【 နိုင်ငံတကာဆောင်းပါး 】 ဟစ်ဇ်ဘိုလာ (သို့မဟုတ်) တီဟီရန် နောက်ကနေ ဦးဆောင်နေသည့် အဖွဲ့

【 နိုင်ငံတကာဆောင်းပါး 】 ဟစ်ဇ်ဘိုလာ (သို့မဟုတ်) တီဟီရန် နောက်ကနေ ဦးဆောင်နေသည့် အဖွဲ့

အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်အဖွဲ့က အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု စတင်ကတည်းက ဟားမတ်စ်အဖွဲ့အစည်း ခေါင်းဆောင်များက လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ၎င်း၏ စစ်သွေးကြွ မဟာမိတ်ဖြစ်သည့် ဟစ်ဇ်ဘိုလာကို ဒုတိယ “မျက်နှာစာ” ရှေ့တန်းလိုင်း ဖွင့်လှစ်ကာ ပဋိပက္ခအတွင်း အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်ရန် လူသိရှင်ကြား တောင်းဆိုခဲ့သည်။  

သို့သော် ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန် နာဆာ အာလက်ဟ်ချ်က သောကြာနေ့တွင် သူတို့ကို စိတ်ပျက်စေခဲ့သည်။

ဒုတိယမျက်နှာစာအတွက် သူတို့အကြောင်းပြချက်မှာ ဟားမတ်စ်ခေါင်းဆောင်များသည် နာဆာ အာလက်ဟ်ချ်၏ အထင်ကရခံယူချက်ဖြစ်သည့် ပင့်ကူအိမ်ယူဆချက်ကို မကြာခဏ ကိုးကားခဲ့သည်။

ဟစ်ဇ်ဘိုလာခေါင်းဆောင်က အစ္စရေးကို ဖျက်ဆီးမည့် နိုင်ငံအဖြစ် ပင်ကူအိမ်ထဲ နှစ်အတန်ကြာ ချထားခဲ့ကြောင်း ဆိုသည်။

ဟားမတ်စ်၏ အဆိုအရ၊ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုများသည် နာဆာ အာလက်ဟ်ချ် ပြောခဲ့သည့် အရာဖြစ်ပြီး အစ္စရေး၏ မခိုင်မာမှုကို လှစ်ဟဖော်ပြခဲ့သည်။သို့သော် ဟားမတ်စ်၏ တိုက်တွန်းချက်အားလုံးအတွက်မူ နာဆာ အာလက်ဟ်ချ်နှင့် အီရန်တို့က အစ္စရေးနှင့် အလုံးစုံစစ်ပွဲကို ဆင်နွှဲရန် မှန်ကန်သည့်အချိန်မဟုတ်ဟု ဆုံးဖြတ်ပုံပေါ်သည်။

ဟားမတ်စ် တိုက်ခိုက်မှုပြီးကတည်းက ၎င်းအဖွဲ့၏ ပထမဆုံး လူသိရှင်ကြားထုတ်ပြန်ချက်တွင် နာဆာ အာလက်ဟ်ချ်၏ ပင့်ကူအိမ်ကို ထပ်မံရည်ညွှန်းခဲ့ပြီး တိုက်ခိုက်မှုများသည် “အစ္စရေးအဖွဲ့အစည်း၏ ချို့ယွင်းချက်” ကို ပိုမိုထင်ရှားစေသည်ဟု ဆိုသည်။

ဒါပေမဲ့ သူ့မိန့်ခွန်းထဲ ရင့်ကျက်မှုနှင့် ရဲရင့်မှုတို့ ပြည့်နှက်နေခဲ့သော်လည်း သော့ချက်ဖြစ်သော ပိုမိုကျယ်ပြန့်သော စစ်ပွဲအတွက် ကတိကဝတ်မှာ ရှင်းရှင်းလင်းလင်း မရှိခြင်းပင်ဖြစ်သည်။

နယ်စပ်တစ်လျှောက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမယ်လို့ သူကပြောပြီး ဟားမတ်စ်တွေကို ထောက်ပံ့ဖို့ ဟစ်ဇ်ဘိုလာရဲ့ တာဝန်ဖြစ်ပြီး ဒီလိုလုပ်ခြင်းအားဖြင့် ဂါဇာကမ်းမြောင်ကနေ အစ္စရေးရဲ့ သိသာထင်ရှားတဲ့ စစ်ဘက်ဆိုင်ရာ အရင်းအမြစ်တွေကို ဆွဲထုတ်ဖို့ ကူညီပေးနိုင်တယ်လို့ သူကပြောပါတယ်။

“လက်ဘနွန်ဘက်က အဖွဲ့တွေကြောင့် ဂါဇာကမ်းမြောင်ကို တိုက်ခိုက်မယ့် တပ်ဖွဲ့တွေရဲ့ အစိတ်အပိုင်း အများအပြားကို လျော့ပါးစေခဲ့တယ်” သူက မှတ်ချက်ချသည်။

နာဆာ အာလက်ဟ်ချ်သည် တိုက်ပွဲမြင့်တက်လာနိုင်ခြေရှိခြင်းကို လမ်းဖွင့်ထားသည်။

“လက်ဘနွန်နိုင်ငံ မျက်နှာစာမှာ တိုက်ပွဲမြင့်တက်လာနိုင်မှုသည် ဂါဇာကမ်းမြောင်ဒေသက အဖြစ်အပျက်တွေနဲ့ လက်ဘနွန်အပေါ် ရန်သူရဲ့အပြုအမူ စသည့် အချက်နှစ်ချက်ပေါ်တွင် မူတည်သည်” ဟု ဆိုသည်။

သို့သော် သူသတိထားပုံရသည်၊ သူ့လေသံက အားလျော့နေကာ ယခင်မိန့်ခွန်းများလို စိတ်ပါလက်ပါမရှိခြင်းဖြစ်နေသည်။

ယမ်းများဖြင့် လောင်မြိုက်နေသော စစ်ပွဲထဲ နာဆာ အာလက်ဟ်ချ် ဝင်ရောက်ရန် တွန့်ဆုတ်ခြင်း၏ အကြောင်းအရင်းတစ်ခုမှာ သံသယအချို့ဖြစ်ပြီး ဟားမတ်စ်အတွက် စိတ်အနှောင့်အယှက်ဖြစ်နိုင်သည်။

ဟားမတ်စ်၏ အောင်မြင်မှုများအတွက် ချီးကျူးဂုဏ်ပြုခြင်းကို ဖုံးကွယ်ထားသည့်အသွင် ဆောင်နေသော်လည်း ၎င်း၏မိန့်ခွန်းတွင် ဤအချက်ကို အရိပ်အမြွက်ပြခဲ့သည်။

နာဆာ အာလက်ဟ်ချ်သည် တီဟီရန်ရှိ ဟစ်ဇ်ဘိုလာများနှင့် ၎င်းကို ဘဏ္ဍာရေးထောက်ပံ့နေသူများက အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်မှုမှ ကင်းဝေးစေရန် ထိုလမ်းကြောင်းမှ ထွက်သွားခဲ့သည်။

“ဒါဟာ ပါလက်စတိုင်းရဲ့ ၁၀၀ ရာခိုင်နှုန်း စစ်ဆင်ရေးဖြစ်ပြီး ပါလက်စတိုင်းကိစ္စအတွက် ပါလက်စတိုင်းတွေက စီစဉ်ပြီး စီရင်လိုက်တာပါ” လို့ သူကပြောသည်။

တိုက်ခိုက်မှုကို စတင်လုပ်ဆောင်သူများသည် “လူတိုင်းကို ဖုံးကွယ်ထားကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

အနည်းစုကတော့ ဟားမတ်စ်ဟာ ဟစ်ဇ်ဘိုလာတွေကို အမှောင်ထဲမှာ လုံးလုံးလျားလျား ထားခဲ့မယ်လို့ ယုံကြည်နေပေမယ့်၊ ဘေရွတ်ရှိ လက်ဘနွန်ထောက်လှမ်းရေးအရာရှိများကတော့  မကြာသေးမီက POLITICO ကို ပြောကြားရာတွင် တိုက်ခိုက်မှု၏ အတိုင်းအတာနှင့် ၎င်း၏သက်ရောက်မှုကြောင့် ဟစ်ဇ်ဘိုလာအတွက် အံ့အားသင့်ခဲ့ရသလို ဟားမတ်စ်တွေကိုယ်တိုင်လည်း အံအားသင့်နိုင်တယ်လို့ မှတ်ချက်ပြုခဲ့သည်။

အောက်တိုဘာ ၇ ရက် အဖြစ်အပျက်သည် အစ္စရေး၏ အမျက်ဒေါသ အပြည့်အဝကျရောက်နိုင်သည်ကို မတွက်ဆခဲ့သလို ဟားမတ်စ်အတွက်လည်း တိုက်ခိုက်ပြီးနောက် ကစားပွဲအတွက် နောက်ထပ်အစီအစဉ်များလည်း မရှိခဲ့ပေ။ထိုအတွက် ဟစ်ဇ်ဘိုလာကို လိုအပ်လာခဲ့ခြင်းဖြစ်သည်။

စိတ်ဝင်စားဖို့ကောင်းသည်က ပြီးခဲ့တဲ့လက ဘေရွတ်မှာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ဒေါသထွက်မှုကို ဟားမတ်စ်က တွေ့ခဲ့တာဖြစ်ပြီး လက်ဘနွန်ရှိ ဟားမတ်စ်၏ နိုင်ငံရေးဗျူရို အကြီးအကဲ POLITICO က အင်တာဗျူးတစ်ခုတွင် မဟာမိတ်နှစ်ဖွဲ့သည် ၎င်းတို့၏လုပ်ရပ်များကို အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ခြင်းကိုဖြစ်သည်။

ဟစ်ဇ်ဘိုလာသည် စစ်ပွဲဒုတိယမျက်နှာစာကို မြှင့်တင်နေပြီး  “ကြီးမားသောစစ်ပွဲအတွက် ရည်ရွယ်သည်” ဟုဆိုရာ နောက်ပိုင်းတွင် ဟစ်ဇ်ဘိုလာ၏ ဆင့်ခေါ်ခြင်း ခံခဲ့ရသည်။

ဘာပဲဖြစ်ဖြစ် နာဆာ အာလက်ဟ်ချ်၏ မိန့်ခွန်းမှာ အစ္စရေးကို သက်ပြင်းချကာ သက်သာရာရစေခဲ့သည်။

ဟစ်ဇ်ဘိုလာခေါင်းဆောင်က စစ်ပွဲကို အပြည့်အဝကြေညာမှာကို တော်တော်များများက ကြောက်ရွံ့နေကြသော်လည်း အမေရိကန်နဲ့ အစ္စရေးအရာရှိတွေက အချက်ပြလာနေပြီဟု ယုံကြည်ကြသည်။

ဒေသတွင်းရှိ အမေရိကန်လေယာဉ်တင်သင်္ဘောများကို မကြောက်ဟု နာဆာ အာလက်ဟ်ချ်၏ သတ္တိရှိရှိ ပြောဆိုမှုအားလုံးအတွက် အမေရိကန်က မြေထဲပင်လယ် အရှေ့ပိုင်းသို့ စေလွှတ်လိုက်သော နျူကလီးယား လေယာဉ်တင်သင်္ဘောနှစ်စင်းနှင့်အတူ လက်ဘနွန်ကို ပြိုပျက်စေမည့် စစ်ပွဲဖြစ်မည်ဟု အစ္စရေးထံမှ ပြတ်သားစွာ သတိပေးချက်သည် ဟစ်ဇ်ဘိုလာနှင့် တီဟီရန်၏ အတွေးကို အမှန်တကယ် လွှမ်းမိုးခဲ့သည်ဟု ဝါရှင်တန်က ယုံကြည်ခဲ့သည်။

ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပတ်ရိုင်ဒါက “ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်းပဋိပက္ခကို ဟန့်တားထားပါတယ်။အခုအချိန်မှာတော့ ဒီပဋိပက္ခကို  အစ္စရေးနဲ့ ဟားမတ်စ်တို့ကြားက ပဋိပက္ခလို့ ကျွန်တော်တို့ မြင်ပါတယ်” ဟု ဆိုသည်။

ယခုအချိန်တွင် ဟစ်ဇ်ဘိုလာနှင့် တီဟီရန်တို့သည် ဂါဇာကမ်းမြောင်ရှိ ပဋိပက္ခများကို ဟားမတ်စ်ထံရှိနေသည်ကို ကျေနပ်နေကြပြီး အစ္စရေး၏ မြောက်ပိုင်းနယ်စပ်တစ်လျှောက် တိုက်ပွဲများကို သင်္ကေတဖြင့်သာ ထောက်ခံအားပေးပြီး အီရတ်နှင့် ဆီးရီးယားရှိ အီရန်ကျောထောက်နောက်ခံပေးထားသော ပြည်သူ့စစ်မျိုးစုံဖြင့် အမေရိကန်တပ်စခန်းများနှင့် ပစ်မှတ်များကို တိုက်ခိုက်လျက်ရှိသည်။

ဟားမတ်စ်တို့ လုံးလုံးရှုံးနိမ့်လုနီးဖြစ်ခဲ့လျှင် ယင်းအချက်ပြောင်းလဲမှု ရှိ/မရှိ စောင့်ကြည့်ရဦးမည်ဖြစ်သည်။မှားသွားနိုင်တာတွေ အများကြီးလည်း ရှိနိုင်ပါသေးသည်။

NaYoe
Ref - Politico : Hezbollah, Tehran leading from behind