【 နိုင်ငံတကာဆောင်းပါး 】 ရှီနှင့် သူ့ဖခင်တို့၏ ဘုံရည်မှန်းချက်

【 နိုင်ငံတကာဆောင်းပါး 】 ရှီနှင့် သူ့ဖခင်တို့၏ ဘုံရည်မှန်းချက်

“ပြည်သူလူထုရဲ့ ကျွန်ကောင်းတစ်ယောက် ဖြစ်ပါစေ” လို့  ရှီကျုံရှင်းက ကတိပေးခဲ့ဖူးပါတယ်။

ရှီကျုံရှင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖခင်ပါ။ရှီကျုံရှင်းဟာ သူ့ရဲ့ နှလုံးသားထဲ အမြဲတမ်းပြည်သူရှိနေပြီး ရှီကျင့်ဖျင်ကိုလည်း နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးထားခဲ့ပါတယ်။

တစ်ချိန်မှာ ဖခင်ဖြစ်သူက သားဖြစ်သူကို ပြောခဲ့တယ်။ “မင်းရဲ့အလုပ်က ဘာရာထူးပဲဖြစ်ဖြစ် ပြည်သူအကျိုးကို လုံ့လဝီရိယရှိရှိ ထမ်းဆောင်ပါ၊ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် စိတ်နှလုံးထဲ အကြွင်းမဲ့ ဆင်ခြင်သုံးသပ်ပါ၊ လူအများနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းပါ၊ ပြည်သူတွေနဲ့ အမြဲထိတွေ့ ဆက်ဆံပါ” လို့ ပြောခဲ့ပါတယ်။

ပြည်သူထဲကလာတဲ့ ခေါင်းဆောင်အနေနဲ့ ရှီကျုံရှင်းက သူဟာ လယ်သမားများ၏ သားဖြစ်ပြီး သူ့ကိုယ်သူ လုပ်သားအဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်ပြောဆိုခဲ့ပါတယ်။

“သူဘယ်သွားသွား၊ ရွာတိုင်းမှာ သူကိုသိတဲ့လူ ရှိပုံရတယ်” လို့ တစ်ချိန်က ရှီကျုံရှင်းနဲ့အတူ ဆူဒီကနေ ရန်အန်ကို အတူခရီးသွားခဲ့တဲ့ အမေရိကန်ပညာရှင်က ပြောခဲ့ပါတယ်။

၁၉၄၃ ခုနှစ်မှာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၊ ရှန်စီးပြည်နယ်၊ ဆူဒီမှာ အလုပ်တာဝန်ယူတဲ့အခါ ရှီကျုံရှင်းက ကျေးလက်ဒေသသို့ နက်နက်ရှိုင်းရှိုင်းဝင်ရောက်ပြီး လူထုအတွက် လက်တွေ့ကျတဲ့အရာတွေ လုပ်ဆောင်ဖို့ အဆင့်တိုင်းရှိ ကေဒါများကို တောင်းဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ၁၉၇၈ ခုနှစ်ကစတင်ပြီး ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာမှုကို စတင်ခဲ့တဲ့အခါ ရှီကျုံရှင်းဟာ တောင်ပိုင်း ဂွမ်ဒုံပြည်နယ်၏ ပါတီအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဂွမ်ဒုံပြည်နယ်မှာ အလုပ်စတင်တဲ့အခါ ရှီကျုံရှင်းဟာ နာရီတိုင်း အချိန်တိုင်း အလုပ်-လုပ်ခဲ့ပါတယ်။

နွေရာသီတစ်ခုရဲ့ ပူပြင်းတဲ့ အပူရှိန်အောက်မှာ ရှီကျုံရှင်းဟာ ခရိုင် ၂၃ ခုသို့ သွားရောက်ပြီး ဒေသတွင်းအခြေအနေနှင့် ရင်းနှီးအောင် ပြုလုပ်ခဲ့ပါတယ်။

ရှီကျုံရှင်းဟာ သူ့သားသမီးတွေကို သူတို့ကိုယ်သူတို့ အားကိုးဖို့ မကြာခဏပြောပြီး တိုင်းပြည်တည်ဆောက်ရေးမှာ အခက်ခဲဆုံးအခြေအနေတွေနဲ့ အလိုအပ်ဆုံး နေရာတွေကို သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

ရှီကျင့်ဖျင်ဟာ သူ့ဖခင်ရဲ့ မြေပြင်ဆင်းပြီး အောက်ခြေကိုချဉ်းကပ်တဲ့ အမွေဆက်ခံပြီး ဟီဘေးပြည်နယ်၊ Zhengding တွင်ရှိစဉ် ခရိုင်က အုပ်ချုပ်တဲ့ ရွာများအားလုံးသို့ သွားရောက်ခဲ့ပါတယ်။

ထို့နောက် ဖူကျင်းပြည်နယ်၊ နင်းသယ်တွင် တရုတ်ကွန်မြူနစ်ပါတီ၊ နင်သယ်ခရိုင်၊ CPC ကော်မတီ၏ အတွင်းရေးမှူးအဖြစ် ပထမသုံးလအတွင်း ခရိုင်ကိုးခုသို့ သွားရောက်ခဲ့ပြီး နောက်ပိုင်းတွင် မြို့နယ်အများစုသို့ သွားရောက်ခဲ့ပါတယ်။

၂၀၀၂ ခုနှစ်တွင် တရုတ်နိုင်ငံအရှေ့ပိုင်း၊ Zhejiang ပြည်နယ်သို့ ပြောင်းရွှေ့ပြီးနောက် တစ်နှစ်ကျော်အတွင်း ခရိုင် ၉၀ လုံးကို သွားရောက်လည်ပတ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ရှန်ဟိုင်းမှာ သက်တမ်းတိုတို တာဝန်ထမ်းဆောင်စဉ်အတွင်း ၎င်းခရိုင်နှင့် ခရိုင် ၁၉ ခုလုံးကို ခုနစ်လအတွင်း သွားရောက်ခဲ့ပါတယ်။

“ပြည်သူတွေရဲ့ အစေခံတစ်ယောက်အနေနဲ့၊ မြောက်ပိုင်း ရှန်စီးကုန်းပြင်မြင့်မှာ ကျွန်တော့်ရဲ့ အမြစ်တွေ နက်ရှိုင်းပါတယ် ဘာကြောင့်လဲဆို ပြည်သူတွေအတွက် လက်တွေ့ကျတဲ့ အရာတွေလုပ်ဖို့ ကျွန်တော့်ရဲ့ မပြောင်းလဲတဲ့ မစ်ရှင်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက်ပါ” လို့ ရှီကျင့်ဖျင်က အမှတ်တရ ရေးခဲ့ပါတယ်။

“ပြည်သူကို အလုပ်အကျွေးပြုခြင်းဟာ အကြီးမြတ်ဆုံး ဝတ်ကြီးဝတ်ငယ်ပဲဖြစ်တယ်”  ဒါဟာ သူ့သားအတွက် ရှီကျုံရှင်းရဲ့ မျှော်လင့်ချက်ပါပဲ။

၂၀၁၂ ခုနှစ်မှာ ရှီကျင့်ဖျင်က “ပိုမိုကောင်းမွန်သော ဘဝအတွက် ပြည်သူတွေရဲ့ ဆန္ဒက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပဲ” လို့ လေးနက်သော ကတိတစ်ခု ပေးခဲ့ပါတယ်။

ထို့ကြောင့် ရှီကျင့်ဖျင်က ဆင်းရဲမွဲတေမှု အဆုံးသတ်ရေးအတွက် တစ်နိုင်ငံလုံး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးသည် အဓိကရည်မှန်းချက်ဖြစ်ရမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အရင်းအမြစ်များ ပိုမိုရရှိစေရမှာဖြစ်တယ် ဆိုပါတယ်။

ဒီအတွက် သူဟာ ၂၀၁၇ ခုနှစ်တွင် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၊ အမျိုးသားကွန်ဂရက်မှာ ခေတ်မီသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက်တစ်ခုအနေဖြင့် ကျေးလက်ပြန်လည်ရှင်သန်ရေး မဟာဗျူဟာကို အဆိုပြုခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ နိုင်ငံတွင်း ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရာမှာ “ပြီးပြည့်စုံသော အောင်ပွဲ” ကို ရရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။လက်ရှိမှာ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် နေထိုင်သည့် နောက်ဆုံး ဆင်းရဲနွမ်းပါးသော ကျေးလက်နေပြည်သူ ၉၈ ဒသမ ၉၉ သန်းဟာ ဆင်းရဲတွင်းမှ လွတ်မြောက်သွားပြီဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးသော ခရိုင် ၈၃၂ ခုနှင့် ကျေးရွာပေါင်း ၁၂၈,၀၀၀ ကိုလည်း ဆင်းရဲနွမ်းပါးမှုစာရင်းမှ ဖယ်ရှားခဲ့ပါတယ်။တရုတ်နိုင်ငံဟာ ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းကတည်းက ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ရလဒ်များအရဆိုရင် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု ၇၀ ရာခိုင်နှုန်းကျော် လျှော့ချရေးတွင် တာဝန်ရှိနေပါတယ်။
 
ရှီကျင့်ဖျင်ဟာ ၎င်း၏ ကတိများကို လက်တွေ့အကောင်အထည်ဖော်ပြီး၊ သူ့ဖခင်၏ အကြံဉာဏ်ကို ကိုင်စွဲကာ ပြည်သူများဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ရန် ရည်ရွယ်ချက်ကို အမြဲခိုင်မာသော လုပ်ဆောင်ချက်များဖြင့် ကျင့်သုံးခဲ့ပါတယ်။

မျိုးဆက်နှစ်ဆက်ဟာ ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြည်သူတွေကို သူတို့က အလေးထားပြီး ခွန်အားအဖြစ် အမြဲမြင်ခဲ့ကြပါတယ်။

စိုးနိုင်ထွန်း
Ref - CMG | For the people: The common goal of Xi Jinping and his father