【 ဗေဒင် 】တနင်္လာသားသမီးများအတွက်ယခုတစ်ပတ်ဆောင်ရန်/ရှောင်ရန်

အဖက်ဖက်က ကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ ကံတရားက အကျိုးပေးတဲ့ ဘက်ရောက်နေတဲ့ အတွက် လုပ်ငန်းသစ်၊နေရာသစ် စတာတွေ အစပြုလုပ်တာကောင်းပါတယ်။ ပညာရေး၊လူမှုရေး၊ စီးပွားရေး အတွက် ကြာသပတေး သားသမီးတွေကို တိုင်ပင်တာအကောင်းဆုံးပါဘဲ။ စပ်တူကိစ္စတွေကတော့ မလုပ်ပါနဲ့ ဦး။ အနုပညာရှင်တွေ၊ အနုပညာလုပ်ငန်းတွေ ၊ကားအရောင်းအဝယ်သမားတွေ အလုပ်များပြီး အကျိုးဖြစ် ထွန်းမယ့် အချိန်အခါပါ။ဒါပေမယ့် အတိုက်အခိုက်တွေများလို့ အရင်းအခြာတွေကတောင် သင့်ကို တမျိုး မြင်တတ်တဲ့အချိန်ပါ။ ဒီကာလမှာ ငွေအပါအဝင် တခြားဘာမှ မချေးငှားသင့်ဘဲ ပေးရင်တောင် အပြတ်ပေး သင့်ပါတယ်။ ဘာကိစ္စဖြစ်ဖြစ် ဘယ်သူကိုမှ အာမခံမပေးတာ သင့်အတွက် အကောင်းဆုံးပါ။ခရီးထွက်ဖို့ စီစဉ်ထားသူတွေ မရေမရာဖြစ်တတ်ပါတယ်။ ကျန်းမာရေး ကတော့ အစားအသောက်ကြောင့် ဖြစ်တတ်တာ ပဲရှိပါတယ်။ ပညာရေးကတော့ တစ်ပြိုင်နက်ဘာမှ မစီစဉ်ပါနဲ့။တစ်ခုပြီးမှ တစ်ခုသာ လုပ်သင့်ပါတယ်။ အိမ် ထောင်ရှင်များ အကျီစားသန်လို့  စကားများတတ်ပေမယ့်  ချစ်သူသမီးရည်းစားတွေ သတင်းကောင်း တွေ ကြောင့် ပျော်ရွှင်ရမယ့် အချိန်အခါပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားအား ကြာသပတေးနံ မာလကာ၊ပန်းသီး စသည်တို့ဖြင့် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ မိမိသွားလိုသည့် အရပ်မှ ခွေးများအား မနက်ဖက်တွင် အစာကျွေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ ဘုရားတွင် ကြာသပတေးထောင့်၌ ပန်းပေါင်းစုံကပ်လှူကာ ဓမ္မစကြာရွက်ဖတ်ပူ ဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။   ။ အင်္ဂါနံ ပစ္စည်းအဟောင်းများ လွှင့်ပစ်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။ ဘုရားစေတီများတွင် ဂြိုလ်နံဘုရားများကို ရေသပ္ပါယ်ပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ ကျောင်းကန်စေတီများရှိ ဗောဓိညောင်ကို ညောင်ထောက်ပေးပါ။ လမ်းခင်း တံတားထိုးပေးပါ။

ထီကံကောင်းလိုသူများ။       ။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၂/၅ ဂဏန်းများပါသည့် ထီထိုးလိုက်ပါ။

(  Zawgyi  )

 အဖက္ဖက္က ကံဇာတာပြင့္လန္းေနပါလိမ့္မယ္။ ကံတရားက အက်ိဳးေပးတဲ့ ဘက္ေရာက္ေနတဲ့ အတြက္ လုပ္ငန္းသစ္၊ေနရာသစ္ စတာေတြ အစျပဳလုပ္တာေကာင္းပါတယ္။ ပညာေရး၊လူမႈေရး၊ စီးပြားေရး အတြက္ ၾကာသပေတး သားသမီးေတြကို တိုင္ပင္တာအေကာင္းဆုံးပါဘဲ။ စပ္တူကိစၥေတြကေတာ့ မလုပ္ပါနဲ႔ ဦး။ အႏုပညာရွင္ေတြ၊ အႏုပညာလုပ္ငန္းေတြ ၊ကားအေရာင္းအဝယ္သမားေတြ အလုပ္မ်ားၿပီး အက်ိဳးျဖစ္ ထြန္းမယ့္ အခ်ိန္အခါပါ။ဒါေပမယ့္ အတိုက္အခိုက္ေတြမ်ားလို႔ အရင္းအျခာေတြကေတာင္ သင့္ကို တမ်ိဳး ျမင္တတ္တဲ့အခ်ိန္ပါ။ ဒီကာလမွာ ေငြအပါအဝင္ တျခားဘာမွ မေခ်းငွားသင့္ဘဲ ေပးရင္ေတာင္ အျပတ္ေပး သင့္ပါတယ္။ ဘာကိစၥျဖစ္ျဖစ္ ဘယ္သူကိုမွ အာမခံမေပးတာ သင့္အတြက္ အေကာင္းဆုံးပါ။ခရီးထြက္ဖို႔ စီစဥ္ထားသူေတြ မေရမရာျဖစ္တတ္ပါတယ္။ က်န္းမာေရး ကေတာ့ အစားအေသာက္ေၾကာင့္ ျဖစ္တတ္တာ ပဲရွိပါတယ္။ ပညာေရးကေတာ့ တစ္ၿပိဳင္နက္ဘာမွ မစီစဥ္ပါနဲ႔။တစ္ခုၿပီးမွ တစ္ခုသာ လုပ္သင့္ပါတယ္။ အိမ္ ေထာင္ရွင္မ်ား အက်ီစားသန္လို႔  စကားမ်ားတတ္ေပမယ့္  ခ်စ္သူသမီးရည္းစားေတြ သတင္းေကာင္း ေတြ ေၾကာင့္ ေပ်ာ္႐ႊင္ရမယ့္ အခ်ိန္အခါပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားအား ၾကာသပေတးနံ မာလကာ၊ပန္းသီး စသည္တို႔ျဖင့္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ မိမိသြားလိုသည့္ အရပ္မွ ေခြးမ်ားအား မနက္ဖက္တြင္ အစာေကြၽးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ ဘုရားတြင္ ၾကာသပေတးေထာင့္၌ ပန္းေပါင္းစုံကပ္လႉကာ ဓမၼစၾကာ႐ြက္ဖတ္ပူ ေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။   ။ အဂၤါနံ ပစၥည္းအေဟာင္းမ်ား လႊင့္ပစ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ ဘုရားေစတီမ်ားတြင္ ၿဂိဳလ္နံဘုရားမ်ားကို ေရသပၸါယ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ေက်ာင္းကန္ေစတီမ်ားရွိ ေဗာဓိေညာင္ကို ေညာင္ေထာက္ေပးပါ။ လမ္းခင္း တံတားထိုးေပးပါ။

ထီကံေကာင္းလိုသူမ်ား။       ။ ၾကာသပေတးနာမည္ပါ ထီဆိုင္တြင္ ၂/၅ ဂဏန္းမ်ားပါသည့္ ထီထိုးလိုက္ပါ။