【 နိုင်ငံတကာဆောင်းပါး 】 အနာဂတ် စီးပွားရေးတိုးတက်မှုအတွက် တရုတ်၏ ရေရှည်ဆောင်ရွက်မှု

【 နိုင်ငံတကာဆောင်းပါး 】 အနာဂတ် စီးပွားရေးတိုးတက်မှုအတွက် တရုတ်၏ ရေရှည်ဆောင်ရွက်မှု

၂၀၂၃ ဒုတိယသုံးလပတ်ကစပြီး၊ တရုတ်နိုင်ငံ၏ စီးပွားရေးဟာ မိုက်ခရိုစီးပွားရေးမူဝါဒရဲ့ ပံ့ပိုးမှုကြောင့် ပုံမှန်အတိုင်း ပြန်လည်လည်ပတ်လာခဲ့ပါတယ်။

သို့သော်လည်း ပြင်ပနှင့် ပြည်တွင်း စီးပွားရေးပတ်ဝန်းကျင်ဟာ ရှုပ်ထွေးသောအခြေအနေတွင် ရှိနေ ဆဲဖြစ်ပါတယ်။ ဒါဟာ စီးပွားရေးပြန်လည်နာလန်ထူရေးအတွက် အဟန့်အတားတစ်ခုဖြစ်လာနိုင်ပါတယ်။

အနာဂတ်တွင် ခိုင်မာသော စီးပွားရေးတိုးတက်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်ရန်အတွက် ဝယ်လိုအား တိုးချဲ့ခြင်းဟာ အရေးကြီးသော အပိုင်းဖြစ်ပါတယ်။တရုတ်နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုဟာ ၂၀၂၃ ခုနှစ် ဒုတိယ သုံးလ ပတ်မှာ နှစ်စဉ်တိုးတက်မှု ၆.၃ ရာခိုင်နှုန်းအထိရှိခဲ့တယ်လို့ အမျိုးသားစာရင်းအင်းရုံးက တနင်္လာနေ့တွင် ထုတ်ပြန် ထားပါတယ်။

ယခုနှစ် ပထမသုံးလတွင် တရုတ်နိုင်ငံ၏ စီးပွားရေးဟာ နှစ်စဉ်တိုးတက်မှု ၄.၅ ရာခိုင်နှုန်းရှိခဲ့ပြီး စျေး ကွက်မျှော်မှန်းချက်ထက် ပိုမိုမြင့်မားခဲ့ပါတယ်။ ဒါဟာ ခရီးသွားလုပ်ငန်း၊ အစားအသောက်နှင့် ပို့ဆောင်ဆက် သွယ်ရေးတို့တွင် အားကောင်းလာခဲ့မှုကြောင့် ဒီလိုတိုးတက်မှုရှိလာခဲ့တာဖြစ်ပါတယ်။ခရီးသွားလုပ်ငန်းများ အ များစုကို ပြန်လည်စတင်လာနိုင်ခဲ့ပြီး၊ ကပ်ရောဂါမတိုင်ခင်က အနေအထားတုန်းကထက် ပိုကောင်းလာခဲ့ပါတယ်၊ ဒါဟာ စီးပွားရေးတိုးတက်မှုတွင် တွန်းအားတစ်ခုဖြစ် တည်ရှိနေကြောင်းကို ပြသနေတာဖြစ်ပါ တယ်။ကုန်ထုတ် လုပ်မှုမဟုတ်သော စီးပွားရေးလုပ်ငန်းများ လည်ပတ်မှုဟာ ယခုနှစ်စတင်ချိန်ကစပြီး အားကောင်းစွာ လည်ပတ် လာနိုင်ခဲ့ပါတယ်။

၂၀၂၃ ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံဟာ ကုန်ထုတ်လုပ်မှုနှင့် အရည်အသွေးမြင့်မားသော ရွှေ့ပြောင်းလို့ မရသော ရင်းနှီးမြှုပ်နှံမှုကို တိုးလုပ်နိုင်ခဲ့ပါတယ်။ဇန်နဝါရီလကနေ ဇွန်လအတွင်း နိုင်ငံ၏ ရွှေ့ပြောင်းလို့မရသော ရင်းနှီးမြှုပ်နှံမှုကို နှစ်စဉ် ၃.၈ ရာခိုင်နှုန်းအထိ တိုးလုပ်နိုင်ခဲ့ပြီး၊ ကုန်ထုတ်လုပ်မှုတွင်လည်း ၆ ရာခိုင်နှုန်း တိုး တက်လာခဲ့ကာ အခြေခံအဆောက်အဦတွင် ရင်းနှီးမြှုပ်နှံမှုကလည်း ၇.၂ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။

အဆင့်မြင့်နည်းပညာတွင် ရင်းနှီးမြှုပ်နှံမှုဟာ ၁၂.၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။အရေးကြီးသော ကဏ္ဍများဖြစ်တဲ့ စွမ်းအင်၊ ရေသိုလှောင်မှု၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် အသစ်သော အခြေခံအဆောက်အဦများ ကလည်း တည်ငြိမ်စွာ တိုးတက်လာခဲ့ပါတယ်။

ယခုနှစ် ဒုတိယနှစ်ဝက်မှာတော့ စျေးကွက်အပေါ် ယုံကြည်မှုဟာ ဆက်လက်ပြီး အားကောင်းလာမည်ဟု ခန့်မှန်းထားပါတယ်၊ ရန်ပုံငွေအတွက် ဝယ်လိုအားဟာ မြင့်မားလာနေပါတယ်၊ သို့သော်လည်း ဒီလိုအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့နိုင်ရန်အတွက် ချေးငွေခွဲဝေမှုကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ် နေပါတယ်။ထိုမှသာ စစ်မှန်သော စီးပွားရေး၏ ငွေကြေးဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် အခြားအရေးကြီးသော အခန်းကဏ္ဍကတော့ အဆင့်မြင့် သော ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် အစကတည်းက တရုတ်နိုင်ငံရဲ့ ထုတ်လုပ်မှု ကဏ္ဍဟာ တဟုန်ထိုး အားကောင်းစွာ တိုးတက်လာခဲ့ပါတယ်။ဒုတိယနှစ်ဝက်တွင် တရုတ်ဟာ အဆင့်မြင့်သော ပစ္စည်းများ ထုတ်လုပ်မှုကို စွမ်းအင်ယာဉ်များနှင့် သင်္ဘောတည်ဆောက်မှု လုပ်ငန်းများအထိ တိုးချဲ့သွားမှာ ဖြစ်ပါ တယ်။ စက်မှုလုပ်ငန်းများ ပေါင်းစည်းခြင်းဟာ အဆင့်မြင့်သော ပစ္စည်းများထုတ်လုပ်မှုနှင့် ခေတ်မီသော ဝန် ဆောင်မှုလုပ်ငန်းများတွင် ပိုမိုအရေးကြီးလာခဲ့ပါတယ်၊ ဒါဟာ ပြောင်းလဲလာသော နည်းပညာဆိုင်ရာ စက်မှု တော်လှန်ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အပြောင်းအလဲနဲ့ အံဝင်ခွင့်ကျဖြစ်ရန် လိုအပ်သော အချက်များဖြစ်ပါ တယ်။ ထိုမှသာ ခေတ်မီစက်မှုစနစ်ကို တည်ဆောက်နိုင်မှာဖြစ်ပြီး၊ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုး တက်မှု ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကစပြီး တရုတ်အစိုးရဟာ အစိမ်းရောင် စမတ်နည်းပညာ အိမ်အသုံးအဆောင်များအတွက် ထောက်ပံ့ကြေးစီမံချက်အမျိုးမျိုးကို မိတ်ဆက်လာခဲ့ပါတယ်။ ၂၀၂၃ ဒုတိယနှစ်ဝက်တွင် အစိုးရဟာ အခြားသော မိုက်ခရိုစီးပွားရေးမူများကို မိတ်ဆက်ပြီး တရုတ်စီးပွားရေးအတွက် အထောက်အပံ့ဖြစ်စေရန် မျှော်လင့်ထားပါ တယ်။ ဒါဟာ နှစ်စဉ် စီးပွားရေးတိုးတက်မှု ၅ ရာခိုင်နှုန်း ဖော်ဆောင်ရာတွင် အကျိုးရှိမှာဖြစ်ပါတယ်။

ဘဏ္ဍာရေးနှစ်မူဝါဒဟာ အရေးကြီးသော အချက်ဖြစ်နေဆဲဖြစ်ပါတယ်။အစိုးရဘတ်ဂျက်ဟာ ၂၀၂၃ ပထမ ၄ လတွင် ၁၁.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ဒါဟာ စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားကောင်း စေမှာဖြစ်ပါတယ်။

အိမ်ခြံမြေကဏ္ဍတွင် သေချာစီမံထားသော ဖြေလျှော့မှုများကို မိတ်ဆက်ပေးရန် မျှော်လင့်ထားပြီး ၅ နှစ်ချေးငွေ အတိုးနှုန်းကိုလည်း လျှော့ချပေးရန် (သို့မဟုတ်) ကန့်သတ်ချက်များကို ဖယ်ရှားရန် မျှော်လင့်ထား ပါတယ်။

စီးပွားရေး ဆက်လက်လည်ပတ်ရေးနှင့် အထွေထွေတိုးတက်မှုကို ဆက်ပြီးဖော်ဆောင်နိုင်ရန်အတွက် ဝန်ကြီးဌာနများဟာ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအကြား အချိတ်အဆက်ကောင်းများ ထားရှိနိုင်ရေးနှင့် အ ခြားအရေးပါသော မူဝါဒများကို ဆက်လက်တိုးတက်စေရန်အတွက် ကောင်းမွန်သော လေ့လာမှုကိုလည်း လုပ် ဆောင်နိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း အောင်မြင်စွာကျင်းပလာခဲ့ပါတယ်။

စီးပွားရေးတိုးတက်မှုအတွက် အရေးကြီးသော တွန်းအားကတော့ စီးပွားရေးလုပ်ငန်းများဖြစ်ပါ တယ်။ အစိုးရနှင့် မတူညီသော စျေးကွက်တွင် လည်ပတ်နေသော အစိုးရပိုင်၊ ပုဂ္ဂလိကပိုင်နှင့် နိုင်ငံခြားပိုင်လုပ်ငန်းများ အကြား အချိတ်အဆက်ကောင်းထားရှိခြင်းဟာ အစိုးရ၏ စစ်မှန်သော စီးပွားရေးပံ့ပိုးမှု ဖော်ဆောင်နေတာကို ပြသနေပါတယ်၊ ဒါဟာ စျေးကွက်ရဲ့ မျှော်မှန်းချက်အတိုင်း စီးပွားရေးလုပ်ငန်းများကို ယုံကြည်မှုပြန်လည် ရရှိ စေပြီး တည်ငြိမ်မှုကိုလည်း ဖော်ဆောင်ပေးပါတယ်။

တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်အားကောင်းလာရေးတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများဟာ အရေး ကြီးသော အခန်းကဏ္ဍကနေပါဝင်ပါတယ်၊ ထို့အပြင် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကလည်း အရေး ကြီးသော အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဘဏ္ဍာရေးတည်ငြိမ်ဖို့ရန်အတွက်၊ အစိုးရဟာ ကြွေးမြီကို ယခုနှစ် ဒုတိယနှစ်ဝက်တွင် တည်ဆောက်မှုပုံစံ ပြန်လည်ပြင်ဆင်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

တရုတ်နိုင်ငံကတော့ ပြည်တွင်းစျေးကွက်ကို ဆက်လက်တိုးမြှင့် ဖွင့်လှစ်မှာဖြစ်ပြီး နိုင်ငံခြားရင်းနှီး မြုပ် နှံသူများ၏ အကျိုးစီးပွားကို ဆက်လက်ကာကွယ်မည်ဖြစ်ပြီး၊ ဒါဟာ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးစျေးကွက် တည် ငြိမ်စေရန်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကိုလည်း ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။

Naing
Ref - CMG