【 ဗေဒင် 】အင်္ဂါ သားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ရန်လိုသူတွေ များနေတာ အင်္ဂါသားသမီးတွေရဲ့ ထုံးစံဆိုပေမယ့် ဒီကာလမှာတော့ ကံအတော်လေး ညံ့နေလို့ ဘုရားတရားမြဲနေဖို့ လိုပါတယ်။ ယခုရက်ပိုင်းအတွင်း ကိုယ့်နေနံတူရာ အင်္ဂါ သားတွေနဲ့ တိုင်ပင်မှဘဲ သင့်အတွက် လူမှုရေး ၊စီးပွားရေး၊ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင် ပါလိမ့်မယ်။ ဒီရက်ပိုင်း ခရီးထွက်တာတွေ၊ဘုရားဖူးသွားရတာတွေ ပေါ်တတ်ပေမယ့် ပျက်တတ် ပါတယ်။သွားဖြစ်လည်း ပျက်ကိန်းရှိပါတယ်။ သင့်အတွက်လူမျိုး ကွဲတွေနဲ့ စပ်တူလုပ်ရတဲ့ အလုပ်တွေ အကျိုးပေးပါတယ်။  အနုပညာ၊ ကား၊အလှကုန်၊ကွန်ပျူတာ စတဲ့အ လုပ်တွေ အကျိုးပေးပေမယ့် မရွေ့မပြောင်းနိုင်တဲ့ အိမ်ခြံမြေ စတဲ့ အလုပ်တွေ ကိုတော့ ခဏရပ်ထား သင့်ပါတယ်။ အဆိုးထဲက အကောင်းအဖြစ် ငွေများများဝင်ကိန်းရှိနေပါတယ်။ ပညာရေး ကတော့  လိုရာရောက်ဖို့ အားထုတ်ရမယ့် အချိန်အခါပါ။ အိမ်ထောင်ရှင်များ ဒီအချိန်မှာ ညီညွတ်နေတတ်လို့ စိတ်ချမ်းသာရမှာ ဖြစ်သလို သမီးရည်းစားများ ချစ်သူဆီက သတင်းကောင်းကြားရပါမယ်။ ကျန်းမာရေးကတော့ အညောင်းထိုင်တာတွေ အိပ်ရေးပျက်တာတွေကြောင့် အာရုံကြော ထိခိုက်နိုင်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအား စံပ္ပယ်ပန်းကို ခုနှစ်ရက်လုံး ဘုရားပန်းလှူကာ ဆီထမင်းကပ်လှူပေးပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ဘုရားရှေ့တွင် ကိုးရက်တိတိ တဟိ့ ံတဟိ့ ံဂါထာ သက်စေ့ရွတ် ဆိုပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။     ။ အလုပ်ကိစ္စသွားတိုင်း အိတ်ထဲတွင်ဖြစ်စေ စိန်ပန်းနှင့် အောင်သပြေကို ဆောင်သွားပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်တွင် နှစ်ဦး၏နေ့သင့်နံသင့် ပန်းကို ပန်းအိုး တစ်အိုးဖြင့် သက်သက် ထိုးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။ဘုရားအား ရေသပ္ပါယ်ခြင်း၊စေတီရင်ပြင်များတွင် အမှိုက်များ ကောက်ခြင်း အား ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။   ။ ရေသတ္တဝါများကို မကြာခဏ အစာကျွေးပါ။

ထီပေါက်လိုသူများ။  ။ အင်္ဂါနံထီဆိုင်တွင် ၃ ဂဏန်းများများပါသော ထီကို  ထိုးပါ။ လမ်းထဲရှိခွေးများကို အစာကျွေးပါ။

(  Zawgyi  )

 ရန္လိုသူေတြ မ်ားေနတာ အဂၤါသားသမီးေတြရဲ႕ ထုံးစံဆိုေပမယ့္ ဒီကာလမွာေတာ့ ကံအေတာ္ေလး ညံ့ေနလို႔ ဘုရားတရားၿမဲေနဖို႔ လိုပါတယ္။ ယခုရက္ပိုင္းအတြင္း ကိုယ့္ေနနံတူရာ အဂၤါ သားေတြနဲ႔ တိုင္ပင္မွဘဲ သင့္အတြက္ လူမႈေရး ၊စီးပြားေရး၊ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ႏိုင္ ပါလိမ့္မယ္။ ဒီရက္ပိုင္း ခရီးထြက္တာေတြ၊ဘုရားဖူးသြားရတာေတြ ေပၚတတ္ေပမယ့္ ပ်က္တတ္ ပါတယ္။သြားျဖစ္လည္း ပ်က္ကိန္းရွိပါတယ္။ သင့္အတြက္လူမ်ိဳး ကြဲေတြနဲ႔ စပ္တူလုပ္ရတဲ့ အလုပ္ေတြ အက်ိဳးေပးပါတယ္။  အႏုပညာ၊ ကား၊အလွကုန္၊ကြန္ပ်ဴတာ စတဲ့အ လုပ္ေတြ အက်ိဳးေပးေပမယ့္ မေ႐ြ႕မေျပာင္းႏိုင္တဲ့ အိမ္ၿခံေျမ စတဲ့ အလုပ္ေတြ ကိုေတာ့ ခဏရပ္ထား သင့္ပါတယ္။ အဆိုးထဲက အေကာင္းအျဖစ္ ေငြမ်ားမ်ားဝင္ကိန္းရွိေနပါတယ္။ ပညာေရး ကေတာ့  လိုရာေရာက္ဖို႔ အားထုတ္ရမယ့္ အခ်ိန္အခါပါ။ အိမ္ေထာင္ရွင္မ်ား ဒီအခ်ိန္မွာ ညီၫြတ္ေနတတ္လို႔ စိတ္ခ်မ္းသာရမွာ ျဖစ္သလို သမီးရည္းစားမ်ား ခ်စ္သူဆီက သတင္းေကာင္းၾကားရပါမယ္။ က်န္းမာေရးကေတာ့ အေညာင္းထိုင္တာေတြ အိပ္ေရးပ်က္တာေတြေၾကာင့္ အာ႐ုံေၾကာ ထိခိုက္ႏိုင္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအား စံပၸယ္ပန္းကို ခုႏွစ္ရက္လုံး ဘုရားပန္းလႉကာ ဆီထမင္းကပ္လႉေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ဘုရားေရွ႕တြင္ ကိုးရက္တိတိ တဟိ့ ံတဟိ့ ံဂါထာ သက္ေစ့႐ြတ္ ဆိုေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။     ။ အလုပ္ကိစၥသြားတိုင္း အိတ္ထဲတြင္ျဖစ္ေစ စိန္ပန္းႏွင့္ ေအာင္သေျပကို ေဆာင္သြားေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ အိမ္တြင္ ႏွစ္ဦး၏ေန႔သင့္နံသင့္ ပန္းကို ပန္းအိုး တစ္အိုးျဖင့္ သက္သက္ ထိုးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ဘုရားအား ေရသပၸါယ္ျခင္း၊ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ား ေကာက္ျခင္း အား ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။   ။ ေရသတၱဝါမ်ားကို မၾကာခဏ အစာေကြၽးပါ။

ထီေပါက္လိုသူမ်ား။  ။ အဂၤါနံထီဆိုင္တြင္ ၃ ဂဏန္းမ်ားမ်ားပါေသာ ထီကို  ထိုးပါ။ လမ္းထဲရွိေခြးမ်ားကို အစာေကြၽးပါ။