【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ် သင့်အတွက် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင်တာက အင်္ဂါ သားသမီးတွေပါ။လုပ်ငန်းခွင်မှာ အတိုက်အခံများပြီး ဘာပဲလုပ်လုပ် အခက်အခဲတွေရှိနေတတ်ပါတယ်။တတ်နိုင်သမျှ စိတ်အေးအေးထားပြီး လုပ်ကိုင်သင့်တဲ့အချိန်ပါ။ဒီကာလမှာ လက်ရှိအလုပ်အကိုင်ကနေ တခြားလုပ်ငန်းကို ပြောင်းခွင့်ရတဲ့အခွင့်အရေး ကြုံတတ်သလို ဘ၀တဆစ်ချိုးကာလကိုလဲ ရောက်နေပါတယ်။အားလုံးအဆင်ပြေသွားမှာပါ။လက်ရှိ အလုပ်ကထွက်ချင်တဲ့စိတ်တွေ ပေါ်နေတတ်သလို တခြားအလုပ်ကို စိတ်ယိုင်နေတတ်ပါတယ်။
မိတ်ကောင်းဆွေကောင်းတွေက သင်အခက်အခဲရှိနေရင် လာကူညီပါလိမ့်မယ်။လုပ်ငန်းခွင်ဆက်ဆံရေးနဲ့ ဆန့်ကျင်ဘက် အိမ်တွင်းရေးက သာယာနေတတ်သလို မိသားစုဆွေမျိုးများအတွင်း ပျော်ရွှင်ရမယ့် အချိန်ကာလပါ။ဒီရက်ပိုင်း စပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။အိမ်ခြံမြေ နဲ့ အထည်အလိပ်လုပ်ငန်းတွေ ကောင်းပါတယ်။ကျန်းမာရေးက ကောင်းနေပေမယ့် ခါး၊ အစာအိမ်၊ ခြေထောက်တွေ ဂရုစိုက်ပါ။ပညာရေးကတော့ အာရုံစိုက်သလောက် ဆတိုးအကျိုးများတဲ့အချိန်ပါ။အိမ်ထောင်ရှင်ချစ်သူအချင်းချင်း အဆင်မပြေမှုတွေ ရှိနေတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ဆီထမင်းကို အုန်းသီးဖွေးဖွေးဖြင့် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ လမ်းထဲ ဆွမ်းဆန်ကြွသည့် သီလရှင်ဆရာများကို ဆွမ်းဆန်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ အင်္ဂါထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ သင့်အိမ်ထောင်ဘက်၏ ပုံမှန်အသုံးအဆောင်တစ်ခုကို ခေါင်းအုံးအောက်ထားအိပ်ကာ စိတ်ထဲက မေတ္တာသုတ်ရွတ်ဆိုပြီး အိပ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် အရဟံ၊ သံမ္ဗုဒ္ဓေဂါထာ နှစ်မျိုးလုံး သက်စေ့ရွတ်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရေသတ္တဝါများကို အစာခုနှစ်ရက်ကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ အင်္ဂါနံထီဆိုင်တွင် ၃ အစ ၅ အဆုံး ထီနံပါတ်ကိုရှာထိုးပါ။
( Zawgyi )
ဒီတစ္ပတ္ သင့္အတြက္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက အဂၤါ သားသမီးေတြပါ။လုပ္ငန္းခြင္မွာ အတိုက္အခံမ်ားၿပီး ဘာပဲလုပ္လုပ္ အခက္အခဲေတြရွိေနတတ္ပါတယ္။တတ္ႏိုင္သမွ် စိတ္ေအးေအးထားၿပီး လုပ္ကိုင္သင့္တဲ့အခ်ိန္ပါ။ဒီကာလမွာ လက္ရွိအလုပ္အကိုင္ကေန တျခားလုပ္ငန္းကို ေျပာင္းခြင့္ရတဲ့အခြင့္အေရး ႀကဳံတတ္သလို ဘ၀တဆစ္ခ်ိဳးကာလကိုလဲ ေရာက္ေနပါတယ္။အားလုံးအဆင္ေျပသြားမွာပါ။လက္ရွိ အလုပ္ကထြက္ခ်င္တဲ့စိတ္ေတြ ေပၚေနတတ္သလို တျခားအလုပ္ကို စိတ္ယိုင္ေနတတ္ပါတယ္။
မိတ္ေကာင္းေဆြေကာင္းေတြက သင္အခက္အခဲရွိေနရင္ လာကူညီပါလိမ့္မယ္။လုပ္ငန္းခြင္ဆက္ဆံေရးနဲ႔ ဆန႔္က်င္ဘက္ အိမ္တြင္းေရးက သာယာေနတတ္သလို မိသားစုေဆြမ်ိဳးမ်ားအတြင္း ေပ်ာ္႐ႊင္ရမယ့္ အခ်ိန္ကာလပါ။ဒီရက္ပိုင္း စပ္တူကိစၥေတြ အက်ိဳးမေပးတတ္ပါဘူး။အိမ္ၿခံေျမ နဲ႔ အထည္အလိပ္လုပ္ငန္းေတြ ေကာင္းပါတယ္။က်န္းမာေရးက ေကာင္းေနေပမယ့္ ခါး၊ အစာအိမ္၊ ေျခေထာက္ေတြ ဂ႐ုစိုက္ပါ။ပညာေရးကေတာ့ အာ႐ုံစိုက္သေလာက္ ဆတိုးအက်ိဳးမ်ားတဲ့အခ်ိန္ပါ။အိမ္ေထာင္ရွင္ခ်စ္သူအခ်င္းခ်င္း အဆင္မေျပမႈေတြ ရွိေနတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ဆီထမင္းကို အုန္းသီးေဖြးေဖြးျဖင့္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ လမ္းထဲ ဆြမ္းဆန္ႂကြသည့္ သီလရွင္ဆရာမ်ားကို ဆြမ္းဆန္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ အဂၤါေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန႔္ရွင္းေရးလုပ္ၿပီး ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ သင့္အိမ္ေထာင္ဘက္၏ ပုံမွန္အသုံးအေဆာင္တစ္ခုကို ေခါင္းအုံးေအာက္ထားအိပ္ကာ စိတ္ထဲက ေမတၱာသုတ္႐ြတ္ဆိုၿပီး အိပ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ အရဟံ၊ သံမၺဳေဒၶဂါထာ ႏွစ္မ်ိဳးလုံး သက္ေစ့႐ြတ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေရသတၱဝါမ်ားကို အစာခုႏွစ္ရက္ေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ အဂၤါနံထီဆိုင္တြင္ ၃ အစ ၅ အဆုံး ထီနံပါတ္ကိုရွာထိုးပါ။