ဒီရက်ပိုင်းအတွင်းအလုပ်များနေသလို ဘာကိစ္စမဆိုမပြီးပြတ် ဘဲတန်းလန်းဖြစ်နေလို့ သင့်စိတ်ပျက် နေတတ်ပါလိမ့်မယ်။ စိတ်က အတွေးများပြီး ဆုံးဖြတ်ရခက်တတ်တဲ့အတွက် ဘာကိစ္စပေါ်ပေါ် ခေါင်းကိုအေး အေးထားပြီး ဆုံးဖြတ်ရမယ့် အချိန်ကာလပါ။ ငွေကြေး ကံနည်းနည်းညံနေပေမယ့် စိတ်မောလူမောဖြစ် နေရ တဲ့အတွက် ကျန်းမာရေးပါ ညံနေတတ်ပါတယ်။ ကူညီဆောင်မမယ့်သူကတော့ ရှိနေပါတယ်။ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင် လိုသောကိစ္စများအတွက် တနင်္လာသားသမီးတွေနဲ့ တိုင်ပင်ဆောင် ရွက်ပါ။ အခုချိန်မှာလူမျိုးခြားနဲ့တွဲလုပ်တဲ့ အလုပ်တွေအောင်မြင်မှု ရရှိတတ် တဲ့အခါဖြစ်နေလို့ စပ်တူလုပ်ရတဲ့ အလုပ်လည်းအောင်မြင် တဲ့ကာလပါ။တနင်္ဂနွေနံပစ္စည်းတွေ ဝင်တတ်သလို အလုပ်တွေ လည်း အောင်မြင် တတ် ပါတယ်။ ပညာရေးကိစ္စမှာတော့ အတတ် ပညာ သင်သူတွေ အောင်မြင်မှုရှိနေတဲ့ အချိန်အခါပါ။ကျန်းမာရေးက တော့ ထိခိုက်ဒဏ်ရာရတာတွေ၊ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ပြန်ဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေ အဆင်မပြေသလိုလိုနဲ့ ပြေလည်မှာဖြစ်သလို ငယ်ရွယ်သူတွေကတော့ ကြားလူကြောင့် အနှာင့်အယှက်ဖြစ် မယ့်ကာလပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားအား သီကုံး ထားသည့် ခရေပန်းကုံးဖြစ်စေ၊ ခရေပန်း ကို ပန်းကန်ဖြင့် ထည့်ကာဖြစ်စေကပ်လှူကာရှင်သီဝလီဂါထာကိုသက်စေ့ရွတ်ဆိုပေးပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ အပတ်စဉ်ဆွမ်းဆန်ကြွသည့် သီလရှင်ဆရာလေးများကိုထီး၊ဖိနပ် လှူပါလေ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ တနင်္လာနံဘုရားစေတီ တွင် ပန်းပေါင်းထဲဆီးခက်ပါအောင် ထည့် ကာကပ်လှူပေးပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။အိမ်ထဲရှိ စနေနံ ပစ္စည်းအပျက်၊ရွှေရောင်ပစ္စည်းအ ဟောင်းများကိုစွန့်ပစ်ပါ။
လူမှုရေးအတိုက်အခံများသူများ။ ။ ဘုရားအားရေသပ္ပါယ်ခြင်း၊စေတီရင်ပြင်များတွင် အမှိုက်များ ကောက်ခြင်း အား ပြုလုပ်ပေးပါ။
ကျန်းမာရေးမကောင်းသူများ။ ။ ဈေးထဲတွင် ရေသတ္တဝါအရှင် များတွေ့ ပါ ကဝယ်ပြီး ဇိဝိတဒါနအဖြစ် လွှတ်ပေးပါ။
ထီကံကောင်းလိုသူများ။ ။ တွန်းလှည်းဖြင့်ရောင်းသည့် ထီဆိုင်တွေ့ ပါက ၂/၇ ဂဏန်းများများပါသော ထီကိုထိုးပါ။
( Zawgyi )
ဒီရက္ပိုင္းအတြင္းအလုပ္မ်ားေနသလို ဘာကိစၥမဆိုမၿပီးျပတ္ ဘဲတန္းလန္းျဖစ္ေနလို႔ သင့္စိတ္ပ်က္ ေနတတ္ပါလိမ့္မယ္။ စိတ္က အေတြးမ်ားၿပီး ဆုံးျဖတ္ရခက္တတ္တဲ့အတြက္ ဘာကိစၥေပၚေပၚ ေခါင္းကိုေအး ေအးထားၿပီး ဆုံးျဖတ္ရမယ့္ အခ်ိန္ကာလပါ။ ေငြေၾကး ကံနည္းနည္းညံေနေပမယ့္ စိတ္ေမာလူေမာျဖစ္ ေနရ တဲ့အတြက္ က်န္းမာေရးပါ ညံေနတတ္ပါတယ္။ ကူညီေဆာင္မမယ့္သူကေတာ့ ရွိေနပါတယ္။ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္ လိုေသာကိစၥမ်ားအတြက္ တနလၤာသားသမီးေတြနဲ႔ တိုင္ပင္ေဆာင္ ႐ြက္ပါ။ အခုခ်ိန္မွာလူမ်ိဳးျခားနဲ႔တြဲလုပ္တဲ့ အလုပ္ေတြေအာင္ျမင္မႈ ရရွိတတ္ တဲ့အခါျဖစ္ေနလို႔ စပ္တူလုပ္ရတဲ့ အလုပ္လည္းေအာင္ျမင္ တဲ့ကာလပါ။တနဂၤေႏြနံပစၥည္းေတြ ဝင္တတ္သလို အလုပ္ေတြ လည္း ေအာင္ျမင္ တတ္ ပါတယ္။ ပညာေရးကိစၥမွာေတာ့ အတတ္ ပညာ သင္သူေတြ ေအာင္ျမင္မႈရွိေနတဲ့ အခ်ိန္အခါပါ။က်န္းမာေရးက ေတာ့ ထိခိုက္ဒဏ္ရာရတာေတြ၊ ႏွလုံးနဲ႔ပတ္သက္တဲ့ ေရာဂါေတြ ျပန္ျဖစ္တတ္ပါတယ္။ အိမ္ေထာင္သည္ေတြ အဆင္မေျပသလိုလိုနဲ႔ ေျပလည္မွာျဖစ္သလို ငယ္႐ြယ္သူေတြကေတာ့ ၾကားလူေၾကာင့္ အႏွာင့္အယွက္ျဖစ္ မယ့္ကာလပါ။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားအား သီကုံး ထားသည့္ ခေရပန္းကုံးျဖစ္ေစ၊ ခေရပန္း ကို ပန္းကန္ျဖင့္ ထည့္ကာျဖစ္ေစကပ္လႉကာရွင္သီဝလီဂါထာကိုသက္ေစ့႐ြတ္ဆိုေပးပါ။
ျပည္ပထြက္ခြာလိုသူမ်ား။ ။ အပတ္စဥ္ဆြမ္းဆန္ႂကြသည့္ သီလရွင္ဆရာေလးမ်ားကိုထီး၊ဖိနပ္ လႉပါေလ။
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ တနလၤာနံဘုရားေစတီ တြင္ ပန္းေပါင္းထဲဆီးခက္ပါေအာင္ ထည့္ ကာကပ္လႉေပးပါ။
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။အိမ္ထဲရွိ စေနနံ ပစၥည္းအပ်က္၊ေ႐ႊေရာင္ပစၥည္းအ ေဟာင္းမ်ားကိုစြန႔္ပစ္ပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ဘုရားအားေရသပၸါယ္ျခင္း၊ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ား ေကာက္ျခင္း အား ျပဳလုပ္ေပးပါ။
က်န္းမာေရးမေကာင္းသူမ်ား။ ။ ေဈးထဲတြင္ ေရသတၱဝါအရွင္ မ်ားေတြ႕ ပါ ကဝယ္ၿပီး ဇိဝိတဒါနအျဖစ္ လႊတ္ေပးပါ။
ထီကံေကာင္းလိုသူမ်ား။ ။ တြန္းလွည္းျဖင့္ေရာင္းသည့္ ထီဆိုင္ေတြ႕ ပါက ၂/၇ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။