【 နိုင်ငံတကာဆောင်းပါး 】အနာဂတ်မျှဝေသော တရုတ်နိုင်ငံ၏ အရည်အသွေးရှိ ဖွံ့ဖြိုးတိုးတက်မှု

【 နိုင်ငံတကာဆောင်းပါး 】အနာဂတ်မျှဝေသော တရုတ်နိုင်ငံ၏ အရည်အသွေးရှိ ဖွံ့ဖြိုးတိုးတက်မှု

တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံကို ပေကျင်းမြို့တွင် ၂၀၂၂ခုနှစ် အောက်တိုဘာလ ၁၆ ရက်က ကျင်းပခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံအတွက် လာမယ့် ၁၀ နှစ်အတွင်း အကောင်အထည်ဖော်မည့် ပါတီရဲ့ ၂၀၃၅ ရည်မှန်းချက်များကို ချမှတ်မှာဖြစ်ပါတယ်။ ဒီညီလာခံရဲ့ အရေးကြီးပုံကတော့ တရုတ်ပြည်သူများအတွက်သာကမ ကမ္ဘာကြီးတစ်ခုလုံးအတွက်လည်း အရေးကြီးသောညီလာခံဖြစ်ပါတယ်။

ဒီညီလာခံဟာ ပြည်သူများရဲ့ ဘဝကို တိုးတက်စေလိုသော တရုတ်နိုင်ငံ၏ ခေါင်းဆောင်မှုကို ပြသနေပြီး၊ ဒါဟာ ကမ္ဘာကြီးကို စစ်မှန်သော ခေါင်းဆောင်မှုဟာ အများပြည်သူကို တာဝန်ထမ်းဆောင်ခြင်းနှင့် မျှဝေသော အနာဂတ် တည်ဆောက်ခြင်းဖြစ်ကြောင်းကိုလည်း ပြသနေတာဖြစ်ပါတယ်။

တရုတ်သမ္မတရှီကျင့်ဖျင်ဟာ စစ်မှန်သော အစိုးရခေါင်းဆောင်မှုဟာ ပြည်သူများရဲ့ ဒီမိုကရေစီဖြစ်စဉ် တစ်ခုလုံးကို ဆိုလိုနေပြီး အစိုးရရဲ့ အာဏာဟာ ပြည်သူများအပေါ်မှာသာ မူတည်တယ်ဆိုတဲ့ အခြေခံသဘောတရားကို ဆိုလိုကြောင်း ယုံကြည်ထားသူ တစ်ယောက်ဖြစ်ပါတယ်။ ပြည်သူ့ဒီမိုကရေစီဆိုတာ ဆိုရှယ်လစ်ဝါဒ၏ အသက်သွေးကြောဖြစ်ပြီး ကဏ္ဍပေါင်းစုံတွင် ခေတ်မီသော ဆိုရှယ်လစ်နိုင်ငံတည်ဆောက်ရေးတွင် အရေးကြီးသောအပိုင်းဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

ရှီကျင့်ဖျင်၏ ပြောကြားချက်အရ ခေါင်းဆောင်မှုဆိုတာ ပိုမိုနားလည်ရန် ကြိုးစားခြင်း၊ ပြည်သူများအားလုံး၏ အကျိုးစီးပွားကိုကာကွယ်ကာ အဆင့်မြင့်တင်ပေးခြင်းတို့ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။ ခေါင်းဆောင်များဟာ သူတို့ရဲ့ တတ်စွမ်းသမျှ အစွမ်းအစဖြင့် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရမှာဖြစ်ပြီး အထူးသဖြင့် ပြည်သူများနဲ့ ပတ်သက်သော စိန်ခေါ်မှုများကို ဖြေရှင်းရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း တရုတ်နိုင်ငံဟာ ကြီးမားသော စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဂျီဒီပီတိုးတက်မှုကလည်း ၁၉၉၄ ခုနှစ်တွင် တစ်ဦးဝင်ငွေဟာ တစ်နှစ်တွင် ဒေါ်လာ ၅၀၀ ရှိရာကနေ ၂၀၂၁ ခုနှစ်မှာတော့ ဒေါ်လာ ၁၂၅၅၁ အထိ တိုးလာခဲ့ပါတယ်။ ဒီလို တိုးတက်မှုများဟာ တရုတ်အစိုးရ၏ ခေါင်းဆောင်ပိုင်းအားကောင်းမှုကို ပြသနေပြီး ပြည်သူများရဲ့ ဘဝတိုးတက်လွတ်မြောက်စေနိုင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နည်းလမ်းကို အသုံးပြုရန် လိုအပ်ကြောင်းကိုလည်း သက်သေပြပါတယ်။ မူဝါဒနှင့် ဗျုူဟာများဖြင့် စီးပွားရေး တိုးတက်မှုကို ဖော်ဆောင်နိုင်ပါတယ်။

ပြည်သူများကို ဗဟိုပြုသော ဖွံ့ဖြိုးတိုးတက်မှုချဉ်းကပ်မှုဖြင့် နိုင်ငံကို အရေးပါသော နိုင်ငံဖြစ်လာစေမှာဖြစ်ပြီး၊ တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖော်ဆောင်နိုင်ကြောင်းကိုလည်း နားလည်စေရန် လမ်းညွှန်ပေးသော နိုင်ငံဖြစ်ပါတယ်။

ပြည်သူများဗဟိုပြုသော ချဉ်းကပ်မှုဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင် ဘုံကြွယ်ဝချမ်းသာမှုဆီကို လမ်းပြပေးမယ့် အရေးကြီးသော လမ်းညွှန်ချက်ဖြစ်ပါတယ်။ “တရုတ်အစိုးရဟာ ဆင်းရဲမွဲတေမှု လျှော့ချရေးရလဒ်တွင် ပြည်သူများရဲ့ စိတ်ကျေနပ်မှုကို တိုင်းတာမှုအဆင့်အဖြစ် ခံယူထားပါတယ်၊ ပြီးတော့ ဆင်းရဲသောသူများရဲ့ အခြေခံလူမှုဘဝကို တိုးတက်စေရန် ဖြေရှင်းချက်များ အပေါ်မှာလည်း အလေးထားပါတယ်” ဟု ရှီကျင့်ဖျင်က ၂၀၂၁ ဖေဖော်ဝါရီလတွင် ကျင်းပသော National Poverty Alleviation Summary and Commendation Conference တွင် ပြောကြားခဲ့ပါတယ်။

ခေါင်းဆောင်တစ်ဦး၏တာဝန်ဟာ ပြည်သူများ လိုအပ်သော ပျော်ရွှင်သော ဘဝကို ဖန်တီးပေးရေးဖြစ်ကြောင်း ရှီကျင့်ဖျင်က ယုံကြည်နေပါတယ်။ ပြည်သူများ ဗဟိုပြုသော ချဉ်းကပ်မှုဖြင့်သာ တရုတ်ရဲ့ အရည်အသွေး ရှိသော တိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပြီး အပြန်အလှန်အတွက် အကျိုးရှိသော အသိုင်းအဝိုင်းကိုလည်း တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။

တရုတ်ခေါင်းဆောင်၏ ပြောကြားချက်အရ ပြည်သူဗဟိုပြုသော ချဉ်းကပ်မှုကို ဖွံ့ဖြိုးတတ်မှုတွင် အသုံး ပြုခြင်းဟာ တရုတ်နိုင်ငံ၏ စီးပွားရေးတွင် အရေးကြီးသော အချက်ဖြစ်ပြီး ပွင့်လင်မြင်သာခြင်း၊ အားလုံးပါဝင်ခြင်း နှင့် လှပသော ကမ္ဘာကြီးတည်ဆောက်မှုအတွက် အရေးကြီးသော အရာဖြစ်ကာ ငြိမ်းချမ်းရေး၊ နိုင်ငံတကာလုံခြုံ ရေးနှင့် ဘုံကြွယ်ဝချမ်းသာမှုကို ဖော်ဆောင်ရာတွင်လည်း အရေးကြီးသော အချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။

ပြည်သူများ ဗဟိုပြုသော ချဉ်းကပ်မှုကို ခေါင်းဆောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် အသုံးပြုခြင်းအားဖြင့် ရှီကျင့်ဖျင်ဟာ နိုင်ငံတကာတွင် ပြည်သူများရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးခြင်းဟာ ခေါင်းဆောင်မှုရဲ့ အရေး ကြီးသော အုတ်မြစ်ဖြစ်ကြောင်းကို သင်ခန်းစာပေးပါတယ်။ သမိုင်းတွင်ရန်နှင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးဖန် တီးရန်အတွက် ပြည်သူများရဲ့ တွန်းအားဖြင့်သာ ဖော်ဆောင်နိုင်ပါတယ်။ စစ်မှန်သော ခေါင်းဆောင်မှုဟာ ပြည် သူများကို အဆက်မပြတ် အလေးထားသော ခေါင်းဆောင်မှုဖြစ်ပါတယ်။

ရှီကျင့်ဖျင်၏ ခေါင်းဆောင်မှုကို ချဉ်းကပ်ခြင်းဟာ အဆင့်မြင့်သော အမြော်အမြင်ပါဝင်ပါတယ်။ ပြည်သူ များ ဗဟိုပြုသော ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်သော နေရာအဖြစ်သို့ ပြောင်းလဲစေနိုင်မှာဖြစ် ပြီး အနာဂတ်မျှဝေသော လူသားများ အသိုင်းအဝိုင်းကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

Naing

Ref:CMG| China's high-quality development is building a community with a shared future