【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း မိသားစုအတွင်း၊ အလုပ်အတွင်း စကားအခြေအတင်ပြောရကိန်းရှိသလို ဆွေမျိုး၊ညီ အစ်ကို မောင်နှမများရဲ့အရေးကိစ္စများကိုလည်း ကူညီဖြေရှင်းပေးရတတ်ပါတယ်။ ဌာနတွင်းအထက်လူကြီး၊ မိသားစုအတွင်းကြီးကဲသူကြောင့် စိတ်ဒုက္ခရောက်ရကိန်းရှိသလို လုပ်ငန်း လမ်းစသစ်၊ အခွင့်အရေးသစ်များ မှန်းထား သလိုမဖြစ်ဘဲ လွဲချော်တတ်ပါတယ်။နေရထိုင်ရတာ၊လုပ်ငန်းခွင်မှာ ၊စာသင်ရာမှာ မပျော်တော့ဘဲ ထွက်သွားချင်စိတ်၊ငြီးငွေ့တဲ့ စိတ်တွေ ဖြစ်တတ်သလို အရင်းနှီးဆုံးသူကိုတောင် အပြစ်မြင်တတ်တဲ့ စိတ်အကျ ဆုံးအချိန်ကိုရောက်နေပါတယ်။ ဘာမှ ဆို စိတ်ရှည်ရှည်နဲ့ ကိုယ်နဲ့သက်ဆိုင်ရာဘာသာရေးကို လုပ်သင့်ပါတယ်။ ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင်လိုသောကိစ္စများအတွက်တနင်္လာသားသမီးများနှင့် တိုင်ပင် ဆောင်ရွက်ပါ။ ငွေဝင်နေပေမယ့် လုပ်ငန်းထဲ ငွေပြန်မထည့်သင့်တဲ့ ကာလမို့ သတိထားရင်းနှီး သင့်ပါတယ်။ ပညာရေးကိစ္စမှာလည်း ဒီရက်ပိုင်းမှာ ခက်ခဲနေတတ်ပါတယ်။ မျှော်မှန်းထားသလို မဖြစ်ဘဲနေတတ်ပါတယ်။ကျန်းမာရေးကတော့ ဝမ်း၊ဦးခေါင်း စတဲ့ ရောဂါဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေ စကားအခြေအတင်များကိန်းရှိသလို ချစ်သူတွေအတွက် ဘေးစကားများ စိတ်ဝမ်းကွဲစရာတွေဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အား ၊ဖယောင်းတိုင် ၇ တိုင် ကံကော် ၇ ညွှန်ဖြင့် ခုနှစ်ရက်လုံး ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ သင့်လျှောက်ထားသည့် ပြည်ပကိစ္စသို့ သွားခါနီးတိုင်း ခိုစာ၊ကျီးစာကြွေးပြီးမှ သွားပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။တနင်္လာနံပါသော ဘုရားစေတီတွင် ပန်းပေါင်းစုံ ၅ မျိုးဖြင့် ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။အိမ်ရှိ ဘုရားပန်းအိုးတွင် ချေးညှော်များကင်းအောင် ပွတ်တိုက် သန့်ရှင်းပါ။ဘုရားစင်အတွင်း ပင့်ကူအိမ်များရုပ်ပုံတော်များရှိ ဖုန်များအား သန့်ရှင်းပေးပြီး ရေချမ်းကပ်လှူပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ရပ်ကွက်ထဲရှိ ဘုရား၊ကျောင်း၊စေတီများတွင် သန့်ရှင်းရေး လုပ်ပေးပါ။ဘုရားရုပ်ပွားတော်များကို ရေသပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာလှူပေးပါ။

ထီကံကောင်းလိုသူများ။ ။ ကားနှင့်ရောင်းသောထီဆိုင်တွင် ၂ ဂဏန်း များများပါအောင် ထီထိုးပေးပါ။

( Zawgyi )

ဒီရက္ပိုင္းအတြင္း မိသားစုအတြင္း၊ အလုပ္အတြင္း စကားအေျခအတင္ေျပာရကိန္းရွိသလို ေဆြမ်ိဳး၊ညီ အစ္ကို ေမာင္ႏွမမ်ားရဲ႕အေရးကိစၥမ်ားကိုလည္း ကူညီေျဖရွင္းေပးရတတ္ပါတယ္။ ဌာနတြင္းအထက္လူႀကီး၊ မိသားစုအတြင္းႀကီးကဲသူေၾကာင့္ စိတ္ဒုကၡေရာက္ရကိန္းရွိသလို လုပ္ငန္း လမ္းစသစ္၊ အခြင့္အေရးသစ္မ်ား မွန္းထား သလိုမျဖစ္ဘဲ လြဲေခ်ာ္တတ္ပါတယ္။ေနရထိုင္ရတာ၊လုပ္ငန္းခြင္မွာ ၊စာသင္ရာမွာ မေပ်ာ္ေတာ့ဘဲ ထြက္သြားခ်င္စိတ္၊ၿငီးေငြ႕တဲ့ စိတ္ေတြ ျဖစ္တတ္သလို အရင္းႏွီးဆုံးသူကိုေတာင္ အျပစ္ျမင္တတ္တဲ့ စိတ္အက် ဆုံးအခ်ိန္ကိုေရာက္ေနပါတယ္။ ဘာမွ ဆို စိတ္ရွည္ရွည္နဲ႔ ကိုယ္နဲ႔သက္ဆိုင္ရာဘာသာေရးကို လုပ္သင့္ပါတယ္။ ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္တနလၤာသားသမီးမ်ားႏွင့္ တိုင္ပင္ ေဆာင္႐ြက္ပါ။ ေငြဝင္ေနေပမယ့္ လုပ္ငန္းထဲ ေငြျပန္မထည့္သင့္တဲ့ ကာလမို႔ သတိထားရင္းႏွီး သင့္ပါတယ္။ ပညာေရးကိစၥမွာလည္း ဒီရက္ပိုင္းမွာ ခက္ခဲေနတတ္ပါတယ္။ ေမွ်ာ္မွန္းထားသလို မျဖစ္ဘဲေနတတ္ပါတယ္။က်န္းမာေရးကေတာ့ ဝမ္း၊ဦးေခါင္း စတဲ့ ေရာဂါျဖစ္တတ္ပါတယ္။ အိမ္ေထာင္သည္ေတြ စကားအေျခအတင္မ်ားကိန္းရွိသလို ခ်စ္သူေတြအတြက္ ေဘးစကားမ်ား စိတ္ဝမ္းကြဲစရာေတြျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားရွင္အား ၊ဖေယာင္းတိုင္ ၇ တိုင္ ကံေကာ္ ၇ ၫႊန္ျဖင့္ ခုႏွစ္ရက္လုံး ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ သင့္ေလွ်ာက္ထားသည့္ ျပည္ပကိစၥသို႔ သြားခါနီးတိုင္း ခိုစာ၊က်ီးစာေႂကြးၿပီးမွ သြားပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။ ။တနလၤာနံပါေသာ ဘုရားေစတီတြင္ ပန္းေပါင္းစုံ ၅ မ်ိဳးျဖင့္ ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား။ ။အိမ္ရွိ ဘုရားပန္းအိုးတြင္ ေခ်းေညႇာ္မ်ားကင္းေအာင္ ပြတ္တိုက္ သန႔္ရွင္းပါ။ဘုရားစင္အတြင္း ပင့္ကူအိမ္မ်ား႐ုပ္ပုံေတာ္မ်ားရွိ ဖုန္မ်ားအား သန႔္ရွင္းေပးၿပီး ေရခ်မ္းကပ္လႉပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ရပ္ကြက္ထဲရွိ ဘုရား၊ေက်ာင္း၊ေစတီမ်ားတြင္ သန႔္ရွင္းေရး လုပ္ေပးပါ။ဘုရား႐ုပ္ပြားေတာ္မ်ားကို ေရသပၸါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးဓာတ္စာလႉေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ ကားႏွင့္ေရာင္းေသာထီဆိုင္တြင္ ၂ ဂဏန္း မ်ားမ်ားပါေအာင္ ထီထိုးေပးပါ။