【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း ငွေဝင်ကောင်းနေသလို ငွေထွက်လည်းကောင်းနေလို့ ရသမျှအဖတ်မတင်တတ်ပါဘူး။ယခုရက်ပိုင်းအတွင်း အင်္ဂါ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။အိုးသစ်၊ အိမ်သစ်၊ လုပ်ငန်းအသစ်တွေ လုပ်ရကိန်းရှိပြီး ပြည်ပခရီးတွေ သွားရတတ်ပါတယ်။ဒါပေမယ့် ကံအညံ့လေးတွေများနေတတ်သလို့  အနှောင့်အယှက်တွေလည်း ရှိနေတတ်ပါတယ်။လက်အောက်ငယ်သားကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။လူမျိုးခြားဘာသာခြားတွေနဲ့ လုပ်တဲ့အလုပ်တွေ၊ စပ်တူကိစ္စတွေ၊ စာချုပ်ကိစ္စတွေ ခေတ္တရပ်ထားပါဦး။ကုန်ရောင်းကုန်ဝယ်အလုပ်တွေ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေ၊ အသီးအနှံရောင်းဝယ်သူတွေ အဆင်ပြေမယ့်အချိန်ကာလပါ။ခရီးထွက်ရတာတွေ ဘာသာရေးလုပ်ရတာတွေ ယခုတစ်ပတ်မှာ ပေါ်တတ်ပါတယ်။ပညာရေးကံ သိပ်မကောင်းဘဲ ပန်းအဝင်မှာ ခြေချော်တတ်လို့ သတိထားနေသင့်ပါတယ်။ကျန်းမာရေးမှာ အစာအိမ်၊ ဆီး ဒုက္ခပေးတတ်ပါတယ်။အိမ်ထောင်ရှင်များ စိတ်ဆိုးစိတ်ကောက် ရန်ဖြစ်တတ်သလို သမီးရည်းစားများ ခဏတာဝေးရမယ့်ကိန်း ရှိနေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး စိန်ပန်း၊ ဆီးသီး စသည်တို့ဖြင့် သစ်သီးဆွမ်းကပ်လှူပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ အလှူခံ ကိုယ့်ဆီလာပါက မငြင်းဘဲ မိမိနိုင်သလောက်လှူကာ စိတ်ထဲမှ ထွက်ပြီထွက်ပြီဟု ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ယခုတစ်ပတ်ထဲ စေတီပုထိုးများ၏ အင်္ဂါထောင့်တွင် အရဟံဂုဏ်တော်ကို သက်စေ့ အဓိဋ္ဌာန်ပုတီးစိပ် ပူဇော်ပေးပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် စက်ပစ္စည်းအဟောင်းအပျက်များရှိနေပါက ဖယ်ရှားပေးပါ။အထူးသဖြင့် ကုတင်အောက်တွင်ရှိပါက အမြန်ဆုံးဖယ်ရှားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီရင်ပြင်များတွင် အမှိုက်များရှင်းလင်းပေးခြင်းက သင့်အတွက်အကောင်းဆုံးဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းသူများ ။     ။ သွားရင်းလာရင်း ရေသတ္တဝါအရှင်များတွေ့ပါက ဝယ်ကာလွှတ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ မွေးနေ့တွင် လမ်းသွားရင်းတွေ့သည့် ထီဆိုင်၌ ၃/၄ စသည့် ဂဏန်းတွဲများများပါသည့် ထီလက်မှတ်တွေ့ပါက ဈေးမဆစ်ဘဲ ထိုးလိုက်ပါ။
( Zawgyi )
ဒီရက္ပိုင္းအတြင္း ေငြဝင္ေကာင္းေနသလို ေငြထြက္လည္းေကာင္းေနလို႔ ရသမွ်အဖတ္မတင္တတ္ပါဘူး။ယခုရက္ပိုင္းအတြင္း အဂၤါ သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။အိုးသစ္၊ အိမ္သစ္၊ လုပ္ငန္းအသစ္ေတြ လုပ္ရကိန္းရွိၿပီး ျပည္ပခရီးေတြ သြားရတတ္ပါတယ္။ဒါေပမယ့္ ကံအညံ့ေလးေတြမ်ားေနတတ္သလို႔  အေႏွာင့္အယွက္ေတြလည္း ရွိေနတတ္ပါတယ္။လက္ေအာက္ငယ္သားေၾကာင့္ စိတ္ရႈပ္ရတတ္ပါတယ္။လူမ်ိဳးျခားဘာသာျခားေတြနဲ႔ လုပ္တဲ့အလုပ္ေတြ၊ စပ္တူကိစၥေတြ၊ စာခ်ဳပ္ကိစၥေတြ ေခတၱရပ္ထားပါဦး။ကုန္ေရာင္းကုန္ဝယ္အလုပ္ေတြ၊ ခရီးသြားလုပ္ငန္းလုပ္ကိုင္သူေတြ၊ အသီးအႏွံေရာင္းဝယ္သူေတြ အဆင္ေျပမယ့္အခ်ိန္ကာလပါ။ခရီးထြက္ရတာေတြ ဘာသာေရးလုပ္ရတာေတြ ယခုတစ္ပတ္မွာ ေပၚတတ္ပါတယ္။ပညာေရးကံ သိပ္မေကာင္းဘဲ ပန္းအဝင္မွာ ေျခေခ်ာ္တတ္လို႔ သတိထားေနသင့္ပါတယ္။က်န္းမာေရးမွာ အစာအိမ္၊ ဆီး ဒုကၡေပးတတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား စိတ္ဆိုးစိတ္ေကာက္ ရန္ျဖစ္တတ္သလို သမီးရည္းစားမ်ား ခဏတာေဝးရမယ့္ကိန္း ရွိေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး စိန္ပန္း၊ ဆီးသီး စသည္တို႔ျဖင့္ သစ္သီးဆြမ္းကပ္လႉေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ အလႉခံ ကိုယ့္ဆီလာပါက မျငင္းဘဲ မိမိႏိုင္သေလာက္လႉကာ စိတ္ထဲမွ ထြက္ၿပီထြက္ၿပီဟု ႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ယခုတစ္ပတ္ထဲ ေစတီပုထိုးမ်ား၏ အဂၤါေထာင့္တြင္ အရဟံဂုဏ္ေတာ္ကို သက္ေစ့ အဓိ႒ာန္ပုတီးစိပ္ ပူေဇာ္ေပးပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ စက္ပစၥည္းအေဟာင္းအပ်က္မ်ားရွိေနပါက ဖယ္ရွားေပးပါ။အထူးသျဖင့္ ကုတင္ေအာက္တြင္ရွိပါက အျမန္ဆုံးဖယ္ရွားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားရွင္းလင္းေပးျခင္းက သင့္အတြက္အေကာင္းဆုံးျဖစ္ပါတယ္။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ သြားရင္းလာရင္း ေရသတၱဝါအရွင္မ်ားေတြ႕ပါက ဝယ္ကာလႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေမြးေန႔တြင္ လမ္းသြားရင္းေတြ႕သည့္ ထီဆိုင္၌ ၃/၄ စသည့္ ဂဏန္းတြဲမ်ားမ်ားပါသည့္ ထီလက္မွတ္ေတြ႕ပါက ေဈးမဆစ္ဘဲ ထိုးလိုက္ပါ။