ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသော ကိစ္စများ အတွက် အင်္ဂါသားသမီး များနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်း အင်္ဂါနံစက်ပစ္စည်းတွေ ဝင်လာတတ်သလို လက်ဆောင် တွေ လိုချင်နေတဲ့ အသုံးအဆောင်တွေ ဝင်လာတတ်တဲ့ အချိန်အခါဖြစ်သလို ကိုယ့်ဆီကလည်း ပစ္စည်းတွေ ပျက်တာ ထွက်တာတွေ ရှိတတ်ပါတယ်။ ရပ်ဝေးက မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီ
မမျှော်လင့်ဘဲရတတ်ပါတယ်။ မနာလိုသူတွေ အပြိုင်အဆိုင်တွေ ရှိသလိုအရင်းအခြာတွေကဒုက္ခပေးတတ်ပါတယ်။ဒီ ကာလမှာ ပြည်တွင်းခရီးကောင်းတွေ သွားရတတ်ပေမယ့် မတင် မကျတော့ ဖြစ်တတ်ပါ တယ်။ စပ်တူကိစ္စတွေ စာချုပ်စာတမ်းကိစ္စတွေ သတိထားပါ။လူမျိုးခြားအကျိုးမပေးသေးပါ။ပညာရေးကံကကောင်းနေလို့ အားစိုက်မှုလျောကျနေ တတ်ပါတယ်။ သတိထားပါ။ ကျန်းမာရေးကတော့ဆီး၊မျက်စိ၊အစာအိမ်စတဲ့နေရာတွေမှာဖြစ်တတ် ပါ တယ်။ချစ်သူရည်းစားတွေ
အတိတ်ဟောင်းက အချစ်ဟောင်းကြောင့် ဒုက္ခရောက် တတ်ပါတယ်။ အိမ်ထောင်ရှင်တွေအတွက် သတင်းကောင်းတွေ ကြားရတတ်ပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအားပန်းပေါင်းစုံဖြင့် ပူဇော်ပြီး ဒိဝါတပတိဂါထာကို သုံးပတ် ပုတီးစိပ်ပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ တစ်ရက်တည်း စေတီသုံးဆူအားဖူးမြှော်ကာ စေတီ၏အင်္ဂါထောင့်တွင် ဘုရားအား စံပယ်ပန်းဖြင့် ပူဇော်ပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။နံနက်စောစောကို ခွေးအား ထန်းညက် သုံးခဲကို ကျွေးကာ လိုရာဆုတောင်းပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ မိမိအိမ်ထဲ ကွဲနေသည့်ဖန်ပုလင်း၊မှန်ကွဲ စသည်တို့ကို ရှာဖွေရှင်းလင်းပါ။
လူမှုရေးအတိုက်အခံများသူများ။ ။ မွေးနေ့တိုင်း ဘုရားကျောင်းကန်များသို့ သွားကာ သန့်ရှင်းရေး လုပ်ပေးပါ။ ကုဋီ ဆေးကြောပေး ပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ ဈေးထဲသွားကာ ငါးအရှင်တွေ့ ပါက ဈေးမဆစ်ဘဲ ရေပြင်ကျယ်သည့် နေရာသို့ လွှတ်ပေးပါ ။
ထီကံကောင်းလိုသူများ ။ ။ အင်္ဂါသားသမီး ကလေးငယ်ကို ချီကာ ၂/၃ ဂဏန်းများများပါသည့် ထီလက်မှတ်ကို ရှာ ထိုးပေးပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာ ကိစၥမ်ား အတြက္ အဂၤါသားသမီး မ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္း အဂၤါနံစက္ပစၥည္းေတြ ဝင္လာတတ္သလို လက္ေဆာင္ ေတြ လိုခ်င္ေနတဲ့ အသုံးအေဆာင္ေတြ ဝင္လာတတ္တဲ့ အခ်ိန္အခါျဖစ္သလို ကိုယ့္ဆီကလည္း ပစၥည္းေတြ ပ်က္တာ ထြက္တာေတြ ရွိတတ္ပါတယ္။ ရပ္ေဝးက မိတ္ေကာင္းေဆြေကာင္းေတြရဲ႕ အကူအညီ မေမွ်ာ္လင့္ဘဲ ရတတ္ပါတယ္။ မနာလိုသူေတြ အၿပိဳင္အဆိုင္ေတြ ရွိသလိုအရင္းအျခာေတြကဒုကၡေပးတတ္ပါတယ္။
ဒီ ကာလမွာ ျပည္တြင္းခရီးေကာင္းေတြ သြားရတတ္ေပမယ့္ မတင္ မက်ေတာ့ ျဖစ္တတ္ပါတယ္။ စပ္တူကိစၥေတြ စာခ်ဳပ္စာတမ္းကိစၥေတြ သတိထားပါ။လူမ်ိဳးျခားအက်ိဳးမေပးေသးပါ။ပညာေရးကံကေကာင္း
ေနလို႔ အားစိုက္မႈေလ်ာက်ေန တတ္ပါတယ္။ သတိထားပါ။ က်န္းမာေရးကေတာ့ဆီး၊မ်က္စိ၊အစာအိမ္စတဲ့ေနရာေတြမွာျဖစ္တတ္
ပါ တယ္။ခ်စ္သူရည္းစားေတြ အတိတ္ေဟာင္းက အခ်စ္ေဟာင္းေၾကာင့္ ဒုကၡေရာက္ တတ္ပါတယ္။ အိမ္ေထာင္ရွင္ေတြအတြက္ သတင္းေကာင္းေတြ ၾကားရတတ္ပါတယ္။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားအားပန္းေပါင္းစုံျဖင့္ ပူေဇာ္ၿပီး ဒိဝါတပတိဂါထာကို သုံးပတ္ ပုတီးစိပ္ပူေဇာ္ပါ။
ျပည္ပထြက္ခြာလိုသူမ်ား။ ။ တစ္ရက္တည္း ေစတီသုံးဆူအားဖူးေျမႇာ္ကာ ေစတီ၏အဂၤါေထာင့္တြင္ ဘုရားအား စံပယ္ပန္းျဖင့္ ပူေဇာ္ပါ။
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။နံနက္ေစာေစာကို ေခြးအား ထန္းညက္ သုံးခဲကို ေကြၽးကာ လိုရာဆုေတာင္းပါ။
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ မိမိအိမ္ထဲ ကြဲေနသည့္ဖန္ပုလင္း၊မွန္ကြဲ စသည္တို႔ကို ရွာေဖြရွင္းလင္းပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ေမြးေန႔တိုင္း ဘုရားေက်ာင္းကန္မ်ားသို႔ သြားကာ သန႔္ရွင္းေရး လုပ္ေပးပါ။ ကုဋီ ေဆးေၾကာေပး ပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေဈးထဲသြားကာ ငါးအရွင္ေတြ႕ ပါက ေဈးမဆစ္ဘဲ ေရျပင္က်ယ္သည့္ ေနရာသို႔ လႊတ္ေပးပါ ။
ထီကံေကာင္းလိုသူမ်ား ။ ။ အဂၤါသားသမီး ကေလးငယ္ကို ခ်ီကာ ၂/၃ ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကို ရွာ ထိုးေပးပါ။