【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအစဉ် အယူအဆစာတမ်း (၃)

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအစဉ် အယူအဆစာတမ်း (၃)

          (ယခင်ရက်မှ အဆက်)

           ၁၃ - သတင်းအချက်လုံခြုံရေးကဏ္ဍတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကို အားကောင်းစေရန်။

တရုတ်သည် ဒေတာလုံခြုံရေး ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကို တွန်းအားပေးလျက်ရှိပြီး ဒစ်ဂျစ်တယ်အုပ်ချုပ်ရေးတွင် ကမ္ဘာလုံးဆိုင်ရာစည်းမျဉ်းများ အတူချမှတ်နိုင်ရေး တိုက်တွန်းလျက်ရှိသည်။ ဒေတာလုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် ဆိုက်ဘာခြိမ်းခြောက်မှုကို ဖြေရှင်းရန်၊ ပွင့်လင်းပြီး အားလုံးပါဝင်သော၊ တရားမျှတပြီး တည်ငြိမ်လုံခြုံသော ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုတစ်ရပ် ဖြစ်ပေါ်လာစေရန်။  

           ၁၄ - ဇီဝလုံခြုံရေးအန္တရာယ်များ စီမံခန့်ခွဲမှု အားကောင်းစေရန်။

ဇီဝသိပ္ပံသုတေသနများတွင် အားလုံးတာဝန်မျှဝေယူပြီး သိပ္ပံပညာရှင်များ၏ ကျင့်ဝတ်စည်းကမ်းများအား လိုက်နာမှုရှိရန် တွန်းအားပေးရန်။ဇီဝလုံခြုံရေးစွမ်းရည်ဆိုင်ရာ ဓာတ်ခွဲခန်းများ တည်ဆောက်ခြင်း၊ ဇီဝလုံခြုံရေးအန္တရာယ်များအား လျှော့ချခြင်းနှင့် ဇီဝနည်းပညာ၏ ကျန်းမာသောတိုးတက်မှုဖြစ်စေရန် ကြိုးပမ်းခြင်း။

           ၁၅ - ဉာဏ်ရည်တုနှင့် အခြားသော ထွက်ပေါ်လာသော နည်းပညာများအပေါ်တွင် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအုပ်ချုပ်မှု အားကောင်းပြီး လုံခြုံရေးအန္တရာယ်များကို ကာကွယ်ခန့်ခွဲရန်။

တရုတ်သည် စစ်တပ်ဆိုင်ရာ အသုံးပြုမှုများအတွက် စည်းမျဉ်းများ ချမှတ်ထားပြီး ဉာဏ်ရည်တုအား ကျင့်ဝတ်ဖြင့် အုပ်ချုပ်ရေးကို အားကောင်းစေကာ ထိုအတွက်လည်း နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျယ်ပြန့်စွာ ပါဝင်နိုင်သည့် ဘုံသဘောတူသည့် မူဘောင်များ၊ စံနှုန်းများနှင့် အခြေခံမူများပါဝင်သော နိုင်ငံတကာယန္တရားတစ်ခုကို တွန်းအားပေးလျက်ရှိသည်။

           ၁၆ - အာကာသ၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံတကာဥပဒေများနှင့်အညီ အားကောင်းစေရန်။

အာကာသယာဉ်မှူးများနှင့် အာကာသယာဉ်များ လုံခြုံမှုရှိစေရန်။နိုင်ငံအားလုံးအနေဖြင့် အာကာသအား တန်းတူအသုံးပြုနိုင်ခြင်းအား လေးစားပြီး အာကာသကို အသုံးချကာ နိုင်ငံရေး၊ လက်နက်အဖြစ် အသုံးပြုနေမှုများအား ကန့်ကွက်ပြီး အာကာသ၌ လက်နက်အသုံးပြုမှုအပေါ် နိုင်ငံတကာဥပဒေဘောင်ဖြင့် ထိန်းချုပ်ရန်။

           ၁၇ - ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား အများပြည်သူကျန်းမာရေးကဏ္ဍ၌ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုတွင် ဦးဆောင်သည့်ကဏ္ဍမှ ပါဝင်စေပြီး ကိုဗစ်-၁၉ နှင့် အခြား ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါများကို တုံ့ပြန်ရာ၌ ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာ အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချနိုင်ရန် အားပေးထောက်ပံ့ရန်။

           ၁၈- ကမ္ဘာလုံးဆိုင်ရာ အစားအစာနှင့် စွမ်းအင်လုံခြုံရေးကို ကာကွယ်ရန်။

နိုင်ငံတကာ အစားအစာ ကုန်သွယ်ရေးအား ချောမွေ့စေရန်၊ ကမ္ဘာလုံးဆိုင်ရာ ကောက်ပဲသီးနှံထုတ်လုပ်မှု လုံလောက်စေရန်နှင့် ထောက်ပံ့မှုကွင်းဆက် လျှော့ချရန်၊ အစားအစာလုံခြုံမှုအား လက်နက်အဖြစ် နိုင်ငံရေးအဖြစ် အသုံးချခြင်းအား ရှောင်ရှားရန်အတွက် အားလုံးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်။နိုင်ငံတကာစွမ်းအင်မူဝါဒ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက်နှင့် စွမ်းအင်ဈေးနှုန်းများ တည်ငြိမ်မှုတို့ကို ထိန်းထားခြင်းတို့ကို အားဖြည့်ရန်။

           ၁၉ - နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ပဋိဉာဉ်ကို အပြည့်အဝ သက်ရောက်မှုရှိစွာ အကောင်အထည်ဖော်ရန်နှင့် နိုင်ငံအားလုံးကိုလည်း ပူးတွဲစာချုပ်များ၊ ပဋိဉာဉ်များနှင့် ကတိကဝတ်များ၌ ပါဝင်လာရေး တိုက်တွန်းရန်။

ကုလသမဂ္ဂ၏ မူးယစ်ဆေးထိန်းချုပ်ရေး ပဋိညာဉ်များ၊ နိုင်ငံတကာ မူးယစ်ဆေး ထိန်းချုပ်ရေးစနစ်တို့ကို ထောက်ပံ့အားပေး ကာကွယ်ရန်၊ မူးယစ်ဆေးပြဿနာကို နိုင်ငံတကာအသိုက်အဝန်းအကြား တာဝန်မျှဝေပြီး လူသားမျိုးနွယ်အတွက် မူးယစ်ဆေးကင်းစင်သော မျှဝေသော အနာဂတ်ကို တည်ဆောက်ရန်။

အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို အလေးထားပြီး ဥပဒေစိုးမိုးစေရေး စွမ်းရည်များကို အတူတည်ဆောက်ရန်။ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဥပဒေစိုးမိုးရေးအရာရှိများကို လေ့ကျင့်ပေးနိုင်ရန် ကမ္ဘာလုံးဆိုင်ရာ လေ့ကျင့်ရေးစနစ်ကို ထောက်ပံ့ပေးရန်။

           ၂၀ - ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းခြင်း၊ တည်ငြိမ်ချောမွေ့သော ထောက်ပံ့ရေးနှင့် စက်မှုကွင်းဆက်များ ထိန်းသိမ်းခြင်းနှင့် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ၂၀၂၃ အစီအစဉ် အကောင်အထည်ဖော်ရေးကို အရှိန်မြှင့်တင်ခြင်းတို့၌ နိုင်ငံတကာအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းကို အားပေးမြှင့်တင်ရန်။

           ၄။ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ပလက်ဖောင်းများနှင့် ယန္တရားများ

           ၁ - အထွေထွေညီလာခံ၊ သက်ဆိုင်ရာ ကုလသမဂ္ဂကော်မတီ၊ လုံခြုံရေးကောင်စီ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အခြားသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ကျယ်ပြန့်သော ဆွေးနွေးပွဲများနှင့် ဆက်ဆံရေးများတွင်ပါဝင်ပြီး လုံခြုံရေးပြဿနာကို ဖြေရှင်းရန်အတွက် နိုင်ငံတကာအသိုက်အဝန်းတွင် ဘုံအစီအစဉ်များနှင့် အခန်းကဏ္ဍများ ဖြစ်ပေါ်လာစေရန်။  

           ၂ - ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၊ BRICS ပူးပေါင်းဆောင်ရွက်ရေး၊ အာရှ၌ အပြန်အလှန်ဆက်သွယ်ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးညီလာခံ၊ တရုတ်နှင့် အာရှအလယ်ပိုင်း ယန္တရားနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးယန္တရားတို့၏ အခန်းကဏ္ဍကို မြှင့်တင်ကာ တူညီသောပန်းတိုင်များ ရရှိစေရေး ပူးပေါင်းဆောင်ရွက်ရန်။

ပင်လယ်ကွေ့ဒေသတွင် ဘက်ပေါင်းစုံပါဝင်သော ဆွေးနွေးရေးပလက်ဖောင်း ဖြစ်ပေါ်လာပြီး အာဖဂန်နစ္စတန်၏ အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခြင်းနှင့် တရုတ်-အာဖရိကဦးချို ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ အစရှိသော ယန္တရားတို့၏ ပူးပေါင်းဆောင်ရွက်ခြင်း ယန္တရားကဏ္ဍကို တွန်းအားပေးရန်။

           ၃ - ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအစဉ်နှင့် ပတ်သက်ပြီး အဆင့်မြင့်ရာထူး ညီလာခံများပြုလုပ်ပြီး လုံခြုံရေးနယ်ပယ်၌ ဆက်သွယ်ခြင်း၊ အစိုးရအချင်းချင်း ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ပူးတွဲလုပ်ဆောင်ခြင်းတို့ကို တွန်းအားပေးမြှင့်တင်ရန်။

           ၄ - လုံခြုံရေးအတွက် အပြန်အလှန်ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် တရုတ်-အာဖရိက ငြိမ်းချမ်းရေးနှင့် လုံခြုရေးဖိုရမ်၊ အရှေ့အလယ်ပိုင်းလုံခြုံရေးဖိုရမ်၊ ပေကျင်း ရှမ်ရှန်းဖိုရမ်၊ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့် အခြားသော နိုင်ငံတကာဆွေးနွေးရေး ပလက်ဖောင်းများကို ထောက်ပံ့အားပေးရန်။

အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အကြံပေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများအတွက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအုပ်ချုပ်မှုတွင် ပါဝင်လာနိုင်ပြီး အကျိုးကျေးဇူးများရရှိစေရန် အခြားသော ကမ္ဘာလုံးဆိုင်ရာဖိုရမ်များ တည်ဆောက်ပေးရန်။

၅ - အကြမ်းဖက်မှုတန်ပြန်ရေး၊ ဆိုက်ဘာလုံခြုံရေး၊ ဇီဝလုံခြုံရေးနှင့် နည်းပညာများ ထွက်ပေါ်လာခြင်း နယ်ပယ်များ၌ လုံခြုံရေးစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံတကာပလက်ဖောင်းများနှင့် ယန္တရားများ ပိုမိုတည်ဆောက်ရန်။

စစ်ဘက်ဆိုင်ရာနှင့် ရဲဘက်ဆိုင်ရာ တက္ကသိုလ်အဆင့်၌ ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတွန်းအားပေးရန်။တရုတ်အနေဖြင့် လာမည့်ငါးနှစ်အတွင်းတွင် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပညာရှင်များအား လေ့ကျင့်ပေးမည့် အစီအစဉ်ပေါင်း ၅,၀၀၀ ပြုလုပ်သွားရန် ရည်ရွယ်ထားသည်။  

ပွင့်လင်းမြင်သာမှုနှင့် အားလုံးပူးပေါင်းပါဝင်ခြင်း မူဝါဒကို အခြေခံသော ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အစီအစဉ်သည် နိုင်ငံအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း နယ်ပယ်နှင့် ပုံစံအသစ်များ ပေါ်ထွက်လာစေရန် ကြိုဆိုပါသည်။

တရုတ်အနေဖြင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးပြဿနာများကို ဖြေရှင်းရန်၊ ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်ရန်နှင့် လူသားမျိုးနွယ်အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရန် လိုလားသော ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော နိုင်ငံအားလုံး၊ ပြည်သူအားလုံးနှင့် ပူးပေါင်းလက်တွဲကာ မျိုးဆက်အဆင့်ဆင့် ငြိမ်းချမ်းရေးမီးတိုင်ကို လက်ဆင့်ကမ်းပြီး တစ်ကမ္ဘာလုံး၌ တောက်ပစေရန် စိတ်အားထက်သန်လျက်ရှိသည်။

စိုးနိုင်ထွန်း
Ref - The Global Security Initiative Concept Paper | fmprc