【 ဗေဒင် 】ဗုဒ္ဓဟူးသားသမီးများအတွက် ယခုတစ်ပတ်ဆောင်ရန်/ရှောင်ရန်

သင့်အတွက် ဒီတစ်ပတ်ကတော့ အဖက်ဖက်က အခွင့်အလမ်းကောင်းတွေပေးနေတဲ့အတွက်  ဒီအခွင့် အရေး ကိုမိမိရရ ဆုပ်ကိုင် ရမှာ ဖြစ်ပါတယ်။ ကိုယ်ဘက်မှာ ကောင်းတဲ့ကံ ရှိနေတဲ့အတွက် လုပ်ငန်း တိုးချဲ

တာတွေ၊အမွေ၊အိမ်၊ခြံမြေ စတဲ့ ဆိုင်းထားတဲ့ အလုပ်တွေ ဒီတစ်ပတ်အတွင်းလုပ်သင့်ပါတယ်။ ပညာရေး၊လူမှုရေး၊ စီးပွားရေးအတွက် ကြာသပတေးသားသမီးတွေကို တိုင်ပင်တာ အကောင်း ဆုံးပါဘဲ။စပ်တူ 

ကိစ္စတွေကတော့မလုပ်ပါနဲ့ဦး။တိုးတက်အောင်မြင်မှုနဲ့အတူသူတပါးကကိုယ်အပေါ်မနာလိုတာတွေ၊ရန်စတာတွေ ရှိလာ တတ်သလို သူများကြားထဲ ညှပ်တတ်တာ အထင်လွဲတာတွေ ရှိတတ်ပါတယ်။ သစ်လုပ်ငန်း၊ခရီးသွားလုပ်ငန်း၊ ရေထွက်ကုန်သမားတွေ အခြေအေနကောင်းပေမယ့် ကား၊အိမ်ခြံမြေသမားတွေ အခြေအနေမကောင်းပါဘူး။ စပ်တူကိစ္စတွေ အစုရှယ်ယာ အလုပ်တွေ မလုပ်ပါနဲ့ဦး။ ပြည်တွင်းပြည်ပခရီးတွေစီစဉ်ထားရင်  ဒီတစ်ပတ်အ တွင်း သွားရကိန်းရှိပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး ခရီးပေါ်ရင်မငြင်းပါနဲ့။ကျန်းမာရေးကတော့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ် တတ်ပါ တယ်။ ပညာရေးကတော့အကောင်းဘက်ပါ။အိမ်ထောင်ရှင်များ စကားများစိတ်ဝမ် းကွဲတတ်ပေမယ့်  ချစ်သူတွေအတွက် သတင်းကောင်းကြားရတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားအား ကြာသပတေးနံ မာလကာ၊ပန်းသီး စသည်တို့ဖြင့် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ မိမိသွားလိုသည့် အရပ်သို့ စိတ်က မေတ္တာပို့ကာ နံနက်ဖက်တွင် ကျီး၊စာကလေး စသည့်သတ္တဝါများကို အစာကျွေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ ဘုရားတွင် ကြံပန်းခိုင် ကပ်လှူကာ  ဓမ္မစကြာရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။   ။အလှပြင်ပစ္စည်းအစုတ်များ၊အင်္ဂါနံ ပစ္စည်းအဟောင်းများ လွှင့်ပစ်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။ဘုရားစေတီများတွင်ဂြိုလ်နံဘုရားများကို ရေသပ္ပါယ်ပါ ။ပန်းအိုးမှ ပန်းခြောက်များသန့်ရှင်း ပေးပါလေ။

ကျန်းမာရေးမကောင်းသူများ ။  ။ ဘုရားတွင် တံခွန်ကုက္ကားလှူပါ။

ထီကံကောင်းလိုသူများ။။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၄-၅ ဂဏန်းများပါသည့် ထီလက်မှတ်ကို ထိုးလိုက်ပါ။ 

 

(   Zawgyi  )

 သင့္အတြက္ ဒီတစ္ပတ္ကေတာ့ အဖက္ဖက္က အခြင့္အလမ္းေကာင္းေတြေပးေနတဲ့အတြက္  ဒီအခြင့္ အေရး ကိုမိမိရရ ဆုပ္ကိုင္ ရမွာ ျဖစ္ပါတယ္။ ကိုယ္ဘက္မွာ ေကာင္းတဲ့ကံ ရွိေနတဲ့အတြက္ လုပ္ငန္း တိုးခ်ဲတာ ေတြ၊အေမြ၊အိမ္၊ၿခံေျမ စတဲ့ ဆိုင္းထားတဲ့ အလုပ္
ေတြ ဒီတစ္ပတ္အတြင္းလုပ္သင့္ပါတယ္။ ပညာေရး၊လူမႈေရး၊ စီးပြားေရးအတြက္ ၾကာသပေတးသားသမီးေတြကို တိုင္ပင္တာ အေကာင္း ဆုံးပါဘဲ။ စပ္တူကိစၥေတြ ကေတာ့မလုပ္ပါနဲ႔ဦး။တိုးတက္ေအာင္ျမင္မႈနဲ႔အတူသူတပါးကကိုယ္အေပၚမနာလိုတာေတြ၊ရန္စတာ
ေတြ ရွိလာ တတ္သလို သူမ်ားၾကားထဲ ညႇပ္တတ္တာ အထင္လြဲတာေတြ ရွိတတ္ပါတယ္။ သစ္လုပ္ငန္း၊ခရီးသြားလုပ္ငန္း၊ ေရထြက္ကုန္သမားေတြ အေျခေအနေကာင္းေပမယ့္ ကား၊အိမ္ၿခံေျမသမားေတြ အေျခအေနမေကာင္းပါဘူး။ စပ္တူကိစၥေတြ အစုရွယ္ယာ အလုပ္ေတြ မလုပ္ပါနဲ႔ဦး။ ျပည္တြင္းျပည္ပခရီးေတြစီစဥ္ထားရင္  ဒီတစ္ပတ္အ တြင္း သြားရကိန္းရွိပါတယ္။ အလုပ္နဲ႔ ပတ္သက္ၿပီး ခရီးေပၚရင္မျငင္းပါနဲ႔။က်န္းမာေရးကေတာ့ စိတ္ဖိစီးမႈေတြ ျဖစ္ေပၚ တတ္ပါ တယ္။ ပညာေရးကေတာ့အေကာင္းဘက္ပါ။အိမ္ေထာင္ရွင္
မ်ား စကားမ်ားစိတ္ဝမ္ းကြဲတတ္ေပမယ့္  ခ်စ္သူေတြအတြက္ သတင္းေကာင္းၾကားရတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားအား ၾကာသပေတးနံ မာလကာ၊ပန္းသီး စသည္တို႔ျဖင့္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ မိမိသြားလိုသည့္ အရပ္သို႔ စိတ္က ေမတၱာပို႔ကာ နံနက္ဖက္တြင္ က်ီး၊စာကေလး စသည့္သတၱဝါမ်ားကို အစာေကြၽးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ ဘုရားတြင္ ႀကံပန္းခိုင္ ကပ္လႉကာ  ဓမၼစၾကာ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။   ။အလွျပင္ပစၥည္းအစုတ္မ်ား၊အဂၤါနံ ပစၥည္းအေဟာင္းမ်ား လႊင့္ပစ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ဘုရားေစတီမ်ားတြင္ၿဂိဳလ္နံဘုရားမ်ားကို ေရသပၸါယ္ပါ ။ပန္းအိုးမွ ပန္းေျခာက္မ်ားသန႔္ရွင္း ေပးပါေလ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ဘုရားတြင္ တံခြန္ကုကၠားလႉပါ။

ထီကံေကာင္းလိုသူမ်ား။။ ၾကာသပေတးနာမည္ပါ ထီဆိုင္တြင္ ၄-၅ ဂဏန္းမ်ားပါသည့္ ထီလက္မွတ္ကို ထိုးလိုက္ပါ။