【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် စနေသားသမီး များနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်း စပ်တူ ရှယ်ယာအလုပ်များ ခေတ္တဆိုင်းငံထားသင့်ပါတယ်။ အိမ်တွင်း ရေးမှာအများနဲ့တစ်ယောက် ဖိလာတိုက်ရတဲ့ အချိန်ရောက်နေပါတယ်။ သင့်စိတ်ကို လျော့ပေးမှ သာယာ ပါလိမ့် မယ်။ ဒီကာလမှ ငွေကံကောင်းနေတတ်ပေမယ့် ခရီးစဉ်တွေမှန်သမျှ လွဲချော်နေတတ်သလို မိသားစုအတွင်း မရည် ရွယ်ဘဲအလှူအတန်းလုပ်ရတာတွေကြုံရတတ်ပါတယ်။ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့၏ သတင်း ကောင်း ကြားရတတ်ပါသည်။ ဒီရက်ပိုင်း ဝမ်း၊ဆီး၊အာရုံကြော ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ ပညာသင် နေတဲ့သူတွေတဲ့ပညာရေးကတော့ အသင့်အတင့်ပါ။ လုပ်ငန်းခွင် စာမေးပွဲ ရာထူးစာမေးပွဲဖြေဆိုထားသူများ ရည်မှန်းချက် ပြည်စုံပါမယ်။ အိမ်ထောင်ရှင်များ စိတ်ကသိကအောက်ဖြစ်စရာတွေ့ တတ်ပါတယ်။ငယ်ရွယ်သူများ မတည့်အတူနေဖြစ်နေတတ်ပါတယ်။ 
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအား သစ်သီးဆွမ်းကပ်ကာ ဒီဝါတပတိ ဂါထာ ကိုး ခေါက်ရွက်ဆိုပါ။
 
ပြည်ပထွက်ခွာလိုသူများ။    ။ နံနက်စောစော ငှက်စာ ထကျွေးပါ။
 
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ ရွှေတိဂုံဘုရားအောင်မြေတွင် အဓိဋ္ဌာန်ပြုပါ။ဘုရားအား အောင်သပြေ၉ ညွှန် ကပ်လှူကာ ဆုတောင်းပါ။ 
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ သမ္ဗုဒ္ဓေဂါထာ သက်စေ့ရွတ်ဆိုနေပါ။ ချစ်သူနှင့်တွေ့သည့်အခါတိုင်း ကျောက်စရစ်အသေးတစ်လုံး အိတ်ထဲဆောင်ထားပါ။
 
လူမှုရေးအတိုက်အခံများသူများ။  ။စေတီရင်ပြင်များတွင် မေတ္တာသုတ်ရွက်၍ သန့်ရှင်းရေးလုပ်ကာ ဆီမီးပူဇော်ပေးပါ။ 
 
ကျန်းမာရေးမကောင်းသူများ ။  ။ မနက်စောစော သံဃာတော်များအား တန်းဆွမ်းလောင်းလှူပေးပါ။ 
 
ထီကံကောင်းလိုသူများ။  ။ထီဆိုင်တွင် ၂ အစ ၇ အဆုံး ဂဏန်းကို ရွေးထိုးပါ။
 
( Zawgyi )
 
ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ စေနသားသမီး မ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္း စပ္တူ ရွယ္ယာအလုပ္မ်ား ေခတၱဆိုင္းငံထားသင့္ပါတယ္။ အိမ္တြင္း ေရးမွာအမ်ားနဲ႔တစ္ေယာက္ ဖိလာတိုက္ရတဲ့ အခ်ိန္ေရာက္ေနပါတယ္။ သင့္စိတ္ကို ေလ်ာ့ေပးမွ သာယာ ပါလိမ့္ မယ္။ ဒီကာလမွ ေငြကံေကာင္းေနတတ္ေပမယ့္ ခရီးစဥ္ေတြမွန္သမွ် လြဲေခ်ာ္ေနတတ္သလို မိသားစုအတြင္း မရည္ ႐ြယ္ဘဲအလႉအတန္းလုပ္ရတာေတြႀကဳံရတတ္ပါတယ္။ မိတ္ေဆြ လုပ္ေဖာ္ကိုင္ဖက္တို႔၏ သတင္း ေကာင္း ၾကားရတတ္ပါသည္။ ဒီရက္ပိုင္း ဝမ္း၊ဆီး၊အာ႐ုံေၾကာ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ ပညာသင္ ေနတဲ့သူေတြတဲ့ပညာေရးကေတာ့ အသင့္အတင့္ပါ။ လုပ္ငန္းခြင္ စာေမးပြဲ ရာထူးစာေမးပြဲေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ ျပည္စုံပါမယ္။ အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာက္ျဖစ္စရာေတြ႕ တတ္ပါတယ္။ငယ္႐ြယ္သူမ်ား မတည့္အတူေနျဖစ္ေနတတ္ပါတယ္။ 

 

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအား သစ္သီးဆြမ္းကပ္ကာ ဒီဝါတပတိ ဂါထာ ကိုး ေခါက္႐ြက္ဆိုပါ။

 

ျပည္ပထြက္ခြာလိုသူမ်ား။    ။ နံနက္ေစာေစာ ငွက္စာ ထေကြၽးပါ။

 

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ ေ႐ႊတိဂုံဘုရားေအာင္ေျမတြင္ အဓိ႒ာန္ျပဳပါ။ဘုရားအား ေအာင္သေျပ၉ ၫႊန္ ကပ္လႉကာ ဆုေတာင္းပါ။ 

 

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ သမၺဳေဒၶဂါထာ သက္ေစ့႐ြတ္ဆိုေနပါ။ ခ်စ္သူႏွင့္ေတြ႕သည့္အခါတိုင္း ေက်ာက္စရစ္အေသးတစ္လုံး အိတ္ထဲေဆာင္ထားပါ။

 

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ေစတီရင္ျပင္မ်ားတြင္ ေမတၱာသုတ္႐ြက္၍ သန႔္ရွင္းေရးလုပ္ကာ ဆီမီးပူေဇာ္ေပးပါ။ 

 

က်န္းမာေရးမေကာင္းသူမ်ား ။  ။ မနက္ေစာေစာ သံဃာေတာ္မ်ားအား တန္းဆြမ္းေလာင္းလႉေပးပါ။ 

 

ထီကံေကာင္းလိုသူမ်ား။  ။ထီဆိုင္တြင္ ၂ အစ ၇ အဆုံး ဂဏန္းကို ေ႐ြးထိုးပါ။