【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သမိုင်းကြောင်း

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သမိုင်းကြောင်း

ယခုနှစ်ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ၉၆ နှစ်ပြည့် အထိန်းအမှတ်ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ် ၁ ရက်နေ့ဟာ တရုတ်နိုင်ငံရဲ့ တပ်မတော်နေ့ဖြစ်ပြီး၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ကို ထူထောင်တဲ့ နေ့ရက်လည်းဖြစ်ပါတယ်။

           ကြီးကျယ်ခမ်းနားသော သမိုင်းကြောင်း

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၆ နှစ်၊ ၁၉၂၇ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် နောင်တစ်ချိန်မှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ဖြစ်လာမယ့် တပ်ဖွဲ့ကို တရုတ်ကွန်မြူနစ်ပါတီက စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီတပ်ဖွဲ့ကို ကူမင်တန်ရဲ့ အကြမ်းဖက်မှု ကြီးစိုးမှုကြား ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ ထိုအချိန်တုန်းက ထောင်နဲ့ချီတဲ့ ကွန်မြူနစ်တွေနဲ့ သူတို့ကိုထောက်ခံသူတွေဟာ သတ်ဖြတ်ခံခဲ့ရပါတယ်။

မူလက “တရုတ်အလုပ်သမားနဲ့ တောင်သူလယ်သမား အနီရောင်တပ်ဖွဲ့” လို့ အမည်တွင်ခဲ့ပြီး တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

၁၉၃၁ ခုနှစ် စက်တင်ဘာလတွင် ဂျပန်ဟာ တရုတ်အရှေ့မြောက်ပိုင်းကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး၊ အပြည့်အဝသိမ်းပိုက်မှုကို ၁၉၃၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် စတင်ခဲ့ပါတယ်။

၁၉၃၅ ခုနှစ် အောက်တိုဘာလကနေ ၁၉၃၆ ခုနှစ် အောက်တိုဘာလတွင် အနီရောင်တပ်ဖွဲ့ဟာ တရုတ်နိုင်ငံတွင်း ကီလိုမီတာပေါင်း ၁၂,၅၀၀ အထိကို လွှမ်းမိုးမှု လုပ်နိုင်ခဲ့ပြီး၊ ကူမင်တန်တပ်တွေရဲ့ ဝိုင်းရံမှုကို ဖြိုခွင်းခြင်းနဲ့ ကျူးကျော်သူ ဂျပန်တပ်တွေကိုလည်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဂျပန်ဆန့်ကျင်ရေးစစ်ပွဲအတွင်း ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုအောက်တွင် Eight Route Army ၊ New Fourth Amy နဲ့ အခြားသော ဂျပန်ဆန့်ကျင်ရေးတပ်တွေဟာ ရန်သူတွေရဲ့ ရှေ့တန်းကို နက်နက်နဲနဲ ထိုးဖောက်နိုင်ခဲ့ပြီး၊ စစ်တပ်ကို ‌အင်အားဖြည့်တင်းနိုင်ခဲ့ပါတယ်။ဂျပန်ဆန့်ကျင်ရေး ပျောက်ကျားစနစ် တိုက်ခိုက်မှုကို စတင်ရန်အတွက် အမျိုးသားများနဲ့ အမျိုးသမီးများဟာ တိုက်ပွဲအတွင်း တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။

တရုတ်ရဲ့ ကျူးကျော်သူ ဂျပန်ကို ပြန်လည်တိုက်ခိုက်မှုဟာ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲများထဲ အရဲရင့်ဆုံးသော တိုက်ပွဲများထဲက တစ်ခုဖြစ်ပါတယ်။

တရုတ်ရဲ့ လွတ်လပ်ရေးတိုက်ပွဲများကာလဖြစ်တဲ့ ၁၉၄၅ ကနေ ၁၉၄၉ ခုနှစ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ တူမီး၊ ရိုင်ဖယ်သေနတ်များဖြင့် ဂျပန်စစ်တပ်ကို အနိုင်ယူနိုင်လိမ့်မယ်လို့ လူနည်းစုကသာ ယုံကြည်ခဲ့ကြပါတယ်။နောက်ပြီးတော့ အမေရိကန်ထုတ် အဆင့်မြင့်လက်နက်များ ကိုင်ဆောင်ထားတဲ့ ကူမင်တန်တွေကိုလည်း အနိုင်ယူနိုင်လိမ့်မယ်လို့ လူနည်းစုကသာ ယုံကြည်ခဲ့ကြပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အောင်ပွဲတွေကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ကို ၁၉၄၉ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ထောင်နိုင်ခဲ့ပါတယ်။

“တရုတ်ပြည်သူများဟာ မားမားမတ်မတ်ရပ်နိုင်ပြီ” ဆိုတဲ့ မော်စီတုန်းရဲ့ လူသိများတဲ့ မိန့်ခွန်းနဲ့ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ကို စတင်နိုင်ခဲ့ပါတယ်။

           ခရီးသစ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် (PRC) ကို စတင်တည်ထောင်ပြီးနောက်မှာတော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ အမျိုးသားကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး၊ ဆိုရှယ်လစ်တော်လှန်ရေးနဲ့ တည်ဆောက်ရေးကို ဆောင်ရွက်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ တပ်မတော်ကို ခေတ်မီရေးနဲ့ စည်းကမ်းတင်းကျပ်ပြီး စနစ်ကျတဲ့ တပ်မတော်ဖြစ်လာဖို့လည်း ကြိုးပမ်းခဲ့ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို စတင်တည်ထောင်သူတစ်ဦးဖြစ်တဲ့ မော်စီတုန်းဟာ တပ်မတော်ရဲ့ ပထမဆုံး စစ်ရေးပြပွဲကို ၁၉၄၉ ခုနှစ်တွင် ပြန်လည်စစ်ဆေးချိန်တွင်၊ စစ်ရေးပြပွဲတွင် ပြသခဲ့တဲ့ လက်နက်တွေရဲ့ ၉၅ ရာခိုင်နှုန်းခန့်ဟာ တော်လှန်ရေးတိုက်ပွဲတွေမှာ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေဖြစ်တာကို တွေ့ရှိခဲ့ပါတယ်။ထိုစဉ်အချိန်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တွင် ကိုယ်ပိုင်လက်နက်ဟူ၍ တိုက်လေယာဉ်သစ် ၁၇ စင်းသာရှိခဲ့ပါတယ်။ယခုခေတ်မှာတော့ စစ်တပ်ဟာ တူမီးနဲ့ ရိုင်ဖယ် အစရှိတဲ့ လက်နက်တွေကို ကိုင်ဆောင်ရာကနေ အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး၊ ကမ္ဘာ့အဆင့်မီ စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာတွေနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေကို အသုံးပြုတဲ့ စစ်တပ်ဖြစ်လာပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်များအတွင်း ပိုမိုကောင်းမွန်တဲ့ ခေတ်မီလက်နက်ကိရိယာတွေနဲ့ စစ်ဘက်ဆိုင်ရာ စွမ်းရည်တွေကို မြှင့်တင်ပြီးနောက်မှာတော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ ကမ္ဘာက အာရုံစိုက်လာရတဲ့ တပ်မတော်ဖြစ်လာပြီဖြစ်ပါတယ်။စစ်တပ်ကို ခေတ်မီအောင် တည်ဆောက်မှုနဲ့အတူ တပ်သားစုဆောင်း မှပုံစံကလည်း ပြောင်းလဲလာခဲ့ပါတယ်။

တရုတ်အမျိုးသားကာကွယ်ရေးစွမ်းရည်များ ခေတ်မီတိုးတက်ရေးရဲ့ ရည်မှန်းချက်ကတော့ ရိုးရှင်းပါတယ်။ရည်မှန်းချက်ကတော့ တိုင်းပြည်ကို ကာကွယ်ရေးမှာ စွမ်းဆောင်ရည် အားကောင်းစေရေးပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာလည်း အကြောင်းအမျိုးမျိုးပေါ်မှာ မူတည်ပြီး၊ အမျိုးသားကာကွယ်ရေးရဲ့ လိုအပ်ချက်၊ စီးပွားရေးတိုးတက်မှုနဲ့ နိုင်ငံ့ကာကွယ်ရေးမူဝါဒတွေနဲ့ သက်ဆိုင်ပါတယ်။

တရုတ်နိုင်ငံဟာ ကာကွယ်ရေးသဘောသဘာဝသာရှိတဲ့ အမျိုးသားကာကွယ်ရေးမူဝါဒကို ကျင့်သုံးရန်သာ ကြိုးပမ်းနေပါတယ်။

           ခေတ်သစ်ကို ဦးဆောင်ခြင်းများ

ဒီကနေ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ တရုတ်နိုင်ငံနဲ့ တရုတ်ပြည်သူတွေကို ကာကွယ်နေချိန်မှာပဲ နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းမှုမှာလည်း ကြီးမားစွာ ပါဝင်နေပါတယ်။ တရုတ်နိုင်ငံဟာ ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်လိုတဲ့ နိုင်ငံဖြစ်ပြီး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကိုလည်း အမြဲတမ်းထိန်းသိမ်းလာခဲ့ပါတယ်။ကုလသမဂ္ဂအမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအကြား ငြိမ်းချမ်းရေးအတွက် စစ်သားအများဆုံးစေလွှတ်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ခြင်း၊ ရေကြောင်းဆိုင်ရာ အခွင့်အရေးနဲ့ အမျိုးသားစည်းလုံးရေးတို့ဟာဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အတွက် အရေးကြီးသော တာဝန်များဖြစ်ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ တိုက်ခိုက်မှုအတွက်လည်း အမြဲတမ်းအသင့်ရှိသော  စစ်တပ်ဖြစ်ပါတယ်။တိုက်ပွဲအမှန်တကယ်ဖြစ်ပွားတဲ့ နေရာများတွင်လည်း စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီး၊ အရေးကြီးတဲ့ လုံခြုံရေးစိန်ခေါ်မှုတွေမှာ ချက်ချင်းတုံ့ပြန်နိုင်ဖို့ အသင့်ရှိပါတယ်။

အကြမ်းဖက်မှုကို တန်ပြန်ရေး၊ တရုတ်နိုင်ငံရဲ့ နိုင်ငံတကာအခွင့်အလမ်းများကို ကာကွယ်ရေးနဲ့ နိုင်ငံတွင်း အရေးပေါ်ကယ်ဆယ်မှုများတွင် ပါဝင်ရန်အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ အသင့်ရှိပြီး၊ တရုတ်ပြည်သူတွေကို ဦးထိပ်ထားကာ အလုပ်အကျွေးပြုတဲ့ တပ်မတော်အဖြစ်လည်း ကမ္ဘာမှာ ထည်ဝါစွာ ရပ်တည်လျက်ရှိနေပါတယ်။

Naing