【 ဗေဒင် 】ကြာသပတေးသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

 ဒီရက်ပိုင်းအတွင်း အလုပ်ကထွက်ချင်တဲ့ စိတ်တွေ ဖြစ်နေ တတ် သလို လုပ်ငန်းခွင်ထဲ အလိုမကျတာ တွေ၊ခိုင်းသလို မဖြစ် လို့ဒေါသထွက်တာတွေ ဖြစ်တတ်ပါတယ်။ ဒီကာလက ဘာပဲလုပ်လုပ်
 ခေါင်းအေးအေးနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ရမယ့် အချိန်ကာလပါ။ဒီတစ်ပတ်သင့်အတွက်ပညာရေး၊လူမှုရေး၊စီးပွားရေးအတွက်အကောင်းဆုံးအကြံပေးနိုင်တာက အင်္ဂါသားသမီးတွေပါ။ လုပ်ငန်းခွင်မှာပင်ပန်း

ပြီးစိတ်တိုင်းမကျစရာ များနေတတ်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေက သင်အခက်အခဲရှိနေရင် လာကူညီပါလိမ့်မယ်။ အိမ်တွင်းရေးက သာယာနေတတ်သလို မိသားစုဆွေမျိုးများ အတွင်း
ပျော်ရွှင်ရမယ့် အချိန်ကာလပါ။ ဒီရက်ပိုင်း စပ်တူကိစ္စတွေ အကျိုး မပေးတတ်ပါဘူး။ ကျန်းမာရေးက ကောင်းနေပေမယ့် ခါး၊အစာအိမ်၊ခြေထောက်တွေ ဂရုစိုက်ပါ။ပညာရေးကတော့ အာရုံစိုက်သလောက်ဆတိုး အကျိုူးများတဲ့ အချိန်ပါ။ အိမ်ထောင်ရှင်ချစ်သူ အချင်းချင်း အဆင်မပြေမှုတွေ ရှိနေတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အား ဆီထမင်းကို အုန်းသီးဖွေးဖွေးဖြင့် ကပ်လှူ ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ သင့်အိမ်နှင့်အနီးဆုံးစေတီသွားကာ အင်္ဂါထောင့်အရပ်တွင် ကောင်းသော ထွက်ခြင်းဖြင့် အမြန်ထွက်ရပါလို၏ဟု အဓိဋ္ဌာန်ပြု၍  သက်စေ့ ဂုဏ်တော် ပုတီးစိပ်ပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။နေအိမ်အရပ်မှအင်္ဂါထောင့်အရပ်ရှိဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီးပဋ္ဌာန်းနှင့် ဓမ္မစကြာကိုရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။သင့်အိမ်ထောင်ဘက်၏ပုံမှန်အသုံးအဆောင်တစ်ခုကို ခေါင်းအုံးအောက်ထားအိပ်ကာ စိတ်ထဲက မေတ္တာသုတ်ရွတ်ဆိုပြီး အိပ်ပါ။

လူမှုရေးအတိုက်အခံများသူများ။  ။ဘုရားစေတီများတွင် အရဟံ၊သံမ္ဗုဒ္ဓေဂါထာ နှစ်မျိုးလုံး သက်စေ့ရွတ်ဆိုပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ ရေသတ္တဝါများကို အစာခုနှစ်ရက်ကျွေးပါ။

ထီကံကောင်းလိုသူများ။  ။ အင်္ဂါနံထီဆိုင်တွင်  ၃ အစ ၅ အဆုံး ထီနံပါတ်ကိုရှာထိုးပါ။  

 

( Zawgyi )

 

 
 ဒီရက္ပိုင္းအတြင္း အလုပ္ကထြက္ခ်င္တဲ့ စိတ္ေတြ ျဖစ္ေန တတ္ သလို လုပ္ငန္းခြင္ထဲ အလိုမက်တာ ေတြ၊ခိုင္းသလို မျဖစ္ လို႔ေဒါသထြက္တာေတြ ျဖစ္တတ္ပါတယ္။ ဒီကာလက ဘာပဲလုပ္လုပ္
 ေခါင္းေအးေအးနဲ႔ ထိန္းထိန္းသိမ္းသိမ္းလုပ္ရမယ့္ အခ်ိန္ကာလပါ။ဒီတစ္ပတ္သင့္အတြက္ပညာေရး၊လူမႈေရး၊စီးပြားေရးအတြက္အေကာင္းဆုံးအႀကံေပးႏိုင္တာက အဂၤါသားသမီးေတြပါ။ လုပ္ငန္းခြင္
မွာပင္ပန္းၿပီး စိတ္တိုင္းမက်စရာ မ်ားေနတတ္ပါတယ္။ မိတ္ေကာင္းေဆြေကာင္းေတြက သင္အခက္အခဲရွိေနရင္ လာကူညီပါလိမ့္မယ္။ အိမ္တြင္းေရးက သာယာေနတတ္သလို မိသားစုေဆြမ်ိဳးမ်ား အတြင္း
ေပ်ာ္႐ႊင္ရမယ့္ အခ်ိန္ကာလပါ။ ဒီရက္ပိုင္း စပ္တူကိစၥေတြ အက်ိဳး မေပးတတ္ပါဘူး။ က်န္းမာေရးက ေကာင္းေနေပမယ့္ ခါး၊အစာအိမ္၊ေျခေထာက္ေတြ ဂ႐ုစိုက္ပါ။ပညာေရးကေတာ့ အာ႐ုံစိုက္သေလာက္
ဆတိုး အက်ိဳူးမ်ားတဲ့ အခ်ိန္ပါ။ အိမ္ေထာင္ရွင္ခ်စ္သူ အခ်င္းခ်င္း အဆင္မေျပမႈေတြ ရွိေနတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားရွင္အား ဆီထမင္းကို အုန္းသီးေဖြးေဖြးျဖင့္ ကပ္လႉ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ သင့္အိမ္ႏွင့္အနီးဆုံးေစတီသြားကာ အဂၤါေထာင့္အရပ္တြင္ ေကာင္းေသာ ထြက္ျခင္းျဖင့္ အျမန္ထြက္ရပါလို၏ဟု အဓိ႒ာန္ျပဳ၍  သက္ေစ့ ဂုဏ္ေတာ္ ပုတီးစိပ္ပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ေနအိမ္အရပ္မွအဂၤါေထာင့္အရပ္ရွိဘုရားေစတီတြင္ သန႔္ရွင္းေရးလုပ္ၿပီးပ႒ာန္းႏွင့္ ဓမၼစၾကာကို႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။သင့္အိမ္ေထာင္ဘက္၏ပုံမွန္အသုံးအေဆာင္တစ္ခုကို ေခါင္းအုံးေအာက္ထားအိပ္ကာ စိတ္ထဲက ေမတၱာသုတ္႐ြတ္ဆိုၿပီး အိပ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ဘုရားေစတီမ်ားတြင္ အရဟံ၊သံမၺဳေဒၶဂါထာ ႏွစ္မ်ိဳးလုံး သက္ေစ့႐ြတ္ဆိုပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ေရသတၱဝါမ်ားကို အစာခုႏွစ္ရက္ေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ အဂၤါနံထီဆိုင္တြင္  ၃ အစ ၅ အဆုံး ထီနံပါတ္ကိုရွာထိုးပါ။