【 ဗေဒင် 】သောကြာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

မိဘဆရာသမားတို့ထံမှ အကူအညီကောင်း အကြံဉာဏ်ကောင်း ရတတ်တဲ့ အချိန်ကာလကိုသင်ရောက်နေပါပြီ။ ဒီတစ်ပတ် ပညာရေး၊လူမှုရေး၊ စီးပွားရေးအတွက် တနင်္ဂနွေ သားသမီးတွေကို တိုင်ပင်တာ သင့်အတွက် အကောင်းဆုံးပါဘဲ။ မထင်မှတ်ဘဲ အပြိုင်အဆိုင်တွေဖြစ်လာပြီး အောင်မြင်မှု သင်ရလာပါလိမ့်မယ်။ အလုပ်ထဲမှာ အထစ်အငေါ့ တွေ ရှိပေမယ့် သူဘာသာ ပြေလည်သွားပါလိမ့်မယ်။ အတိုက်အခံကတော့ ရှိနေပါတယ်။ သတိထားပါ။ဘုရားတရားလုပ်တာကလွဲပြီးဘယ်အရာမှ သင့်ကို စိတ်ချမ်းသာစေမှာ မဟုတ်ပါဘူး။ မိသားစုအတွင်း မောင်နှမအချင်းချင်း ဆက်ဆံရေး ကောင်းနေတတ်ပါတယ်။ ဝန်ထမ်းတွေ အကျိုးလိုပြီး ကြိုးစားရင် ထင်သလို ရလဒ် မထွက်တတ်ပါဘူး။အလုပ်နဲ့ ပတ်သက်ပြီးခရီးထွက်ရင် ကောင်းတတ်ပါတယ်။ ကျန်းမာရေး ကတော့ ဗိုက်နဲ့ ပတ်သက်တဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မတည့်တဲ့အစာတွေကြောင့် အစာမှားတတ်ပါတယ်။ ပညာရေးကတော့ အထစ်အငေါ့ ရှိပါတယ်။ အိမ်ထောင်ရှင် ချစ်သူတွေ အတွက် ဘေးစကားယုံတတ်တာရှောင်ပါ။
 
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားအား ခုနှစ်ရက်တိတိ အုန်းဖူး၊ အုန်းညွှန်တို့ဖြင့် ပူဇော်ပါ။အုန်းဆွမ်းကပ်ပေးပါ။
 
ပြည်ပထွက်ခွာလိုသူများ။ ။ ကိုယ်သွားမည် နိုင်ငံ၏နေနံသင့် ပန်းကို ဘုရားရှင်အား ကပ်လှူပူဇော်ပေးပါ။
 
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ အောင်သပြေ ၉ ညွှန့်ဖြင့် အောင်အမည်ပါ စေတီတွင် နံနက် ကိုးနာရီတိတိပူဇော်ပေးပါ။
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အိမ်ထဲရှိ စနေနံပစ္စည်း အဟောင်း များက သင့်ကိုအခက်အခဲဖြစ်စေခဲ့တာပါ။
 
လူမှုရေးအတိုက်အခံများသူများ။ ။ သမ္ဗုဒ္ဓေ ဂါထာက သင့်ကို အကာကွယ်ပေးပါ လိမ့်မယ်။ သင် သတိရတိုင်းရွတ်ဆိုပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ရေသတ္တဝါများကို အစာကြွေးပါ။ ထီကံကောင်း လိုသူများ။ ။ထီဆိုင်မှာ ၇ ဂဏန်းကိုရှောင်ပြီးထိုးပါ။
 
(  Zawgyi  )
 
 မိဘဆရာသမားတို႔ထံမွ အကူအညီေကာင္း အႀကံဉာဏ္ေကာင္း ရတတ္တဲ့ အခ်ိန္ကာလကိုသင္ေရာက္ေနပါၿပီ။ ဒီတစ္ပတ္ ပညာေရး၊လူမႈေရး၊ စီးပြားေရးအတြက္ တနဂၤေႏြ သားသမီးေတြကို တိုင္ပင္တာ သင့္အတြက္ အေကာင္းဆုံးပါဘဲ။ မထင္မွတ္ဘဲ အၿပိဳင္အဆိုင္ေတြျဖစ္လာၿပီး ေအာင္ျမင္မႈ သင္ရလာပါလိမ့္မယ္။ အလုပ္ထဲမွာ အထစ္အေငါ့ ေတြ ရွိေပမယ့္ သူဘာသာ ေျပလည္သြားပါလိမ့္မယ္။ အတိုက္အခံကေတာ့ ရွိေနပါတယ္။ သတိထားပါ။ဘုရားတရားလုပ္တာကလြဲၿပီးဘယ္အရာမွ သင့္ကို စိတ္ခ်မ္းသာေစမွာ မဟုတ္ပါဘူး။ မိသားစုအတြင္း ေမာင္ႏွမအခ်င္းခ်င္း ဆက္ဆံေရး ေကာင္းေနတတ္ပါတယ္။ ဝန္ထမ္းေတြ အက်ိဳးလိုၿပီး ႀကိဳးစားရင္ ထင္သလို ရလဒ္ မထြက္တတ္ပါဘူး။အလုပ္နဲ႔ ပတ္သက္ၿပီးခရီးထြက္ရင္ ေကာင္းတတ္ပါတယ္။ က်န္းမာေရး ကေတာ့ ဗိုက္နဲ႔ ပတ္သက္တဲ့ေရာဂါေတြ ျဖစ္တတ္ပါတယ္။ အထူးသျဖင့္ မတည့္တဲ့အစာေတြေၾကာင့္ အစာမွားတတ္ပါတယ္။ ပညာေရးကေတာ့ အထစ္အေငါ့ ရွိပါတယ္။ အိမ္ေထာင္ရွင္ ခ်စ္သူေတြ အတြက္ ေဘးစကားယုံတတ္တာေရွာင္ပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားအား ခုႏွစ္ရက္တိတိ အုန္းဖူး၊ အုန္းၫႊန္တို႔ျဖင့္ ပူေဇာ္ပါ။အုန္းဆြမ္းကပ္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ကိုယ္သြားမည္ ႏိုင္ငံ၏ေနနံသင့္ ပန္းကို ဘုရားရွင္အား ကပ္လႉပူေဇာ္ေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ ေအာင္သေျပ ၉ ၫႊန္႔ျဖင့္ ေအာင္အမည္ပါ ေစတီတြင္ နံနက္ ကိုးနာရီတိတိပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ အိမ္ထဲရွိ စေနနံပစၥည္း အေဟာင္း မ်ားက သင့္ကိုအခက္အခဲျဖစ္ေစခဲ့တာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ သမၺဳေဒၶ ဂါထာက သင့္ကို အကာကြယ္ေပးပါ လိမ့္မယ္။ သင္ သတိရတိုင္း႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေရသတၱဝါမ်ားကို အစာေႂကြးပါ။ ထီကံေကာင္း လိုသူမ်ား။ ။ထီဆိုင္မွာ ၇ ဂဏန္းကိုေရွာင္ၿပီးထိုးပါ။