【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ် အယူအဆစာတမ်း (၂)

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ် အယူအဆစာတမ်း (၂)

          (ယခင်ရက်မှ အဆက်)

           ၃။ ပူးပေါင်းဆောင်ရွက်ရေး ဦးစားပေးမှုများ

ရေရှည်တည်တံ့သော ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိပြီး နိုင်ငံအားလုံးသည် ငြိမ်းချမ်းတည်ငြိမ်သော ပတ်ဝန်းကျင်ဖြင့် ပြည်သူများ အခွင့်အရေးအပြည့်အဝဖြင့် ပျော်ရွှင်နိုင်ခြင်းမှာ ဘုံပန်းတိုင်ဖြစ်သည်။

တစ်လှေတည်းစီး ခရီးသွားများကဲ့သို့ နိုင်ငံအားလုံးသည် ညီညွတ်စွာဖြင့် လူသားမျိုးနွယ်အတွက် မျှဝေသော အနာဂတ်ရှိသည့် အသိုက်အဝန်းကို တည်ဆောက်ရန်နှင့် အကြောက်တရားကင်းမဲ့ပြီး လုံခြုံသောအနာဂတ် တည်ဆောက်ရန် အတူကြိုးပမ်းသင့်သည်။

ထိုရည်မှန်းချက်များ ပြည့်မီနိုင်ရေးအတွက် တရုတ်သည် အပြန်အလှန် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံများစွာ၊ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများစွာနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ် မူဘောင်အောက်တွင် လုပ်ဆောင်လျက်ရှိပြီး လုံခြုံရေးမူဝါဒများနှင့် အကျိုးစီးပွားများအတွက် ညှိနှိုင်းပူးတွဲရေးကို တက်ကြွစွာ အားပေးလျက်ရှိသည်။

သက်ဆိုင်သူအားလုံးအနေဖြင့် ပူးတွဲဆောင်ရွက်မှုများကို အကန့်အသတ်မရှိလုပ်ဆောင်ကာ အပြန်အလှန်သင်ယူပြီး ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူဖော်ဆောင်ကြရန် တိုက်တွန်းသည်။

၁ - ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး၏ ဘုံအစီအစဉ်၌ ထည့်သွင်းနိုင်မည့် ငြိမ်းချမ်းရေးအတွက် အစီအစဉ်သစ်အပါအဝင် အခြားအဆိုပြုချက်များအား ဖော်ဆောင်ရာတွင် တက်ကြွစွာပါဝင်ရန်။

ပဋိပက္ခများကို တားဆီးပြီး ငြိမ်းချမ်းရေးတည်ဆောက်ကာ ပဋိပက္ခနိုင်ငံများကို ကူညီရေးတွင် ကုလသမဂ္ဂ၏ အားထုတ်မှုများကို ထောက်ပံ့ပေးရန်။

တရုတ်-ကုလသမဂ္ဂ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ရန်ပုံငွေအောက်ရှိ အထွေထွေအတွင်းရေးမှူး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ရန်ပုံငွေအား မြှင့်တင်ပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပြဿနာ၌ ကုလသမဂ္ဂ၏ ကဏ္ဍကြီးမားလာရေး ကူညီပေးရန်။

ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တာဝန်ဖြည့်တင်းရာတွင် စွမ်းရည်မြှင့်တင်ပေးပြီး ငြိမ်းချမ်းရေးထိန်းသိမ်းမှု၏ အဓိကမူဝါဒများကို လက်ကိုင်ထားနိုင်ရေး၊ နိုင်ငံရေးဖြေရှင်းချက်ကို ဦးစားပေးရေးနှင့် အဓိကပြဿနာအရင်းအမြစ်ကိုပါ ဖြေရှင်းရေးအတွက် ထောက်ပံ့ပေးရန်။

ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများကို လုံလောက်သော အရင်းအမြစ် ထောက်ပံ့ပေးပြီး အာဖရိကသမဂ္ဂအတွက်လည်း ကိုယ်ပိုင်ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေး ဘဏ္ဍာရေးအားဖြင့် ထောက်ပံ့ကူညီရန်။  

၂ - အင်အားကြီးနိုင်ငံကြီးများကြားတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ လုံခြုံမှုရှိရေးနှင့် ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရန်။

အင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတွင် အရေးပါသောတာဝန်များ ထမ်းဆောင်ထားရသည်။ညီမျှမှု၊ ပူးတွဲဆောင်ရွက်မှုနှင့် တရားဥပဒေစိုးမိုးမှုတို့တွင် နိုင်ငံကြီးများအား ဥပမာဖြစ်စေရေး တိုက်တွန်းရန်။

အပြန်အလှန်လေးစားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်၊ အပြန်အလှန်အကျိုးရစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ရန်၊ ထိပ်တိုက်တွေ့ဆုံမှု ပဋိပက္ခများကို ရှောင်ရှားရန်နှင့် မတူကွဲပြားမှုများကို စီမံခန့်ခွဲကာ ဘုံဖြေရှင်းချက် ရရှိနိုင်ရန်။

၃ - နျူကလီးယားစစ်ပွဲသည် အနိုင်မရနိုင်သကဲ့သို့ မည်သည့်အခါမှတွင်လည်း မဖြစ်ပေါ်သင့်ဟူသော ဘုံသဘောတူညီချက်ကို လက်ကိုင်ထားပြီး နျူကလီးယားစစ်ပွဲနှင့် လက်နက်ပြိုင်ဆိုင်မှုများအား ကာကွယ်မည့် နျူကလီးယားနိုင်ငံငါးခုက ထုတ်ပြန်ထားသော ပူးတွဲကြေညာချက်ကို လိုက်နာရန်။

နျူကလီးယား ပိုင်ဆိုင်ထားသော နိုင်ငံများအကြား ဆွေးနွေးမှုများပြုလုပ်ပြီး အခြားနိုင်ငံများအတွက် အန္တရာယ်များလျှော့ချရေး၊ နိုင်ငံတကာနျူကလီးယားလက်နက် တိုက်ဖျက်ရေးကို လုံခြုံစေရေးနှင့် နျူကလီးယားလက်နက် ကင်းမဲ့ဇုန်များ တည်ဆောက်နိုင်ရေးတို့အတွက် ကူညီထောက်ပံ့ရန်။

နျူကလီးယားလုံခြုံရေးတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး အပြန်အလှန်အကျိုးရရှိစေမည့် နျူကလီးယားလုံခြုံရေးစနစ် တည်ဆောက်ရန်။

၄ - ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ပေါ်ထွက်လာသော နိုင်ငံတကာလုံခြုံရေးနယ်ပယ်၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ငြိမ်းချမ်းစွာအသုံးပြုရေး ဖြေရှင်းချက်ကို အကောင်အထည်ဖော်ရန်။

မူဘောင်များအောက်၌ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ပြီး အစုလိုက်အပြုံလိုက် ပျက်စီးစေသော လက်နက်များကို ဖျက်ဆီးတားမြစ်ရန်၊ နျူကလီးယားချဲ့ထွင်မှုတားဆီးရေး စွမ်းအင်ကို နိုင်ငံအားလုံး၌ မြှင့်တင်ရန်၊ ဇီဝလုံခြုံမှုရှိစေရန်နှင့် ဓာတုပစ္စည်းလက်နက်များမှ ကာကွယ်နိုင်ရန်တို့အတွက် တွန်းအားပေးရန်။

ကမ္ဘာလုံးဆိုင်ရာ လက်နက်ထိန်းချုပ်မှုကို အားပေးရန်။တရုတ်၊ အာဖရိက၊ ဥရောပတို့ကြားတွင် သေးငယ်ပေါ့ပါးသော လက်နက်များ ထိန်းချုပ်ခြင်း ပူးပေါင်းဆောင်ရွက်မှုကို ထောက်ပံ့အားပေးရန်။

အာဖရိက၌ လက်နက်သံ တိတ်ဆိတ်ရေး အစီအစဉ်အား အကောင်အထည်ဖော်ရန်။

ထိခိုက်ခံစားရသော နိုင်ငံများအတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်ရေး နိုင်ငံတကာက တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန်။  

၅ - နိုင်ငံတကာနှင့် ဒေသတွင်း ပဋိပက္ခများတွင် နိုင်ငံရေးအရဖြေရှင်းနိုင်ရေး ထောက်ပံ့ပေးရန်။

သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် မတူကွဲပြားမှုများကို ကျော်လွှားပြီး ဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်ရန်၊ နိုင်ငံတကာအသိုက်အဝန်းကလည်း နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးတွင် ပါဝင်နိုင်ရန်၊ ပြည်တွင်းရေးများတွင် အနှောင့်အယှက်ကင်းစေရန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား မျှတစွာဖြင့် လုပ်ဆောင်နိုင်ရန်နှင့် အဓိကပြဿနာအရင်းအမြစ်ကိုပါ ဖြေရှင်းရန်တို့အတွက် တွန်းအားပေး ထောက်ပံ့ရန်။

၆ - အာဆီယံဗဟိုပြု လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ယန္တရားနှင့် ဗိသုကာကို တိုးတက်စေပြီး နိုင်ငံများ၏ လုံခြုံရေးဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရာတွင် အာဆီယံ၏ နည်းလမ်းကို ထောက်ပံ့ပေးရန်။

သမားရိုးကျမဟုတ်သော လုံခြုံရေးနယ်ပယ်များတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို တွန်းအားပေးပြီး သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို အကောင်အထည်ဖော်ကာ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်မှုကို ကာကွယ်နိုင်ရန် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ်အတွက် ရှေ့ပြေးဇုန်ဖြစ်ပေါ်လာစေရေး ကြိုးပမ်းရန်။

၇ - အရှေ့အလယ်ပိုင်း၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ရရှိစေရန် အဆိုပြုထားသည့် အချက်ငါးချက်ဖြစ်သော အပြန်အလှန်လေးစားခြင်း၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုကို လက်ကိုင်ထားခြင်း၊ နျူကလီးယားပိုင်ဆိုင်မှုကို ထိန်းချုပ်ခြင်း၊ ပူးတွဲပြီး လုံခြုံရေးအားမြှင့်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ခြင်းတို့အား အကောင်အထည်ဖော်ပြီး အရှေ့အလယ်ပိုင်း၏ လုံခြုံရေးမူဘောင်အသစ်ကို တည်ဆောက်ရန်။

အရှေ့အလယ်ပိုင်းဒေသများ၏ ဆွေးနွေးရေး အားထုတ်မှုများကို တွန်းအားပေးပြီး နိုင်ငံအားလုံး၏ လုံခြုံရေးစိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားကာ ဒေသတွင်း လုံခြုံရေးထိန်းသိမ်းရာ၌ အာရပ်နိုင်ငံများလိဂ်နှင့် အခြားသော ဒေသတွင်းအဖွဲ့အစည်းများက အပြုသဘောဆောင်သောကဏ္ဍမှ ပါဝင်နိုင်ရေး တွန်းအားပေးရန်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပါလက်စတိုင်းပြဿနာတွင် နှစ်နိုင်ငံပါဝင်သော ဖြေရှင်းချက်ရရှိရန်အတွက် ပို၍ကြီးမားသော အာဏာရှိသော လွှမ်းမိုးမှုရှိသော နိုင်ငံတကာညီလာခံကို ကျင်းပပြီး ပြဿနာကို ဆောလျင်စွာ အဖြေရှာရန် လိုအပ်သည်။

၈ - ဒေသတွင်းပဋိပက္ခများ၊ အကြမ်းဖက်မှုများနှင့် အဏ္ဏဝါလုံခြုံမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အာဖရိကနိုင်ငံများ၊ အာဖရိကသမဂ္ဂနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ အားထုတ်မှုကို ထောက်ပံ့ပေးပြီး အာဖရိက ဦးဆောင်သော အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ငွေကြေးနှင့် နည်းပညာအားဖြင့် ထောက်ပံ့ပေးပြီး ငြိမ်းချမ်းရေးကို မှီခိုမှုကင်းမဲ့စွာ ရရှိနိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းရန်။

အာဖရိက၏ ပြဿနာများကို အာဖရိက၏ နည်းလမ်းအတိုင်း ဖြေရှင်းနိုင်ရန် ထောက်ပံ့ပေးပြီး ပဋိပက္ခနေရာများတွင် ငြိမ်းချမ်းရေးရရှိနိုင်ရန် ကူညီပေးရန်။

အာဖရိကဦးချိုဒေသတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ရည်ရွယ်ပြီး တရုတ်-အာဖရိကဦးချို ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို တွန်းအားပေးကာ ရှေ့ဆောင်စီမံကိန်းများကို တက်ကြွစွာ အကောင်အထည်ဖော်ရန်။

၉ - လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများအား ငြိမ်းချမ်းရေးဇုန်အဖြစ် သတ်မှတ်နိုင်ရေး ကတိကဝတ်အား အပြည့်အဝ အကောင်အထည်ဖော်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးဖော်ဆောင်ရေးနှင့် ဒေသတွင်းပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရေးတို့တွင် ထောက်ပံ့ကူညီပေးရန်။

၁၀ - ပစိဖိတ်ကျွန်းနိုင်ငံများအတွက် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်၊ အများပြည်သူကျန်းမာရေး အထူးကိစ္စရပ်များနှင့် ဥပဒေရေးရာများအတွက် အာရုံစိုက်မှုမြှင့်တင်ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် အပြာရောင်ပစိဖိတ်တိုက်အတွက် ၂၀၅၀ ခုနှစ် မဟာဗျူဟာ အကောင်အထည်ဖော်ရန်အတွက် ပစိဖိတ်ကျွန်းနိုင်ငံများကို ထောက်ပံ့အားပေးရန်။

သမားရိုးကျမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်စွမ်း တိုးတက်ရန်အတွက် ပစ္စည်း၊ ငွေကြေးနှင့် အရည်အသွေးပိုင်းဆိုင်ရာများ တိုးမြှင့်ပေးရန်။  

၁၁ - အဏ္ဏဝါဆွေးနွေးမှုများ၊ လက်တွေ့ပူးပေါင်းဆောင်ရွက် ဖလှယ်မှုများကို အားကောင်းစေပြီး ကွဲပြားမှုများကို ကိုင်တွယ်ကာ ပင်လယ်ပြင်၌ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို အတူနှိမ်နင်းပြီး အဏ္ဏဝါလုံခြုံရေးနှင့် တည်ငြိမ်ရေး ပင်လယ်လမ်းကြောင်းလုံခြုံရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်။

မြစ်များတစ်လျှောက်ရှိ နိုင်ငံအားလုံးအနေဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွင် ပါဝင်လာပြီး ဆွေးနွေးမှုများမှတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်းကာ မြစ်များ၏ နယ်မြေလုံခြုံရေး၊ ရေအရင်းအမြစ်များကို ညီမျှစွာ အသုံးပြုနိုင်ရေးနှင့် နိုင်ငံပေါင်းစုံဖြတ်ကျော်သော မြစ်များတစ်လျှောက် ဂေဟဗေဒသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်။

၁၂ - ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ကုလသမဂ္ဂအား ဗဟိုညှိနှိုင်းရေးအဖွဲ့အဖြစ် အားကောင်းပြီး ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့၏ ဖြေရှင်းချက်များအား အတူအကောင်အထည်ဖော်ကာ အကြမ်းဖက်သူများနှင့် အဖွဲ့အစည်းများအား အတူနှိမ်နင်းရန်။

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး အရင်းအမြစ်များအား ပိုမိုမျှဝေပေးပြီး စွမ်းရည်တည်ဆောက်ရန်။

အကြမ်းဖက်မှုအား နိုင်ငံ၊ တိုင်းရင်းသား၊ ဘာသာရေးတို့နှင့် ဆက်စပ်နေမှုအား ရပ်တန့်ပြီး ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် နည်းပညာ၏ အကျိုးသက်ရောက်မှုအပေါ် တုံ့ပြန်လေ့လာရန်။

           (ဆက်လက်ဖော်ပြမည်)

စိုးနိုင်ထွန်း
Ref - The Global Security Initiative Concept Paper | fmprc