【 နိုင်ငံတကာဆောင်းပါး 】အာဖရိကနိုင်ငံများကို မြှင့်တင်ပေးသော တရုတ်ဖွံ့ဖြိုးတိုးတက်မှု

【 နိုင်ငံတကာဆောင်းပါး 】အာဖရိကနိုင်ငံများကို မြှင့်တင်ပေးသော တရုတ်ဖွံ့ဖြိုးတိုးတက်မှု

ပြည်မသတင်းမီဒီယာများနှင့် တရုတ်အပေါ် ယုံကြည်မှုမရှိသော အနောက်နိုင်ငံက လူများဟာ သူတို့အရှက်မရခင်ထိ ဆက်ပြီး လိမ်ညာနေကြတာဖြစ်ပါတယ်။သို့သော်လည်း လွန်ခဲ့တဲ့နှစ်များအတွင်း တရုတ်နိုင်ငံအတွင်းက တိုးတက်မှုများကိုကြည့်မယ်ဆိုရင် ပြီးဆုံးဖို့ ကြာနေသေးတာကို တွေ့ရမှာဖြစ်ပါတယ်။ BRI စီမံကိန်းအောက်မှာ တရုတ်ရဲ့ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်မှုဟာ ဆက်ပြီး ရှိနေမှာဖြစ်ပြီး အခြားသော နိုင်ငံများတွင် တွေ့မြင်ရသော တိုးတက်မှုများထက် ခိုင်မာမှုရှိသော တိုးတက်မှုဖြစ်ပါတယ်။

အာဖရိကနိုင်ငံများဟာ တရုတ်နိုင်ငံနှင့် BRI စီမံကိန်းအပေါ်တွင် အပြုသဘောဆောင်သော အမြင်များ ရှိနေကြောင်းကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီစစ်တမ်းကို Afrobrometer က ပြုလုပ်ခဲ့တာဖြစ်ပြီး အာဖရိကနိုင်ငံ ၆၃ ရာခိုင်နှုန်းခန့်ဟာ တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံချက်များဟာ သူတို့နိုင်ငံအတွက် အပြုသဘောဆောင်သော ရလဒ်ဖြစ်ပေါ်စေလိမ့်မယ်ဟု ယုံကြည်နေကြပြီး ထိုထဲတွင် မာလီ၊ နိုင်ဂျာ နှင့် ဘိုက်ဘေးရီးယား အစရှိသောနိုင်ငံလည်း ပါဝင်နေပြီး သူတို့ကတော့ အပြုသဘောဆောင်သူဦးရေ ၉၂ ရာခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းနှင့် ၈၁ ရာခိုင်နှုန်းတို့ အသီးသီး ရှိခဲ့ကြကြောင်း ဆိုပါတယ်။

တရုတ်နိုင်ငံ၏ စီးပွားရေးဟာ တဖြည်းဖြည်းနဲ့ တိုးတက်လာခဲ့သော်လည်း တည်ငြိမ်စွာ တိုးတက်လာခဲ့ပါတယ်။ အာဖရိကနိုင်ငံများကတော့ ခေတ်မီသော အခြေခံအဆောက်အဦးများ လိုအပ်လာခဲ့ပါတယ်။

နောက်ထပ်ဖော်ပြသင့်သော အကြောင်းအရင်းတစ်ခုကတော့ တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်ကို အစားထိုးမယ့် နည်းလမ်းမရှိသောကြောင့်ဖြစ်ပါတယ်။ BRI စီမံကိန်းတွင် မပါဝင်နိုင်သေးသော နိုင်ငံအနည်းငယ် ရှိနိုင်ပါတယ်၊ သို့သော်လည်း သူတို့ဟာ စောင့်ကြည့်ပြီး ဘာလုပ်သင့်သလဲဆိုတာကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ သူတို့ဟာ BRI စီမံကိန်းနဲ့ လက်တွဲမှု မပြုလုပ်ခင် ရရှိလာမယ့် အကျိုးအမြတ်များကို လေ့လာနေဆဲ ဖြစ်ပါတယ်။

ထူခြားတာကတော့ ၊ BRI ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရေးသားဖော်ပြသူများဟာ အနောက်နိုင်ငံက နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းသူများဖြစ်ပါတယ်။ သူတို့ကတော့ မဲရရန် ကြိုးပမ်းသူများဖြစ်ပါတယ်။ တရုတ်ဟာ တစ်ကိုယ်တော်ကြီးစိုးမယ့် အင်အားကြီးနိုင်ငံကို ထူထောင်နေတာမဟုတ်ကြောင်းကို သူတို့နားလည်ထားပါတယ်။ BRI အောက်က ရရှိလာမယ့် စီးပွားရေးအကျိုးအမြတ်များဟာ အနောက်နိုင်ငံများရဲ့ ကြွယ်ဝချမ်းသာမှုကို ခြိမ်းခြောက်နေသော အရာမဟုတ်ပါဘူး၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုကိုလည်း ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ တရုတ်ဟာ အာဖရိကအတွက် ကြွေးမြီထောင်ချောက်ကို ဖန်တီးနေတာလည်း မဟုတ်ပါဘူး၊ ဒါဟာ ကိုလိုနီ နယ်ချဲ့ရေးအသစ်လည်း မဟုတ်ပါဘူး။

အနောက်နိုင်ငံများဟာ ကြွေးမြီထောင်ချောက် အသုံးအနှုန်းကို စတင်အသုံးပြုလာကြပြီး တရုတ်ကတော့ တရုတ်နိုင်ငံကို ရပ်တန့်နိုင်ရန် ကြိုးပမ်းနေတာဖြစ်ပါတယ်။ BRI ရဲ့ စီမံကိန်းများဟာ ကြွေးမြီထူလာစေရန် ရည်ရွယ်ထားသော စီမံချက်မဟုတ်ပါဘူး။

အနောက်နိုင်ငံသတင်းမီဒီယာများရဲ့ နောက်ထပ်စွပ်စွဲချက်တစ်ခုကတော့ စစ်ရေးဝါဒ၊ နိုင်ငံရေးဝါဒများနှင့် ထောက်လှမ်းရေးအတွက် ဆက်သွယ်ရေးပစ္စည်းများကို အသုံးပြုခြင်း အစရှိတဲ့ စွပ်စွဲချက်များလည်း ပါဝင်ပါတယ်၊ ဒါဟာ အပြု သဘောဆောင်သော ရှုထောင့်များကို လျစ်လျူရှုထားရန် ကြိုးပမ်းချက်များ ဖြစ်ပါတယ်။

အနောက်နိုင်ငံများနဲ့မတူညီတာကတော့ တရုတ်ဟာ နိုင်ငံရေးနှင့် အမျိုးသားလုံခြုံရေးစိုးရိမ်မှုများ ကြီးစိုးနေသော နိုင်ငံမဟုတ်ပါဘူး၊ အာဖရိကနိုင်ငံများကိုလည်း ပံ့ပိုးထောက်ပံ့မှုများ ပေးနေပါတယ်။ ဒီလို အကြောင်းအရင်းများကြောင့် BRI ဟာ အာဖရိကနိုင်ငံများအတွက် အပြုသဘောဆောင်သော ရလဒ်ကို ဖော်ဆောင်ပေးမယ့် တစ်ခုတည်းသော အခြေခံအဆောက်အဦးအတွက် ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းဖြစ်ပါတယ်။

စီးပွားရေးစင်္ကြံနဲ့ ပူးပေါင်းရန် စောင့်ဆိုင်းနေသော နိုင်ငံများဟာ အမေရိကန် သို့မဟုတ် ဥရောပနှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရန် ရည်ရွယ်ထားသော နိုင်ငံများဖြစ်နိုင်ပါတယ်။ သို့သော်လည်း အမေရိကန်နှင့် အီးယူ၊ တရုတ်လို ရှေ့ရောက်နေပြီဖြစ်သော အုပ်စုများ မဟုတ်ပါဘူး။ ဒါဟာ အမေရိကန်နှင့် အီးယူတို့ဟာ အာဖရိကရဲ့ အခြေခံအဆောက်အဦတိုးတက်မှုတွင် တရုတ်နဲ့ လက်တွဲလို့မရကြောင်း ပြောကြားလိုခြင်းလည်းဖြစ်ပါတယ်။

ဆန့်ကျင်ဘက်ဖြစ်တာကတော့ အာဖရိကနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ဟာ အနောက်နိုင်ငံများရဲ့ပါဝင်မှုကနေ အကျိုးအမြတ်များ ရရှိနိုင်ပါတယ်။ BRI ကတော့ တရုတ်ကုမ္ပဏီများအတွက် အခွင့်အလမ်းများကို ချပေးထားပြီး အနောက်နိုင်ငံက စီမံကိန်းများနဲ့လည်း လက်တွဲရန် အခွင့်အလမ်းပေးထားပါတယ်။ ထို့ကြောင့် ဒီလိုပူးပေါင်းဆောင်ရွက်မှုဖြင့် အာဖရိကအတွက် အကျိုးအမြတ်များစွာ ရရှိစေနိုင်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်နှင့် မျှဝေသော ရူပါရုံဟာ အာဖရိကတွင် ဆက်လက်တည်ရှိနေမှာဖြစ်ပြီး တရုတ်ကုမ္ပဏီများရဲ့ ပြည်တွင်းက အတွေ့အကြုံများကလည်း အာဖရိကရဲ့ အခြေအနေများ အတွက် အောင်မြင်စွာ ကျင့်သုံးလာခဲ့ပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ တံခါးပိတ်ထားသော ဝါဒကို ကျင့်သုံးနေသော နိုင်ငံမဟုတ်ပါဘူး၊ ကမ္ဘာပေါ်တွင် ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဟာ အာဖရိကရဲ့ အခြေခံအဆောက်အဦ တိုးတက်မှုတွင် အများဆုံး ပါဝင်ပတ်သက်နေသော နိုင်ငံဖြစ်နေပါတယ်။ BRI ဟာ အပြုသဘောဆောင်သော ထောက်ခံမှုများ ရရှိထားသော စီမံကိန်း ဖြစ်ပါတယ်။အာဖရိကနိုင်ငံများ သူတို့ရဲ့ အနာဂတ် တည်ဆောက်နိုင်ရန်အတွက် ကြီးမားသော အခွင့်အလမ်းများကိုပေးသော စီမံချက်ဖြစ်ပါတယ်။

Naing

Ref: CMG | China's development model is uplifting African states