【 နိုင်ငံတကာဆောင်းပါး 】ပေကျင်း-တီယန်ကျင်း-ဟေဘေဒေသတို့ရဲ့ ပေါင်းစည်းဖွံ့ဖြိုးတိုးတက်မှု

【 နိုင်ငံတကာဆောင်းပါး 】ပေကျင်း-တီယန်ကျင်း-ဟေဘေဒေသတို့ရဲ့ ပေါင်းစည်းဖွံ့ဖြိုးတိုးတက်မှု

ပေကျင်းနှင့် အနီးနားက ဒေသများ၏ ပေါင်းစည်းထားသော ဖွံ့ဖြိုးတိုးတက်မှုဟာ ခုတော့ အရှိန်အဟုန် ရရှိလာနေပြီဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားအသစ်အဖြစ် ရှိလာနေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၉ နှစ်တွင် ပေကျင်း-တီယန်ကျင်း-ဟေဘေဒေသမြို့ကို တည်ဆောက်ရန် စတင်လာခဲ့ပြီးနောက်ခုတော့ စီးပွားရေးတိုးတက်မှုအတွက် တွန်းတစ်ခုဖြစ်လာနေပြီဖြစ်ပါတယ်။

ပေကျင်း-တီယန်ကျင်း-ဟေဘေဒေသများရဲ့ ဂျီဒီပီဟာ ၂၀၂၂ ခုနှစ်တွင် ယွမ် ၁၀ ထရီလီယံခန့်ရှိပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်တုန်းကထက် ၁.၈ ဆ ပိုတိုးလာတာကို ဖော်ပြနေကြောင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပေကျင်းစည်ပင်အချက် အလက်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

Beijing Carale Robot Technology Co.,Ltd ကုမ္ပဏီကို ၂၀၁၄ ခုနှစ် တရုတ်နိုင်ငံ၏ မြို့တော်တွင် စတင်တည်ထောင်ခဲ့ပါတယ်။ ပြီးတော့ ၎င်းရဲ့ စက်ရုံကိုလည်း R&D စင်တာကနေ ၂၀၁၇ ခုနှစ်တွင် တီယန်ကျင်းသို့ ရွှေ့ပြောင်းခဲ့ပြီးနောက် စီးပွားရေးကလည်း တစ်ဟုန်ထိုးတိုးတက်လာခဲ့ပါတယ်။

“Tianjin Binhai-Zhongguancun Science Park ရဲ့ မူဝါဒပံ့ပိုးမှု ကျေးဇူးကြောင့်ပဲဖြစ်ပါတယ်” ဟု ကုမ္ပဏီ ရဲ့ စီအီးအိုဖြစ်တဲ့ ယင်လင်က ပြောပါတယ်။ ၂၀၁၆ ခုနှစ်တွင် Tianjin Binhai New Area တွင် တည်ဆောက်ခဲ့ သော Tianjin Binhai-Zhongguancun Science Park ဟာ မြို့ရဲ့ သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှုအတွက် အသက်သွေးကြောဖြစ်လာခဲ့ပါတယ်။

ယင်လင်ရဲ့ ကုမ္ပဏီကတော့ စျေးကွက်အချက်အလက်များနှင့် နည်းပညာဆိုင်ရာ အရင်းအမြစ်များကို ပေကျင်းမြို့က အဆင့်မြင့်ဆုံးသော တက္ကသိုလ်များကနေ ရယူနိုင်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ ခိုင်မာသော မူဝါဒရဲ့ အကျိုးကျေးဇူးကနေလည်း အကျိုးအမြတ်များကို ရရှိနေပါတယ်။ ဒါဟာ ကုမ္ပဏီလည်ပတ်မှုအတွက် ကုန်ကျစရိတ်ကိုလည်း သက်သာစေပါတယ်။

ဟေဘေပြည်နယ်ဟာ ပေကျင်းနှင့် တီယန်ကျင်းကနေ ရွှေ့ပြောင်းလာခဲ့သော စီးပွားရေး လုပ်ငန်းပေါင်း ၄၄၀၀၀ ခန့်ကိုလည်းကြိုဆိုခဲ့ပါတယ်။ ဒီနှစ်အတွင်း ဟေဘေပြည်နယ်ဟာ နောက်ထပ်စီးပွားရေးလုပ်ငန်းများစွာကိုလည်း ကြိုဆိုရန် ရှိပါတယ်။

အမျိုးသားဗျူရိုစာရင်းအင်းရုံးက ထုတ်ပြန်ထားသောအချက်အလက်အရ ၂၀၂၁ ခုနှစ်တွင် ပေကျင်း-တီယန်ကျင်း-ဟေဘေဒေတွင် R&D ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုပေါင်း ၂၀၁၃ ခုနှစ်တုန်းကထက် ၂.၁ ဆ ပိုများလာခဲ့ပြီး တစ်နိုင်ငံလုံးကို ကိုယ်စားပြုသောပမာဏ ၁၄.၁ ရာခိုင်နှုန်းခန့်ရှိကြောင်းဆိုပါတယ်။ ပူးပေါင်းဆောင်ရွက်မှုများဟာ စီးပွားရေးကိုသာတိုးတက်စေတာမဟုတ်ပဲ တစ်ချိန်တည်းမှာပဲ ဒေသတွင်းက ပြည်သူများရဲ့ လူမှုဘဝကိုလည်း တိုးတက်စေကြောင်း ဆိုပါတယ်။

၂၀၁၅ ခုနှစ်တွင် Beijing Children’s Hospital ဟာ ပေါင်တင့်မြို့ရှိ ကလေးဆေးရုံက ကလေးများကို ထောက်ပံ့ကူညီမှုများ စတင်ပေးအပ်လာခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အထောက်အပံ့များကိုလည်း စတင်ပေးအပ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ပေကျင်းမြို့က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ပေါင်း ၈၀၀၀ ကျော်ခန့်ဟာ ပေါင်တင့်မြို့က ကလေးဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီဖြစ်ပါတယ်။ ထိုနေရာမှာပဲ ခွဲစိတ်ကုသမှုများကို လုပ်ဆောင်ခဲ့ပြီး သူတို့ရဲ့ အတွေ့အကြုံများကိုလည်း မျှဝေခဲ့ပါတယ်။ ထို့အပြင် ဒေသခံများပါဝင်သော ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများစွာကိုလည်း မွေးထုတ်နိုင်ခဲ့ပါတယ်။ ပေါင်တင့်မြို့တွင် အဆင့်မြင့်သော ကျန်းမာရေးဌာနကိုလည်း တည်ထောင်နိုင်ခဲ့ပါတယ်။

ပေါင်တင့်ကလေးဆေးရုံတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ထျန်ကျန့်ရဲ့ ပြောဆိုချက်အရ ၂၀၁၅ ခုနှစ်တွင် ဆေးရုံဟာ တစ်နှစ်ကို လူနာပေါင်း ၂၅၀၀၀၀ ခန့်သာ ကုသနိုင်ခဲ့ကြောင်း သို့သော်လည်း ခုတော့ တစ်နှစ်ကို လူနာပေါင်း ၆၀၀၀၀၀ ကျော် ကြည့်ရှုကုသနိုင်ခဲ့တယ်လို့ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ဆေးရုံတွင် ကြီးမားသော ခွဲစိတ်ကုသမှုကိုလည်း လုပ်နိုင်ပြီဖြစ်ပါတယ် ဒေသခံ လူနာများဟာ ပေကျင်းက အဆင့်မြင့် ဆေးဝါးအရင်းအမြစ်များကို အသုံးပြုလာနိုင်ပြီး ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများကို သူတို့ရဲ့ အိမ်တံခါးဝတွင် ရယူနိုင်ပါပြီ” ဟု သူက ပြောပါတယ်။

ဒီလို ဆေးဘက်ဆိုင်ရာ ဖြန့်ဝေမှုများအပြင် ဒေသအတွင်းတွင် တက္ကသိုလ်ပေါင်း ၂၂ ခုနဲ့ ချိတ်ဆက်ထားသော ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါဟာ ပညာရေးဆိုင်ရာ အရင်းအမြစ်များကို ဝေမျှခြင်းနှင့် ကျောင်းသားများအတွက် အခွင့်အလမ်းများ ပေးနိုင်ရန် ရည်ရွယ်ထားပါတယ်။

ပေကျင်း-တီယန်ကျင်း-ဟေဘေဒေသအတွင်းက ပြိုင်တူဖွံ့ဖြိုးတိုးတက်မှုတွင် ပို့ဆောင်ဆက်သွယ်ရေးဟာလည်း အဓိကကျသော အခန်းကဏ္ဍကနေပါဝင်ပါတယ်။ ခုတော့ ပေကျင်း-တီယန်ကျင်း-ဟေဘေတို့ကို တစ်နာရီအတွင်းသွားလာနိုင်ပြီး ဒေသခံများရဲ့ အလုပ်နှင့် လူမှုဘဝအတွက် အကျိုးပြုသော အရာဖြစ်လာပါတယ်။

ဒီဒေသအတွင်း နေထိုင်သောသူများဟာ အရည်အသွေးကောင်းသော လေကိုလည်း ရှူရှိုက်ပြီး ရေရှည်အသုံးပြုနိုင်သော စွမ်းအင်ကိုလည်း အသုံးပြုလာကြပါတယ်။ ၂၀၂၁ ခုနှစ်တွင် ပျမ်းမျှလေသိပ်သည်းမှုဟာ PM2.5 ရှိပြီး ယခင်နှစ်က ၁၅.၆ ရာခိုင်နှုန်းရှိရာကနေ အခုလို ကျဆင်းလာတာဖြစ်ပါတယ်။ ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်သော စွမ်းအင်ဟာ စွမ်းအင်အသုံးပြုမှုပေါင်း ၈.၈ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပြီး ၂၀၂၀ ခုနှစ်တွင် ၁.၉ ရာခိုင်နှုန်းသာရှိရာကနေ ခုတော့ မြင့်တက်လာတာဖြစ်ပါတယ်။

Naing

Ref:CMG| Beijing-Tianjin-Hebei region's coordinated development generates new growth driver