ ရှိခဲ့ပါတယ်။

ကိုဗစ်ဒုတိယလှိုင်း ပြင်းထန်လာချိန် ရွေးကောက်ပွဲကလည်း အလွန်နီးကပ်လာတဲ့အတွက် ပါတီကို ဝန်းရံသူတွေ ထောက်ခံသူတွေ လုပ်နိုင်သည့်အရာက အင်အားပြလှည့်လည်တာတစ်ခုသာ လုပ်နိုင်ခဲ့သလို ဒီလိုလှည့်လည်ခြင်းကလည်း တချို့သော အသုံးချလိုသူတွေနဲ့ အပျော်ကြိုက် မြန်မာတွေနဲ့ အံကိုက်ဖြစ်ခဲ့ပါတယ်။ယခုလို သေဆုံးသည်အထိဖြစ်ပြီးနောက် တွေးစရာရှိခဲ့တာက ယခုလိုအင်အားလှည့်လည်ပြတာက အုပ်စုဖွဲ့ရမ်းကားချင်တဲ့သူတွေ၊ အုပ်စုဖွဲ့အကြမ်းဖက်တဲ့သူတွေအတွက် အလွယ်တကူ လူစုပြီး နေရာတစ်ခုကနေ နေရာတစ်ခုကို အစစ်ဆေးမရှိ သွားလာနိုင်တဲ့ အခွင့်အရေးဖြစ်နေတာ၊ ပါတီနဲ့ ရွေးကောက်ပွဲကိစ္စတွေဖြစ်လို့ ဒါမျိုးမဖြစ်နိုင်ဘူးလို့ အာဏာပိုင်တွေ ယူဆခဲ့တာလားဆိုတဲ့ အတွေးတွေပါဘဲ။

ပါတီတွေဘက်ကတော့ ဒီလိုမထိန်းနိုင်မှာစိုးတဲ့အတွက် ပါတီထောက်ခံဝန်းရံသူတွေကို ဒီလိုကိုဗစ်ကာလမှာ ကျန်းမာရေးတားမြစ်ချက်နဲ့မညီတဲ့ လူအများအပြားစုစည်းပြီး လှည့်လည်တာတွေကို မလုပ်ကြဖို့ ပြီးခဲ့တဲ့လကတည်းက  ကြိုစာထုတ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ဒါပေမယ့် ကိုယ့်ပါတီထောက်ခံသူတွေကို မတားဆီးနိုင်တာကို စာထုတ်ပြီး နောက်ရက်တွေမှာ ပြုလုပ်ကြတဲ့ ထောက်ခံလှည့်လည်ပွဲတွေကိုကြည့်ရင် ပါတီတွေက သူ့ထောက်ခံသူတွေအပေါ် ဩဇာအာဏာညောင်းသလား၊ ပါတီထောက်ခံသူအဖြစ် ပုံရိပ်ယူပြီး ပါတီကိုအသုံးချနေတဲ့သူတွေက များနေသလားဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

တစ်ခုဘဲတွေးကြည့်ပါ။ကိုယ့်ရပ်ကိုယ့်ရွာထဲ လှည့်လည်ဝင်ရောက်လာတဲ့ အဖွဲ့တွေ၊ မဲဆွယ်စည်းရုံးရေးအဖွဲ့တွေက  ကိုယ့်အိမ်ကိုယ့်ယာ ပိုင်ဆိုင်တာ၊ ကိုယ်ယုံကြည်တဲ့အရာတွေကို ဖျက်ဆီးတာ၊ ကိုယ့်မိသားစုကို သတ်ဖြတ်နှိပ်စက်တာကိုလုပ်ခဲ့ရင် ကိုယ်ရောခံနိုင်မလားဆိုတဲ့ ကိုယ်ချင်းစာစိတ်ပါဘဲ။ဒါဟာ ဘယ်ပါတီ ထောက်ခံဝန်းရံသူဘဲ ကျူးလွန်တာဖြစ်ဖြစ် လက်မခံနိုင်တဲ့အရာပါ။

ဒီလိုဖြစ်ရပ်ပြီးနောက်မှာ အာဏာရပါတီဘက်က ပါတီထောက်ခံဝန်းရံသူတွေအနေနဲ့  စည်းရုံးရေးဆင်းရာမှာ တစ်ခြားအဖွဲ့အစည်းများဖြင့် ပဋိပက္ခမဖြစ်အောင်နေဖို့ လိုတယ်လို့ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သတိပေးခဲ့သလို NLD ပါတီဘက်ကလည်း မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်မှာစိုးလို့ စာထုတ်ပြီး NLD ပါတီ ဝန်းရံသူတွေကို အကြမ်းမဖက်သည့် မူဝါဒကိုထိန်းသိမ်းပြီး ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ရပါတယ်။

ဒီအတွက် ဒီဖြစ်ရပ်တွေမှာ ဘယ်ပါတီဖြစ်ဖြစ် ကိုယ့်ပါတီရဲ့ ပယောဂမပါခဲ့ရိုးမှန်ရင် ဒီလိုကျူးလွန်သူတွေကို သက်ဆိုင်ရာကအရေးယူတဲ့ မည်သို့သော ဩဇာအာဏာကိုမှ အသုံးမချဘဲ ကင်းကင်းရှင်းရျင်းနေဖို့ လိုပါတယ်။ရှေ့လျှောက်ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှုတွေမှာလည်း အာဏာပိုင်တွေအနေနဲ့ တင်းတင်းပြတ်ပြတ်ကိုင်တွယ်တဲ့အခါ၊ ပါတီတွေက ဘယ်လောက်ထိ မစွက်ဖက်လဲဆိုတာကိုကြည့်ပြီးရင် ပါတီတွေ ရွေးကောက်ခံရဖို့ မဲဆွယ်တာလား၊ ရွေးကောက်ပွဲဖျက်ဖို့ လူစုပေးတာလားဆိုတာ ကွဲကွဲပြားပြားသိနိုင်မှာဖြစ်ပါတယ်။ရှေ့လျှောက် ပါတီထောက်ခံသူတွေရဲ့ ဝန်းရံလှည့်လည်မဲဆွယ်ပွဲမှာ ဘယ်လောက်ထိ ပဋိပက္ခတွေပြင်းထန်လာဦးမလဲ၊ ဖြစ်လာနိုင်တဲ့ မတူညီတဲ့ ထောက်ခံဝန်းရံသူအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်လောက်ထိဆုံးရှုံးမှုတွေဖြစ်လာနိုင်သလဲဆိုတာ ရင်တမမနဲ့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

သတိထားမိသည့် သတင်းစာရှင်းလင်းပွဲများ

ယခုရက်သတ္တပတ်ထဲမှာ အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်နဲ့ တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲတွေ အသီးသီးလုပ်ခဲ့ပါတယ်။ဒီလိုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကနေ တချို့သိချင်နေတဲ့အရာတွေ၊ သိသင့်တဲ့ အချက်အလက်တွေကို သတင်းစာရှင်းလင်းသူတွေက ဖော်ထုတ်ပြောဆိုခဲ့တဲ့အတွက် ယခုရက်သတ္တပတ်မှာ ဒီသတင်းစာရှင်းလင်းပွဲတွေက အကြောင်းအရာအားဖြင့် စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။အထူးသဖြင့် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက သတိထားမိတာတွေရှိခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်းကပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က တစ်ခုပြောခဲ့ပါတယ်။မကြာခင်က လွှတ်တော်ကိုယ်စားလှယ်လောင်းကို  ပြန်ပေးဆွဲတဲ့အထိ လက်ရဲဇက်ရဲ လူမျိုးရေးအစွန်းရောက်လာတဲ့ ရခိုင်လက်နက်ကိုင် အေအေ အဖွဲ့နဲ့ပတ်သက်ပြီး သဘောထားကို ပြောခဲ့တာကိုလည်းတွေ့ရပါတယ်။သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က အေအေ အဖွဲ့အနေနဲ့ ရွေးကောက်ပွဲပျက်ပြားအောင် မလုပ်သင့်ဘူးလို့ ပြောခဲ့ပါတယ်။ပြောတဲ့အထဲမှာ လူထုက သူ့ရဲ့ကိုယ်စားလှယ်ကို သူကိုယ်တိုင်တင်မြှောက်ခွင့်ရလာဖို့ ကျွန်တော်တို့ ဆယ်စုနှစ်နဲ့ချီပြီးတော့ စောင့်ဆိုင်းခဲ့ရတဲ့အနေအထားရှိလို့ တစ်ဆင့်ပြီး တစ်ဆင့် ဒီမိုကရေစီကိုသွားနေတဲ့အချိန်မှာ ရွေးကောက်ပွဲလမ်းကြောင်းကို ပျက်ပြားအောင် မလုပ်သင့်ဘူးလို့ ပြောခဲ့ပါတယ်။ဒါ့အပြင် ငြိမ်းချမ်းရေးအတွက် ဖွင့်ပေးထားတဲ့ လမ်းကြောင်းအတိုင်းလာဖို့သာ လိုအပ်တယ်လို့ အေအေကို ပြောခဲ့တာတွေ့ရပါတယ်။

တပ်မတော်ဘက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေနဲ့ပတ်သက်ပြီး ပြောခဲ့ရာမှာ AA အနေနဲ့က တံခါးဖွင့်ထားတဲ့ လမ်းကြောင်းကနေဝင်ဖို့၊ ဒို့တာဝန်အရေးသုံးပါး၊ ပြည်ထောင်စုပြိုကွဲစေမှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမှုတွေကို ရှောင်ရှားဖို့၊ သူတို့မူဝါဒကို ပြန်လည်သုံးသပ်ဖို့လိုတယ်လို့ ပြောခဲ့သလို  လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် (EAO) တွေ အများကြီးရှိပြီး “အေအေလို အစွန်းမရောက်ဘူး။ပြည်သူလူထုအပေါ်မှာ မနှိပ်စက်ဘူး” လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် ငြိမ်းချမ်းရေးအတွက် မည်မျှပင်ဆွေးနွေးသည်ဖြစ်စေ ပစ်ခတ်တိုက်ခိုက်မှု မရပ်စဲသရွေ့ ငြိမ်းချမ်းရေးဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။

အောက်တိုဘာ ၂၀ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အကြမ်းဖက်လက်နက်ကိုင်တွေကြောင့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို မထိခိုက်ဖို့ အာဏာပိုင်တွေ၊ ရွေး/ကော်နဲ့ ပါတီတွေဘက်က ကြိုးစားလုပ်ကိုင်ပေမယ့် အထင်လွဲမှားမှုတွေရှိလို့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းခဲ့ရတာကို တွေ့ရပါတယ်။ရွေးကော်က ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ ဒေသတွေနဲ့ပတ်သက်ပြီး ပါတီတွေ၊ မီဒီယာတွေဘက်ကနေ အထင်အမြင်အယူအဆတွေ လွဲမှားမှုတွေရှိတဲ့အတွက် အဲဒီရှင်းလင်းပွဲမှာ ရွေး/ကော်အဖွဲ့ဝင် ဦးမြင့်နိုင် က ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ နယ်မြေတွေကို လတ်တလောအန္တရာယ်ဖြစ်စေနိုင်တဲ့ မြို့နယ်တွေ ရပ်ကွက်ကျေးရွာအုပ်စုတွေကို ချန်လှပ်ထားခဲ့ရတာ ဖြစ်ပြီး ကော်မရှင်အနေနဲ့ အစိုးရ၊ ကာကွယ်ရေးနဲ့ ပြည်ထဲရေးတို့ရဲ့ မှတ်ချက်တွေနဲ့ ထုတ်ပြန်ခဲ့တာလို့ ပြောခဲ့ပါတယ်။ဒါ့အပြင် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေဟာ အန္တရာယ်မရှိတော့ရင် ရွေးကောက်ပွဲပြုလုပ်သွားဖို့ အခုလထဲ ကြေညာသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးက အောက်တိုဘာ ၂၄ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့  တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲပေးနိုင်တဲ့ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲက လုံခြုံစွာမဲပေးနိုင်တဲ့နယ်မြေ ၂၇၁ ခု၊ တပ်မတော်လုံခြုံရေးအစီအမံပြုပြီးမှ မဲပေးနိုင်တဲ့နယ်မြေ ၂၀ နဲ့ လုံခြုံရေးအားနည်းနိုင်တဲ့ နယ်မြေ  ၃၉ ခု တင်ပြခဲ့တယ် ဆိုပါတယ်။ရွေးကောက်ပွဲက ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာ မဲဆွယ်မှုတွေက ပြင်းထန်လာသလို မက်လုံးတွေ၊ ကိုယ့်ဘက်ပါအောင် မဲဆွယ်မှုတွေ၊ လှည့်ဖျားမှုတွေ၊ တွေဝေအောင် မှိုင်းတိုက်မှုတွေနဲ့ ရွေးကောက်ပွဲပါတီ ခေါင်းဆောင်တွေဘက်က တိုးမြှင့်လုပ်ဆောင်လာတာကို တွေ့ရသလို ပါတီကိုထောက်ခံတဲ့ အောက်ခြေမှာလည်း ကိုဗစ်ကူးစက်မှုအန္တရာယ်ကြားကနေ ကိုယ်နှစ်သက်ရာပါတီကို ဝန်းရံသူတွေအချင်းချင်း ပြဿနာကလည်း ပြင်းထန်လာပါတယ်။မဲဆွယ်ရာမှာ ဘာသာရေးကိုအလွဲသုံးစားပြုပြီး ရွေးကောက်ပွဲအနိုင်ရရှိခဲ့ရင် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းက ကန့်ကွက်တိုင်ကြားလာရင် ကိုယ်စားလှယ်အဖြစ်က ဆုံးရှုံးသွားနိုင်တယ်လို့ ရွေးကော်က သတိပေးထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်းကပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာလည်း ဦးဇော်ဌေး က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကောက်ယူထားတဲ့ စစ်တမ်းတစ်ခုကို ပြောခဲ့တာပါ။ဒီစစ်တမ်းက ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ကိစ္စရပ်တွေကို ဇူလိုင်လမှ စက်တင်ဘာလအထိ လူထုစစ်တမ်းကောက်ယူထားတာဖြစ်ပြီး စစ်တမ်းမှာ COVID-19 ရောဂါမှာ ၄၆ ရာခိုင်နှုန်း၊ နိုင်ငံရေးပါတီအသီးသီး၏ မဲဆွယ်စည်းရုံးရေးကြောင့် ၁၃ ရာခိုင်နှုန်း၊ ဒေသတွင်းမတည်ငြိမ်မှု ၁၃ ရာခိုင်နှုန်း၊ အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်၏ ယုံကြည်မှု ၇ ရာခိုင်နှုန်း၊ ကြိုတင်မဲပေးမှု ၆ ရာခိုင်နှုန်း၊ ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့အစည်းများ ၄ ရာခိုင်နှုန်း၊ သတင်းမှားဖြန့်ချီခြင်း ၃ ရာခိုင်နှုန်း၊ မဲဆန္ဒရှင်များ၏ ရွေးကောက်ပွဲကို သိနားလည်မှုအားနည်းခြင်း ၃ ရာခိုင်နှုန်း၊ လူမျိုးရေး ဘာသာရေးကြောင့် ၃ ရာခိုင်နှုန်းနှင့် မဲစာရင်းမမှန်ကန်မှု ၂ ရာခိုင်နှုန်းတို့ကြောင့် ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်နိုင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒီထဲမှာ သတင်းအမှားတွေနဲ့ ကောလာဟလ လုပ်ကြံမှုတွေက နောက်ပိုင်းမှာ မြင့်တက်လာတယ်ဆိုပြီး ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ သတင်းမှားအန္တရာယ်က ပိုကြီးလာတာကို အစိုးရမဆိုနဲ့ အများပြည်သူက မြင်သာသလို မီဒီယာတွေ စောင့်ကြည့်အဖွဲ့တွေကလည်း သတိပေးမှုတွေ၊ ပြန်လည်ရှင်းလင်းမှုတွေကို လုပ်ပေးခဲ့တာကို တွေ့ရပါတယ်။ဒီအထဲမှာ အစိုးရကို တိုက်ခိုက်အပုတ်ချတာတွေ တောက်လျှောက်လုပ်နေခဲ့တဲ့ အွန်လိုင်းသတင်းပေ့ချ်တွေကို ဖြုတ်ချခဲ့တာကို တွေ့ရပြီး ဒီထဲမှာ အချိန်တိုအတွင်း သတင်းအတုတွေကိုတင်ရာမှာ လူသိများလာတဲ့ Myanmae Hard Talk သတင်းဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာပါ ဖယ်ရှားခံခဲ့ရတာကို တွေ့ရပါတယ်။

မဲဆွယ်ပွဲတွေက မြေပြင်မှာသာမက အွန်လိုင်းစာမျက်နှာမှာပါ အရှိန်မြင့်တက်နေပါတယ်။ကိုဗစ် ၁၉ ကြောင့် မဲဆန္ဒရှင်တွေကို တိုက်ရိုက်ထိတွေ့နိုင်ဖို့ ပါတီကြီးတွေ ပါတီငယ်တွေ အားလုံးက လူမှုကွန်ရက်စာမျက်နှာကို အလွန်အကျွံအသုံးချနေရပြီး စာမျက်နှာထက် တက်လာတဲ့ Like တွေ၊ follow တွေ reactတွေကိုကြည့်ရင် ပါတီကြီးနှစ်ခုကလွဲပြီး တခြားပါတီတွေအပေါ် စိတ်ဝင်စားမှုက အရမ်းနည်းနေခဲ့ပါတယ်။ဒီထဲမှာ တစ်ပါတီနဲ့ တစ်ပါတီ တိုက်ခိုက်အပုပ်ချတာတွေ နောက်ကြောင်းပြန်ဖြစ်ခဲ့တာတွေ ဖော်ပြတာတွေကို အချက်အလက်မှားတွေနဲ့ရောစပ်ပြီး ရည်ရွယ်ချက်ရှိရှိ ဖော်ပြတာတွေ တိုက်ခိုက်အပုပ်ချမှုတွေက ရွေးကောက်ပွဲနီးလာလေ ပိုပြင်းထန်လာနေတာကို တွေ့နေလာရပါတယ်။

လောလောဆယ်မှာတော့ မကွေးတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ပါတီဝင်များနှင့် online meeting မှာ ပြောခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ရဲ့ “လူတွေအားလုံး ရဲရဲတောက်မဟုတ်တော့ဘဲ အစိမ်းဘက်မှာရှိနေတာ သေချာနေပြီ” ဆိုတဲ့ စကားက လူများကြားထဲ လူပြောသူပြောများနေသလို မဲနိုင်ခဲ့ရင် လစာတိုးပေးမယ်ဆိုတဲ့ ကတိကဝတ်ကလည်း ဝေဖန်စရာအဖြစ် ပြန့်နှံနေတာကို သတိထားမိစရာဖြစ်ခဲ့ပါတယ်။ယခုလာမယ့်ရွေးကောက်ပွဲမှာ ဒီပါတီကြီးနှစ်ခုထဲကနေ တစ်ခုသာ အစိုးရဖွဲ့နိုင်မှာဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေးရဲ့ အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေရဲ့ ဒီရက်ပိုင်းပြောတဲ့စကား မဲဆွယ်စကားတွေက နောင်တစ်ချိန်မှာ သမိုင်းအဖြစ်ကျန်ခဲ့မှာပါ။ဒီအတွက် ရွေးကောက်ပွဲအလွန်မှာ ဘယ်ပါတီက စကားတည်လဲ ကတိကဝတ်တည်လဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မာလင်း
အောက်တိုဘာ - ၂၆

( Zawgyi )

ယခုရက္သတၱပတ္ သတင္းေတြထဲမွာ ကန႔္ဘလူမွာျဖစ္ခဲ့တဲ့ အၾကမ္းဖက္မႈသတင္း၊  တပ္မေတာ္သတင္းစာရွင္းလင္းပြဲသတင္း၊ ေ႐ြးေကာက္ပြဲမဲဆြယ္ပြဲနဲ႔ ပတ္သက္တဲ့ သတင္းေတြနဲ႔ စိတ္ဝင္စားစရာ သတင္းေတြစုံလင္ခဲ့ပါတယ္။သမၼတ႐ုံးကျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ လူအမ်ားစိတ္ဝင္စားခဲ့တဲ့ ႏွင္းဆီပါတီဥကၠ႒ကို စစ္ေဆးမႈကေန ေပၚထြက္လာတဲ့ အမ်ားျပည္သူ စိတ္ဝင္စားစရာ အခ်က္အလက္ေတြရွိခဲ့သလို ေနာက္ဆက္တြဲစစ္ေဆးရာမွာ ထြက္ဆိုမႈေတြကလည္း စိတ္ဝင္စားစရာေကာင္းခဲ့သလို ေ႐ြးေကာက္ပြဲနီးလာတဲ့အတြက္ ကိုဗစ္ကူးစက္မႈတားဆီးဖို႔ သတ္မွတ္ထားတဲ့ ကန႔္သတ္မႈေတြထဲက တခ်ိဳ႕ကို က်န္းမာေရးဝန္ႀကီးဌာနက ေျဖေလွ်ာ့တဲ့ သတင္းေတြကလည္း ယခုရက္သတၱပတ္ရဲ႕ အမ်ားစိတ္ဝင္စားစရာသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ တျခားသတင္းေတြထဲက ထူးျခားတဲ့သတင္းေတြျဖစ္တဲ့ ျပည္ခိုင္ၿဖိဳးပါတီ၏ ႏိုင္ငံပိုင္ပစၥည္းမ်ား သုံးစြဲေနမႈႏွင့္ လူမ်ိဳးေရးခြဲျခားမႈအေပၚ စုံစမ္းစစ္ေဆးရန္ Justice For Myanmar မွ ေတာင္း ဆိုထုတ္ျပန္လိုက္တဲ့သတင္း၊ ပန္းဘဲတန္း လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းႏွင့္ ပါတီကို လူမ်ိဳးေရး၊ ဘာသာေရး ထိခိုက္ေျပာဆိုလို႔  မင္းကင္းအမတ္ ဦးေမာင္ျမင့္ ကို တရားစြဲရန္ အေထာက္အထားရွိရင္ NLD ပါတီက ခြင့္ျပဳလိုက္တဲ့သတင္း "ေလာကနတ္-၁" လို႔ အမည္ေပးထားတဲ့ ျမန္မာပိုင္ အနိမ့္ပ်ံ အေသးစားၿဂိဳလ္တုကို လာမည့္ႏွစ္ ေဖေဖာ္ဝါရီမွာ လႊတ္တင္ေတာ့မယ့္သတင္း၊ အေျခခံပညာမူလတန္းမွာ ကိုဗစ္ၿပီးလို႔ ေက်ာင္းဖြင့္ရင္ အသက္ ၆ ႏွစ္ေက်ာ္ေနတဲ့ KG တက္ရမယ့္ ကေလးေတြ GRADE 1 တိုက္႐ိုက္တက္ႏိုင္တဲ့ သတင္းေတြလို သတင္းေတြရွိခဲ့ၿပီး မႈခင္းသတင္းေတြထဲမွာဆိုရင္လည္း ေကာ့ေသာင္းၿမိဳ႕နယ္ ျပည္ေထာင္စုလမ္းမႀကီးေဘးမွာ အမ်ိဳးသားႏွစ္ဦး သတ္ျဖတ္ခံထားရတဲ့အမႈကို ေဖာ္ရာကေန အျခားလူသတ္မႈေတြပါ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့တဲ့သတင္း၊ မႏၲေလးမွာ ၇ တန္းေက်ာင္းသား ေသဆုံးခဲ့ရတဲ့ျဖစ္ရပ္ အပါအဝင္ အုပ္စုဖြဲ႕လုယက္မႈက်ဴးလြန္သူ ၂၀ ေက်ာ္ကို ဖမ္းဆီးရမိခဲ့တဲ့သတင္း၊ တပ္မေတာ္ ရဟတ္ယာဥ္တစ္စင္း KNU တပ္မဟာနယ္ေျမတြင္ ပစ္ခတ္ခံရတဲ့သတင္း၊ ေ႐ႊကုကၠိဳစီမံကိန္းအတြင္း ဗီဇာသက္တမ္းလြန္ တ႐ုတ္ႏိုင္ငံသား ၁၉၀၀ ေက်ာ္ ေတြ႕ရွိထားတဲ့ သတင္းေတြကလည္း ယခုရက္ထဲ သတိထားမိစရာျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြထဲကေန ပထမဆုံးအေနနဲ႔ ေ႐ြးေကာက္ပြဲအတြက္ အုပ္စုဖြဲ႕မဲဆြယ္ရာကေန မင္းမဲ့စ႐ိုက္ဆန္ဆန္ အၾကမ္းဖက္မႈေတြဆီကိုေရာက္သြားတဲ့ ကန္႔ဘလူ မဲဆြယ္တဲ့အေၾကာင္းကို တင္ဆက္သုံးသပ္ခ်င္ပါတယ္။

အင္အားျပဝန္းရံတာလား၊ မင္းမဲ့စ႐ိုက္ အၾကမ္းဖက္မႈကို လယ္ယပ္ေခၚတာလား

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD) ႏွင့္ ျပည္ခိုင္ၿဖိဳးပါတီ ေထာက္ခံသူမ်ားအၾကား ျဖစ္ပြားခဲ့သည့္ ပဋိပကၡအတြင္း ျပည္ခိုင္ၿဖိဳးပါတီ ေထာက္ခံသူမ်ား၏ ႐ိုက္ႏွက္မႈေၾကာင့္ ေသဆုံးခဲ့သူ ကိုမ်ိဳးဝင္းစိုး၏ ဈာပနကို ေအာက္တိုဘာ ၂၅ ရက္က က်င္းပခဲ့ပါတယ္။ဒါဟာ  ၂၀၂၀ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးကာလအတြင္း အဓိကၿပိဳင္ဘက္ပါတီႀကီးႏွစ္ခုကို ေထာက္ခံဝန္းရံသူမ်ားအၾကားျဖစ္ပြားသည့္ ပဋိပကၡေၾကာင့္ ပထမဦးဆုံးအႀကိမ္ လူတစ္ဦးေသဆုံးခဲ့ျခင္းျဖစ္ကာ ၎ေသဆုံးခဲ့ရျခင္းက ယခုေ႐ြးေကာက္ပြဲ၏ ပကတိျပင္းထန္မႈကို ဖြင့္ျပလိုက္သလိုလည္း ျဖစ္ေနပါတယ္။

ေအာက္တိုဘာ ၂၂ ရက္ မတိုင္မီကတည္းက အဆိုပါ ပါတီမဲဆြယ္အင္အားျပပြဲမ်ားက မင္းမဲ့စ႐ိုက္ဆန္ဆန္ အၾကမ္းဖက္မႈေတြဆီကို ဦးတည္ေနတာကို ေတြ႕ေနရတဲ့အတြက္ သက္ဆိုင္ရာလူမႈအဖြဲ႕အစည္းေတြက သတိေပးေနခဲ့တာေတြ ရွိခဲ့ပါတယ္။အထင္ရွားဆုံးအေနနဲ႔ ေအာက္တိုဘာ ၁၀ ရက္က ဟသၤာတ၊ တာဂြေက်း႐ြာမွာျဖစ္ခဲ့တဲ့ ပဋိပကၡမွာဆိုရင္  အေတာ္ေလးကို အႏၲရာယ္မ်ားတဲ့အေျခအေနဆီကို ထိုးဆိုက္သြား ခဲ့တာကို ေတြ႕ရပါတယ္။ဒီပဋိပကၡမွာဆိုရင္ လူအင္အားေထာင္ခ်ီပါတဲ့ ျပည္ခိုင္ၿဖိဳးပါတီ ဝန္းရံသူေတြဟာ မဲဆြယ္ယာဥ္တန္း ႐ြာထံျဖတ္သန္းစဥ္ ႐ြာထဲက အာဏာရပါတီ ေထာက္ခံသူေတြနဲ႔ ခိုက္ရန္ျဖစ္ပြားခဲ့တာပါ။လူမႈကြန္ရက္အေပၚတက္လာတဲ့ ႐ုပ္သံျမင္ကြင္းေတြအရဆိုရင္ အေတာ္ေလးကို ႐ုပ္ပ်က္ဆင္းပ်က္နဲ႔ မင္းမဲ့စ႐ိုက္ဆန္ဆန္ ဖ်က္ဆီးအၾကမ္းဖက္ေနတာကို ေတြ႕ရၿပီး ဒီျမင္ကြင္းေတြက ၿပီးခဲ့တဲ့ႏွစ္မ်ားေတြမွာ ေပ်ာက္ကြယ္ေနခဲ့တဲ့ ႐ုတ္တရက္ေရာက္လာတဲ့ အၾကမ္းဖက္လူအုပ္ႀကီးကို ျပန္ေတြ႕လိုက္ရသလိုဘဲ ျဖစ္ခဲ့ပါတယ္။

အဆိုပါျဖစ္ရပ္တုန္းက အၾကမ္းဖက္ခံရတဲ့အတြက္ ေဒသခံေတြထဲမွာ ထိခိုက္သူေတြ ေခါင္းေပါက္ ခႏၶာကိုယ္စုတ္ျပတ္ခဲ့သူေတြ၊ ေျခေထာက္အ႐ိုးအက္ကြဲသူေတြအထိ ျဖစ္ခဲ့သလို ကားေတြ ဆိုင္ကယ္ေတြ အိမ္ေတြအထိ ပ်က္စီးခဲ့တာေတြလည္း အမ်ားအျပားျဖစ္ခဲ့တာကို ေတြ႕ရပါတယ္။ဒီအၾကမ္းဖက္ဖ်က္ဆီးမႈထဲပါတဲ့ ျပည္ခိုင္ၿဖိဳးဝန္းရံသူ ဦးေဌးလြင္နဲ႔ ၂၅ ဦးကို အမႈဖြင့္ခဲ့တယ္ ဆိုပါတယ္။စစ္ကိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္၊ ကာဘိုးေက်း႐ြာမွာျဖစ္တဲ့ ျပႆနာမွာေတာ့ ထိခိုက္ပ်က္စီးမႈသာမက လူ႔အသက္တစ္ေခ်ာင္းပါ ေသဆုံးခဲ့ရတဲ့အထိ အၾကမ္းဖက္မႈက အဆုံးစြန္အထိ လက္ရဲဇက္ရဲရွိခဲ့ပါတယ္။
တားဆီးရန္မဝံ့သည္အထိ ျဖစ္ခဲ့ရသည္က ေမးခြန္းထုတ္စရာျဖစ္ခဲ့ရပါတယ္။

မီဒီယာေတြတြင္ ေဖာ္ျပခဲ့သည့္ ျဖစ္စဥ္ေတြအရဆိုလွ်င္ ေအာက္တိုဘာ ၂၂ ရက္ မနက္ပိုင္းက ျပည္ခိုင္ၿဖိဳးပါတီ ေထာက္ခံသူမ်ား ကာဘိုးေက်း႐ြာအတြင္း မဲဆြယ္စည္း႐ုံးေရး လွည့္လည္ေနစဥ္ ေဒသခံ NLD ေထာက္ခံသူ ႐ြာသားမ်ားကလည္း လမ္းေဘးမွေန၍ သီခ်င္းမ်ားဖြင့္ခဲ့ရာမွ ညေနဘက္တြင္ ျပည္ခိုင္ၿဖိဳးပါတီ ေထာက္ခံသူမ်ားက  တစ္ေခါက္ျပန္လာၿပီး ဆိုင္ကယ္မ်ားႏွင့္ ေနအိမ္မ်ားကို ဖ်က္ဆီးခဲ့ရာမွ လူေသဆုံး ခဲ့သည္အထိ ျဖစ္ခဲ့တာလို႔ဆိုပါတယ္။တုတ္၊ ဓားမ်ား ကိုင္ေဆာင္ထားၿပီး လာေရာက္သည့္ ျပည္ခိုင္ၿဖိဳးပါတီ ေထာက္ခံသူမ်ားကို NLD ေထာက္ခံသူမ်ားက လမ္းပိတ္ဆို႔ၿပီး ခဲျဖင့္စေပါက္ခဲ့ရာမွ ပဋိပကၡစတင္ျဖစ္ပြားခဲ့တယ္လို႔ ျပည္ခိုင္ၿဖိဳးပါတီ ေထာက္ခံသူဘက္က ေျပာတာကို မီဒီယာတစ္ခုမွာ ေဖာ္ျပထားတာေတြ႕ရၿပီး အဆိုပါပဋိပကၡအတြင္း အိမ္ဖ်က္ဆီးခံရသူက ေျပာရာတြင္ေတာ့ ကိုဗစ္ စစ္ေဆးေရးဂိတ္မွာ လမ္းပိတ္ဆို႔မႈျဖစ္ေနလို႔ ျပည္ခိုင္ၿဖိဳးပါတီ ေထာက္ခံသူမ်ားက လမ္းေတာင္းရာမွ ေဒသခံလူငယ္အခ်ိဳ႕ႏွင့္ ပဋိပကၡျဖစ္ပြားၿပီး ေဒသခံတစ္ဦး အ႐ိုက္ခံခဲ့ရတာလို႔ ဆိုပါတယ္။

ေနာက္ပိုင္းေဖာ္ျပခ်က္မ်ားတြင္ေတာ့ ႐ုပ္သံျမင္ကြင္းမ်ားတြင္ ေတြ႕ရသည္အတိုင္း အဆိုပါေနရာအနီးရွိ အေဆာက္အအုံႏွင့္ ရွိသမွ်ကို ဖ်က္ဆီးခဲ့တာကို ေတြ႕ခဲ့ရပါတယ္။လူပါေသဆုံးခဲ့ရတဲ့ ဒီျဖစ္ရပ္ကို တိုင္းေဒသႀကီးအစိုးရ လူမႈေရးဝန္ႀကီး ဦးေဆာင္တဲ့ စုံစမ္းစစ္ေဆးေရးခုံ႐ုံးကို ဖြဲ႕စည္းၿပီး စုံစမ္းေဖာ္ထုတ္အေရးယူေနၿပီး လက္ရွိမွာ ျပစ္မႈက်ဴးလြန္သူဟု ယူဆရတဲ့ ျပည္ခိုင္ၿဖိဳးပါတီေထာက္ခံသူ ယာဥ္တန္းမွာလိုက္ပါခဲ့သူ ၅ ဦး ကို ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ဆိုပါတယ္။ႏိုင္ငံတကာေ႐ြးေကာက္ပြဲေတြမွာ ႏိုင္ငံရဲ႕ ဒီမိုကေရစီခ်ဳပ္ကိုင္မႈႏွင့္ ပြင့္လင္းျမင္သာမႈ ေရခ်ိန္ကိုလိုက္ၿပီး အၾကမ္းဖက္မႈနဲ႔ ေအးခ်မ္းစြာၿပီးဆုံးမႈေတြ ကြဲကြဲျပားျပားရွိခဲ့ပါတယ္။ႏိုင္ငံေရးသမားေတြ၊ ႏွစ္ဘက္စလုံးကို အဝင္အထြက္ရွိတဲ့သူေတြနဲ႔ ႏိုင္ငံတကာေ႐ြးေကာက္ပြဲေတြရဲ႕ သေဘာသဘာ၀ကို ေစာင့္ၾကည့္ေနသူေတြက အေစာပိုင္းကတည္းက ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲကထက္ ယခု ၂၀၂၀ ေ႐ြးေကာက္ပြဲက ပိုျပင္းထန္လာႏိုင္တယ္လို႔ သုံးသပ္ခဲ့တာ ရွိခဲ့ပါတယ္။

ကိုဗစ္ဒုတိယလႈိင္း ျပင္းထန္လာခ်ိန္ ေ႐ြးေကာက္ပြဲကလည္း အလြန္နီးကပ္လာတဲ့အတြက္ ပါတီကို ဝန္းရံသူေတြ ေထာက္ခံသူေတြ လုပ္ႏိုင္သည့္အရာက အင္အားျပလွည့္လည္တာတစ္ခုသာ လုပ္ႏိုင္ခဲ့သလို ဒီလိုလွည့္လည္ျခင္းကလည္း တခ်ိဳ႕ေသာ အသုံးခ်လိုသူေတြနဲ႔ အေပ်ာ္ႀကိဳက္ ျမန္မာေတြနဲ႔ အံကိုက္ျဖစ္ခဲ့ပါတယ္။ယခုလို ေသဆုံးသည္အထိျဖစ္ၿပီးေနာက္ ေတြးစရာရွိခဲ့တာက ယခုလိုအင္အားလွည့္လည္ျပတာက အုပ္စုဖြဲ႕ရမ္းကားခ်င္တဲ့သူေတြ၊ အုပ္စုဖြဲ႕အၾကမ္းဖက္တဲ့သူေတြအတြက္ အလြယ္တကူ လူစုၿပီး ေနရာတစ္ခုကေန ေနရာတစ္ခုကို အစစ္ေဆးမရွိ သြားလာႏိုင္တဲ့ အခြင့္အေရးျဖစ္ေနတာ၊ ပါတီနဲ႔ ေ႐ြးေကာက္ပြဲကိစၥေတြျဖစ္လို႔ ဒါမ်ိဳးမျဖစ္ႏိုင္ဘူးလို႔ အာဏာပိုင္ေတြ ယူဆခဲ့တာလားဆိုတဲ့ အေတြးေတြပါဘဲ။

ပါတီေတြဘက္ကေတာ့ ဒီလိုမထိန္းႏိုင္မွာစိုးတဲ့အတြက္ ပါတီေထာက္ခံဝန္းရံသူေတြကို ဒီလိုကိုဗစ္ကာလမွာ က်န္းမာေရးတားျမစ္ခ်က္နဲ႔မညီတဲ့ လူအမ်ားအျပားစုစည္းၿပီး လွည့္လည္တာေတြကို မလုပ္ၾကဖို႔ ၿပီးခဲ့တဲ့လကတည္းက  ႀကိဳစာထုတ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ဒါေပမယ့္ ကိုယ့္ပါတီေထာက္ခံသူေတြကို မတားဆီးႏိုင္တာကို စာထုတ္ၿပီး ေနာက္ရက္ေတြမွာ ျပဳလုပ္ၾကတဲ့ ေထာက္ခံလွည့္လည္ပြဲေတြကိုၾကည့္ရင္ ပါတီေတြက သူ႔ေထာက္ခံသူေတြအေပၚ ဩဇာအာဏာေညာင္းသလား၊ ပါတီေထာက္ခံသူအျဖစ္ ပုံရိပ္ယူၿပီး ပါတီကိုအသုံးခ်ေနတဲ့သူေတြက မ်ားေနသလားဆိုတာကို ေတြ႕ရမွာျဖစ္ပါတယ္။

တစ္ခုဘဲေတြးၾကည့္ပါ။ကိုယ့္ရပ္ကိုယ့္႐ြာထဲ လွည့္လည္ဝင္ေရာက္လာတဲ့ အဖြဲ႕ေတြ၊ မဲဆြယ္စည္း႐ုံးေရးအဖြဲ႕ေတြက  ကိုယ့္အိမ္ကိုယ့္ယာ ပိုင္ဆိုင္တာ၊ ကိုယ္ယုံၾကည္တဲ့အရာေတြကို ဖ်က္ဆီးတာ၊ ကိုယ့္မိသားစုကို သတ္ျဖတ္ႏွိပ္စက္တာကိုလုပ္ခဲ့ရင္ ကိုယ္ေရာခံႏိုင္မလားဆိုတဲ့ ကိုယ္ခ်င္းစာစိတ္ပါဘဲ။ဒါဟာ ဘယ္ပါတီ ေထာက္ခံဝန္းရံသူဘဲ က်ဴးလြန္တာျဖစ္ျဖစ္ လက္မခံႏိုင္တဲ့အရာပါ။

ဒီလိုျဖစ္ရပ္ၿပီးေနာက္မွာ အာဏာရပါတီဘက္က ပါတီေထာက္ခံဝန္းရံသူေတြအေနနဲ႔  စည္း႐ုံးေရးဆင္းရာမွာ တစ္ျခားအဖြဲ႕အစည္းမ်ားျဖင့္ ပဋိပကၡမျဖစ္ေအာင္ေနဖို႔ လိုတယ္လို႔ NLD ပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ က သတိေပးခဲ့သလို NLD ပါတီဘက္ကလည္း မလိုလားအပ္တဲ့ ေနာက္ဆက္တြဲျပႆနာေတြျဖစ္မွာစိုးလို႔ စာထုတ္ၿပီး NLD ပါတီ ဝန္းရံသူေတြကို အၾကမ္းမဖက္သည့္ မူဝါဒကိုထိန္းသိမ္းၿပီး ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ၾကဖို႔ တိုက္တြန္းခဲ့ရပါတယ္။

ဒီအတြက္ ဒီျဖစ္ရပ္ေတြမွာ ဘယ္ပါတီျဖစ္ျဖစ္ ကိုယ့္ပါတီရဲ႕ ပေယာဂမပါခဲ့႐ိုးမွန္ရင္ ဒီလိုက်ဴးလြန္သူေတြကို သက္ဆိုင္ရာကအေရးယူတဲ့ မည္သို႔ေသာ ဩဇာအာဏာကိုမွ အသုံးမခ်ဘဲ ကင္းကင္းရွင္းရ်င္းေနဖို႔ လိုပါတယ္။ေရွ႕ေလွ်ာက္ျဖစ္လာႏိုင္တဲ့ အၾကမ္းဖက္မႈေတြမွာလည္း အာဏာပိုင္ေတြအေနနဲ႔ တင္းတင္းျပတ္ျပတ္ကိုင္တြယ္တဲ့အခါ၊ ပါတီေတြက ဘယ္ေလာက္ထိ မစြက္ဖက္လဲဆိုတာကိုၾကည့္ၿပီးရင္ ပါတီေတြ ေ႐ြးေကာက္ခံရဖို႔ မဲဆြယ္တာလား၊ ေ႐ြးေကာက္ပြဲဖ်က္ဖို႔ လူစုေပးတာလားဆိုတာ ကြဲကြဲျပားျပားသိႏိုင္မွာျဖစ္ပါတယ္။ေရွ႕ေလွ်ာက္ ပါတီေထာက္ခံသူေတြရဲ႕ ဝန္းရံလွည့္လည္မဲဆြယ္ပြဲမွာ ဘယ္ေလာက္ထိ ပဋိပကၡေတြျပင္းထန္လာဦးမလဲ၊ ျဖစ္လာႏိုင္တဲ့ မတူညီတဲ့ ေထာက္ခံဝန္းရံသူအခ်င္းခ်င္း ထိပ္တိုက္ေတြ႕ဆုံမႈမွာ ဘယ္ေလာက္ထိဆုံးရႈံးမႈေတြျဖစ္လာႏိုင္သလဲဆိုတာ ရင္တမမနဲ႔ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

သတိထားမိသည့္ သတင္းစာရွင္းလင္းပြဲမ်ား

ယခုရက္သတၱပတ္ထဲမွာ အစိုးရ၊ ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ တပ္မေတာ္ဘက္က သတင္းစာရွင္းလင္းပြဲေတြ အသီးသီးလုပ္ခဲ့ပါတယ္။ဒီလိုလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲကေန တခ်ိဳ႕သိခ်င္ေနတဲ့အရာေတြ၊ သိသင့္တဲ့ အခ်က္အလက္ေတြကို သတင္းစာရွင္းလင္းသူေတြက ေဖာ္ထုတ္ေျပာဆိုခဲ့တဲ့အတြက္ ယခုရက္သတၱပတ္မွာ ဒီသတင္းစာရွင္းလင္းပြဲေတြက အေၾကာင္းအရာအားျဖင့္ စိတ္ဝင္စားစရာေကာင္းခဲ့ပါတယ္။အထူးသျဖင့္ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲက သတိထားမိတာေတြရွိခဲ့ပါတယ္။

ေအာက္တိုဘာ ၂၃ ရက္ မြန္းလြဲပိုင္းကျပဳလုပ္တဲ့ ႏိုင္ငံေတာ္သမၼတ႐ုံး သတင္းစာရွင္းလင္းပြဲမွာ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က တစ္ခုေျပာခဲ့ပါတယ္။မၾကာခင္က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းကို  ျပန္ေပးဆြဲတဲ့အထိ လက္ရဲဇက္ရဲ လူမ်ိဳးေရးအစြန္းေရာက္လာတဲ့ ရခိုင္လက္နက္ကိုင္ ေအေအ အဖြဲ႕နဲ႔ပတ္သက္ၿပီး သေဘာထားကို ေျပာခဲ့တာကိုလည္းေတြ႕ရပါတယ္။သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က ေအေအ အဖြဲ႕အေနနဲ႔ ေ႐ြးေကာက္ပြဲပ်က္ျပားေအာင္ မလုပ္သင့္ဘူးလို႔ ေျပာခဲ့ပါတယ္။ေျပာတဲ့အထဲမွာ လူထုက သူ႔ရဲ႕ကိုယ္စားလွယ္ကို သူကိုယ္တိုင္တင္ေျမႇာက္ခြင့္ရလာဖို႔ ကြၽန္ေတာ္တို႔ ဆယ္စုႏွစ္နဲ႔ခ်ီၿပီးေတာ့ ေစာင့္ဆိုင္းခဲ့ရတဲ့အေနအထားရွိလို႔ တစ္ဆင့္ၿပီး တစ္ဆင့္ ဒီမိုကေရစီကိုသြားေနတဲ့အခ်ိန္မွာ ေ႐ြးေကာက္ပြဲလမ္းေၾကာင္းကို ပ်က္ျပားေအာင္ မလုပ္သင့္ဘူးလို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ ၿငိမ္းခ်မ္းေရးအတြက္ ဖြင့္ေပးထားတဲ့ လမ္းေၾကာင္းအတိုင္းလာဖို႔သာ လိုအပ္တယ္လို႔ ေအေအကို ေျပာခဲ့တာေတြ႕ရပါတယ္။

တပ္မေတာ္ဘက္က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေအေအနဲ႔ပတ္သက္ၿပီး ေျပာခဲ့ရာမွာ AA အေနနဲ႔က တံခါးဖြင့္ထားတဲ့ လမ္းေၾကာင္းကေနဝင္ဖို႔၊ ဒို႔တာဝန္အေရးသုံးပါး၊ ျပည္ေထာင္စုၿပိဳကြဲေစမႈ၊ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈ ၿပိဳကြဲေစမႈေတြကို ေရွာင္ရွားဖို႔၊ သူတို႔မူဝါဒကို ျပန္လည္သုံးသပ္ဖို႔လိုတယ္လို႔ ေျပာခဲ့သလို  လက္ရွိ တိုင္းရင္းသားလက္နက္ကိုင္ (EAO) ေတြ အမ်ားႀကီးရွိၿပီး “ေအေအလို အစြန္းမေရာက္ဘူး။ျပည္သူလူထုအေပၚမွာ မႏွိပ္စက္ဘူး” လို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ ၿငိမ္းခ်မ္းေရးအတြက္ မည္မွ်ပင္ေဆြးေႏြးသည္ျဖစ္ေစ ပစ္ခတ္တိုက္ခိုက္မႈ မရပ္စဲသေ႐ြ႕ ၿငိမ္းခ်မ္းေရးျဖစ္လာစရာ အေၾကာင္းမရွိဘူးလို႔ ေျပာခဲ့ပါတယ္။

ေအာက္တိုဘာ ၂၀ ရက္မွာ က်င္းပတဲ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ အၾကမ္းဖက္လက္နက္ကိုင္ေတြေၾကာင့္ ႏိုဝင္ဘာ ၈ ရက္မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲကို မထိခိုက္ဖို႔ အာဏာပိုင္ေတြ၊ ေ႐ြး/ေကာ္နဲ႔ ပါတီေတြဘက္က ႀကိဳးစားလုပ္ကိုင္ေပမယ့္ အထင္လြဲမွားမႈေတြရွိလို႔ သတင္းစာရွင္းလင္းပြဲမွာ ရွင္းလင္းခဲ့ရတာကို ေတြ႕ရပါတယ္။ေ႐ြးေကာ္က ထုတ္ျပန္ခဲ့တဲ့ ေ႐ြးေကာက္ပြဲမက်င္းပျဖစ္တဲ့ ေဒသေတြနဲ႔ပတ္သက္ၿပီး ပါတီေတြ၊ မီဒီယာေတြဘက္ကေန အထင္အျမင္အယူအဆေတြ လြဲမွားမႈေတြရွိတဲ့အတြက္ အဲဒီရွင္းလင္းပြဲမွာ ေ႐ြး/ေကာ္အဖြဲ႕ဝင္ ဦးျမင့္ႏိုင္ က ေ႐ြးေကာက္ပြဲ မက်င္းပျဖစ္တဲ့ နယ္ေျမေတြကို လတ္တေလာအႏၲရာယ္ျဖစ္ေစႏိုင္တဲ့ ၿမိဳ႕နယ္ေတြ ရပ္ကြက္ေက်း႐ြာအုပ္စုေတြကို ခ်န္လွပ္ထားခဲ့ရတာ ျဖစ္ၿပီး ေကာ္မရွင္အေနနဲ႔ အစိုးရ၊ ကာကြယ္ေရးနဲ႔ ျပည္ထဲေရးတို႔ရဲ႕ မွတ္ခ်က္ေတြနဲ႔ ထုတ္ျပန္ခဲ့တာလို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္တဲ့ေနရာေတြဟာ အႏၲရာယ္မရွိေတာ့ရင္ ေ႐ြးေကာက္ပြဲျပဳလုပ္သြားဖို႔ အခုလထဲ ေၾကညာသြားဖို႔ရွိတယ္လို႔ ဆိုပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးက ေအာက္တိုဘာ ၂၄ ရက္က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့  တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ မဲေပးႏိုင္တဲ့ ၿမိဳ႕နယ္ေပါင္း ၃၃၀ ရွိတဲ့အထဲက လုံၿခဳံစြာမဲေပးႏိုင္တဲ့နယ္ေျမ ၂၇၁ ခု၊ တပ္မေတာ္လုံၿခဳံေရးအစီအမံျပဳၿပီးမွ မဲေပးႏိုင္တဲ့နယ္ေျမ ၂၀ နဲ႔ လုံၿခဳံေရးအားနည္းႏိုင္တဲ့ နယ္ေျမ  ၃၉ ခု တင္ျပခဲ့တယ္ ဆိုပါတယ္။ေ႐ြးေကာက္ပြဲက ရက္ပိုင္းသာလိုေတာ့တဲ့အခ်ိန္မွာ မဲဆြယ္မႈေတြက ျပင္းထန္လာသလို မက္လုံးေတြ၊ ကိုယ့္ဘက္ပါေအာင္ မဲဆြယ္မႈေတြ၊ လွည့္ဖ်ားမႈေတြ၊ ေတြေဝေအာင္ မႈိင္းတိုက္မႈေတြနဲ႔ ေ႐ြးေကာက္ပြဲပါတီ ေခါင္းေဆာင္ေတြဘက္က တိုးျမႇင့္လုပ္ေဆာင္လာတာကို ေတြ႕ရသလို ပါတီကိုေထာက္ခံတဲ့ ေအာက္ေျခမွာလည္း ကိုဗစ္ကူးစက္မႈအႏၲရာယ္ၾကားကေန ကိုယ္ႏွစ္သက္ရာပါတီကို ဝန္းရံသူေတြအခ်င္းခ်င္း ျပႆနာကလည္း ျပင္းထန္လာပါတယ္။မဲဆြယ္ရာမွာ ဘာသာေရးကိုအလြဲသုံးစားျပဳၿပီး ေ႐ြးေကာက္ပြဲအႏိုင္ရရွိခဲ့ရင္ ၿပိဳင္ဘက္ကိုယ္စားလွယ္ေလာင္းက ကန႔္ကြက္တိုင္ၾကားလာရင္ ကိုယ္စားလွယ္အျဖစ္က ဆုံးရႈံးသြားႏိုင္တယ္လို႔ ေ႐ြးေကာ္က သတိေပးထားပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး ေအာက္တိုဘာ ၂၃ ရက္ မြန္းလြဲပိုင္းကျပဳလုပ္တဲ့ ႏိုင္ငံေတာ္သမၼတ႐ုံး သတင္းစာရွင္းလင္းပြဲမွာလည္း ဦးေဇာ္ေဌး က ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ေကာက္ယူထားတဲ့ စစ္တမ္းတစ္ခုကို ေျပာခဲ့တာပါ။ဒီစစ္တမ္းက ေ႐ြးေကာက္ပြဲကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္တဲ့ ကိစၥရပ္ေတြကို ဇူလိုင္လမွ စက္တင္ဘာလအထိ လူထုစစ္တမ္းေကာက္ယူထားတာျဖစ္ၿပီး စစ္တမ္းမွာ COVID-19 ေရာဂါမွာ ၄၆ ရာခိုင္ႏႈန္း၊ ႏိုင္ငံေရးပါတီအသီးသီး၏ မဲဆြယ္စည္း႐ုံးေရးေၾကာင့္ ၁၃ ရာခိုင္ႏႈန္း၊ ေဒသတြင္းမတည္ၿငိမ္မႈ ၁၃ ရာခိုင္ႏႈန္း၊ အစိုးရႏွင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ယုံၾကည္မႈ ၇ ရာခိုင္ႏႈန္း၊ ႀကိဳတင္မဲေပးမႈ ၆ ရာခိုင္ႏႈန္း၊ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေရး အဖြဲ႕အစည္းမ်ား ၄ ရာခိုင္ႏႈန္း၊ သတင္းမွားျဖန႔္ခ်ီျခင္း ၃ ရာခိုင္ႏႈန္း၊ မဲဆႏၵရွင္မ်ား၏ ေ႐ြးေကာက္ပြဲကို သိနားလည္မႈအားနည္းျခင္း ၃ ရာခိုင္ႏႈန္း၊ လူမ်ိဳးေရး ဘာသာေရးေၾကာင့္ ၃ ရာခိုင္ႏႈန္းႏွင့္ မဲစာရင္းမမွန္ကန္မႈ ၂ ရာခိုင္ႏႈန္းတို႔ေၾကာင့္ ေ႐ြးေကာက္ပြဲကို အေႏွာင့္အယွက္ျဖစ္ႏိုင္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ဒီထဲမွာ သတင္းအမွားေတြနဲ႔ ေကာလာဟလ လုပ္ႀကံမႈေတြက ေနာက္ပိုင္းမွာ ျမင့္တက္လာတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲ နီးကပ္လာတာနဲ႔အမွ် သတင္းမွားအႏၲရာယ္က ပိုႀကီးလာတာကို အစိုးရမဆိုနဲ႔ အမ်ားျပည္သူက ျမင္သာသလို မီဒီယာေတြ ေစာင့္ၾကည့္အဖြဲ႕ေတြကလည္း သတိေပးမႈေတြ၊ ျပန္လည္ရွင္းလင္းမႈေတြကို လုပ္ေပးခဲ့တာကို ေတြ႕ရပါတယ္။ဒီအထဲမွာ အစိုးရကို တိုက္ခိုက္အပုတ္ခ်တာေတြ ေတာက္ေလွ်ာက္လုပ္ေနခဲ့တဲ့ အြန္လိုင္းသတင္းေပ့ခ်္ေတြကို ျဖဳတ္ခ်ခဲ့တာကို ေတြ႕ရၿပီး ဒီထဲမွာ အခ်ိန္တိုအတြင္း သတင္းအတုေတြကိုတင္ရာမွာ လူသိမ်ားလာတဲ့ Myanmae Hard Talk သတင္းဌာနရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာပါ ဖယ္ရွားခံခဲ့ရတာကို ေတြ႕ရပါတယ္။

မဲဆြယ္ပြဲေတြက ေျမျပင္မွာသာမက အြန္လိုင္းစာမ်က္ႏွာမွာပါ အရွိန္ျမင့္တက္ေနပါတယ္။ကိုဗစ္ ၁၉ ေၾကာင့္ မဲဆႏၵရွင္ေတြကို တိုက္႐ိုက္ထိေတြ႕ႏိုင္ဖို႔ ပါတီႀကီးေတြ ပါတီငယ္ေတြ အားလုံးက လူမႈကြန္ရက္စာမ်က္ႏွာကို အလြန္အကြၽံအသုံးခ်ေနရၿပီး စာမ်က္ႏွာထက္ တက္လာတဲ့ Like ေတြ၊ follow ေတြ reactေတြကိုၾကည့္ရင္ ပါတီႀကီးႏွစ္ခုကလြဲၿပီး တျခားပါတီေတြအေပၚ စိတ္ဝင္စားမႈက အရမ္းနည္းေနခဲ့ပါတယ္။ဒီထဲမွာ တစ္ပါတီနဲ႔ တစ္ပါတီ တိုက္ခိုက္အပုပ္ခ်တာေတြ ေနာက္ေၾကာင္းျပန္ျဖစ္ခဲ့တာေတြ ေဖာ္ျပတာေတြကို အခ်က္အလက္မွားေတြနဲ႔ေရာစပ္ၿပီး ရည္႐ြယ္ခ်က္ရွိရွိ ေဖာ္ျပတာေတြ တိုက္ခိုက္အပုပ္ခ်မႈေတြက ေ႐ြးေကာက္ပြဲနီးလာေလ ပိုျပင္းထန္လာေနတာကို ေတြ႕ေနလာရပါတယ္။

ေလာေလာဆယ္မွာေတာ့ မေကြးတိုင္းေဒသႀကီး တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ ပါတီဝင္မ်ားႏွင့္ online meeting မွာ ေျပာခဲ့တဲ့ ျပည္ခိုင္ၿဖိဳးပါတီေခါင္းေဆာင္ရဲ႕ “လူေတြအားလုံး ရဲရဲေတာက္မဟုတ္ေတာ့ဘဲ အစိမ္းဘက္မွာရွိေနတာ ေသခ်ာေနၿပီ” ဆိုတဲ့ စကားက လူမ်ားၾကားထဲ လူေျပာသူေျပာမ်ားေနသလို မဲႏိုင္ခဲ့ရင္ လစာတိုးေပးမယ္ဆိုတဲ့ ကတိကဝတ္ကလည္း ေဝဖန္စရာအျဖစ္ ျပန႔္ႏွံေနတာကို သတိထားမိစရာျဖစ္ခဲ့ပါတယ္။ယခုလာမယ့္ေ႐ြးေကာက္ပြဲမွာ ဒီပါတီႀကီးႏွစ္ခုထဲကေန တစ္ခုသာ အစိုးရဖြဲ႕ႏိုင္မွာျဖစ္တဲ့အတြက္ ျမန္မာ့ႏိုင္ငံေရးရဲ႕ အဓိကၿပိဳင္ဘက္ပါတီႀကီးႏွစ္ခုကို ဦးေဆာင္ေနတဲ့ ေခါင္းေဆာင္ေတြရဲ႕ ဒီရက္ပိုင္းေျပာတဲ့စကား မဲဆြယ္စကားေတြက ေနာင္တစ္ခ်ိန္မွာ သမိုင္းအျဖစ္က်န္ခဲ့မွာပါ။ဒီအတြက္ ေ႐ြးေကာက္ပြဲအလြန္မွာ ဘယ္ပါတီက စကားတည္လဲ ကတိကဝတ္တည္လဲ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

မာလင္း
ေအာက္တိုဘာ - ၂၆