【 ဗေဒင် 】အင်္ဂါသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

 ဒီရက်အတွင်း လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင် လိုသောကိစ္စများအတွက် တနင်္ဂနွေသားသမီး များနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ယခုကာလအတွင်း သင့်အတွက် ငွေဝင်ကောင်းနေ သလို ငွေကုန်ကြေး ကျများ နေတဲ့  ကာလထဲ ရောက် နေပါတယ်။ ယခင်အလုပ် ဟောင်း နေရာဟောင်းက သူငယ်ချင်းတွေနဲ့ ပြန်ဆုံရ ကိန်း ရှိသလို သူတို့ဆီက မမျှော်လင့်တဲ့ အကူအညီလည်း ရတတ်ပါ တယ်။ ဒီရက်ပိုင်း စီးပွားရေးကံလေးရှိနေလို့ လုပ်ငန်းသစ်တွေ၊ အလုပ်အကိုင်တွေ တိုးချဲ့လုပ်ကိုင်သင့်တဲ့ အချိန်ကာလပါ။  မိသားစု အတွင်း သားသမီး မောင်နှမများရဲ့ ကောင်းစကား ကြားရတတ် သလို သင့်ကံဇာတာ ပွင့်လန်းနေတာကြောင့် အတိုက်အခိုက်တွေ ယခင်ထက်ပေါများပြီး ရန်စနှောင့်ယှက်တာတွေကို ခံရကိန်းရှိပါ တယ်။ ပညာရေးကံ ကတော့ ဒီရက်ပိုင်း ကောင်းနေတတ်ပြီး အခက် အခဲတွေကြားကနေလိုချင်တဲ့ ရလဒ်အဖြေကို ရပါလိမ့်မယ်။  သမီး ရည်းစားများ ချစ်သူဆီက လက်ဆောင်ကောင်း ရပါလိမ့်မယ်။ အိမ်ထောင်ရှင်တွေကတော့ ရပ်ဝေးခွဲရကိန်းရှိနေပါတယ်။ ကျန်းမာရေး ကတော့  အာရုံကြောမကောင်းတာတွေ အဆာလွန်တဲ့ အစာအိမ်ရောဂါဖြစ်တာတွေ ဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။    ။ ဘုရားအား ယခု တစ်ပတ်လုံး ယာဂုဆွမ်း ကပ်လှူကာ  ရှင်သီဝလိဂါထာဖြင့် ရွတ်ဖတ် ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ သံဃာတော်များကို နိုင်သလောက် အာရုဏ်ဆွမ်းပုံမှန်ကပ်လှူပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ အောင်ဘွဲ့အမည်ဖြင့် စသော စေတီ၊ဘုရားများတွင်  နံနက်စောစော ပဋ္ဌာန်းဒေဿနာ ရွတ်ဖတ် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။     ။ မိမိ အိမ်ထောင်ဘက်အားရည်စူးကာ ဘုရားတွင်  နံနက် စောစော ကောက်ညှင်းပြန်ပေါင်းကပ်လှူပါ။

လူမှုရေးအတိုက်အခံများသူများ။    ။ မိုးလင်းသည်နှင့် ဘုရားအား သောက်တော်ရေကပ်ကာ မေတ္တာသုတ်ကို နေ့စဉ် သက်စေ့ ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ လမ်းကူး၊ချောင်းကူးများတွင် တံတားထိုးပါ။ကျောင်းကန်စေတီဝန်အတွင်းရှိ ဗောဓိညောင်ကို ညောင်ထောက်ပေးပါ။

ထီကံကောင်းလိုသူ များ။     ။ တနင်္ဂနွေနာမည်ဖြင့် စသော ထီဆိုင်တွင်  ၁ ပူး၊၃ ပူး  ဂဏန်းကိုများများပါအောင် ထိုးပါ။

(  Zawgyi  )

  ဒီရက္အတြင္း လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္ လိုေသာကိစၥမ်ားအတြက္ တနဂၤေႏြသားသမီး မ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုကာလအတြင္း သင့္အတြက္ ေငြဝင္ေကာင္းေန သလို ေငြကုန္ေၾကး က်မ်ား ေနတဲ့  ကာလထဲ ေရာက္ ေနပါတယ္။ ယခင္အလုပ္ ေဟာင္း ေနရာေဟာင္းက သူငယ္ခ်င္းေတြနဲ႔ ျပန္ဆုံရ ကိန္း ရွိသလို သူတို႔ဆီက မေမွ်ာ္လင့္တဲ့ အကူအညီလည္း ရတတ္ပါ တယ္။ ဒီရက္ပိုင္း စီးပြားေရးကံေလးရွိေနလို႔ လုပ္ငန္းသစ္ေတြ၊ အလုပ္အကိုင္ေတြ တိုးခ်ဲ႕လုပ္ကိုင္သင့္တဲ့ အခ်ိန္ကာလပါ။  မိသားစု အတြင္း သားသမီး ေမာင္ႏွမမ်ားရဲ႕ ေကာင္းစကား ၾကားရတတ္ သလို သင့္ကံဇာတာ ပြင့္လန္းေနတာေၾကာင့္ အတိုက္အခိုက္ေတြ ယခင္ထက္ေပါမ်ားၿပီး ရန္စေႏွာင့္ယွက္တာေတြကို ခံရကိန္းရွိပါ တယ္။ ပညာေရးကံ ကေတာ့ ဒီရက္ပိုင္း ေကာင္းေနတတ္ၿပီး အခက္ အခဲေတြၾကားကေနလိုခ်င္တဲ့ ရလဒ္အေျဖကို ရပါလိမ့္မယ္။  သမီး ရည္းစားမ်ား ခ်စ္သူဆီက လက္ေဆာင္ေကာင္း ရပါလိမ့္မယ္။ အိမ္ေထာင္ရွင္ေတြကေတာ့ ရပ္ေဝးခြဲရကိန္းရွိေနပါတယ္။ က်န္းမာေရး ကေတာ့  အာ႐ုံေၾကာမေကာင္းတာေတြ အဆာလြန္တဲ့ အစာအိမ္ေရာဂါျဖစ္တာေတြ ျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။    ။ ဘုရားအား ယခု တစ္ပတ္လုံး ယာဂုဆြမ္း ကပ္လႉကာ  ရွင္သီဝလိဂါထာျဖင့္ ႐ြတ္ဖတ္ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ သံဃာေတာ္မ်ားကို ႏိုင္သေလာက္ အာ႐ုဏ္ဆြမ္းပုံမွန္ကပ္လႉပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ ေအာင္ဘြဲ႕အမည္ျဖင့္ စေသာ ေစတီ၊ဘုရားမ်ားတြင္  နံနက္ေစာေစာ ပ႒ာန္းေဒႆနာ ႐ြတ္ဖတ္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။     ။ မိမိ အိမ္ေထာင္ဘက္အားရည္စူးကာ ဘုရားတြင္  နံနက္ ေစာေစာ ေကာက္ညႇင္းျပန္ေပါင္းကပ္လႉပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ မိုးလင္းသည္ႏွင့္ ဘုရားအား ေသာက္ေတာ္ေရကပ္ကာ ေမတၱာသုတ္ကို ေန႔စဥ္ သက္ေစ့ ႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ လမ္းကူး၊ေခ်ာင္းကူးမ်ားတြင္ တံတားထိုးပါ။ေက်ာင္းကန္ေစတီဝန္အတြင္းရွိ ေဗာဓိေညာင္ကို ေညာင္ေထာက္ေပးပါ။

ထီကံေကာင္းလိုသူ မ်ား။     ။ တနဂၤေႏြနာမည္ျဖင့္ စေသာ ထီဆိုင္တြင္  ၁ ပူး၊၃ ပူး  ဂဏန္းကိုမ်ားမ်ားပါေအာင္ ထိုးပါ။