【 နိုင်ငံတကာဆောင်းပါး 】 စစ်ပွဲများကနေ အမေရိကန်ရရှိနေတဲ့ အကျိုးအမြတ်

【 နိုင်ငံတကာဆောင်းပါး 】 စစ်ပွဲများကနေ အမေရိကန်ရရှိနေတဲ့ အကျိုးအမြတ်

ဇန်နဝါရီလအတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားအစိုးရများထံ အမေရိကန်စစ်လက်နက်ပစ္စည်းများ ရောင်းချမှု ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၃၈ ဘီလီယံ စံချိန်တင်ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုပမာဏသည် အစိုးရချင်း သဘောတူညီချက်ရယူကာ ရောင်းချခြင်းတစ်ခုတည်းသာဖြစ်ပြီး ထိပ်တန်းစစ်လက်နက်ကုမ္ပဏီများ ရောင်းချခြင်း မပါသေးချေ။

ထုတ်ပြန်ချက်များတွင် အမေရိကန်ကုမ္ပဏီများ၏ တိုက်ရိုက် စစ်လက်နက်ရောင်းချမှုသည် ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၁၅၃ ဒသမ ၆ ဘီလီယံမှ ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၁၅၇ ဒသမ ၅ ဘီလီယံသို့ မြင့်တက်လာပြီး အစိုးရမှတစ်ဆင့် ရောင်းချမှုမှာ ၂၀၂ ၂ခုနှစ်တွင် ၅၁ ဒသမ ၉ ဘီလီယံမှ ၂၀၂၃ ခုနှစ်တွင် ၈၀ ဒသမ ၉  ဘီလီယံအထိ မြင့်တက်လာခဲ့သည်။

ထိုရောင်းချမှုထဲတွင် အမေရိကန်လက်နက်ကုမ္ပဏီများဖြစ်သည့် Lockheed Martin ၊ GeneralDynamics ၊ Raytheon (RTX.N) တို့က ထိပ်ဆုံးမှပါဝင်ပြီး ရောင်းချသည့် စစ်လက်နက်ပစ္စည်းများတွင် ပက်ထရီယော့ ဒုံးခွင်းဒုံးများ၊ High Mobility Artillery Rocket Systems (HIMARS)၊ အမြောက်ကျည်ထောင်ပေါင်းများစွာ၊ သံချပ်ကာယာဉ်များ၊ အဆင့်မြင့်လက်နက်များပါဝင်ကြောင်း ဆိုသည်။

ထိုရောင်းချမှုနှင့်ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က  အိမ်ဖြူတော် အစည်းအဝေးတစ်ခုမှာ အမေရိကန်က ယူကရိန်းသို့ ပို့ဆောင်ခဲ့တဲ့ လက်နက်များဟာ အမေရိကန် ဒေသအရပ်ရပ်က အလုပ်သမားတွေ အမေရိကန်မှာ ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း၊ အဲဒီရင်းမြှုပ်နှံမှုများဟာ အမေရိကန်ရဲ့ အခြေခံအဆောက်အအုံများရဲ့ အတိုင်းအတာကို တိုးချဲ့ပေးပြီး အမေရိကန်အလုပ်သမားများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးခဲ့တယ်လို့ ပြောခဲ့သည်။

ရုရှားနဲ့ ယူကရိန်းပဋိပက္ခသည် ဒုတိယကမ္ဘာစစ်ကြီးအပြီး ဥရောပတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်း အပြင်းထန်ဆုံးသော စစ်ပွဲဖြစ်ပြီး ယူကရိန်းနှင့်ဆက်စပ်သည့် ဥရောပနိုင်ငံများကို ပြင်းထန်သည့် ဆိုးရွားသော နစ်နာမှုများ ထိခိုက်ခံစားရစေခဲ့သည်။

သို့သော် စစ်ပွဲကြောင့် အမေရိကန်နှင့် တခြားနိုင်ငံကြီးအချို့က လက်နက်ကုန်သည်များ၊ စွမ်းအင်ကုမ္ပဏီများမှသည် လယ်ယာထွက်ကုန်ရောင်းချသည့် ကုန်သည်များအားလုံးအထိ ကြီးမားသော အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ထိုထဲ ထူးထူးခြားခြား အကျိုးအမြတ်ရနေသည်မှာ အမေရိကန်ကာကွယ်ရေးစက်မှုလုပ်ငန်းပင်ဖြစ်သည်။

ယူကရိန်းကို ရုရှားကျူးကျော်လို့ဖြစ်တဲ့ စစ်အပြီး တစ်နှစ်ကျော်အကြာ ထပ်ဖြစ်လာသည့် နောက်ပဋိပက္ခဖြစ်သော ဟားမတ်စ်-အစ္စရေး စစ်ပွဲတွင်လည်း အမေရိကန်လက်နက်ကုမ္ပဏီများ အကျိုးအမြတ်ဖြစ်ခဲ့သည်။ထိုစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်လက်နက်ကုမ္ပဏီတွေက အစ္စရေးနိုင်ငံသို့ လက်နက်ရောင်းချမှု ၁၀၀ ကျော်ရှိခဲ့ကြောင်း သတင်းထွက်လာခဲ့သည်။ယခင်ကြေညာထားသည့် ထုတ်ပြန်ချက်တွင် အမေရိကန်က အစ္စရေးသို့ လက်နက်ရောင်းချမှုနှစ်ခုသာရှိပြီး အမေရိကန်ဒေါ်လာ ၁၀၆ သန်း တန်ဖိုးရှိ တင့်ကားခဲယမ်းမီးကျောက်နှင့် အမေရိကန်ဒေါ်လာ ၁၄၇.၅ သန်း တန်ဖိုးရှိ ၁၅၅ မီလီမီတာ အမြောက်ဆန် ထုတ်လုပ်ရန် လိုအပ်သည့် အစိတ်အပိုင်းပစ္စည်း ရောင်းချမှုသာရှိသည်။ထပ်ပေါ်ထွက်လာမှုအရဆိုပါက ပမာဏမှ ဘီလီယံအထိ ရှိနိုင်ဖွယ်ရှိနေသည်။

စစ်စီးပွားရေးသည် ကမ္ဘာ့နိုင်ငံကြီးများ၏ ဘဏ္ဍာတိုက်ကို ပြည့်ဝစေသည်။ကမ္ဘာ့စစ်အသုံးစရိတ်သည် ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၂ ခုနှစ်တွင် ကျဆင်းသွားခဲ့သည်။သို့သော် ယခုချိန်တွင် ကမ္ဘာတစ်ဝန်း ကာကွယ်ရေးအသုံးစရိတ်သည့် ကြောက်ခမန်းလိလိ တိုးတက်နေသည်။ဤအချက်သည် ပဋိပက္ခများကို စဉ်ဆက်မပြတ် ဖြစ်စေခြင်းနှင့် စစ်ပွဲအကျိုးအမြတ် အခွင့်အလမ်းများ ရစေသည့် ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းများ၏ ရည်ရွယ်ချက်ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းတွင် သိသာထင်ရှားသော စစ်လက်နက်ကိရိယာများ ထုတ်လုပ်ရောင်းဝယ် စီးဆင်းမှုသည် ဒေသတွင်း စစ်ရေးဟန်ချက်ညီမှုနှင့် ကမ္ဘာ့ပထဝီနိုင်ငံရေးလုံခြုံရေးအတွက် ပိုမိုပြောင်းလဲနိုင်သော စိန်ခေါ်မှုများနှင့် စိန်ခေါ်မှုများကို ယူဆောင်လာနေသည်။လက်နက်ရောင်းချမှုသည် အမေရိကန်နိုင်ငံခြားရေးမူဝါဒ၏ အရေးပါသော လက်နက်ကိရိယာတစ်ခုဖြစ်သည်။ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားပြီးနောက် အမေရိကန်လက်နက်ရောင်းဝယ်သူများသည် အရောင်းအဝယ် အရှိန်အဟုန်မြင့်လာသည့် အကျိုးကို လျင်မြန်စွာခံစားခဲ့ရသည်။

အမေရိကန်၏စစ်လက်နက်ပို့ကုန်စျေးကွက်သည် နေတိုးနိုင်ငံများနှင့် အင်ဒို-ပစိဖိတ်ဒေသဖြစ်သည်။ ထိုဒေသနှစ်ခုသည် ကမ္ဘာ့စီးပွားရေးကို ခေတ်အဆက်ဆက်ဦးဆောင်နေသည့် ဒေသများဖြစ်သည်။

အမေရိကန်သည် လက်နက်အမျိုးအစားမျိုးစုံနှင့် တိုက်ခိုက်ရေးကွပ်ကဲမှုစနစ်များ ရောင်းချခြင်းအပါအဝင် နေတိုးနိုင်ငံများသို့ လက်နက်တင်ပို့မှု တိုးချဲ့ကာ နေတိုး၏ စစ်အင်အားကို အားကောင်းလာစေရန်နှင့် ရုရှားအပေါ် တားဆီးမှုတိုးမြှင့်ရန် ရည်ရွယ်သည်။အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်သည် ဂျပန်၊ ကိုရီးယားနှင့် သြစတြေးလျကဲ့သို့သော နိုင်ငံများသို့ လက်နက်နှင့် ကိရိယာများကို ဆက်လက်တင်ပို့နေပြီး ဒေသတွင်း၌ ၎င်း၏ ပေါင်းစပ် အဟန့်အတား စွမ်းရည်များ အားကောင်းစေရန် အိန္ဒိယဈေးကွက်ကို တက်ကြွစွာ ပစ်မှတ်ထားသည်။

သမိုင်းတစ်လျှောက် ဒုတိယကမ္ဘာစစ်နောက်ပိုင်းဖြစ်သည့် စစ်ပွဲများတွင် အနည်းနှင့် အများဆိုသလို အမေရိကန်ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်ပြီး စစ်ပွဲများ၏ လောင်စာဖြစ်သော လက်နက်ခဲယမ်း ရောင်းချခြင်းတွင် အမေရိကန်အစိုးရ၊ အမေရိကန်နိုင်ငံရေးသမားများနှင့် အမေရိကန်ကာကွယ်ရေး စက်မှုကုမ္ပဏီကြီး ထဲထဲဝင်ဝင် ပါဝင်ကြလေ့ရှိသည်။အထူးသဖြင့် စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးနောက်တွင် အမေရိကန်သည် ၎င်း၏အကျိုးအမြတ်အတွက် ကမ္ဘာသို့ လက်နက်များ ရောင်းချခဲ့ခြင်းဖြင့် ကမ္ဘာတစ်ဝှမ်း စစ်မီးလောင်ကျွမ်းမှုတွင် လောင်စာများထည့်ပေးခဲ့ကာ ဒေသတွင်း စစ်ပွဲမီးများကို အရှိန်ညီးညီး လောင်ကျွမ်းစေခဲ့သည်။

အမေရိကန်၏ လက်နက်တင်ပို့မှုပမာဏသည် နှစ်များစွာ ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် ကာလကြာရှည်စွာ ရပ်တည်နေပြီး ပြီးခဲ့သည့်နှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။အဆိုပါလုပ်ရပ်များသည် လက်ရှိ နိုင်ငံတကာလုံခြုံရေးစည်းကမ်းကို အကြီးမားဆုံး အနှောင့်အယှက်ဖြစ်စေသည်။

လက်နက်ကုမ္ပဏီကြီး များ အကျိုးအမြတ်အတွက် ဒီမိုကရေစီကျင့်သုံးသော အမေရိကန်၏ ကမ္ဘာတစ်ဝန်း လက်နက်ရောင်းချမှု အကျိုးဆက်သည် နောက်ဆုံးတွင် ဒီမိုကရေစီ ဆိတ်သုဉ်းစေသည်သို့ ဦးတည်နေသည်ကို လက်ရှိကမ္ဘာ့အဖြစ်အပျက်အချို့ကို ကြည့်ပါက သိရမည်ဖြစ်လေသည်။

စိုးငြိမ်း