【 ဗေဒင် 】တနင်္ဂနွေ သားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင်လိုသော ကိစ္စများအတွက် ဗုဒ္ဓဟူး သားသမီး များနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်း ငွေကံကောင်းနေတတ် ပါတယ်။  မိသားစုအတွင်း အလှူအတန်းလုပ်ရတာတွေ ကြုံရတတ်ပါတယ်။ မိတ်ဆွေ လုပ်ဖော် ကိုင်ဖက်တို့၏ သတင်းကောင်းကြား ရတတ်ပါသည်။ရေနဲ့ ပတ်သက်ပြီးလုပ်သူများ လုပ်ငန်း မတိုးချဲ့ပါနဲ့။အိမ်၊မြေ၊ကားစသည့် အရောင်းအဝယ်လုပ်သူများ ရောင်းမှားဝယ်မှားဖြစ်တတ်လို့ သတိထားပေးပါ။ စပ်တူ ရှယ်ယာအလုပ်များ ခေတ္တဆိုင်းငံထားပါဦး။ ကုန်စရာ ကိစ္စတွေပေါ်တတ် လို့ ငွေဝင်လျှင် အလှူတစ်ခုမဟုတ် တစ်ခုလုပ်ပေးပါ။ အိမ်တွင်းရေး သာယာမှုက သင့်အပေါ် မူတည်နေလို့  သင့်စိတ်ကို လျော့ပေးမှ သာယာပါလိမ့်မယ်။ ဒီရက်ပိုင်း ကျန်းမာရေးကောင်း ပေမယ့်  ဝမ်း၊ဆီး၊အာရုံကြော ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ ပညာသင်နေတဲ့ သူတွေ ပညာရေးကတော့ အသင့်အတင့်ပါ။ လုပ်ငန်းခွင် စာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက် ပြည့်စုံပါမယ်။ အိမ်ထောင်ရှင်များ စိတ်ကသိကအောင့် ဖြစ်စရာတွေ့ တတ်ပါတယ်။ငယ်ရွယ်သူများ မထင်မှတ်ဘဲ ပျော်ရွှင်စရာကြုံရပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအား သစ်သီးဆွမ်းကပ်ကာ ဒီဝါတပတိ ဂါထာ ကိုး ခေါက်ရွက်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ နံနက်စောစော ဆွမ်းခံကြွလာသော သံဃာတော်အား တန်းဆွမ်းလောင်းပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားအားပန်းပေါင်းစုံ ကပ်လှူကာ အဓိဋ္ဌာန် ပုတီး စိပ်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။အိမ်တွင် စက်ပစ္စည်း အဟောင်း အပျက် များ လွှတ်ပစ်ပါ။အဆင်မပြေသည့် ချစ်သူနှင့်တွေ့သည့်အခါတိုင်း အမည်းရောင်ရှောင်ပါ။

လူမှုရေးအတိုက်အခံများသူများ။  ။စေတီရင်ပြင်များတွင် ပန်းခြောက်များ၊ သစ်ရွက်များ၊ ရေညှိများကို ဖယ်ရှားပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ မနက်စောစော လိပ်၊ငါးစသည့် ရေသတ္တဝါများကို  အစာကျွေးပါ။

ထီပေါက်လိုသူများ။     ။ခရီးသွားရင်း  ထီဆိုင်တွင် ၁ အစ ၄ အဆုံးဂဏန်းကို ထိုးပါ။ 

 

(  Zawgyi  )

 

 ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ဗုဒၶဟူး သားသမီး မ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္း ေငြကံေကာင္းေနတတ္ ပါတယ္။  မိသားစုအတြင္း အလႉအတန္းလုပ္ရတာေတြ ႀကဳံရတတ္ပါတယ္။ မိတ္ေဆြ လုပ္ေဖာ္ ကိုင္ဖက္တို႔၏ သတင္းေကာင္းၾကား ရတတ္ပါသည္။ေရနဲ႔ ပတ္သက္ၿပီးလုပ္သူမ်ား လုပ္ငန္း မတိုးခ်ဲ႕ပါနဲ႔။အိမ္၊ေျမ၊ကားစသည့္ အေရာင္းအဝယ္လုပ္သူမ်ား ေရာင္းမွားဝယ္မွားျဖစ္တတ္လို႔ သတိထားေပးပါ။ စပ္တူ ရွယ္ယာအလုပ္မ်ား ေခတၱဆိုင္းငံထားပါဦး။ ကုန္စရာ ကိစၥေတြေပၚတတ္ လို႔ ေငြဝင္လွ်င္ အလႉတစ္ခုမဟုတ္ တစ္ခုလုပ္ေပးပါ။ အိမ္တြင္းေရး သာယာမႈက သင့္အေပၚ မူတည္ေနလို႔  သင့္စိတ္ကို ေလ်ာ့ေပးမွ သာယာပါလိမ့္မယ္။ ဒီရက္ပိုင္း က်န္းမာေရးေကာင္း ေပမယ့္  ဝမ္း၊ဆီး၊အာ႐ုံေၾကာ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ ပညာသင္ေနတဲ့ သူေတြ ပညာေရးကေတာ့ အသင့္အတင့္ပါ။ လုပ္ငန္းခြင္ စာေမးပြဲ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ ျပည့္စုံပါမယ္။ အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာင့္ ျဖစ္စရာေတြ႕ တတ္ပါတယ္။ငယ္႐ြယ္သူမ်ား မထင္မွတ္ဘဲ ေပ်ာ္႐ႊင္စရာႀကဳံရပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအား သစ္သီးဆြမ္းကပ္ကာ ဒီဝါတပတိ ဂါထာ ကိုး ေခါက္႐ြက္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ နံနက္ေစာေစာ ဆြမ္းခံႂကြလာေသာ သံဃာေတာ္အား တန္းဆြမ္းေလာင္းပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ဘုရားအားပန္းေပါင္းစုံ ကပ္လႉကာ အဓိ႒ာန္ ပုတီး စိပ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။အိမ္တြင္ စက္ပစၥည္း အေဟာင္း အပ်က္ မ်ား လႊတ္ပစ္ပါ။အဆင္မေျပသည့္ ခ်စ္သူႏွင့္ေတြ႕သည့္အခါတိုင္း အမည္းေရာင္ေရွာင္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ေစတီရင္ျပင္မ်ားတြင္ ပန္းေျခာက္မ်ား၊ သစ္႐ြက္မ်ား၊ ေရညႇိမ်ားကို ဖယ္ရွားေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ မနက္ေစာေစာ လိပ္၊ငါးစသည့္ ေရသတၱဝါမ်ားကို  အစာေကြၽးပါ။

ထီေပါက္လိုသူမ်ား။     ။ခရီးသြားရင္း  ထီဆိုင္တြင္ ၁ အစ ၄ အဆုံးဂဏန္းကို ထိုးပါ။