【 နိုင်ငံတကာဆောင်းပါး 】 နျူကလီးယားစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုဖြင့် ရုရှားလူ့အဖွဲ့အစည်းကို ပူတင် စည်းရုံး

【 နိုင်ငံတကာဆောင်းပါး 】 နျူကလီးယားစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုဖြင့် ရုရှားလူ့အဖွဲ့အစည်းကို ပူတင် စည်းရုံး

၂၀၂၃ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းက နျူကလီးယားစစ်ပွဲအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းပါဝင်သော အလွန်ကြီးမားသော အရပ်ဘက်ကာကွယ်ရေး လေ့ကျင့်ခန်းအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် စပ်လျဉ်းသည့် ရုရှားအစိုးရ စာတမ်းတစ်စောင် ရုရှားသတင်းစာများတွင် ပေါက်ကြားခဲ့သည်။

ထိုသတင်းဖော်ပြချက်၌ အောက်တိုဘာ ၃ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသော ရုရှားအရပ်ဘက်ကာကွယ်ရေးလေ့ကျင့်ခန်းကို ညွှန်ပြခဲ့ပြီး “ရုရှားသည် အလားအလာရှိသော နျူကလီးယားစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် နိုင်ငံတစ်ဝန်း အချိန်ဇုန် ၁၁ ခုတွင် ပထမဆုံး တစ်နိုင်ငံလုံး နျူကလီးယား တိုက်ခိုက်ရေး လေ့ကျင့်ခန်းကို ပြုလုပ်မည်ဖြစ်ကြောင်း” ဆိုသည်။

“ရုရှားဖက်ဒရေးရှင်း၏ မဲဆန္ဒနယ်မြေအချို့တွင် အရေးပေါ်အခြေအနေ (သို့မဟုတ်) အခြားရုပ်ပိုင်းဆိုင်ရာထိခိုက်မှု အမျိုးအစားများကြောင့် အသက်ကယ်ထောက်ပံ့ရေးအဆောက်အဦများ အပြည့်အဝပျက်စီးခြင်းနှင့် အိမ်ရာများ၏ ၇၀ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။

“အသက်ကယ်ထောက်ပံ့ရေး အဆောက်အဦများ ဖျက်ဆီးခြင်း” ဆိုသည့် ရည်ညွှန်းချက်မှာ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေး၊ ရေနှင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ ဆုံးရှုံးခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ထင်ရှားသည်။

အောက်တိုဘာလနှောင်းပိုင်း၌ လုပ်လေ့ရှိသော်လည်း တစ်ခါတရံ ဒီဇင်ဘာလနှောင်းပိုင်းအထိ ကျင်းပတတ်သည့် ရုရှား၏ Grom မဟာဗျူဟာ နျူကလီးယား စစ်ရေးလေ့ကျင့်မှုအကြောင်း စာရွက်စာတမ်း ပေါက်ကြားမှုဆိုသည်မှာ ဖြစ်ခဲလှသည့် ပေါက်ကြားမှုဖြစ်သည်။ဆိုလိုသည်မှာ တကူးတကပေါက်ကြားစေခြင်းလည်း ဖြစ်နိုင်ခြင်းပင်။  

ရုရှားသည် ၎င်း၏ ကြီးမားသော ရုရှားအရပ်ဘက်ကာကွယ်ရေး လေ့ကျင့်ခန်းကို ပုံမှန်အားဖြင့် နှစ်စဉ် အောက်တိုဘာအစောပိုင်းတွင် ကျင်းပလေ့ရှိသည်။ယခုပေါက်ကြားမှုမှာ Grom မဟာဗျူဟာလေ့ကျင့်ခန်း၏ မကြေညာနိုင်သော အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ခြင်းဖြစ်သည်။

Grom တွင် မဟာဗျူဟာမြောက် နျူကလီယားတိုက်ခိုက်မှုများကို အသွင်တူလုပ်ဆောင်လေ့ရှိပြီး တစ်ခါတရံတွင် မဟာဗျူဟာမဟုတ်သော (နည်းဗျူဟာ) နျူကလီးယားတိုက်ခိုက်မှုနှင့် မဟာဗျူဟာမြောက် လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေး စစ်ဆင်ရေးများ ပါဝင်တတ်သည်။

ပေါက်ကြားလာသည့် စာရွက်စာတမ်း၏ အကြောင်းအရာကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ရုရှားနိုင်ငံပိုင် မီဒီယာကြီးများတွင် ဖော်ပြခြင်း မရှိတတ်သော်လည်း ယခုစာနယ်ဇင်းများထံ ပေါက်ကြားခြင်းဟု ယူဆရသည့် အချက်က အထူးအဆန်းဖြစ်နေသည်။

ပေါက်ကြားခဲ့သည့် စာရွက်စာတမ်းတွင် ရုရှားနိုင်ငံအတွက် ပျက်စီးဆုံးရှုံးမှု ခန့်မှန်းချက် ပါဝင်မှုသည် အထူးအဆန်းဖြစ်နေသည်။တကယ့် အရပ်ဘက်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံပိုင်မီဒီယာမှာ မဖော်ပြထားသော်လည်း ပုဂ္ဂလိက ရုရှားသတင်းမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

“တချို့နေရာတွေမှာ ကျောင်းက ကလေးတွေကို ဂက်စ်မျက်နှာဖုံးတပ်နည်း သင်ပေးတယ်။တခြားနေရာတွေမှာ အရာရှိတွေကို ကတုတ်ကျင်းတွေထဲ အတင်းဝင်ခိုင်းတယ်။ဒီလေ့ကျင့်ခန်းဟာ အနောက်နိုင်ငံတွေဆီက ဧရာမ နျူကလီးယားတိုက်ခိုက်မှုရဲ့ ယူဆချက်အပေါ် အခြေခံပါတယ်။”

ယခင်က ၎င်း Grom လေ့ကျင့်မှုအပြင် အခြားသော ရုရှား နျူကလီးယား လေ့ကျင့်ခန်းများကြောင့် ကြီးမားသော အပျက်အစီးများကို ရုရှားသတင်းစာများက မကြာခဏဆိုသလို ရှုတ်ချလေ့ရှိသည်။ (၂၀၁၀ ခုနှစ် ရုရှား နျူကလီးယားလေ့ကျင့်မှုတွင်မှု ရုရှားသတင်းထုတ်ပြန်ချက်တစ်ခုက “… ကမ္ဘာတစ်ဝန်းလုံးတွင် မှိုတိမ်တိုက်များ ကောင်းကင်ယံသို့ တက်လာသည်” ဟု ဂုဏ်ယူစွာ ကြေငြာခဲ့သည်။)

နျူကလီးယားစစ်ပွဲတွင် လက်တုံ့ပြန် နျူကလီးယားတိုက်ခိုက်မှုကြောင့် ဖြစ်လာနိုင်သည့် ရုရှားအတွက် အကျိုးဆက်များကို ရုရှားအစိုးရ လိုလားသော မီဒီယာများက လျစ်လျူရှုလေ့ရှိသည်။

အဆိုပါစာရွက်စာတမ်းတွင် ပူတင်အစိုးရက အန္တရာယ်ဇုန်များမှ အထွေထွေ ဘေးလွတ်ရာရွှေ့ပြောင်းရေးအပါအဝင် ရုရှားဖက်ဒရေးရှင်းနယ်မြေရှိ လူဦးရေ၊ ပစ္စည်းနှင့် ယဉ်ကျေးမှုပစ္စည်းများကို ကာကွယ်ရန် အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့များ အဆင်သင့်ဖြစ်မှုကို တိုးမြှင့်ရန် ရည်ရွယ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။

ရုရှားအာဏာပိုင်များသည် ၎င်း၏ အရပ်ဘက်ကာကွယ်ရေး အစီအမံများနှင့်ပတ်သက်၍ ကြွားလုံးထုတ်လေ့ရှိသော်လည်း လက်ရှိ နိုင်ငံရေးအခြေအနေအရ Grom မတိုင်ခင် တစ်နိုင်ငံလုံး လေ့ကျင့်ခန်းလုပ်ခြင်းက ဆိုးဝါးသည့် အလားအလာဖြစ်သည်။

လေ့ကျင့်ခန်းမစခင် ရုရှားအမျိုးသားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်က အနောက်နိုင်ငံတွေက “တတိယကမ္ဘာစစ်ကို တက်တက်ကြွကြွ တွန်းအားပေးနေတာ” လို့ ပြောခဲ့သည်။

ပေါက်ကြားခဲ့သည့် စာရွက်စာတမ်းများက ရုရှားမှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် နျူကလီးယားဇာတ်လမ်းဖြင့် စစ်တပ်က  ရုရှားနိုင်ငံသားများကို အပြည့်အဝ စည်းရုံးမှုတွေ ရှိနေခဲ့သည်ကို ပြသနေခဲ့သည်။

သမ္မတ ပူတင်သည် ၂၀၀၅ ခုနှစ်တွင် မြို့ပြကာကွယ်ရေးအတွက် ရုရှားအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ခဲ့သည်။ထိုစဉ်က ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူမှာ  ရုရှားအရပ်ဘက်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။

ရုရှားသည် မော်စကိုတွင် ဗုံးဒဏ်ခံ ရှပ်တာ ၅,၀၀၀ မှ ၇,၀၀၀ ခန့် ဆောက်လုပ်ခဲ့ကြောင်း သိရပါတယ်။ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာအရ ရုရှားတွင် အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၈၉,၀၀၀ ရှိရာ ၁၉၉၆ ခုနှစ်တွင် ၂၀,၀၀၀ နှင့် ၂၀၀၈ ခုနှစ်တွင် ၁၈,၂၅၀ ထက် များပြားကြောင်း ထိုစာရင်းက ဖော်ပြနေပါတယ်။

ယူကရိန်းကို ၂၀၁၄ ခုနှစ်တွင် စတင်တိုက်ခိုက်ခဲ့ပြီးကတည်းက ရုရှားသည် ၎င်း၏ နျူကလီးယားစွမ်းရည်နှင့် ၎င်း၏ အရပ်ဘက်ကာကွယ်ရေး ကြိုးပမ်းမှုများကို မြှင့်တင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တွင် ရုရှားနိုင်ငံပိုင်ရုပ်မြင်သံကြား Rossia-24 က “… မော်စကို၏ မဟာမိတ် ဆီးရီးယားအပေါ် အမေရိကန် ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုက စစ်ရေးအရ တိုးမြင့်လာမည်ကို စိုးရိမ်မှုဖြင့် ကစားနေပြီး အမေရိကန်နဲ့ စစ်ပွဲဖြစ်ရင် အစားအသောက်နဲ့ ရေကို သိုလှောင်ဖို့ ကြည့်ရှုသူတွေကို ညွှန်ကြားထားတယ်” လို့ ဆိုသည်။

ယေဘုယျအားဖြင့် ပူတင်အစိုးရဆီမှ နျူကလီးယားဖြင့် ပုံမှန်ခြိမ်းခြောက်မှုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ကတည်းက  စခဲ့ခြင်းဖြစ်သည်။

အရပ်ဘက်ကာကွယ်ရေး လေ့ကျင့်မှုအပြီး ရက်အနည်းငယ်အကြာတွင် သမ္မတ ဗလာဒီမာ ပူတင်က ရုရှားက နျူကလီးယားဖြင့် လက်တုံ့ပြန်မည်ဖြစ်ကြောင်း ကြေညာခဲ့ကာ “… ဒုံးကျည်ပစ်လွှတ်မှုကို ကျွန်ုပ်တို့ တွေ့ရှိပြီးနောက် စက္ကန့်ပိုင်းအတွင်း ကမ္ဘာ့သမုဒ္ဒရာ (သို့မဟုတ်) ကုန်းမြေရှိ မည်သည့်နေရာမှ လာနေပါစေ၊ ဖြစ်နိုင်ခြေရှိသော ရန်လိုသူတိုင်းအတွက် လုံးဝလက်မခံနိုင်စရာအဖြစ် တန်ပြန်တိုက်ခိုက်မှုတွင် ကျွန်ုပ်တို့၏ ဒုံးကျည်များ ရာနှင့်ချီသော လေထုထဲတွင် ရာနှင့်ချီရှိမည်ဖြစ်သဖြင့် မည်သည့်ရန်သူမျှ အသက်ရှင်ရန် အခွင့်အလမ်းမရှိပါ။ဒါ့အပြင် နေရာတိုင်းကနေ ပစ်မှတ်တစ်ခုတည်းသို့ လာမည်” ဟု  ပြောခဲ့သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် Grom စစ်ရေးလေ့ကျင့်မှုတွင် ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂိုင်းရှိုဂူက ရုရှား၏ နျူကလီးယားလေ့ကျင့်ခန်းဟာ  ဗျူဟာမြောက်ထိုးစစ်ဖြင့် ကြီးမားသော နျူကလီးယားတိုက်ခိုက်မှုပါဝင်သော လေ့ကျင့်မှုတစ်ခုဖြစ်တယ်လို့ သမ္မတ ပူတင်ကို ပြောခဲ့သည်။ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားကတော့ ဒါဟာ အမေရိကန်ကို တိုက်ခိုက်ဖို့ လေ့ကျင့်မှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ် ဗားရှင်း Grom လေ့ကျင့်ခန်းတွင် ရုရှားရှိ မဟာဗျူဟာ နျူကလီးယားတပ်ဖွဲ့များ၏ ထက်ဝက်ခန့် (နျူဒုံးကျည်ပေါင်း ၂၅၀ ခန့်) ပါဝင်ခဲ့ကြောင်း ကြေညာခဲ့သည်။

ရုရှား နျူကလီးယား စစ်ရေးလေ့ကျင့်မှု၏ ဘုံနိုင်ငံရေးရည်မှန်းချက် (ရုရှား နျူကလီးယား ခြိမ်းခြောက်မှု) မှာ အနောက်နိုင်ငံများက နျူကလီးယားစစ်ပွဲဖြင့် အသုံးချမည်ကို စိုးရိမ်သောကြောင့်ဖြစ်ပြီး ရုရှားခေါင်းဆောင်များက ယူကရိန်းကို အနိုင်ယူခြင်းဖြင့် NATO အဖွဲ့ကို အနိုင်ယူနိုင်သည်ဟု အနောက်အုပ်စုကို ကြောက်ရွံ့စေမည်ဟု ယုံကြည်ကြကြောင်း ဆိုသည်။

ရုရှား နျူကလီးယား မဟာဗျူဟာသည် ရုရှားနိုင်ငံရေးသိပ္ပံပညာရှင် ဆာဂျီကာရာဂါနော့ဗ်၏ အယူအဆနှင့် ဆင်တူသော်လည်း သူ့လောက် မလွန်ကဲပေ။

ဆိုဗီယက်ယူနီယံကို ပြန်လည်အသက်သွင်းဖို့ ရည်ရွယ်တဲ့ ရုရှားက နေတိုးအဖွဲ့ကို ဆန့်ကျင်တဲ့ ရာဇသံပေးပြီးနောက် ယူကရိန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းက  မှတ်သားစရာဖြစ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ရုရှားအရပ်ဘက်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုတွင် “… အကြီးစား နိုင်ငံတကာလက်နက်ကိုင် တိုက်ပွဲ ”  မြင်ကွင်းတစ်ခု ပါဝင်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့ပြီး ဆိုဗီယက်ယူနီယံနှင့် ရုရှားတို့ရှိ အရပ်ဘက်ကာကွယ်ရေးဆိုင်ရာ ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း ပြန်လည်ရောက်ရှိသွားသည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့သည်။

မကြာသေးမီက ကြီးမားသည့် ရုရှားအရပ်ဘက်ကာကွယ်ရေးတွင် နျူကလီးယားစစ်ရေးလေ့ကျင့်မှုပါဝင်သည့် သတင်းများ ထွက်ပေါ်ခဲ့သည်မှာ သေချာသည်။

ဥပမာအားဖြင့် ရုရှား၏ အရပ်ဘက်ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး အိုလက်ချ်မန်နူယူလော့ဗ်က ၂၀၁၆ ခုနှစ် လေ့ကျင့်မှုတွင် “... လူ သန်း ၄၀ ကျော်၊ ကျွမ်းကျင်ပညာရှင်များ (sic) ကယ်ဆယ်ရေးယူနစ်ပေါင်း ၂၀၀,၀၀၀ ကျော်နှင့် ပစ္စည်းကိရိယာအစိတ်အပိုင်း ၅၀,၀၀၀” ပါဝင်သည်ဟု ပြောကြားခဲ့သည်။

ဒီလေ့ကျင့်ခန်းကို မော်စကိုတိုင်းမ်စ် သတင်းစာမှာ ဒီနှစ်အစောပိုင်းက ဖော်ပြခဲ့ပြီးနောက် “ရုရှားနိုင်ငံတစ်ဝှမ်းရှိ ဗုံးဒဏ်ခံ အမိုးအကာများနှင့် နိုင်ငံ၏ ပြိုပျက်နေသော ဆိုဗီယက်ခေတ် အခြေခံအဆောက်အအုံကို အဆင့်မြှင့်တင်ရန် ကရင်မလင်အမိန့်အရ စနစ်တကျစစ်ဆေးခြင်းနှင့် ပြုပြင်ခြင်းများ လုပ်ဆောင်နေကြောင်း” မော်စကိုတိုင်းမ်စ်နှင့် ပြောဆိုခဲ့သော လက်ရှိတာဝန်ထမ်းဆဲ အရာရှိများက ပြောခဲ့သည်။

ပူတင်အစိုးရသည် ၂၀၀၇ ခုနှစ်ကတည်းက နျူကလီးယား ခြိမ်းခြောက်မှုများ ပြုလုပ်နေခဲ့သည်။သို့သော်လည်း အဆိုပါနျူကလီးယား ခြိမ်းခြောက်မှုများဖြင့် ရုရှား၏ ကျူးကျော်မှု နယ်ပယ်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်းတွင် ကြီးမားစွာ တိုးတက်လာခဲ့သည်။

NaYoe
Ref - Nationalinterest : Russia Is Mobilizing Its Society in Preparation for Nuclear War