သင့်အတွက် ဒီတစ်ပတ်ကတော့ အဖက်ဖက်က အခွင့်အလမ်းကောင်းတွေပေးနေတဲ့အတွက် ဒီအခွင့်အရေးကိုမိမိရရဆုပ်ကိုင် ရမှာ ဖြစ်ပါတယ်။ ကိုယ်ဘက်မှာ ကောင်းတဲ့ကံ ရှိနေတဲ့အတွက် လုပ်ငန်းတိုးချဲတာတွေ၊အမွေ၊အိမ်၊ခြံမြေစတဲ့ဆိုင်းထားတဲ့အလုပ်တွေဒီတစ်ပတ်အ
တွင်းလုပ်သင့်ပါတယ်။ ပညာရေး၊လူမှုရေး၊ စီးပွားရေးအတွက် ကြာသပတေးသားသမီးတွေကို တိုင်ပင်တာ အကောင်း ဆုံးပါဘဲ။ စပ်တူကိစ္စတွေ ကတော့မလုပ်ပါနဲ့ဦး။တိုးတက်အောင်မြင်မှုနဲ့ အတူသူတပါးကကိုယ်အပေါ်မနာလိုတာတွေ၊ရန်စတာတွေ ရှိလာတတ်ပါတယ်။ ခရီးထွက်ဖို့ကိစ္စတွေကတော့ ဒီတစ်ပတ်အတွင်း အောင်မြင်ဖို့ နည်းပါတယ်။ အလုပ်ထဲမှာအတိုက် အခံပေါ်နေပေမယ့် လက်အောက်ငယ်သားကြောင့် ဂုဏ်တက်ပါမယ်။အလုပ်နဲ့ပတ်သက်ပြီးခရီးပေါ်ရင်မငြင်းပါနဲ့။ကျန်းမာရေးကတော့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ ပညာရေးကတော့ အကောင်းဘက်ပါ။ အိမ်ထောင်ရှင်များ စကားများစိတ်ဝမ်း ကွဲတတ်ပေ
မယ့် ချစ်သူတွေအတွက် သတင်းကောင်းကြားရတတ်တဲ့ အချိန် အခါပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားအား ကြာသပတေးနံ မာလကာ၊ပန်းသီး စသည်တို့ဖြင့် ကပ်လှူပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ မိမိသွားလိုသည့်အရပ်သို့စိတ်ကမေတ္တာပို့ကာ နံနက်ဖက်တွင် ကျီး၊စာကလေး စသည့်သတ္တဝါများကို အစာကျွေးပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ ဘုရားတွင် ကြံပန်းခိုင်ကပ်လှူကာဓမ္မစကြာရွတ်ဖတ်ပူဇော်ပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အလှပြင် ပစ္စည်း အစုတ်များ၊အင်္ဂါနံ ပစ္စည်းအဟောင်းများ လွှင့်ပစ်ပေးပါ။
လူမှုရေးအတိုက်အခံများသူများ။ ။ ဘုရားစေတီများတွင် ဂြိုလ်နံ ဘုရား များကို ရေသပ္ပါယ်ပါ ။ပန်းအိုးမှ ပန်းခြောက်များ သန့်ရှင်းပေး ပါ
လေ။
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားစေတီပုထိုးတွင် ကျန်းမာရေး မကောင်းသူ အတွက် တံခွန်ကုက္ကားလှူပါ။
ထီကံကောင်းလိုသူများ။ ။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၅-၆ ဂဏန်းပါသည့် ထီလက်မှတ် ကို ရှာထိုးလိုက်ပါ။
( Zawgyi )
သင့္အတြက္ ဒီတစ္ပတ္ကေတာ့ အဖက္ဖက္က အခြင့္အလမ္းေကာင္းေတြေပးေနတဲ့အတြက္ ဒီအခြင့္အေရးကိုမိမိရရဆုပ္ကိုင္ ရမွာ ျဖစ္ပါတယ္။ ကိုယ္ဘက္မွာ ေကာင္းတဲ့ကံ ရွိေနတဲ့အတြက္ လုပ္ငန္းတိုးခ်ဲတာေတြ၊အေမြ၊အိမ္၊ၿခံေျမစတဲ့ဆိုင္းထားတဲ့အလုပ္ေတြဒီတစ္ပတ္အတြင္းလုပ္သင့္ပါ
တယ္။ ပညာေရး၊လူမႈေရး၊ စီးပြားေရးအတြက္ ၾကာသပေတးသားသမီးေတြကို တိုင္ပင္တာ အေကာင္း ဆုံးပါဘဲ။ စပ္တူကိစၥေတြ ကေတာ့မလုပ္ပါနဲ႔ဦး။တိုးတက္ေအာင္ျမင္မႈနဲ႔ အတူသူတပါးကကိုယ္အေပၚမနာလိုတာေတြ၊ ရန္စတာေတြ ရွိလာတတ္ပါတယ္။ ခရီးထြက္ဖို႔ ကိစၥေတြကေတာ့
ဒီတစ္ပတ္အတြင္း ေအာင္ျမင္ဖို႔ နည္းပါတယ္။ အလုပ္ထဲမွာအတိုက္ အခံေပၚေနေပမယ့္ လက္ေအာက္ငယ္သားေၾကာင့္ ဂုဏ္တက္ပါမယ္။အလုပ္နဲ႔ပတ္သက္ၿပီးခရီးေပၚရင္မျငင္းပါနဲ႔။က်န္းမာေရးကေတာ့ စိတ္ဖိစီးမႈေတြ ျဖစ္ေပၚတတ္ပါတယ္။ ပညာေရးကေတာ့ အေကာင္းဘက္ပါ။ အိမ္ေထာင္ရွင္မ်ား
စကားမ်ားစိတ္ဝမ္း ကြဲတတ္ေပမယ့္ ခ်စ္သူေတြ အတြက္ သတင္းေကာင္းၾကားရတတ္တဲ့ အခ်ိန္ အခါပါ။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားအား ၾကာသပေတးနံ မာလကာ၊ပန္းသီး စသည္တို႔ျဖင့္ ကပ္လႉပူေဇာ္ပါ။
ျပည္ပထြက္ခြာလိုသူမ်ား။ ။ မိမိသြားလိုသည့္အရပ္သို႔စိတ္ကေမတၱာပို႔ကာ နံနက္ဖက္တြင္ က်ီး၊စာကေလး စသည့္သတၱဝါမ်ားကို အစာေကြၽးပါ။
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ ဘုရားတြင္ ႀကံပန္းခိုင္ကပ္လႉကာဓမၼစၾကာ႐ြတ္ဖတ္ပူေဇာ္ပါ။
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ အလွျပင္ ပစၥည္း အစုတ္မ်ား၊အဂၤါနံ ပစၥည္းအေဟာင္းမ်ား လႊင့္ပစ္ေပးပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ဘုရားေစတီမ်ားတြင္ ၿဂိဳလ္နံ ဘုရား မ်ားကို ေရသပၸါယ္ပါ ။ပန္းအိုးမွ ပန္းေျခာက္မ်ား သန႔္ရွင္းေပး ပါေလ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရားေစတီပုထိုးတြင္ က်န္းမာေရး မေကာင္းသူ အတြက္ တံခြန္ကုကၠားလႉပါ။
ထီကံေကာင္းလိုသူမ်ား။ ။ ၾကာသပေတးနာမည္ပါ ထီဆိုင္တြင္ ၅-၆ ဂဏန္းပါသည့္ ထီလက္မွတ္ ကို ရွာထိုးလိုက္ပါ။