【 နိုင်ငံတကာဆောင်းပါး 】 အကျိုးထက် အပြစ်ပိုများတဲ့ ဖယ်ထုတ်ခြင်း

【 နိုင်ငံတကာဆောင်းပါး 】 အကျိုးထက် အပြစ်ပိုများတဲ့ ဖယ်ထုတ်ခြင်း

ရုတ်တရက် အမေရိကန်နှင့် ဥရောပတစ်ဝှမ်းရှိ မူဝါဒချမှတ်သူများသည် တရုတ်နှင့် ဆက်ဆံရေးကို ဖြတ်ချခြင်းဖြင့် “စွန့်စား” ချင်ကြသည်။
 
ထိုသို့လုပ်ခြင်းက တိုးတက်ကြီးထွားလာသည့် တရုတ်၏ ဩဇာအာဏာနှင့် စီးပွားရေး၊ နည်းပညာကို လျှော့ချနိုင်မည်ဟု ထင်ကြသည်။
 
သို့သော် တကယ်လက်တွေ့တွင် တရုတ်သည် ကမ္ဘာနှင့် တစ်သားတည်းဖြစ်နေပြီး တရုတ်ကို ဖြတ်ခြင်းသည် ကမ္ဘာကိုအဆက်ဖြတ်ခြင်း ဖြစ်နေသည့်အခါ တရုတ်ကို ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအပါအဝင် ကဏ္ဍစုံတွင် ဖယ်ထုတ်ခြင်းသည် အမေရိကန်နှင့် အနောက်အုပ်စုအတွက် မမျှော်လင့်သော အခက်အခဲများကို ရင်ဆိုင်လာရသည်။  
 
မကြာခင်က အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သည့် တရုတ်ထိပ်တန်းသံတမန် ဝမ်ယိ၏ ခရီးစဉ်ကိုကြည့်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုကြား ဆက်ဆံရေးကို အကောင်းဘက်မှ ရှုမြင်ကြသည်များရှိသည်။သို့သော် အမေရိကန်က တရုတ်ကို ဖယ်ထုတ်ထားရန် ဦးတည်နေသည်ဟုဆိုသော ယူဆချက်များကြားတွင် လက်ရှိ ကမ္ဘာ့အရေးများကြောင့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှဖြစ်မည်ဆိုသည်မှာ တစ်နေ့ တစ်နေ့ ထင်ရှားလာနေပြီဖြစ်သည်။
 
စီးပွားရေး၊ နိုင်ငံရေးနှင့် အယူဝါဒဆိုင်ရာ ပြိုင်ဆိုင်မှုများတွင် ပိတ်လှောင်ခံထားရသည့် တရုတ်နှင့် အမေရိကန်တို့သည် အပြန်အလှန် မှီခိုနေရပြီး ကုန်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှု၊ ပြည်သူ့ကျန်းမာရေး၊ နျူကလီးယားလုံခြုံရေးနှင့် အခြားအရာများအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းတို့က အသိအမှတ်ပြုထားကြသည်။  
 
အမေရိကန်-တရုတ် ဆက်ဆံရေးကို ကောင်းမွန်စွာ ပြန်လည်ပုံဖော်ခြင်းသည် ကမ္ဘာအတွက် ကောင်းသော အလားအလာဟု ယူဆကြသည်။ကြီးမားသော တရုတ်စျေးကွက်ကို အမေရိကန်လုပ်ငန်းရှင်များ လက်မလွှတ်နိုင်သလို စျေးသင့်ပြီး နည်းပညာမြင့်လုပ်သားပေါသော တရုတ်တွင် ရင်းနှီးမြှုပ်နှံရန်အတွက်ကိုလည်း အနောက်ကမ္ဘာ့နိုင်ငံများမှ ကုမ္ပဏီများကို ဆက်လက်ဆွဲဆောင်နေသည်။ထို့အတူ အမေရိကန်တက္ကသိုလ်များတွင် တက်ရောက်ရန် တရုတ်ကျောင်းသားများ၏ ရွေးချယ်မှုသည်လည်း ဆက်လက်မြင့်မားနေဆဲဖြစ်သည်။
 
တရုတ်နှင့် အနောက်နိုင်ငံများကြား ပြတ်ပြတ်သားသား ခွဲထွက်ခြင်းသည် မည်သူမျှ မနှစ်သက်သည့်တိုင်အောင် အလှည့်အပြောင်းဖြစ်သည့် “ခွဲခွါခြင်း” မှ အညီအမျှ ရုတ်တရက် လှည့်ထွက်သွားခြင်းက  မူဝါဒချမှတ်သူများနှင့် ရေးဆွဲသူများအတွက် စမ်းသပ်ချင်စရာ အသစ်ဖြစ်နေသည်။သို့သော် လက်တွေ့ တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနှင့် ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ရန်မှာ နှစ်လိုဖွယ်ကောင်းသည့် ဖြစ်နိုင်ခြေလည်း မရှိသောကြောင့် လူတိုင်းသည် များစွာသော မရေမရာသော အယူအဆအပေါ် အခြေချလာကြသည်။ထို့ကြောင့် အဆက်ဖြတ်ခြင်း (decoupling) အစား အန္တရာယ်များခြင်းကိုရှောင်ရှားခြင်း (de-risking) ဟူသော စကားကို မူဝါဒချသူများက အစားထိုး သုံးလာကြသည်။
 
အဆက်ဖြတ်ခြင်း (decoupling) သည် အဓိပ္ပာယ်အလွန်ရှင်းလင်းသော်လည်း အန္တရာယ်များခြင်းကို ရှောင်ရှားခြင်း (de-risking) မှာ များစွာသော အဓိပ္ပာယ်ဖွင့်ဆိုချက်များဖြင့် ဖွင့်ဆိုထားသည်။စွန့်စားရမှုများသည် စီးပွားရေးလုပ်ငန်းအားလုံးတွင် မွေးရာပါ သဘောသဘာ၀ဖြစ်သည်။စျေးကွက်စီးပွားရေးတွင် စွန့်စားလိုစိတ်က ဆန်းသစ်တီထွင်မှု၊ တိုးတက်မှုနှင့် ပိုမိုကြွယ်ဝချမ်းသာမှုကို မောင်းနှင်စေသည်။အန္တရာယ်မရှိသော စီးပွားရေးသည် ဖြစ်နိုင်ပါက၊ ၎င်းသည် အကျိုးပေးမည် မဟုတ်သောကြောင့် ထုံထိုင်းလေးလံသော ခက်ခဲမှုဆီသို့ ဦးတည်သည်။
 
တရုတ်အပေါ် ဆက်နွယ်မှုကို လျှော့မည်ဆိုလျှင် ကိုဗစ်ကာလအတွင်း အဖြစ်အပျက်များကို ပြန်ထည့်တွက်ရမည်ဖြစ်သည်။အမေရိကန် နိုင်ငံရေးသမားများနှင့် ပြည်သူများအတွက် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း အစတွင် N95 မျက်နှာဖုံးများနှင့် အခြားအဓိကဆေးဘက်ဆိုင်ရာပစ္စည်းများ ပြတ်လပ်မှုအတွက် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုအပေါ် အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများ မည်သို့မှီခိုခဲ့ရသည်ကို ထည့်တွက်ရမည်ဖြစ်သည်။ 
 
အထူးသဖြင့် အားကောင်းမောင်းသန် နည်းပညာမြင့်လုပ်သား သန်း ၅၀၀ နီးပါးရှိသော အရင်းအမြစ်ကို စွန့်ခွာနိုင်ပါ့မလားဆိုသည့် မေးခွန်းဖြစ်သည်။
 
ပေကျင်းအခြေစိုက် အနောက်နိုင်ငံမှ ကုမ္ပဏီတစ်ခု၏ CEO တစ်ဦးက “ကျွန်တော်တို့ တရုတ်ပြည်ထဲကို ၁၃ နှစ်ကြာအောင် နေခဲ့ပါတယ်။ရုန်းထွက်ဖို့ဆိုတာ ငါတို့အတွက် မဖြစ်နိုင်ဘူး” ဟု ပြောခဲ့ဖူးသည်။ထိုသည်မှာ တကယ့်အရှိတရားဖြစ်သည်။
 
ဥရောပကော်မရှင် ဥက္ကဋ္ဌ အူဆူလာ ဗွန်ဒါလီယွန်ကလည်း ဧပြီလ တရုတ်ခရီးစဉ်အတွင်း တရုတ်ကနေ ခွဲထွက်ဖို့ဆိုတာ မဖြစ်နိုင်သလို ဥရောပရဲ့ အကျိုးစီးပွားအတွက်လည်း မဖြစ်နိုင်ဘူးလို့ အလေးအနက်ထား ပြောခဲ့သည်။
 
တရုတ်ကို အဆက်ဖြတ်ရန် မဖြစ်နိုင်သော သေချာသည့် အချက်မှာ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရုတ်နိုင်ငံ၏ ထူးထူးခြားခြား ပံ့ပိုးကူညီမှုများကို လျစ်လျူရှုလို့ မရနိုင်ခြင်းကြောင့်ဖြစ်သည်။ 
 
အတိုင်းအတာတစ်ခုအထိ တရုတ်နိုင်ငံဘက်သို့ “စွန့်စားမှုကင်းရှင်းရေး (de-risking)” မဟာဗျူဟာကို ရယူခြင်းသည် တန်ပြန်အကျိုးသက်ရောက်မှုများရှိလာနိုင်ပြီး ပေကျင်း၊ ဝါရှင်တန်နှင့် ဘရပ်ဆဲလ်တို့တွင် နားလည်မှုလွဲမှားခြင်း၊ တွက်ချက်မှုများနှင့် ပဋိပက္ခများ ဖြစ်ပွားနိုင်ခြေများ တိုးလာနိုင်သည်။၎င်းသည် ကမ္ဘာ့စီးပွားရေးမညီမျှမှုကို ပိုမိုဆိုးရွားစေခြင်း၊ ပထဝီဝင်နိုင်ငံရေးအန္တရာယ်များ တိုးမြင့်လာခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိခိုက်စေခြင်းနှင့် ကမ္ဘာ့အုပ်ချုပ်ရေးကို ထိခိုက်စေခြင်းအပါအဝင် ကမ္ဘာကို အန္တရာယ်ဖြစ်စေနိုင်သည်။
 
စွန့်စားမှုလျှော့ချခြင်းကြောင့် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ထိခိုက်မှုများသည် လူအများထံမှ အမှန်တကယ်အာရုံစိုက်မှုကို ရရှိခဲ့သော်လည်း ၎င်းနည်းဗျူဟာ၏ တရား၀င် အစိတ်အပိုင်းများ သက်ရောက်မှုကို ထည့်သွင်းစဉ်းစားမှု နည်းပါးသည်။
 
ယင်းကဲ့သို့ အထီးကျန်ဆန်သော မူဝါဒများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် စျေးကွက်လျှော့ချမှုကို ဦးတည်စေပြီး အမေရိကန်နှင့် အနောက်နိုင်ငံများအတွက် ကမ္ဘာ့စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများကို ကန့်သတ်နိုင်သည်။နှစ်ဖက်စလုံးတွင် စျေးကွက်တိုးမြှင့်ဝင်ရောက်ခွင့်နှင့် နှစ်ဖက်စီးပွားရေးလုပ်ငန်းများအတွက်လည်း အကျိုးအမြတ်များကို ဆုံးရှုံးနိုင်ခြေရှိသည်။
 
စွန့်စားခြင်လျှော့ချခြင်းသည် ခွဲထုတ်ခြင်းထက် ပိုကောင်းသည်ဟု ထင်ရသော်လည်း ယခုလို အကျပ်အတည်းကာလတွင် မကြုံစဖူးသော အပြောင်းအလဲကို သက်ရောက်စေကာ နိုင်ငံများကြား ရှိပြီးသား ယုံကြည်မှုကို ပြိုပျက်သွားစေမည့် အန္တရာယ်ရှိသည်။
 
ယုံကြည်မှုသည် အောင်မြင်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ၎င်း၏အရေးပါမှုကို လွန်စွာအလေးအနက်ထားခြင်းမပြုဘဲ မဖြစ်နိုင်ပေ။
 
လင်းသစ်အောင်