【 ဗေဒင် 】တနင်္လာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း ရပ်ဝေးကလာတဲ့ ဧည့်သည်ဆီက သတင်းကောင်းစကား ပါလာပါ လိမ့်မယ်။ ယခု တစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင် လိုသော ကိစ္စများ အတွက် သောကြာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်း ခရီးကောင်း တွေ ထွက်ရတတ်သလို မိသာစုအတွင်း အလှူမင်္ဂလာကိစ္စတွေ လုပ်ရ ကိန်းရှိပါတယ်။ လုပ်ငန်းပိုင်းမှာ ဆက်တိုက်အလုပ်တွေ များနေတတ်ပေမယ့် အလုပ်ထဲ သင့်နာမည် ဂုဏ်သတင်းကြောင့်  လူကြီးသူမတွေဆောင်မ ကြည့်ရှုကိန်းရှိပါတယ်။ စက်ပစ္စည်းနှင့် ပတ်သက်သော လုပ်ငန်းတွေ၊ ကုန်၊ကား၊ အီလက်ထရွန်းနစ် ပစ္စည်း ရောင်းဝယ်လုပ်ကိုင် သူတွေ အဆင်ပြေတတ်ပါတယ်။ ဒီကာလမှာ ငွေဝင်သလို ငွေကုန် လည်းများ နေတတ် တာ မို့ ငွေရတိုင်း ဘုရားကို လှူပေးသင့်ပါတယ်။ လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရ ကိန်းရှိ သလို လူမျိုးကွဲ၊ ဘာသာကွဲနဲ့ အကျိုးပေးကိန်းရှိပါတယ်။ ခရီးဝေး သွားရကိန်း ရှိပြီး ဘာသာရေးအလုပ်တွေ လုပ်ရတတ်ပါတယ်။ပညာရေး ကိစ္စမှာ ဒီရက်ပိုင်းမှာ အထူး ကောင်းနေပါတယ်။ကျန်းမာရေးကတော့ နှလုံးနှင့်ပတ်သက် တဲ့ ရောဂါဖြစ်တတ်ပါ တယ်။ အိမ်ထောင်သည်တွေ ချစ်သူတွေ အကျီစားသန် လို့ အချစ်ပြယ်တတ်ပါတယ်။ သတိထားပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အား ခုနှစ်ရက်လုံး သစ်တော်သီးကို  ဆွမ်းကပ်လှူ ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ သံဃာများကို ထီးဖိနပ် သင်္ကန်း ကပ်လှူပေးပါ ။ နံနက် တိုင်း မင်္ဂလသုတ်ကို ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားစေတီ၏သောကြာထောင့်တွင်  ပန်း ၅ မျိုးဖြင့်  ပဋ္ဌာန်း ကိုရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ မွေးနေ့တွင် မနက်စောစော အိမ်ရှေ့သို့ ရောက်လာသည့် ကလေးငယ်ကို  ကောက်ညှင်းပြန်ပေါင်းကျွေး ပါ။

လူမှုရေးအတိုက်အခံများသူများ။    ။ဘုရား၊ကျောင်း။စေတီများတွင် ကျောင်းအိမ်သာ သန့်ရှင်းရေး လုပ်ပေးပါ။  

ကျန်းမာရေးမကောင်းသူများ ။  ။ ခရီးသွားရင်း ကားပေါ်ပါ သက်ကြီးရွယ်အိုတွေ့ပါက ကားခလှူပေးပါ။

ထီကံကောင်းလိုသူများ။  ။ ကားနှင့်ရောင်းသောထီဆိုင်တွင် ၆ ဂဏန်း များများပါအောင် ထီထိုးပေးပါ။

(  Zawgyi  )

 ယခုရက္ပိုင္းအတြင္း ရပ္ေဝးကလာတဲ့ ဧည့္သည္ဆီက သတင္းေကာင္းစကား ပါလာပါ လိမ့္မယ္။ ယခု တစ္ပတ္ လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္ လိုေသာ ကိစၥမ်ား အတြက္ ေသာၾကာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္း ခရီးေကာင္း ေတြ ထြက္ရတတ္သလို မိသာစုအတြင္း အလႉမဂၤလာကိစၥေတြ လုပ္ရ ကိန္းရွိပါတယ္။ လုပ္ငန္းပိုင္းမွာ ဆက္တိုက္အလုပ္ေတြ မ်ားေနတတ္ေပမယ့္ အလုပ္ထဲ သင့္နာမည္ ဂုဏ္သတင္းေၾကာင့္  လူႀကီးသူမေတြေဆာင္မ ၾကည့္ရႈကိန္းရွိပါတယ္။ စက္ပစၥည္းႏွင့္ ပတ္သက္ေသာ လုပ္ငန္းေတြ၊ ကုန္၊ကား၊ အီလက္ထ႐ြန္းနစ္ ပစၥည္း ေရာင္းဝယ္လုပ္ကိုင္ သူေတြ အဆင္ေျပတတ္ပါတယ္။ ဒီကာလမွာ ေငြဝင္သလို ေငြကုန္ လည္းမ်ား ေနတတ္ တာ မို႔ ေငြရတိုင္း ဘုရားကို လႉေပးသင့္ပါတယ္။ လက္လြန္ထားတဲ့ ေငြေၾကးေတြ ျပန္ရ ကိန္းရွိ သလို လူမ်ိဳးကြဲ၊ ဘာသာကြဲနဲ႔ အက်ိဳးေပးကိန္းရွိပါတယ္။ ခရီးေဝး သြားရကိန္း ရွိၿပီး ဘာသာေရးအလုပ္ေတြ လုပ္ရတတ္ပါတယ္။ပညာေရး ကိစၥမွာ ဒီရက္ပိုင္းမွာ အထူး ေကာင္းေနပါတယ္။က်န္းမာေရးကေတာ့ ႏွလုံးႏွင့္ပတ္သက္ တဲ့ ေရာဂါျဖစ္တတ္ပါ တယ္။ အိမ္ေထာင္သည္ေတြ ခ်စ္သူေတြ အက်ီစားသန္ လို႔ အခ်စ္ျပယ္တတ္ပါတယ္။ သတိထားပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားရွင္အား ခုႏွစ္ရက္လုံး သစ္ေတာ္သီးကို  ဆြမ္းကပ္လႉ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ သံဃာမ်ားကို ထီးဖိနပ္ သကၤန္း ကပ္လႉေပးပါ ။ နံနက္ တိုင္း မဂၤလသုတ္ကို ႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ဘုရားေစတီ၏ေသာၾကာေထာင့္တြင္  ပန္း ၅ မ်ိဳးျဖင့္  ပ႒ာန္း ကို႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ ေမြးေန႔တြင္ မနက္ေစာေစာ အိမ္ေရွ႕သို႔ ေရာက္လာသည့္ ကေလးငယ္ကို  ေကာက္ညႇင္းျပန္ေပါင္းေကြၽး ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ဘုရား၊ေက်ာင္း။ေစတီမ်ားတြင္ ေက်ာင္းအိမ္သာ သန္႔ရွင္းေရး လုပ္ေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ခရီးသြားရင္း ကားေပၚပါ သက္ႀကီး႐ြယ္အိုေတြ႕ပါက ကားခလႉေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ ကားႏွင့္ေရာင္းေသာထီဆိုင္တြင္ ၆ ဂဏန္း မ်ားမ်ားပါေအာင္ ထီထိုးေပးပါ။