ယခုရက်ပိုင်းအတွင်းမိတ်ကောင်းဆွေကောင်းတွေ ရတတ်ပါ တယ်။ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး၊ပညာရေးအောင်မြင်လိုသော ကိစ္စများ အတွက် ဗုဒ္ဒဟူးသမီးများနှင့် တိုင်ပင်ဆောင်ရွက် ပါ။ဘုရားဖူးခရီးတွေ သွားရတတ်သလို ငွေကံတွေကောင်းနေပြီး ခရီးကောင်းများကြုံရတတ်တဲ့ အချိန်ပါ။အထူးသဖြင့် စပ်တူကိစ္စ တွေ စာချုပ်ချုပ်ရမယ့် ကိစ္စတွေ အဆင်ပြေတတ်ပါတယ်။ မိသားစုနဲ့ လုပ်ငန်းခွင်အတွင်း ကိုယ်အောက်က လူတွေလက်အောက်ငယ်သား ကိစ္စတွေ ဖြေရှင်းရတဲ့အခါ ဆန္ဒမစောသင့်ပါဘူး။ အိမ်ခြံမြေ လုပ်ကိုင် သူတွေ ၊ ခရီး သွားလုပ်ငန်းလုပ်ကိုင်သူတွေ လုပ်ငန်းကောင်းမယ့် ကာလပါ။ကျန်းမာရေးကောင်းပေမယ့် လေထိုးလေအောင့် စတဲ့ လေရောဂါတွေ၊ဒူးနာခါးနာစတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ ပညာ သင်နေတဲ့သူတွေတဲ့ ပညာရည်မှန်း ချက် ပြည်စုံပါမယ်။ အိမ်ထောင် ရှင်များ၊ချစ်သူတွေကတော့ အဆင်မပြေမှုတွေ ဖြစ်တတ်ပေ မယ့် ပြန်ပြေလည် ကာ ပိုချစ်သွားပါလိမ့်မယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားစေတီများတွင် အောင်ပွဲ ၃ ပွဲထိုးကာ အခက်အခဲများ ပြေပါစေဟု စိတ်ရည်သန်၍ အဓိဋ္ဌာန်ပြုပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ကိုယ်သွားလိုသောအရပ်မျက်နှာထောင့် ရှိ ဘုန်းကြီးကျောင်းသို့ သွားကာ နေရာထိုင်ခင်းလှူဒါန်းပေးပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ဘုရားစေတီများရှိ ကိုယ်နေ့နံထောင်တွင်ကိုယ်လိုချင်သည့်အလုပ်ကိုအာရုံပြုကာမေတ္တာ သုတ်သက်စေ့ရွတ်ဆိုပူဇော်ပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အိမ်ရှိဘုရားစင်တွင် အိမ်ထောင်ဘက် (သို့မဟုတ်) ချစ်သူနှစ်ဦး ၏နေ့သင့်နံသင့် ပန်းကို ပန်းအိုးတစ်အိုးဖြင့် သက်သက် ယခုတစ်ပတ်လုံး ဘုရားပန်း ထိုးပါ။
လူမှုရေးအတိုက်အခံများသူများ။ ။လမ်းထဲတွင် နံနက်စောစော အမှိုက် များရှင်းလင်းပေးခြင်း၊ လမ်းပေါ်ရှိခဲများကို ဖယ်ပေးခြင်း က အကောင်းဆုံးဖြစ်သည်။
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားတွင် ပန်းခြောက်များရှင်းလင်းပေးခြင်း၊ညောင်ထောက်ပေး ခြင်းများပြု လုပ်ပေးပါ။သိမ်ဝင်ပုတီးကို ညတိုင်းကိုယ်နှင့်မကွာဆောင်ထားပါ။
ထီကံကောင်းလိုသူများ။။ယခုတစ်ပတ်သင့်အိမ်ရှေ့ရောက်လာသည့်ထီလှည်းဆိုင်မှ ၂/၄ဂဏန်းများများ ထီလက်မှတ်ကို ရှာထိုးပေးပါ။
( Zawgyi )
ယခုရက္ပိုင္းအတြင္းမိတ္ေကာင္းေဆြေကာင္းေတြ ရတတ္ပါ တယ္။ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး၊ပညာေရးေအာင္ျမင္လိုေသာ ကိစၥမ်ား အတြက္ ဗုဒၵဟူးသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ ပါ။ဘုရားဖူးခရီးေတြ သြားရတတ္သလို ေငြကံေတြေကာင္းေနၿပီး ခရီးေကာင္းမ်ားႀကဳံရတတ္တဲ့ အခ်ိန္ပါ။အထူးသျဖင့္ စပ္တူကိစၥ ေတြ စာခ်ဳပ္ခ်ဳပ္ရမယ့္ ကိစၥေတြ အဆင္ေျပတတ္ပါတယ္။ မိသားစုနဲ႔ လုပ္ငန္းခြင္အတြင္း ကိုယ္ေအာက္က လူေတြလက္ေအာက္ငယ္သား ကိစၥေတြ ေျဖရွင္းရတဲ့အခါ ဆႏၵမေစာသင့္ပါဘူး။ အိမ္ၿခံေျမ လုပ္ကိုင္ သူေတြ ၊ ခရီး သြားလုပ္ငန္းလုပ္ကိုင္သူေတြ လုပ္ငန္းေကာင္းမယ့္ ကာလပါ။က်န္းမာေရးေကာင္းေပမယ့္ ေလထိုးေလေအာင့္ စတဲ့ ေလေရာဂါေတြ၊ဒူးနာခါးနာစတဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။ ပညာ သင္ေနတဲ့သူေတြတဲ့ ပညာရည္မွန္း ခ်က္ ျပည္စုံပါမယ္။ အိမ္ေထာင္ ရွင္မ်ား၊ခ်စ္သူေတြကေတာ့ အဆင္မေျပမႈေတြ ျဖစ္တတ္ေပ မယ့္ ျပန္ေျပလည္ ကာ ပိုခ်စ္သြားပါလိမ့္မယ္။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားေစတီမ်ားတြင္ ေအာင္ပြဲ ၃ ပြဲထိုးကာ အခက္အခဲမ်ား ေျပပါေစဟု စိတ္ရည္သန္၍ အဓိ႒ာန္ျပဳပါ။
ျပည္ပထြက္ခြာလိုသူမ်ား။ ။ကိုယ္သြားလိုေသာအရပ္မ်က္ႏွာေထာင့္ ရွိ ဘုန္းႀကီးေက်ာင္းသို႔ သြားကာ ေနရာထိုင္ခင္းလႉဒါန္းေပးပါ။
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ဘုရားေစတီမ်ားရွိ ကိုယ္ေန႔နံေထာင္တြင္ကိုယ္လိုခ်င္သည့္အလုပ္ကိုအာ႐ုံျပဳကာေမတၱာ သုတ္သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ အိမ္ရွိဘုရားစင္တြင္ အိမ္ေထာင္ဘက္ (သို႔မဟုတ္) ခ်စ္သူႏွစ္ဦး ၏ေန႔သင့္နံသင့္ ပန္းကို ပန္းအိုးတစ္အိုးျဖင့္ သက္သက္ ယခုတစ္ပတ္လုံး ဘုရားပန္း ထိုးပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။လမ္းထဲတြင္ နံနက္ေစာေစာ အမႈိက္ မ်ားရွင္းလင္းေပးျခင္း၊ လမ္းေပၚရွိခဲမ်ားကို ဖယ္ေပးျခင္း က အေကာင္းဆုံးျဖစ္သည္။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရားတြင္ ပန္းေျခာက္မ်ားရွင္းလင္းေပးျခင္း၊ေညာင္ေထာက္ေပး ျခင္းမ်ားျပဳ လုပ္ေပးပါ။သိမ္ဝင္ပုတီးကို ညတိုင္းကိုယ္ႏွင့္မကြာေဆာင္ထားပါ။
ထီကံေကာင္းလိုသူမ်ား။။ယခုတစ္ပတ္သင့္အိမ္ေရွ႕ေရာက္လာသည့္ထီလွည္းဆိုင္မွ ၂/၄ဂဏန္းမ်ားမ်ား ထီလက္မွတ္ကို ရွာထိုးေပးပါ။