【 ဗေဒင် 】အင်္ဂါသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

 ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသောကိစ္စများအတွက် အင်္ဂါသားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်း ငွေကံတွေကောင်းနေ တတ်ပေမယ့် ဘာသာ ရေး တွဲလုပ်ဖို့ လိုပါတယ်။ ဘုရားဖူးခရီးကောင်းများကြုံရတတ်တဲ့ အချိန်ပါ။ ဒီရက်တွေမှာ မိတ်ကောင်းဆွေကောင်းတွေ ရတတ်ပါ တယ်။စပ်တူကိစ္စတွေ စာချုပ်နဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ အောင်မြင်မှုပါ လိမ့်မယ်။ ကိုယ်အောက်က ဝန်ထမ်းကိစ္စတွေ ဘာကိစ္စမဆို အထစ် အငေါ့ အနှောက်အယှက်များနေရင် မနက်စောစော ဘုရားကိုသောက် တော်ရေချမ်းကပ်ပါ။ လုပ်ငန်း ခွင်အတွင်းစိတ်ပန်းကိုယ်ပန်း ဖြစ် တတ်ပါတယ်။ ကျန်းမာရေးကောင်းပေမယ့် လေထိုးလေအောင် စတဲ့ လေရောဂါတွေ၊ဒူးနာခါးနာစတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ ပညာသင်နေတဲ့သူ တွေတဲ့ ပညာရည်မှန်းချက် ပြည်စုံပါမယ်။ အိမ်ထောင်ရှင်များ ၊ ချစ်သူတွေကတော့ အဆင်မပြေဖြစ် တတ် ပေမယ့် ပြန်ပြေလည်ကာ ပိုချစ်သွားပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားစေတီများ တွင် ရှင်သီဝလီဂါထာ ပုတီး ၃ ပတ်စိပ်ကာ အိမ်တွင် ဇော်စိမ်း၊ဇော် ကျားပန်းကို စပ္ပယ်ပန်းနှင့်ရောထိုးပေးပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ ကိုယ်သွားလိုသောအရပ် မျက်နှာထောင့် ရှိ ဘုန်းကြီးကျောင်းသို့ သွားကာ နေရာ ထိုင်ခင်းလှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ ဘုရားစေတီများရှိ အင်္ဂါထောင့် တွင် ကိုယ်လျှောက်ထားသည့်အလုပ် ကို အာရုံပြုကာ မေတ္တာသုတ် သက်စေ့ရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အချစ်ရေး အဆင် မပြေပါက တနင်္လာနံသတ္တဝါများကို ကိုယ်လက်နှင့် ကိုင်ကာ အစာကျွေးပေးပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ လမ်းထဲတွင် နံနက်စောစော အမှိုက်များရှင်းလင်းပေးခြင်း၊ လမ်းပေါ်ရှိ ခဲများကို ဖယ်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။

ကျန်းမာရေးမကောင်းသူများ ။ ။ လမ်းနှင့်ချောင်းအကူးများတွင် နိုင်တံတားထိုးပေးပါ။

ထီကံကောင်းလိုသူများ။ ။ ယခုတစ်ပတ် သင့်အိမ်ရှေ့ရောက် လာသည့် ထီလှည်းဆိုင်မှ ၃ ဂဏန်းများ များပါသည် ထီကို ရှာထိုးပေးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ အဂၤါသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္း ေငြကံေတြေကာင္းေန တတ္ေပမယ့္ ဘာသာ ေရး တြဲလုပ္ဖို႔ လိုပါတယ္။ ဘုရားဖူးခရီးေကာင္းမ်ားႀကဳံရတတ္တဲ့ အခ်ိန္ပါ။ ဒီရက္ေတြမွာ မိတ္ေကာင္းေဆြေကာင္းေတြ ရတတ္ပါ တယ္။စပ္တူကိစၥေတြ စာခ်ဳပ္နဲ႔ လုပ္ရတဲ့ လုပ္ငန္းေတြ ေအာင္ျမင္မႈပါ လိမ့္မယ္။ ကိုယ္ေအာက္က ဝန္ထမ္းကိစၥေတြ ဘာကိစၥမဆို အထစ္ အေငါ့ အေႏွာက္အယွက္မ်ားေနရင္ မနက္ေစာေစာ ဘုရားကိုေသာက္ ေတာ္ေရခ်မ္းကပ္ပါ။ လုပ္ငန္း ခြင္အတြင္းစိတ္ပန္းကိုယ္ပန္း ျဖစ္ တတ္ပါတယ္။ က်န္းမာေရးေကာင္းေပမယ့္ ေလထိုးေလေအာင္ စတဲ့ ေလေရာဂါေတြ၊ဒူးနာခါးနာစတဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။ ပညာသင္ေနတဲ့သူ ေတြတဲ့ ပညာရည္မွန္းခ်က္ ျပည္စုံပါမယ္။ အိမ္ေထာင္ရွင္မ်ား ၊ ခ်စ္သူေတြကေတာ့ အဆင္မေျပျဖစ္ တတ္ ေပမယ့္ ျပန္ေျပလည္ကာ ပိုခ်စ္သြားပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားေစတီမ်ား တြင္ ရွင္သီဝလီဂါထာ ပုတီး ၃ ပတ္စိပ္ကာ အိမ္တြင္ ေဇာ္စိမ္း၊ေဇာ္ က်ားပန္းကို စပၸယ္ပန္းႏွင့္ေရာထိုးေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ကိုယ္သြားလိုေသာအရပ္ မ်က္ႏွာေထာင့္ ရွိ ဘုန္းႀကီးေက်ာင္းသို႔ သြားကာ ေနရာ ထိုင္ခင္းလႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ ဘုရားေစတီမ်ားရွိ အဂၤါေထာင့္ တြင္ ကိုယ္ေလွ်ာက္ထားသည့္အလုပ္ ကို အာ႐ုံျပဳကာ ေမတၱာသုတ္ သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ အခ်စ္ေရး အဆင္ မေျပပါက တနလၤာနံသတၱဝါမ်ားကို ကိုယ္လက္ႏွင့္ ကိုင္ကာ အစာေကြၽးေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ လမ္းထဲတြင္ နံနက္ေစာေစာ အမႈိက္မ်ားရွင္းလင္းေပးျခင္း၊ လမ္းေပၚရွိ ခဲမ်ားကို ဖယ္ေပးျခင္းက အေကာင္းဆုံးျဖစ္သည္။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ လမ္းႏွင့္ေခ်ာင္းအကူးမ်ားတြင္ ႏိုင္တံတားထိုးေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ ယခုတစ္ပတ္ သင့္အိမ္ေရွ႕ေရာက္ လာသည့္ ထီလွည္းဆိုင္မွ ၃ ဂဏန္းမ်ား မ်ားပါသည္ ထီကို ရွာထိုးေပးပါ။