【 နိုင်ငံတကာဆောင်းပါး 】 "ကမ္ဘာမြေမှာ အန္တရာယ်ကြီးမားသည့် မိုက်မဲမှုနှင့် ရင်ဆိုင်နေရ"

【 နိုင်ငံတကာဆောင်းပါး 】 "ကမ္ဘာမြေမှာ အန္တရာယ်ကြီးမားသည့် မိုက်မဲမှုနှင့် ရင်ဆိုင်နေရ"

ပြီးခဲ့သည့်စနေနေ့က နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေး သဘောတူစာချုပ် (TPNW) တွင် ဟွန်ဒူးရပ်စ်နိုင်ငံ လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် ထိုစာချုပ်ကို သဘောတူလက်ခံသည့် နိုင်ငံ ၅၀ အထိ ဖြစ်လာခဲ့သည်။ထိုနိုင်ငံပေါင်း  ၅၀ ပြည့်မီလာခဲ့သည့်အတွက် သဘောတူစာချုပ်မှာ ရက်ပေါင်း ၉၀ အကြာ ဇန်နဝါရီလ ၂၂ ရက်နေ့ အသက်ဝင်ရတော့မည့် သတ်မှတ်ချက်ကို ပြည့်မီသွားပြီဖြစ်သည်။

နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းမျှသည်ပင် နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုမြောက်ကြောင်းကို ထိုဖြစ်ရပ်က ဟီရိုရှီးမားနောက်ပိုင်း ပထမဆုံးအကြိမ် သတ်မှတ်လိုက်ခြင်းဖြစ်သော်လည်း ထိုစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိသည့် နိုင်ငံများအနေဖြင့် လိုက်နာရန်လိုမည်မဟုတ်ပေ။ထိုစာချုပ် အသက်ဝင်လာသည့်အချိန်သည် ယခုထက်ကောင်းသည့်အချိန် မရှိတော့ပေ။

အမေရိကန်သမ္မတသည် ကွန်ဂရက်၊ အစိုးရ၊ ဒုတိယသမ္မတနှင့် ပူးတွဲစစ်ဦးစီးချုပ်၏ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ သူတစ်ဦးတည်း၏ အခွင့်အာဏာဖြင့် နျူကလီးယားတိုက်ခိုက်မှု ပြုလုပ်နိုင်သည်။ကြီးမားသော နျူကလီးယားလက်နက်တိုက် ရှိနေသမျှကာလပတ်လုံး မိမိတို့ရင်ဆိုင်နေရမည့် ရူးသွပ်မှုအန္တရာယ်အတွက် ထိုထက်ပိုမိုပြီးပြည့်စုံသောအန္တရာယ် မရှိတော့ပေ။

ကောင်းမွန်ခိုင်မာသော ဆုံးဖြတ်ချက်ကိုချနိုင်သည့် ကျန်းမာသောသူတစ်ယောက်ပင် ထိုကြောက်မက်ဖွယ်ကောင်းသော လက်နက်များကို ပစ်ခတ်နိုင်စွမ်းမရှိသင့်ပေ။အကျိုးဆက်များမှာ ကြီးမားလွန်းလှပြီး ပြည်သူများသည် လူသားများဖြစ်သည်။
လူသားများအနေဖြင့် မိမိတို့သည် မှာယွင်းတတ်ကြပြီး မိမိတို့ဖန်တီးထားသည့် နည်းပညာမှာ ကြီးမားလွန်းလှသည်။

အမှားများစွာကို ပြင်ဆင်နိုင်သည်။နျူကလီးယားအမှားကိုမူ ပြင်ဆင်နိုင်မည်မဟုတ်ပေ။လွန်ခဲ့သော ဆယ်စုနှစ်အတွင်း လေ့လာမှုများအရ ကမ္ဘာ့နျူကလီးယားလက်နက်များ၏ ၁ မှ ၂ ရာခိုင်နှုန်းသာ ပါဝင်သည့် အကန့်အသတ်ဖြင့်ဖြစ်ပွားသော နျူကလီးယားစစ်ပွဲသည်ပင် လူသန်းဆယ်ပေါင်းများစွာကို တိုက်ရိုက်သေဆုံးစေမည်ဖြစ်ကြောင်း သိရသည်။
ပိုမိုဆိုးရွားသည်မှာ ၎င်းသည် ကမ္ဘာတဝန်း ရာသီဥတုဖေါက်ပြန်မှုကိုဖြစ်စေပြီး ငတ်မွတ်ခေါင်းပါးမှုကလည်း လူသားဘီလျံပေါင်းများစွာကို အန္တရာယ်ကျရောက်စေကာ မိမိတို့သိရှိထားသည့် ယဉ်ကျေးမှုလူ့အဖွဲ့အစည်းသည် အဆုံးသတ်သွားမည်ဖြစ်သည်။

ကိုဗစ်-၁၉ ကမ္ဘာတဝန်းကူးစက်ရောဂါ မတိုင်မီကပင် နျူကလီးယားအန္တရာယ်သည် ကြောက်မက်ဖွယ်နှုန်းဖြင့် ကြီးထွားနေသည်။ယခင်ကာကွယ်ရေးဝန်ကြီး ဝီလျှံပယ်ရီကဲ့သို့သော ကျွမ်းကျင်သူများက မိမိတို့သည် နျူကလီးယားစစ်ပွဲနှင့် ယခင်ကထက် ပိုမိုနီးကပ်နေကြောင်း သတိပေးနေပြီး အဏုမြူသိပ္ပံပညာရှင်များစာစောင်မှ ကျွမ်းကျင်သူအဖွဲ့ကလည်း ၎င်းတို့၏ သင်္ကေတတစ်ခုဖြစ်သော ကမ္ဘာပျက်မည့်အချိန်ကို သန်းခေါင်ရောက်ရန် စက္ကန့် ၁၀၀ အလိုသို့ သတ်မှတ်ထားပြီး ကမ္ဘာဖျက်မည့်စစ်ပွဲနှင့် အနီးကပ်ဆုံးဟု သတ်မှတ်ထားသည်။

ကမ္ဘာတဝန်း လူတစ်သန်းကျော်သေဆုံးစေပြီးဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်နှင့် ၎င်းကဖြစ်စေသည့် စီးပွားရေးကမောက်ကမဖြစ်မှုကို မိမိတို့ကိုင်တွယ်နေစဉ်မှာပင် နျူကလီးယားလက်နက်များကို အပြီးတိုင်အဆုံးသတ်ရန်နှင့် ၎င်းတို့ကဖြစ်စေသည့် ကျရောက်တော့မည့် ခြိမ်းခြောက်မှုကို မြန်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်ရန်လိုသည်။

နျူကလီးယားလက်နက်များ ပိုင်ဆိုင်သော နိုင်ငံ ၉ နိုင်ငံသည် လုံးဝဆန့်ကျင်ဖက်လမ်းကြောင်းများတွင် ရွှေ့လျှားနေကြသည်။ထိုနိုင်ငံများသည် ၎င်းတို့၏ နျူကလီးယားလက်နက်တိုက်များကို ခေတ်မီအောင်လုပ်ဆောင်ရန်နှင့် ၎င်းတို့ကို ပထမဆုံးအသုံးမပြုလျှင်ပင် လာမည့်ဆယ်စုနှစ်များတွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကြီးမားလှသောစီမံကိန်းများကို လုပ်ဆောင်နေသည်။အမေရိကန်ပြည်ထောင်စုသည် လက်ရှိ နျူကလီးယားလက်နက်များကို လာမည့် ၂၅ နှစ်အတွင်း အစားထိုးနိုင်ရေးအတွက် ဒေါ်လာ ၁ ထရီလီယံသုံးရန် စီစဉ်နေပြီး ပိုမိုသစ်လွင်သေးငယ် အသုံးပြုနိုင်သည့် နျူကလီးယားထိပ်ဖူးများကို ဖြန့်ကျက်နေကာ ဓါတ်ခွဲခန်းများ၊ ပစ်လွှတ်ရေးစနစ်များနှင့် ကြိုတင်သတိပေးစနစ်များတို့ကို ခေတ်မီအောင်ပြုလုပ်နေသည်။

နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်ကို လက်မှတ်ရေးထိုးထားသော နိုင်ငံများအနေဖြင့် ထိုစာချုပ်မှနုတ်ထွက်ရန် အမေရိကန်ပြည်ထောင်စုက မကြုံစဖူး ကြီးမားသည့်ဖိအားပေးနေကြောင်း လွန်ခဲ့သောအပတ်က နယူးယောက်တိုင်းမ်က ဖေါ်ပြခဲ့သည်။ TPNW ကို ထိုနိုင်ငံများလက်မှတ်မထိုးပါက အခြေအနေထူးခြားမည်လား။

ထိုစာချုပ်ကို လွန်စွာထောက်ခံသော ကာကွယ်ရေးဝန်ကြီးဟောင်း ပယ်ရီ၏ အဆိုအရ ထူးခြားမည်ဖြစ်သည်။"ကုလသမဂ္ဂ၏ နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေး သဘောတူညီချက်သစ်သည် နျူကလီးယားစစ်ပွဲကို ခေတ်သစ်ယဉ်ကျေးမှု လူ့အဖွဲ့အစည်းအတွက် လက်ခံနိုင်ဖွယ်ရှိသော အန္တရာယ်အဖြစ် တရားမဝင်အောင်လုပ်ဆောင်ရာတွင် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်သည်" ဟု သူပြောသည်။

TPNW အသက်ဝင်လာသောကြောင့် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံ ၉ နိုင်ငံတို့သည် အလိုအလျှောက် လက်နက်ဖျက်သိမ်းကြမည်မဟုတ်ပေ။သို့သော် နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းမရှိသော နိုင်ငံများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများသည် ထိုနိုင်ငံများ၏ နျူကလီးယားမူဝါဒများကို အခြေခံအားဖြင့် ပြောင်းလဲအောင်လုပ်ဆောင်ရန် ဖိအားပေးရေးအတွက် ထိုစာချုပ်ကို အသုံးပြုနိုင်သည်။ထိုလက်နက်များကို ကမ္ဘာ့အဆင့်တန်းပြသည့် သင်္ကေတနှင့် အမျိုးသားလုံခြုံရေးအတွက် ခံတပ်အဖြစ်မမြင်ဘဲ အဖြစ်မှန်အတိုင်း လူသားထုဆက်လက်ရှင်သန်မှုကို ခြိမ်းခြောက်မှုအဖြစ် မြင်စေရန် TPNW ကို အသုံးပြုနိုင်သည်။

အမျိုးသားလုံခြုံရေးကို ကမ္ဘာတဝန်းမှ နျူကလီးယားလက်နက်များ ဖျက်သိမ်းခြင်းဖြင့်သာ ရရှိနိုင်သည်ကို အမေရိကန်ပြည်ထောင်စုမှ မိမိတို့အနေဖြင့် နားလည်ရန်လိုသည်။နျူကလီးယားလက်နက်များအားလုံးကို ဖျက်သိမ်းရေးအတွက် လက်တွေ့ကျကျအကောင်အထည်ဖေါ်နိုင်ပြီး အချိန်ကာလကန့်သတ်ပေးထားသည့် ညှိနှိုင်းမှုများကို နျူကလီးယားနိုင်ငံများအားလုံးနှင့် ပြုလုပ်ရန် အရေးပေါ်လိုအပ်နေသည်။နျူကလီးယားဖျက်သိမ်းရန် အခြားနျူကလီးယားနိုင်ငံများကို မိမိတို့ဖျောင်းဖျနိုင်မည်မဟုတ်သော်လည်း မိမိတို့သည့် မကြိုးစားကြည့်ရသေးသောကြောင့် ထိုကိစ္စကို အတိအကျမသိနိုင်ပေ။

Linko
Ref : CNN (The world is facing an insane danger that's greater than Covid-19)
နိုဝင်ဘာ - ၃

( Zawgyi )

ၿပီးခဲ့သည့္စေနေန႔က န်ဴကလီးယားလက္နက္ တားဆီးပိတ္ပင္ေရး သေဘာတူစာခ်ဳပ္ (TPNW) တြင္ ဟြန္ဒူးရပ္စ္ႏိုင္ငံ လက္မွတ္ေရးထိုးလိုက္ျခင္းျဖင့္ ထိုစာခ်ဳပ္ကို သေဘာတူလက္ခံသည့္ ႏိုင္ငံ ၅၀ အထိ ျဖစ္လာခဲ့သည္။ထိုႏိုင္ငံေပါင္း  ၅၀ ျပည့္မီလာခဲ့သည့္အတြက္ သေဘာတူစာခ်ဳပ္မွာ ရက္ေပါင္း ၉၀ အၾကာ ဇန္နဝါရီလ ၂၂ ရက္ေန႔ အသက္ဝင္ရေတာ့မည့္ သတ္မွတ္ခ်က္ကို ျပည့္မီသြားၿပီျဖစ္သည္။

န်ဴကလီးယားလက္နက္ ပိုင္ဆိုင္ျခင္းမွ်သည္ပင္ ႏိုင္ငံတကာဥပေဒအရ ရာဇဝတ္မႈေျမာက္ေၾကာင္းကို ထိုျဖစ္ရပ္က ဟီ႐ိုရွီးမားေနာက္ပိုင္း ပထမဆုံးအႀကိမ္ သတ္မွတ္လိုက္ျခင္းျဖစ္ေသာ္လည္း ထိုစာခ်ဳပ္ကို လက္မွတ္ေရးထိုးထားျခင္းမရွိသည့္ ႏိုင္ငံမ်ားအေနျဖင့္ လိုက္နာရန္လိုမည္မဟုတ္ေပ။ထိုစာခ်ဳပ္ အသက္ဝင္လာသည့္အခ်ိန္သည္ ယခုထက္ေကာင္းသည့္အခ်ိန္ မရွိေတာ့ေပ။

အေမရိကန္သမၼတသည္ ကြန္ဂရက္၊ အစိုးရ၊ ဒုတိယသမၼတႏွင့္ ပူးတြဲစစ္ဦးစီးခ်ဳပ္၏ ခြင့္ျပဳခ်က္ေတာင္းခံျခင္းမရွိဘဲ သူတစ္ဦးတည္း၏ အခြင့္အာဏာျဖင့္ န်ဴကလီးယားတိုက္ခိုက္မႈ ျပဳလုပ္ႏိုင္သည္။ႀကီးမားေသာ န်ဴကလီးယားလက္နက္တိုက္ ရွိေနသမွ်ကာလပတ္လုံး မိမိတို႔ရင္ဆိုင္ေနရမည့္ ႐ူးသြပ္မႈအႏၲရာယ္အတြက္ ထိုထက္ပိုမိုၿပီးျပည့္စုံေသာအႏၲရာယ္ မရွိေတာ့ေပ။

ေကာင္းမြန္ခိုင္မာေသာ ဆုံးျဖတ္ခ်က္ကိုခ်ႏိုင္သည့္ က်န္းမာေသာသူတစ္ေယာက္ပင္ ထိုေၾကာက္မက္ဖြယ္ေကာင္းေသာ လက္နက္မ်ားကို ပစ္ခတ္ႏိုင္စြမ္းမရွိသင့္ေပ။အက်ိဳးဆက္မ်ားမွာ ႀကီးမားလြန္းလွၿပီး ျပည္သူမ်ားသည္ လူသားမ်ားျဖစ္သည္။
လူသားမ်ားအေနျဖင့္ မိမိတို႔သည္ မွာယြင္းတတ္ၾကၿပီး မိမိတို႔ဖန္တီးထားသည့္ နည္းပညာမွာ ႀကီးမားလြန္းလွသည္။

အမွားမ်ားစြာကို ျပင္ဆင္ႏိုင္သည္။န်ဴကလီးယားအမွားကိုမူ ျပင္ဆင္ႏိုင္မည္မဟုတ္ေပ။လြန္ခဲ့ေသာ ဆယ္စုႏွစ္အတြင္း ေလ့လာမႈမ်ားအရ ကမာၻ႔န်ဴကလီးယားလက္နက္မ်ား၏ ၁ မွ ၂ ရာခိုင္ႏႈန္းသာ ပါဝင္သည့္ အကန႔္အသတ္ျဖင့္ျဖစ္ပြားေသာ န်ဴကလီးယားစစ္ပြဲသည္ပင္ လူသန္းဆယ္ေပါင္းမ်ားစြာကို တိုက္႐ိုက္ေသဆုံးေစမည္ျဖစ္ေၾကာင္း သိရသည္။
ပိုမိုဆိုး႐ြားသည္မွာ ၎သည္ ကမာၻတဝန္း ရာသီဥတုေဖါက္ျပန္မႈကိုျဖစ္ေစၿပီး ငတ္မြတ္ေခါင္းပါးမႈကလည္း လူသားဘီလ်ံေပါင္းမ်ားစြာကို အႏၲရာယ္က်ေရာက္ေစကာ မိမိတို႔သိရွိထားသည့္ ယဥ္ေက်းမႈလူ႔အဖြဲ႕အစည္းသည္ အဆုံးသတ္သြားမည္ျဖစ္သည္။

ကိုဗစ္-၁၉ ကမာၻတဝန္းကူးစက္ေရာဂါ မတိုင္မီကပင္ န်ဴကလီးယားအႏၲရာယ္သည္ ေၾကာက္မက္ဖြယ္ႏႈန္းျဖင့္ ႀကီးထြားေနသည္။ယခင္ကာကြယ္ေရးဝန္ႀကီး ဝီလွ်ံပယ္ရီကဲ့သို႔ေသာ ကြၽမ္းက်င္သူမ်ားက မိမိတို႔သည္ န်ဴကလီးယားစစ္ပြဲႏွင့္ ယခင္ကထက္ ပိုမိုနီးကပ္ေနေၾကာင္း သတိေပးေနၿပီး အဏုျမဴသိပၸံပညာရွင္မ်ားစာေစာင္မွ ကြၽမ္းက်င္သူအဖြဲ႕ကလည္း ၎တို႔၏ သေကၤတတစ္ခုျဖစ္ေသာ ကမာၻပ်က္မည့္အခ်ိန္ကို သန္းေခါင္ေရာက္ရန္ စကၠန႔္ ၁၀၀ အလိုသို႔ သတ္မွတ္ထားၿပီး ကမာၻဖ်က္မည့္စစ္ပြဲႏွင့္ အနီးကပ္ဆုံးဟု သတ္မွတ္ထားသည္။

ကမာၻတဝန္း လူတစ္သန္းေက်ာ္ေသဆုံးေစၿပီးျဖစ္သည့္ ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ ၎ကျဖစ္ေစသည့္ စီးပြားေရးကေမာက္ကမျဖစ္မႈကို မိမိတို႔ကိုင္တြယ္ေနစဥ္မွာပင္ န်ဴကလီးယားလက္နက္မ်ားကို အၿပီးတိုင္အဆုံးသတ္ရန္ႏွင့္ ၎တို႔ကျဖစ္ေစသည့္ က်ေရာက္ေတာ့မည့္ ၿခိမ္းေျခာက္မႈကို ျမန္ႏိုင္သမွ် အျမန္ဆုံးလုပ္ေဆာင္ရန္လိုသည္။

န်ဴကလီးယားလက္နက္မ်ား ပိုင္ဆိုင္ေသာ ႏိုင္ငံ ၉ ႏိုင္ငံသည္ လုံးဝဆန႔္က်င္ဖက္လမ္းေၾကာင္းမ်ားတြင္ ေ႐ႊ႕လွ်ားေနၾကသည္။ထိုႏိုင္ငံမ်ားသည္ ၎တို႔၏ န်ဴကလီးယားလက္နက္တိုက္မ်ားကို ေခတ္မီေအာင္လုပ္ေဆာင္ရန္ႏွင့္ ၎တို႔ကို ပထမဆုံးအသုံးမျပဳလွ်င္ပင္ လာမည့္ဆယ္စုႏွစ္မ်ားတြင္ ဆက္လက္ထိန္းသိမ္းထားႏိုင္ရန္ ႀကီးမားလွေသာစီမံကိန္းမ်ားကို လုပ္ေဆာင္ေနသည္။အေမရိကန္ျပည္ေထာင္စုသည္ လက္ရွိ န်ဴကလီးယားလက္နက္မ်ားကို လာမည့္ ၂၅ ႏွစ္အတြင္း အစားထိုးႏိုင္ေရးအတြက္ ေဒၚလာ ၁ ထရီလီယံသုံးရန္ စီစဥ္ေနၿပီး ပိုမိုသစ္လြင္ေသးငယ္ အသုံးျပဳႏိုင္သည့္ န်ဴကလီးယားထိပ္ဖူးမ်ားကို ျဖန႔္က်က္ေနကာ ဓါတ္ခြဲခန္းမ်ား၊ ပစ္လႊတ္ေရးစနစ္မ်ားႏွင့္ ႀကိဳတင္သတိေပးစနစ္မ်ားတို႔ကို ေခတ္မီေအာင္ျပဳလုပ္ေနသည္။

န်ဴကလီးယားလက္နက္ တားဆီးပိတ္ပင္ေရးစာခ်ဳပ္ကို လက္မွတ္ေရးထိုးထားေသာ ႏိုင္ငံမ်ားအေနျဖင့္ ထိုစာခ်ဳပ္မွႏုတ္ထြက္ရန္ အေမရိကန္ျပည္ေထာင္စုက မႀကဳံစဖူး ႀကီးမားသည့္ဖိအားေပးေနေၾကာင္း လြန္ခဲ့ေသာအပတ္က နယူးေယာက္တိုင္းမ္က ေဖၚျပခဲ့သည္။ TPNW ကို ထိုႏိုင္ငံမ်ားလက္မွတ္မထိုးပါက အေျခအေနထူးျခားမည္လား။

ထိုစာခ်ဳပ္ကို လြန္စြာေထာက္ခံေသာ ကာကြယ္ေရးဝန္ႀကီးေဟာင္း ပယ္ရီ၏ အဆိုအရ ထူးျခားမည္ျဖစ္သည္။"ကုလသမဂၢ၏ န်ဴကလီးယားလက္နက္ ပိတ္ပင္တားဆီးေရး သေဘာတူညီခ်က္သစ္သည္ န်ဴကလီးယားစစ္ပြဲကို ေခတ္သစ္ယဥ္ေက်းမႈ လူ႔အဖြဲ႕အစည္းအတြက္ လက္ခံႏိုင္ဖြယ္ရွိေသာ အႏၲရာယ္အျဖစ္ တရားမဝင္ေအာင္လုပ္ေဆာင္ရာတြင္ အေရးပါေသာ ေျခလွမ္းတစ္ခုျဖစ္သည္" ဟု သူေျပာသည္။

TPNW အသက္ဝင္လာေသာေၾကာင့္ န်ဴကလီးယားလက္နက္ ပိုင္ဆိုင္သည့္ ႏိုင္ငံ ၉ ႏိုင္ငံတို႔သည္ အလိုအေလွ်ာက္ လက္နက္ဖ်က္သိမ္းၾကမည္မဟုတ္ေပ။သို႔ေသာ္ န်ဴကလီးယားလက္နက္ ပိုင္ဆိုင္ျခင္းမရွိေသာ ႏိုင္ငံမ်ားႏွင့္ လူမႈအေျချပဳအဖြဲ႕အစည္းမ်ားသည္ ထိုႏိုင္ငံမ်ား၏ န်ဴကလီးယားမူဝါဒမ်ားကို အေျခခံအားျဖင့္ ေျပာင္းလဲေအာင္လုပ္ေဆာင္ရန္ ဖိအားေပးေရးအတြက္ ထိုစာခ်ဳပ္ကို အသုံးျပဳႏိုင္သည္။ထိုလက္နက္မ်ားကို ကမာၻ႔အဆင့္တန္းျပသည့္ သေကၤတႏွင့္ အမ်ိဳးသားလုံၿခဳံေရးအတြက္ ခံတပ္အျဖစ္မျမင္ဘဲ အျဖစ္မွန္အတိုင္း လူသားထုဆက္လက္ရွင္သန္မႈကို ၿခိမ္းေျခာက္မႈအျဖစ္ ျမင္ေစရန္ TPNW ကို အသုံးျပဳႏိုင္သည္။

အမ်ိဳးသားလုံၿခဳံေရးကို ကမာၻတဝန္းမွ န်ဴကလီးယားလက္နက္မ်ား ဖ်က္သိမ္းျခင္းျဖင့္သာ ရရွိႏိုင္သည္ကို အေမရိကန္ျပည္ေထာင္စုမွ မိမိတို႔အေနျဖင့္ နားလည္ရန္လိုသည္။န်ဴကလီးယားလက္နက္မ်ားအားလုံးကို ဖ်က္သိမ္းေရးအတြက္ လက္ေတြ႕က်က်အေကာင္အထည္ေဖၚႏိုင္ၿပီး အခ်ိန္ကာလကန႔္သတ္ေပးထားသည့္ ညႇိႏႈိင္းမႈမ်ားကို န်ဴကလီးယားႏိုင္ငံမ်ားအားလုံးႏွင့္ ျပဳလုပ္ရန္ အေရးေပၚလိုအပ္ေနသည္။န်ဴကလီးယားဖ်က္သိမ္းရန္ အျခားန်ဴကလီးယားႏိုင္ငံမ်ားကို မိမိတို႔ေဖ်ာင္းဖ်ႏိုင္မည္မဟုတ္ေသာ္လည္း မိမိတို႔သည့္ မႀကိဳးစားၾကည့္ရေသးေသာေၾကာင့္ ထိုကိစၥကို အတိအက်မသိႏိုင္ေပ။

Linko
Ref : CNN (The world is facing an insane danger that's greater than Covid-19)
ႏိုဝင္ဘာ - ၃