【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသောကိစ္စများအတွက် အင်္ဂါနေ့နံသားသမီး များနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်း အလုပ်အကိုင်တိုးချဲခြင်း၊အသစ်တဖန်ပြန် လည်စတင် ရခြင်းများ ရှိနေတတ်ပါတယ်။ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့၏ အကူအညီရ တတ် ပါတယ်။ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တွေ အလုပ်ပြန်ကောင်းတတ်သလို ရေထွက်ကုန်၊ရွှေထည်စတဲ့ ဗုဒ္ဓဟူးနံအလုပ်တွေလည်း ကောင်း နေကာ ငွေဝင်ငွေထွက်ကြမ်းတဲ့ အချိန်အခါဖြစ်ပါတယ်။ ဝန်ထမ်းများ ကိုယ်လူရင်းက ကိုယ်ကိုဒုက္ခပေး တတ်ပါ တယ်။ အိမ်တွင်းရေးကိစ္စပေါ်တတ်ပြီး သင့်ကိုယ် တိုင်ဖြေရှင်းမှ အောင်မြင်ပါလိမ့်မယ်။ ဒီရက်ပိုင်းဒူးနာခါးနာ စ တဲ့ ရောဂါတွေ ဖြစ်တတ်ပြီး ကျန်းမာရေးကသင့်ပါတယ်။ ပညာသင်နေတဲ့သူတွေတဲ့ ပညာရေးကတော့ အသင့် အတင့်ပါ။ အိမ်ထောင်ရှင်များ ကိုယ်ကပိုဂရုစိုက်ရတဲ့ အဖြစ်တွေကြုံနေရတတ်ပါတယ်။ ငယ်ရွယ်သူများ အချစ် ရေး အဆင်မပြေတတ်တာတွေ ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ကြုံတတ်ပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအားသစ်သီးဆွမ်းကပ်ကာ ဒိဝါတပတိ ဂါထာ ကိုးခေါက် ရွတ်ဆိုပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ ဘုရားတွင် စပယ်ပန်းကပ်လှူကာ ဆီးသီးကပ်လှူပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။ ။ဘုရားအောင်မြေတွင် အဓိဋ္ဌာန်ဖြင့် အရဟံဂါထာကို သက်စေ့ ပုတီးစိပ်ပူဇော်ပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ။ ။နေအိမ်အခန်းတွင်း ပုလင်းအလွတ်များ၊ရေဘူးအပျက်များ ကိုရှိနေပါက လွှင့်ပစ်ပါ။
လူမှုရေးအတိုက်အခံများသူများ။ ။ဘုန်ကြီးကျောင်းသို့ သွားကာသင်္ကန်းလျှော်ဖွပ်ခြင်း၊ကုဋီများဆေးကြောခြင်း ပြုလုပ်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ မနက်စောစောလိပ်၊ငါးစသည်ရေသတ္တဝါများကို အစာကျွေးပါ။
ထီကံကောင်းလိုသူများ။ ။ခရီးသွားရင်းတွေ့သည့် ထီဆိုင်တွင် တွေ့သည့်ဂဏန်းကို မရွေးဘဲ ထိုးပါ။
( Zawgyi )