【 နိုင်ငံတကာဆောင်းပါး 】 အနာဂတ်အတွက် အရေးပါသော ဂေဟစနစ်ယဉ်ကျေးမှု တည်ဆောက်ခြင်း

【 နိုင်ငံတကာဆောင်းပါး 】 အနာဂတ်အတွက် အရေးပါသော ဂေဟစနစ်ယဉ်ကျေးမှု တည်ဆောက်ခြင်း

ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ကာကွယ်ရေး အမျိုးသားညီလာခံကို ပေကျင်းမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ထိုညီလာခံကို တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း တက်ရောက်ခဲ့ပြီး အရေးကြီးသော မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။

ထိုမိန့်ခွန်းတွင် ဆိုရှယ်လစ်ပုံစံ ဂေဟစနစ်ယဉ်ကျေးမှုကို တရုတ်ပုံစံဖြင့် ခေတ်သစ်တွင် အကောင်အထည်ဖော်ရေးကို အလေးထားပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်တွင် တရုတ်နိုင်ငံဟာ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချခြင်း၊ မျိုရိုးဗီဇများကို ကာကွယ်ခြင်းနှင့် အစိမ်းရောင်ပြုပြင်ပြောငးလဲမှုတို့ဖြင့် နိုင်ငံတကာရာသီဥတုဖောက်ပြန်မှုကို တိုက်ဖျက်ရာတွင် အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ International Energy Agency က ထုတ်ပြန်ထားသော အချက်အလက်များအရ တရုတ်နိုင်ငံဟာ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တွင် ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်သောစွမ်းအင် ၅၅ ရာခိုင်နှုန်းအထိ ထုတ်လုပ်သော နိုင်ငံဖြစ်လာမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ လာမယ့်နှစ်တွင် လေစွမ်းအင်သုံး၊ ကမ်းလွန်စွမ်းအင် ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်သော နိုင်ငံဖြစ်လာမှာဖြစ်ပြီး၊ ကုန်းပေါ်က လေစွမ်းအင်သုံး စွမ်းအင်ထုတ်လုပ်မှုပေါင်း ၆၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်သော နိုင်ငံဖြစ်လာမည်ဟု ခန့်မှန်းထားပါတယ်။ နေရောင်ခြည်စွမ်းအင် ဆိုလာဖြင့် ထုတ်လုပ်သော စွမ်းအင် ၅၀ ရာခိုင်နှုန်းကိုလည်း ကိုယ်စားပြုနေပြီဖြစ်ပါတယ်။

မေးခွန်းထုတ်တဲ့ အယူအဆဟာ အသစ်အဆန်းဖြစ်နေဆဲဖြစ်ပြီး နိုင်ငံတကာတွင် ကျယ်ပြန့်စွာအသိအမှတ်ပြုခြင်း မခံရသေးသော အရာတစ်ခုလည်းဖြစ်ပါတယ်။အကယ်၍ ဂေဟစနစ်ယဉ်ကျေးမှုဟာ ၎င်းရဲ့လွှမ်းမိုးမှုကျယ်ပြန့်လာပြီး အာရှတစ်ခွင်အပေါ် လွှမ်းမိုးမှုရှိလာပါက ဒါဟာ လက်တွေ့ကျသောအရာဖြစ်လာမှာဖြစ်ပါတယ်၊ အာရှဟာ ရာသီဥတုအန္တရာယ်နဲ့ပတ်သက်ပြီး စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခြေ အလားအလာရှိသော ဒေသတစ်ခုလည်းဖြစ်ပါတယ်။

အာရှဒေသအများစုဟာ သူတို့ရဲ့ အခြေခံအဆောက်အဦနှင့် မြို့ပြတည်ဆောက်ရေးတွင် လိုအပ်ချက်များစွာရှိနေသေးသော ဒေသများဖြစ်ပါတယ်။တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် ၂၀၃၀ အထိ နှစ်စဉ် အခြေခံအဆောက်အဦတွင် ကန်ဒေါ်လာ ၁.၇ ထရီလီယံအထိ ရင်းနှီးမြှုပ်နှံထားရန် လိုအပ်ပါတယ်။ထိုထဲတွင် ဆင်းရဲမှုကိုလျှော့ချခြင်းနှင့် ရာသီဥတုနဲ့ဆိုင်သော ပြဿနာများကိုလည်း ဖြေရှင်းခြင်းတို့လည်း ပါဝင်ပါတယ်။ ၂၀၅၀ ခုနှစ်တွင် အာရှတိုက်ဟာ မြင့်တက်လာသော အပူချိန်နှင့် စိုစွတ်မှုကြောင့် တစ်နှစ်တွင် ဒေါ်လာ ၄.၇ ထရီလီယံခန့် ဆုံးရှုံးလာနိုင်ပါတယ်၊ ဒါဟာ နိုင်ငံတကာတွင် ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးမှု ၃ ပုံတွင် ၂ ပုံကို ကိုယ်စားပြုပါတယ်။

နိုင်ငံတကာဟာ အတူတူလက်တွဲလုပ်ဆောင်ပြီး၊ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို ဖော်ဆောင်ရာတွင် ပူးတွဲလုပ်ဆောင်ရန် လိုအပ်ပါတယ်။ ဒါဟာ ရာသီဥတုပြောင်းလဲမှု၊ နိုင်ငံအလိုက် ညစ်ညမ်းမှု၊ ဇီဝမျိုးကွဲမှု၊ သမုဒ္ဒရာကြီးတည်တံ့ရေး အစရှိသော စိန်ခေါ်မှုများ ဖြေရှင်းရာတွင် အရေးကြီးသောအရာများဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၁၁ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၃၆ နိုင်ငံနဲ့ ပူးပေါင်းပြီး ရာသီဥတုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပေါင်း ၄၁ ခုကို လုပ်ဆောင်လာခဲ့ပြီဖြစ်ပါတယ်။ဒီလိုစီမံကိန်းများအတွင် ကန်ဒေါ်လာ ၁၆၆ သန်းအထိကို အသုံးပြုလာခဲ့ပါတယ်။ဒါကို အစိုးရက လမ်းညွှန်ချက်များ၊ ခေတ်မီတရားရေးရာ၊ ငွေကြေးနှင့် ဘဏ်အထောက်အပံ့များ ပေးခြင်းအားဖြင့် အကူအညီများပေးလာခဲ့ပါတယ်။ထို့အပြင် အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲများကိုလည်း လုပ်ဆောင်လာခဲ့ပါတယ်။နောက်ဆက်တွဲ အကျိုးဆက်အဖြစ် တရုတ်နိုင်ငံဟာ အစိမ်းရောင်နည်းပညာတွင် တိုးတက်မှုဟာ အခြားသောနိုင်ငံများအတွက်လည်း အကျိုးရှိလာခဲ့ပါတယ်။

ဂေဟစနစ်နည်းပညာတွင်း တိုးတက်ရေးတွင် ပုဂ္ဂလိကကဏ္ဍလည်းပါဝင်လာရန် လိုအပ်ပါတယ်။ပတ်ဝန်းကျင်၊ လူမှုရေး နှင့် အုပ်ချုပ်ရေးယန္တယားတို့လည်း ပါဝင်လာရန် လိုအပ်ပါတယ်။တရုတ်နိုင်ငံက မြို့ငယ်များတွင် အခြေချသော ကုမ္ပဏီများဟာ အစိမ်းရောင်လုပ်ငန်းနဲ့ပတ်သက်ပြီး ဦးဆောင်သူအဖြစ် ပေါ်ပေါက်လာပြီဖြစ်ပါတယ်၊ အထူးသဖြင့် လျှပ်စစ်ကားကုမ္ပဏီများဖြစ်ပါတယ်။ဒီကုမ္ပဏီများဟာ သန်းချီအလုပ်အကိုင်ကို ဖန်တီးလာပြီဖြစ်ပါတယ်၊ ကြွယ်ဝချမ်းသာမှုနှင့် အကျိုးအမြတ်များကို ယူဆောင်လာပြီဖြစ်ပါတယ်၊ ထို့အပြင် နိုင်ငံတကာပတ်ဝန်းကျင်တိုးတက်မှုတွင်လည်း တိုးတက်မှုများစွာ ယူဆောင်လာပြီဖြစ်ပါတယ်။

အစိမ်းရောင်နည်းပညာတွင် နိုင်ငံခြားကုမ္ပဏီများနဲ့ လက်တွဲအလုပ်လုပ်လာခဲ့သော တရုတ်ကုမ္ပဏီများကတော့ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ BYD လို တရုတ်ကားထုတ်လုပ်ရေး ကုမ္ပဏီဟာ ဘရာဇီးနိုင်ငံတွင် လုပ်ငန်းအသစ် စတင်ရန် ကြေညာခဲ့ပြီး၊ ကန်ဒေါ်လာ ၆၂၀.၁၇ သန်းအထိ အသုံးပြုရန် စီစဉ်ထားပါတယ်။ဒီစီမံကိန်းတွင် စက်ရုံပေါင်း ၃ ခု တည်ဆောက်ခြင်းနှင့် အလုပ်အကိုင်ပေါင်း ၅၀၀၀ ခန့် ဖန်တီးနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ BYD ဟာ လျှပ်စစ်ကားကိုသာ ထုတ်လုပ်မှာမဟုတ်ဘဲ၊ လစ်သီယမ်-အိုင်ယွန်း-ဖော့စ်ဖိတ် ဘတ်ထရီများကိုလည်း ထုတ်လုပ်မှာဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲမှုဟာ နိုင်ငံတကာဂေဟစနစ်ကို ကြီးမားစွာ ထိခိုက်နေပါတယ်။အထူးသဖြင့် ရေခဲတောင်များနှင့် သမုဒ္ဒရာစနစ်တွေဟာ အပြင်းအထန်ထိခိုက်နေပါတယ်။ဒါတွေဟာ ဘီလီယံနဲ့ချီသော သက်ရှိများ မှီခိုနေသော အရာများဖြစ်ပါတယ်။ဥပမာအားဖြင့် ဟိန္ဒူ ကူတ်ရှ် ဟိမဝန္တာဒေသတွင်ရှိသော ရေခဲများဟာ ၂၀၃၀ တွင် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျလာမည်ဟု ခန့်မှန်းထားပြီး ထိုဒေသအတွင်းမှာပဲ ၂၀၅၀ တွင် ရေခဲပမာဏဟာ ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ လျော့ကျလာမည်ဟု ခန့်မှန်းထားပါတယ်။

လူသားများနှင့် ကမ္ဘာကြီးရဲ့ ဂေဟပတ်ဝန်းကျင်အတွက် ဂေဟစနစ်ယဉ်ကျေးမှု ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်  အရေးကြီးပါတယ်။ကမ္ဘာ့အင်အားကြီးနိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ဒီလိုရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အရေးကြီးပါတယ်။လုံခြုံပြီး၊ ကျန်းမာရေးနဲ့ ကိုက်ညီသော ပတ်ဝန်းကျင်လိုအပ်ချက်များ ကမ္ဘာတစ်ဝှမ်းလိုအပ်ချက် များပြားလာမှုနဲ့အတူ၊ လူသားများဟာ စက်မှုတိုးတက်မှုအလွန် ဖွံ့ဖြိုးတိုးတက်မှုအသစ်ကို စတင်ရောက်ရှိနေပြီဖြစ်ပါတယ်။စက်မှုတိုးတက်မှုကြောင့် လူသားများဟာ သဘာဝကိုပြောင်းလဲစေရန် လိုအပ်သော နည်းပညာများကို အသုံးပြုလာနိုင်ပြီဖြစ်ပါတယ်။သို့သော်လည်း၊ အသစ်သော ဂေဟစနစ်ယဉ်ကျေးမှုဟာ လူသားများကို သဘာဝနဲ့ အတူတူနေထိုင်ရန် လိုအပ်စေပြီး၊ မြစ်ချောင်းများ၊ သစ်တောများ၊ တောင်တန်းများ၊ စိမ့်မြေများ၊ မြက်မြေများနှင့် လယ်မြေများကို ကာကွယ်ရန် လိုအပ်ပါတယ်။

ဒီလို ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ကျွန်တော်တို့ဟာ ပိုမိုကြိုးပမ်းရမှာဖြစ်ပါတယ်။

Naing