【 ဗေဒင် 】တနင်္လာ သားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း စိတ်ရှုပ်စရာတွေ စိတ်ပျက်စရာတွေ ကြုံရတတ်ပါတယ်။  ဘာကိစ္စမဆို အထစ်အ ငေါ့ အနှောက်အယှက်များနေရင် မနက်စောစော ဘုရားကိုသောက်တော်ရေချမ်း ကပ်ပါ။ ခရီးသွားဖိုစီစဉ်ထား ရင် မထင်မှတ်ဘဲ အထစ်အငေါ့ဖြစ်ကာ စိတ်ညစ်ရတတ်ပေမယ့် မသွားချင်တဲ့ ခရီး၊သွားချင်ပေမယ့် မသွားရတဲ့ ခရီးတွေ ကြုံရတတ်ပါတယ်။ ဒီရက်တွေမှာ မိတ်ကောင်းဆွေကောင်းတွေ ရတတ်ပါတယ်။ ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တနင်္ဂနွေ သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက် သင့်ပါ တယ်။ မိသားစုနဲ့ လုပ်ငန်းခွင် အတွင်း ကိုယ်နဲ့ မဆိုင်ဘဲ စကားများဖြေရှင်းရတတ်ပါသည်။ လုပ်ငန်းခွင်အတွင်း အဆင်မပြေလို့ နောက်အလုပ်ပြောင်းလည်း အဆင်မပြေမှုက ရှိနေမှာ ဖြစ်လို့ အလုပ်ပြောင်းခြင်တာကို အကောင်အထည်မဖော်ပါနဲ့ဦး။ ငွေဝင်ကိန်းရှိပေမယ့် အိမ်တွင်း သာယာမှ ဝင်မယ့် ငွေပါ။ စပ်တူ ကိစ္စတွေ စာချုပ်နဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ ခဏဆိုင်းထားပါဦး။  ကျန်းမာရေးကောင်းပေမယ့် လေထိုးလေအောင့်စတဲ့ လေရောဂါတွေ၊ဒူးနာခါးနာစတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ ပညာသင်နေတဲ့သူတွေ ပညာရည်မှန်းချက် ပြည့်စုံပါမယ်။ အိမ်ထောင်ရှင်များ အတွက် မလိုအပ်ပဲ တခြားသူကိစ္စနဲ့ စကားများတတ်ပါတယ်။ ချစ်သူတွေက တော့ ယခင်က ထက် ပိုချစ်ကြမယ့် အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအား အောင်သပြေ ပန်းဖြင့် ကပ်လှူကာ ပုတီစိပ်၍ လိုရာဆုတောင်းပါ။

ပြည်ပထွက်ခွာလိုသူများ။    ။သွားမည့် အရပ်ရှိ စေတီပုထိုးတွင် ပဋ္ဌာန်း၊ဂုဏ်တော်ကွန်ချာကို ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။   ။ဘုရားစေတီများရှိ တနင်္ဂနွေထောင့်တွင် ပဋ္ဌာန်း ရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။အိမ်ထဲတွင် ရွှေရောင်ပစ္စည်း အဟောင်း အပျက်များကို လွှင့်ပစ်ပါ။

အချစ်ရေးအဆင်မပြေပါက ခွေး၊ကျီး၊ခို စသည့် တနင်္လာနံ သတ္တဝါများကို အစာကျွေးပေးပါ။  

လူမှုရေးအတိုက်အခံများသူများ။  ။အိမ်နှင့်အနီးဆုံးစေတီတွင် နံနက်စောစော အမှိုက်များ ရှင်းလင်းပေးခြင်းက အကောင်းဆုံးဖြစ်သည်။

ကျန်းမာရေးမကောင်းသူများ ။  ။ ဈေးတွင် ငါးအရှင်တွေ့ပါက ဈေးမဆစ်ဘဲဘဝယ်ကာ လွှတ်ပါလေ။

ထီပေါက်လိုသူများ။    ။ယခုတစ်ပတ် သင့်အတွက် ဘာဂဏန်းထိုးထိုး အဆင်ပြေနိုင်မှာ ဖြစ်ပေမယ့် ၁ အပူးလေးထိုးပေးရင် ပိုနီးစပ်ပါလိမ့်မယ်။

(  Zawgyi  )

 ယခုရက္ပိုင္းအတြင္း စိတ္ရႈပ္စရာေတြ စိတ္ပ်က္စရာေတြ ႀကဳံရတတ္ပါတယ္။  ဘာကိစၥမဆို အထစ္အ ေငါ့ အေႏွာက္အယွက္မ်ားေနရင္ မနက္ေစာေစာ ဘုရားကိုေသာက္ေတာ္ေရခ်မ္း ကပ္ပါ။ ခရီးသြားဖိုစီစဥ္ထား ရင္ မထင္မွတ္ဘဲ အထစ္အေငါ့ျဖစ္ကာ စိတ္ညစ္ရတတ္ေပမယ့္ မသြားခ်င္တဲ့ ခရီး၊သြားခ်င္ေပမယ့္ မသြားရတဲ့ ခရီးေတြ ႀကဳံရတတ္ပါတယ္။ ဒီရက္ေတြမွာ မိတ္ေကာင္းေဆြေကာင္းေတြ ရတတ္ပါတယ္။ ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနဂၤေႏြ သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ သင့္ပါ တယ္။ မိသားစုနဲ႔ လုပ္ငန္းခြင္ အတြင္း ကိုယ္နဲ႔ မဆိုင္ဘဲ စကားမ်ားေျဖရွင္းရတတ္ပါသည္။ လုပ္ငန္းခြင္အတြင္း အဆင္မေျပလို႔ ေနာက္အလုပ္ေျပာင္းလည္း အဆင္မေျပမႈက ရွိေနမွာ ျဖစ္လို႔ အလုပ္ေျပာင္းျခင္တာကို အေကာင္အထည္မေဖာ္ပါနဲ႔ဦး။ ေငြဝင္ကိန္းရွိေပမယ့္ အိမ္တြင္း သာယာမွ ဝင္မယ့္ ေငြပါ။ စပ္တူ ကိစၥေတြ စာခ်ဳပ္နဲ႔ လုပ္ရတဲ့ လုပ္ငန္းေတြ ခဏဆိုင္းထားပါဦး။  က်န္းမာေရးေကာင္းေပမယ့္ ေလထိုးေလေအာင့္စတဲ့ ေလေရာဂါေတြ၊ဒူးနာခါးနာစတဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။ ပညာသင္ေနတဲ့သူေတြ ပညာရည္မွန္းခ်က္ ျပည့္စုံပါမယ္။ အိမ္ေထာင္ရွင္မ်ား အတြက္ မလိုအပ္ပဲ တျခားသူကိစၥနဲ႔ စကားမ်ားတတ္ပါတယ္။ ခ်စ္သူေတြက ေတာ့ ယခင္က ထက္ ပိုခ်စ္ၾကမယ့္ အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအား ေအာင္သေျပ ပန္းျဖင့္ ကပ္လႉကာ ပုတီစိပ္၍ လိုရာဆုေတာင္းပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။သြားမည့္ အရပ္ရွိ ေစတီပုထိုးတြင္ ပ႒ာန္း၊ဂုဏ္ေတာ္ကြန္ခ်ာကို ႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။   ။ဘုရားေစတီမ်ားရွိ တနဂၤေႏြေထာင့္တြင္ ပ႒ာန္း ႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။အိမ္ထဲတြင္ ေ႐ႊေရာင္ပစၥည္း အေဟာင္း အပ်က္မ်ားကို လႊင့္ပစ္ပါ။

အခ်စ္ေရးအဆင္မေျပပါက ေခြး၊က်ီး၊ခို စသည့္ တနလၤာနံ သတၱဝါမ်ားကို အစာေကြၽးေပးပါ။  

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။အိမ္ႏွင့္အနီးဆုံးေစတီတြင္ နံနက္ေစာေစာ အမႈိက္မ်ား ရွင္းလင္းေပးျခင္းက အေကာင္းဆုံးျဖစ္သည္။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ေဈးတြင္ ငါးအရွင္ေတြ႕ပါက ေဈးမဆစ္ဘဲဘဝယ္ကာ လႊတ္ပါေလ။

ထီေပါက္လိုသူမ်ား။    ။ယခုတစ္ပတ္ သင့္အတြက္ ဘာဂဏန္းထိုးထိုး အဆင္ေျပႏိုင္မွာ ျဖစ္ေပမယ့္ ၁ အပူးေလးထိုးေပးရင္ ပိုနီးစပ္ပါလိမ့္မယ္။