【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

လူမှုရေး ၊စီးပွားရေး၊ ပညာရေးအောင်မြင်လိုတဲ့ ကိစ္စတွေမှာ ယခုတစ်ပတ် အင်္ဂါသမီးများနှင့် သာ တိုင်ပင် ဆောင်ရွက်သင့်ပါတယ်။ အလုပ်နဲ့ ပတ်သက်ရင်တော့ အထူးအောင်မြင်နေတဲ့ အချိန်ကာလ အပိုင်း အခြားထဲရောက်နေပါတယ်။ ကိုယ်ပိုင်လုပ်ငန်းနဲ့ လုပ်ငန်းခွင်အတွင်း မထင်လောက်အောင် အောင်မြင်တိုး တက်နေတဲ့ အတွက် အလုပ်တွေ တိုးချဲ့သင့်သလို အတိုက်အခိုက်များပြီး အနှောင့်အယှက်တွေရှိပေမယ့် နောက် ဆုံးမှာ အောင်မြင်မှုရလာပါလိမ့် မယ်။ ဒီကာလအတွင်းမိဘဆရာသမားတို့ထံမှ အကူအညီကောင်း အကြံဉာဏ် ကောင်းရ တတ်သလို ဆုံးပြီထင်တဲ့ ငွေ၊စက်ပစ္စည်းနဲ့ အခွင့်အရေးတွေ ပြန်ရတတ်တဲ့ အချိန်ကာလပါ။ငွေရွှင်သလို မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့ရတတ်ပါတယ်။ ယခင်ပြဿနာဟောင်းလဲ ရင်ဆိုင်ရတတ်ပါ တယ်။ ကျောက် မျက်ကုန်သည်တွေ၊ ကား ဝယ်ရောင်းတွေ၊ အွန်လိုင်းရောင်းဝယ်သူတွေ အဆင်ပြေမယ့် အချိန်ကာလပါ။ ကျန်းမာရေးကတော့ ရောဂါဟောင်း တွေ ပြန်ဖြစ်တတ်ပါတယ်။ ပညာရေးကတော့ အထစ်အငေါ့ ရှိပါတယ်။ အိမ် ထောင်ရှင် စိတ်အနှောင့် အယှက်ဖြစ်စရာတွေကြုံရတတ်သလို ချစ်သူတွေ အတွက်ကတော့ ဆုံးဖြတ်စရာတွေများ လို့ တွေဝေရမယ့် ကာလထဲရောက်နေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားအားခုနှစ်ရက်တိတိ ကြာဇံ‌ကြော်ဖြင့် ကပ်လှူပေးပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ ကိုယ်သွားမည် နိုင်ငံ၏နေနံသင့် ပန်းကိုဘုရားရှင်အားကပ်လှူပးဇော်ပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။ အောင်သပြေ ၉ ညွှန်ဖြင့် အင်္ဂါနံဘွဲ့အမည်ပါစေတီတွင် နံနက် ကိုးနာရီတိတိပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။ အိမ်ထဲရှိ စနေနံပစ္စည်းအဟောင်းများကသင့်ကို အခက် အခဲဖြစ်စေခဲ့တာပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ သမ္ဗုဒ္ဓေ ဂါထာက သင့်ကိုအကာကွယ်ပေးပါလိမ့်မယ်။သင် သတိရတိုင်း ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ လမ်းထဲရှိကျန်းမာရေးမကောင်းသည့် သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ။ ။ တနင်္လာနံထီဆိုင်တွင် ၃ အစ ၅ အဆုံး ဂဏန်းပါထီလက်မှတ်ကို ရွေးထိုးပါ။

( Zawgyi )

လူမႈေရး ၊စီးပြားေရး၊ ပညာေရးေအာင္ျမင္လိုတဲ့ ကိစၥေတြမွာ ယခုတစ္ပတ္ အဂၤါသမီးမ်ားႏွင့္ သာ တိုင္ပင္ ေဆာင္႐ြက္သင့္ပါတယ္။ အလုပ္နဲ႔ ပတ္သက္ရင္ေတာ့ အထူးေအာင္ျမင္ေနတဲ့ အခ်ိန္ကာလ အပိုင္း အျခားထဲေရာက္ေနပါတယ္။ ကိုယ္ပိုင္လုပ္ငန္းနဲ႔ လုပ္ငန္းခြင္အတြင္း မထင္ေလာက္ေအာင္ ေအာင္ျမင္တိုး တက္ေနတဲ့ အတြက္ အလုပ္ေတြ တိုးခ်ဲ႕သင့္သလို အတိုက္အခိုက္မ်ားၿပီး အေႏွာင့္အယွက္ေတြရွိေပမယ့္ ေနာက္ ဆုံးမွာ ေအာင္ျမင္မႈရလာပါလိမ့္ မယ္။ ဒီကာလအတြင္းမိဘဆရာသမားတို႔ထံမွ အကူအညီေကာင္း အႀကံဉာဏ္ ေကာင္းရ တတ္သလို ဆုံးၿပီထင္တဲ့ ေငြ၊စက္ပစၥည္းနဲ႔ အခြင့္အေရးေတြ ျပန္ရတတ္တဲ့ အခ်ိန္ကာလပါ။ေငြ႐ႊင္သလို မိတ္ေဟာင္းေဆြေဟာင္းေတြ ျပန္ေတြ႕ရတတ္ပါတယ္။ ယခင္ျပႆနာေဟာင္းလဲ ရင္ဆိုင္ရတတ္ပါ တယ္။ ေက်ာက္ မ်က္ကုန္သည္ေတြ၊ ကား ဝယ္ေရာင္းေတြ၊ အြန္လိုင္းေရာင္းဝယ္သူေတြ အဆင္ေျပမယ့္ အခ်ိန္ကာလပါ။ က်န္းမာေရးကေတာ့ ေရာဂါေဟာင္း ေတြ ျပန္ျဖစ္တတ္ပါတယ္။ ပညာေရးကေတာ့ အထစ္အေငါ့ ရွိပါတယ္။ အိမ္ ေထာင္ရွင္ စိတ္အေႏွာင့္ အယွက္ျဖစ္စရာေတြႀကဳံရတတ္သလို ခ်စ္သူေတြ အတြက္ကေတာ့ ဆုံးျဖတ္စရာေတြမ်ား လို႔ ေတြေဝရမယ့္ ကာလထဲေရာက္ေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားအားခုႏွစ္ရက္တိတိ ၾကာဇံ‌ေၾကာ္ျဖင့္ ကပ္လႉေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ကိုယ္သြားမည္ ႏိုင္ငံ၏ေနနံသင့္ ပန္းကိုဘုရားရွင္အားကပ္လႉပးေဇာ္ေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။ ေအာင္သေျပ ၉ ၫႊန္ျဖင့္ အဂၤါနံဘြဲ႕အမည္ပါေစတီတြင္ နံနက္ ကိုးနာရီတိတိပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။ အိမ္ထဲရွိ စေနနံပစၥည္းအေဟာင္းမ်ားကသင့္ကို အခက္ အခဲျဖစ္ေစခဲ့တာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ သမၺဳေဒၶ ဂါထာက သင့္ကိုအကာကြယ္ေပးပါလိမ့္မယ္။သင္ သတိရတိုင္း ႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ လမ္းထဲရွိက်န္းမာေရးမေကာင္းသည့္ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ တနလၤာနံထီဆိုင္တြင္ ၃ အစ ၅ အဆုံး ဂဏန္းပါထီလက္မွတ္ကို ေ႐ြးထိုးပါ။