【 နိုင်ငံတကာဆောင်းပါး 】တောင်တန်းပင်လယ်တွေခြားနေပေမယ့် ဝေးမနေပါ၊ နွေဦးချိန်ခါဝယ် နိုင်ငံတစ်ဝန်း တူဆင်နွှဲကြမယ်

【 နိုင်ငံတကာဆောင်းပါး 】တောင်တန်းပင်လယ်တွေခြားနေပေမယ့် ဝေးမနေပါ၊ နွေဦးချိန်ခါဝယ် နိုင်ငံတစ်ဝန်း တူဆင်နွှဲကြမယ်

လွန်ခဲ့တဲ့ ၄၅ နှစ်က ၁၉၇၈ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်ကွန်မြူနစ်ပါတီ (၁၁) ကြိမ်မြောက် ဗဟိုကော်မတီရဲ့ တတိယအကြိမ်စုံညီအစည်းအဝေးကို အကြောင်းပြုပြီး တရုတ်နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့် လှစ်ရေးဆိုတဲ့ သမိုင်းဝင်ခရီးစဉ်ကို စတင်ခဲ့ပါတယ်။

ကျေးလက်မှ မြို့ပြအထိ၊ ရှေ့ပြေးစမ်းသပ်မှုမှ မြှင့်တင်မှုအထိ၊ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်လှစ်ရေးရဲ့ နွေဦးလေညင်းဟာ တရုတ်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အံ့ဖွယ်အကြောင်းအရာတွေကို ဖြစ်ပေါ်လာ စေခဲ့ပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာပြီး လူသန်းရာနဲ့ချီကို ဆင်းရဲတွင်းမှ လွတ်မြောက်စေခဲ့ကာ အသင့်အတင့်ချမ်းသာတဲ့လူ့အဖွဲ့အစည်းကို ဘက်စုံတည်ဆောက်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးအတွက် ၇၀ ရာခိုင်နှုန်းကျော် အကျိုးပြုခဲ့ပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အကျိုးပြုနှုန်းမှာလည်း နှစ်ပေါင်းများစွာ ဆက်တိုက် ၃၀ ရာခိုင်နှုန်းနဲ့အထက်မှာ ရှိခဲ့ပါတယ်။ တရုတ်အသွင်ပုံစံခေတ်မီမှုဆိုတဲ့ လူသားယဉ်ကျေးမှုပုံစံသစ်ကို ဖန်တီးပေးခဲ့ပါတယ်။ တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်လှစ်ရေးလုပ်ငန်းစဉ်ကြီးက ကမ္ဘာကြီးအတွက် ဘာတွေများ ဆောင် ကြဉ်းပေးပါသလဲ။

ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ခွန်အားသစ်များဖြစ်လာခြင်း

တရုတ်နိုင်ငံက “Belt and Road” စီမံချက်ကို အဆိုပြုခဲ့ပြီး အတူပါဝင်ဆောင်ရွက်တဲ့ နိုင်ငံနဲ့ဒေသများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက်ချိတ်ဆက်မှုများ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာ နိုင်ငံပေါင်း ၁၅၀ ကျော်၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၀ ကျော်နဲ့အတူ “Belt and Road” အတူတည်ဆောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်းများ လက်မှတ်ရေးထိုးထားပြီဖြစ်ပါတယ်။

လမ်းကြောင်းတစ်လျှောက်ရှိ အခြေခံအဆောက်အအုံများရဲ့ အသွင်အပြင်များ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး နှစ်ဦးနှစ်ဖက်နဲ့ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများစွာကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီစီမံကိန်းတွေဟာ စိုက်ပျိုးရေး၊ စွမ်းအင်၊ လူမှုယဉ်ကျေးမှု၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ သိပ္ပံနှင့်နည်းပညာစတဲ့ နယ်ပယ်များစွာကို လွှမ်းခြုံထားပြီး လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံနဲ့ ဒေသများမှ ပြည်သူများအတွက် လက်တွေ့အကျိုးစီးပွားများ ဆက်တိုက်ဆောင်ကြဉ်းပေးနေပါတယ်။

လူသားများ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကြောင်းသစ် ဖွင့်လှစ်ပေးခြင်း

ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများရဲ့ ဘုံလိုလားတောင့်တမှု ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်လှစ်ရေးမှတစ်ဆင့် သစ်လွင်တဲ့၊ တရုတ်နိုင်ငံရဲ့အခြေအနေနဲ့ ပိုပြီးသင့်တော်တဲ့၊ တရုတ်ဝိသေသလက္ခဏာများ ပိုမိုပါဝင်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို စူးစမ်းရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြား ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်း ကြောင်းချဲ့ထွင်ပေးပါတယ်။ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လိုပြီး ကိုယ်ပိုင်လွတ်လပ်မှုကိုလည်းထိန်းသိမ်းထားလိုတဲ့ ကမ္ဘာပေါ်ရှိ နိုင်ငံများနဲ့ လူမျိုးများအတွက် လုံးဝသစ်လွင်တဲ့ မှီငြမ်းကိုးကားမှုနဲ့ ရွေးချယ်မှုများ ပံ့ပိုးပေးခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည့်စုံမှုရှိစေရေးအတွက် မြှင့်တင်ဆောင်ရွက်ခြင်း

ရာစုနှစ်တစ်ခုအတွင်း မရှိခဲ့ဖူးတဲ့ အပြောင်းအလဲကြီးများနဲ့ ရင်ဆိုင်ရချိန်မှာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးဆိုတဲ့ အယူအဆကို ဖန်တီးခဲ့ကာ ကမ္ဘာကြီးရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်ပေးခဲ့ပါတယ်။ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံနဲ့ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ ဆိုတဲ့အစီ အမံကြီးသုံးရပ်ကိုလည်း အဆိုပြုခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို စည်းလုံးညီညွတ်မှုနဲ့ အပြန်အလှန်ယုံကြည်မှုများ မြှင့်တင်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးရန်၊ စိန်ခေါ်မှုများကို အတူလက်တွဲရင်ဆိုင်ရန်၊ မတူကွဲပြားတဲ့ ယဉ်ကျေးမှုများအကြား ကူးလူးဖလှယ်မှုနဲ့ အပြန်အလှန်လေ့လာသင်ယူမှုများ မြှင့်တင်ဆောင်ရွက်ရန်၊ လူ့အဖွဲ့အစည်းခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနဲ့ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအတွက် ခိုင်မာအားကောင်းတဲ့ခွန်အားတွေ ဖြည့်တင်းပေးရန် တိုက်တွန်းခဲ့ပါတယ်။

“ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်လှစ်ရေးဆိုတဲ့ တရုတ်နိုင်ငံရဲ့ ဒုတိယအကြိမ်တော်လှန်ရေးဟာ တရုတ်နိုင်ငံကို နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲပေးရုံသာမက ကမ္ဘာကြီးကိုလည်း နက်ရှိုင်းစွာ အကျိုးသက်ရောက်နေစေပါတယ်။” တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်လှစ်ရေးလုပ်ငန်းစဉ်ဟာ ခေတ်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေမှုရှိစေရေးနဲ့ ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ တက်ကြွတဲ့လုပ်ဆောင်မှုဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်လှစ်ရေးဆိုင်ရာ အပြန်အလှန်ဆက်ဆံမှုများအတွင်း တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးတပြိုင်နက် ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးပါတယ်။ တရုတ်အသွင်ပုံစံ ခေတ်မီမှု အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ဆောင်ရွက်နေတဲ့ ခရီးစဉ်သစ်အတွင်းမှာ တရုတ်နိုင်ငံက ပိုမိုအားကောင်းတဲ့ သတ္တိအားမာန်တွေနဲ့အတူ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်လှစ်ရေးကို နက်ရှိုင်းစွာဆောင်ရွက်ပြီး နွေဦးချိန်ခါ အကြောင်းအရာများ” ကို ဆက်လက်ရေးသားသွားမှာဖြစ်ပါတယ်။