【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်း မိတ်ကောင်းဆွေကောင်းတွေက သင်အခက်အခဲရှိနေရင် လာကူညီပါလိမ့်မယ်။စိတ်ဒွဟဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်စရာတွေ ဒီကာလမှာရှိနေတဲ့အတွက် စိတ်ရှည်ရှည်ထားမှ အမှားကင်းပြီး အောင်မြင်မှုရပါလိမ့်မယ်။သင့်အတွက် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံး အကြံပေးနိုင်တာက နေ့နံတူ ကြာသပတေး သားသမီးတွေပါ။လုပ်ငန်းခွင်မှာ စိတ်တိုင်းမကျစရာတွေ အထင်လွဲစွပ်စွဲစရာတွေ ကြုံရတတ်ပါတယ်။အိမ်တွင်းရေးက သာယာနေတတ်သလို မိသားစုဆွေမျိုးများအတွင်း ပျော်ရွှင်ရမယ့် အချိန်ကာလပါ။ဒီကာလအတွင်း စပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။ကျန်းမာရေးက ကောင်းနေပေမယ့် အကျောအဆစ် ခါးနာစတဲ့ရောဂါတွေ အဖြစ်များတတ်ပါတယ်။ပညာရေးကတော့ အာရုံစိုက်မှ ကောင်းမယ့်အချိန်ပါ။အိမ်ထောင်ရှင် ချစ်သူအချင်းချင်း အဆင်မပြေမှုတွေ လမ်းခွဲရကိန်းတွေ ရှိနေတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား သစ်သီး၊ ပန်းသစ်တော်သီးကို ခွဲစိပ်ကာ ကျကျနန ရိုရိုသေသေ ကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မနက်စောစော လဘက်ရည်ဆိုင်၊ မုန့်ဆိုင်များတွင် ကိုယ်စားသောက်နေစဉ် လာနှုတ်ဆက်သူကို  ခေါ်ကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ မိမိနေ့နံထောင်အရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို တစ်ပတ်လုံး ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။အချိန်ရတိုင်း မေတ္တာသုတ်ဆိုပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မနက်စောစော လမ်းသန့်ရှင်းရေး လုပ်ပေးရင်း အရဟံ၊ သံမ္ဗုဒ္ဓေ ဂါထာနှစ်မျိုးလုံး သက်စေ့ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရေသတ္တဝါများကို ယခုတစ်ပတ်လုံး အစာကျွေးပါ။  

ထီကံကောင်းလိုသူများ ။     ။ မိမိအိမ်ရှေ့လာရပ်သည့် ထီကားကိုတွေ့လျှင် ၅အစ ၅  အဆုံး ထီနံပါတ်ကို ရှာထိုးပါ။
( Zawgyi )
ဒီတစ္ပတ္အတြင္း မိတ္ေကာင္းေဆြေကာင္းေတြက သင္အခက္အခဲရွိေနရင္ လာကူညီပါလိမ့္မယ္။စိတ္ဒြဟျဖစ္စရာေတြ၊ ဆုံးျဖတ္ရခက္စရာေတြ ဒီကာလမွာရွိေနတဲ့အတြက္ စိတ္ရွည္ရွည္ထားမွ အမွားကင္းၿပီး ေအာင္ျမင္မႈရပါလိမ့္မယ္။သင့္အတြက္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံး အႀကံေပးႏိုင္တာက ေန႔နံတူ ၾကာသပေတး သားသမီးေတြပါ။လုပ္ငန္းခြင္မွာ စိတ္တိုင္းမက်စရာေတြ အထင္လြဲစြပ္စြဲစရာေတြ ႀကဳံရတတ္ပါတယ္။အိမ္တြင္းေရးက သာယာေနတတ္သလို မိသားစုေဆြမ်ိဳးမ်ားအတြင္း ေပ်ာ္႐ႊင္ရမယ့္ အခ်ိန္ကာလပါ။ဒီကာလအတြင္း စပ္တူကိစၥေတြ အက်ိဳးမေပးတတ္ပါဘူး။က်န္းမာေရးက ေကာင္းေနေပမယ့္ အေက်ာအဆစ္ ခါးနာစတဲ့ေရာဂါေတြ အျဖစ္မ်ားတတ္ပါတယ္။ပညာေရးကေတာ့ အာ႐ုံစိုက္မွ ေကာင္းမယ့္အခ်ိန္ပါ။အိမ္ေထာင္ရွင္ ခ်စ္သူအခ်င္းခ်င္း အဆင္မေျပမႈေတြ လမ္းခြဲရကိန္းေတြ ရွိေနတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား သစ္သီး၊ ပန္းသစ္ေတာ္သီးကို ခြဲစိပ္ကာ က်က်နန ႐ို႐ိုေသေသ ကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မနက္ေစာေစာ လဘက္ရည္ဆိုင္၊ မုန႔္ဆိုင္မ်ားတြင္ ကိုယ္စားေသာက္ေနစဥ္ လာႏႈတ္ဆက္သူကို  ေခၚေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ မိမိေန႔နံေထာင္အရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို တစ္ပတ္လုံး ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။အခ်ိန္ရတိုင္း ေမတၱာသုတ္ဆိုေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ မနက္ေစာေစာ လမ္းသန႔္ရွင္းေရး လုပ္ေပးရင္း အရဟံ၊ သံမၺဳေဒၶ ဂါထာႏွစ္မ်ိဳးလုံး သက္ေစ့႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေရသတၱဝါမ်ားကို ယခုတစ္ပတ္လုံး အစာေကြၽးပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ မိမိအိမ္ေရွ႕လာရပ္သည့္ ထီကားကိုေတြ႕လွ်င္ ၅အစ ၅  အဆုံး ထီနံပါတ္ကို ရွာထိုးပါ။